
- By CNI
- Category: နိုင်ငံရေး
- Hits: 1516
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၈
လက်ရှိ ပြည်တွင်းမှာ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှု နည်းလာခြင်းဖြစ်ကြောင်း တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
ဒေသကာကွယ်ရေးတပ် (PDF)နှင့် တပ်မတော်တို့အကြား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယား(ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ဒေါက်တာ လှကျော်ဇောက “တရုတ်ကလည်း ဒီနယ်စပ်က လူတွေကို ဖိအားပေးထားတာတော့ ရှိတော့ရှိပါတယ်၊ တတ်နိုင် သမျှ တည်ငြိမ်အောင်လို့ နောက်တစ်ခုကလည်း ဒီလိုဗျ၊ ကိုဗစ်ကလည်း ဒီဖက်မှာ တော်တော် အခြေအနေ ဆိုးနေတယ်လေ၊ တရုတ်နယ်စပ်မှာကိုက အဲဒါကြောင့်မို့ ပိတ်ဆို့ တားဆီးတာတွေလည်း တော်တော်များတယ်၊ အဲဒီကိုဗစ်ကို အကြောင်းပြပြီး တော့ နယ်စပ် တစ်လျှောက်မှာလည်း တရုတ်က တော်တော်တင်းတင်းကြပ်ကြပ်တွေ လုပ်ထားတာလည်း ရှိတယ်၊ နောက်တစ် ခုက ဒီလိုနဲ့ တူတယ်ဗျ၊ ခါတိုင်းက နယ်စပ်မှာ ဖြစ်တာက တကယ်တော့ စစ်ကောင်စီက ဝင်ဝင်တိုက်လို့လေ၊ ဗမာစစ်တပ်က ဝင်ဝင်တိုက်လို့ ဖြစ်တာကိုး၊ အခုဟာက စစ်တပ်က ပြည်တွင်းမှာ မဲနေရတာကို ဖြစ်တာကိုနော်၊ PDF တွေကို ဟုတ်လား၊ စစ်ကိုင်းတိုင်းတို့၊ ကရင်ပြည်နယ်တို့ ဘာတို့မှာ အဲဒီဖက်မှာ ပိုပြီးတော့ သူတို့ အားစိုက်နေရတာ ဖြစ်တော့ ဒီဖက်မှာ အလို အလျောက် သဘာဝအလျောက် နည်းသွားတာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ကိုတွေ့ရစဉ်
တပ်မတော်အနေဖြင့် ပြည်တွင်းတွင်လည်း ထိန်းသိမ်းနိုင်သည့် အနေအထားမရှိသည့်အတွက် မြောက်ပိုင်းတပ်ဖွဲ့များနှင့် ထိတွေ့မှု မဖြစ်ပွားအောင် စစ်ဆင်ရေးများ လျှော့ချထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခင်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်များဖြစ်သည့် TNLA၊ MNDAA၊ KIA၊ AA တို့နှင့် တပ်မတော် ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသော်လည်း လက်ရှိမှာတော့ တိုက်ပွဲများ ငြိမ်သက်လျက်ရှိသည်။
တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ် ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ မတ် လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရပ်စဲကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိ ကယား (ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက CNI သတင်းဌာနသို့ ပြောသည်။
ကိုဗညားက “မနေ့က အထိတောင်မှ တိုက်ပွဲတော်တော်လေး ပြင်းထန်တယ်၊ ဒီဖက်ခြမ်းကလည်း ထိခိုက်မှုတွေ တော်တော် များတယ်၊ ကျနော်တို့ အနည်းဆုံး ၂ နေရာ၊ ၃ နေရာ တိုက်ပွဲဖြစ်ပါတယ်၊ ဒီးမော့ဆိုမှာကတော့ ကျနော်တို့ ဒေါငံခါး အကျော် နားလေးမှာပေါ့နော်၊ သူတို့ခေါ်တာ ပုရီရွာဖက်မှာပေါ့နော်၊ အဲဒီဖက်မှာ တိုက်ပွဲတွေဖြစ်တယ်၊ စစ်ကောင်စီကနေတော့ အဓိက ကတော့ လက်နက်ကြီးတွေပေါ့နော် အပြင်းအထန် ပစ်ခတ်တာရှိတာပေါ့နော်၊ နောက် လွိုင်ကော် မြောက်ဖက်ခြမ်းမှာလည်း တိုက်ပွဲတွေဖြစ်တယ်၊ နောက် ဒီဖက်ခြမ်း ဖရူဆိုဖက်မှာလည်း တိုက်ပွဲတွေ ဖြစ်တယ်၊ ရက်တိုင်းကတော့ မဖြစ်ဘူးဆို တစ် နေရာ၊ နှစ်နေရာကတော့ ပုံမှန်ဖြစ်ပါတယ်၊ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တာနဲ့ ကျနော်တို့ ခေါ်တာက ပြောက်ကျားစနစ်နဲ့ ဖြစ်တာပဲ နည်းနည်းပဲ ကွာပါတယ်”ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အ၀င်ကိုတွေ့ရစဉ်
လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDF တို့ ဆွေးနွေးသင့်ကြောင်း၊ တပ်ပေါင်းစု ဖွဲ့စည်းရန် ကြိုးစားသင့်ကြောင်း ဒေါက်တာလှကျော်ဇောက ပြောသည်။
၎င်းက “အဓိကတော့ ဘယ်လိုခေါ်မလဲ ကျမတို့က မြောက်ပိုင်းအဖွဲ့တွေနဲ့ တစ်စုံတစ်ရာ တည်ငြိမ်နေတာလဲ ကောင်းတဲ့ အချက်ပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ တစ်စုံတစ်ရာ တည်ငြိမ်နေပေမယ့် ကိုယ်ပြင်ဆင်စရာရှိတာ အေးအေးဆေးဆေး ပြင်ဆင်လို့ ရတာပေါ့ဗျာ အဲဒီဖက်က၊ အဲတော့ ကိုယ်ပြင်ဆင်စရာရှိတာ အေးအေးဆေးဆေး ပြင်ဆင်၊ ပြီးတော့ ကျမကြားတာ တော့ PDF က EAO တွေလို့ ခေါ်မှာပေါ့နော်၊ အဲလို တပ်ဖွဲ့တွေနဲ့လည်း တတ်နိုင်သမျှ သူတို့ ဘယ်လိုခေါ်မလဲ ဆွေးနွေးလို့ရ အောင်၊ တပ်ပေါင်းစုဖွဲ့လို့ရအောင် ကြိုးစားနေတာကိုလည်း ကျမတို့က သဘောကျပါတယ်၊ အဲဟာတွေ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာဖို့ ပိုလိုမယ်ထင်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တို့နှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွား လျက် ရှိသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 2229
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၇
ကျန်းမာရေးနှင့် လုံခြုံရေးအတွက် မဖြစ်မနေ ရင်းနှီးမြှုပ်နှံရမည့် လုပ်ငန်းများကို နိုင်ငံတော်မှရင်းနှီး မြှုပ်နှံဆောင်ရွက်ပေး သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(မတ်လ ၁၇ ရက်)ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးမှာ ပြောကြားခဲ့သည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ စီးပွားရေးများစွာ တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း၊ ပြည်သူများပါသည့် စီးပွားရေးကို ပီပြင်အောင် ဆောင် ရွက်နိုင်မည်ဆိုပါက နိုင်ငံသာယာဝပြောမည်ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ စီမံကိန်းကြီးများနှင့် ပတ်သက်၍ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရန် လို အပ်သည့်၊ နိုင်ငံအတွက် အကျိုးရှိစေမည့် စီမံကိန်းကြီးများကိုသာ ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ လတ်တလော ကာလအတွင်း ဆောင်ရွက်ရန် မလိုအပ်သေးသည့် စီမံကိန်းများကို လျှော့ချဆောင်ရွက်သွားရန်လိုကြောင်း၊ အရှုံး ပေါ်လျက်ရှိ နေသည့် လုပ်ငန်းများနှင့်စီမံကိန်းများကိုလည်း ပြန်လည် စိစစ်ကြပ်မတ်သွားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် လုံခြုံရေး အတွက် မဖြစ်မနေ ရင်းနှီးမြှုပ်နှံရမည့် လုပ်ငန်းများကို နိုင်ငံတော်မှရင်းနှီး မြှုပ်နှံဆောင်ရွက် ပေးသွားမည်”ဟု ပြောသည်။
ကျန်းမာရေးနှင့် လုံခြုံရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမည်ဆိုသည့်အရာမှာ မည်သည့် လုပ်ငန်းစဉ်များ ဖြစ်သည်ကို တော့ နစကဥက္ကဋ္ဌက ထည့်သွင်းပြောသွားခြင်းမရှိပေ။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ နိုင်ငံ တော်မှ ပေးအပ်ခြင်းမှာ လိုအပ်ချက်များရှိနေသလို နိုင်ငံအနှံ့ လက်နက်များ ဝင်ရောက်မှု ပေါများနေခြင်းကြောင့် ပြည်သူ လူထု အသက်အန္တရာယ် ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်နေကြရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့သည် မူဝါဒချမှတ်ပေးသည့် အဖွဲ့အစည်းများဖြစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်း အဆင့်ဆင့်က အကောင်အထည်ဖော် ဆောင်ရွက်ရကာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များက အနီးကပ် ကြပ်မတ် အကောင်အထည်ဖော်ရခြင်း ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် ဖိဖိစီးစီးထိထိမိမိဖြင့် ဆောင်ရွက်ပေးကြရန် နစကဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။
၎င်းက “၂၀၂၀-၂၀၂၁ မီနီဘတ်ဂျက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် အခြားသော အကြောင်း အမျိုးမျိုးကြောင့် ရငွေ များ လျော့နည်းခဲ့ကြောင်း၊ ယင်းကို ကုစားနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် စဉ်းစား ဆောင်ရွက်ခဲ့ကြောင်း၊ ရငွေများ တိုးတက်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ အဓိကကျသည့် ကုန်ထုတ်လုပ်မှု ကို မြှင့်တင်နိုင်ရေး ဆောင်ရွက် ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် မြေ၊ ရေနှင့် လူသား အရင်း အမြစ်များ ရှိပြီးဖြစ်ကြောင်း၊ ပြည်ပပို့ကုန်များကို အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ် တင်ပို့နိုင်မည်ဆိုပါက ပြည်ပ ဝင်ငွေများ တိုးတက်လာမည်”ဟု ပြောသည်။
ထို့နောက် နစက-က နိုင်ငံတော်၏လုပ်ငန်း တာဝန်အရပ်ရပ်ကို တာဝန်ယူဆောင်ရွက်နေချိန်တွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အဓိက ရည်မှန်းချက်ထား ဆောင် ရွက်နေသည်မှာ နိုင်ငံသာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံရေးဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1316
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၇
အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ကို ဖျက်လိုက်ကြောင်း အပစ်ရပ် အဖွဲ့ များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။
အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ လာမည့် မတ်လ ၂၀ ရက်နေ့တွင် လာရောက်မည်ဖြစ်သည်။
အဆိုပါ ခရီးစဉ်တွင် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထား ကြောင်း၊ ထိုအစီအစဉ်ကို အထူးကိုယ်စားလှယ် မအားလပ်သည့်အတွက် ဖျက်သိမ်းလိုက်ကြောင်း အကြောင်းကြားလာသည် ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
၎င်းက “ပျက်သွားပြီ နေပြည်တော်က စာပြန်ရေးလာတယ်၊ မလာကြနဲ့တော့တဲ့ အထူးကိုယ်စားလှယ် မအားလပ်တဲ့အတွက် အဲဒီအစီအစဉ် ဖျက်လိုက်ပါပြီ၊ သူတော့လာမယ် ဒါပေမယ့် ကျနော်တို့နဲ့ တွေ့ဖို့ အချိန်မရတော့ဘူး၊ အဲဒါကြောင့် ရုပ်သိမ်း လိုက်တယ်”ဟု ပြောသည်။
အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး တွေ့ဆုံနိုင်ရေး နစကဘက်က PPST သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
အာဆီယံအထူးကိုယ်စားလှယ်
အဆိုပါ တွေ့ဆုံမှုကို နေပြည်တော်တွင် ပြုလုပ်မည်ဆိုပါက လာရောက်တွေ့ဆုံမည် မဟုတ်ကြောင်း PPST ၏ အဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောကြားထားသည်။
အထူးကိုယ်စားလှယ်အနေနှင့် မြန်မာနိုင်ငံသို့ မတ်လ ၂၀ ရက်နေ့တွင် လာရောက်မည်ဖြစ်၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့နောက် တခြား တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံသွားမည် ဖြစ် ကြောင်း သိရသည်။
အာဆီယံ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မည်သည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းများကို တွေ့ဆုံသွားမည်ဖြစ်ကြောင်းကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
သို့သော် ပရတ်ဆိုခွန်သည် မြန်မာပြည်ခရီးစဉ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1233
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၇
အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း NCA ထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ကို ဖျက်လိုက်ကြောင်း အပစ်ရပ် အဖွဲ့ များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။
အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ လာမည့် မတ်လ ၂၀ ရက်နေ့တွင် လာရောက်မည်ဖြစ်သည်။
အဆိုပါ ခရီးစဉ်တွင် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထား ကြောင်း၊ ထိုအစီအစဉ်ကို အထူးကိုယ်စားလှယ် မအားလပ်သည့်အတွက် ဖျက်သိမ်းလိုက်ကြောင်း အကြောင်းကြားလာသည် ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
၎င်းက “ပျက်သွားပြီ နေပြည်တော်က စာပြန်ရေးလာတယ်၊ မလာကြနဲ့တော့တဲ့ အထူးကိုယ်စားလှယ် မအားလပ်တဲ့အတွက် အဲဒီအစီအစဉ် ဖျက်လိုက်ပါပြီ၊ သူတော့လာမယ် ဒါပေမယ့် ကျနော်တို့နဲ့ တွေ့ဖို့ အချိန်မရတော့ဘူး၊ အဲဒါကြောင့် ရုပ်သိမ်း လိုက်တယ်”ဟု ပြောသည်။
အာဆီယံအထူးကိုယ်စားလှယ်
အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး တွေ့ဆုံနိုင်ရေး နစကဘက်က PPST သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုကို နေပြည်တော်တွင် ပြုလုပ်မည်ဆိုပါက လာရောက်တွေ့ဆုံမည် မဟုတ်ကြောင်း PPST ၏ အဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောကြားထားသည်။
အထူးကိုယ်စားလှယ်အနေနှင့် မြန်မာနိုင်ငံသို့ မတ်လ ၂၀ ရက်နေ့တွင် လာရောက်မည်ဖြစ်၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့နောက် တခြား တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံသွားမည် ဖြစ် ကြောင်း သိရသည်။
အာဆီယံ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မည်သည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းများကို တွေ့ဆုံသွားမည်ဖြစ်ကြောင်းကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
သို့သော် ပရတ်ဆိုခွန်သည် မြန်မာပြည်ခရီးစဉ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1755
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၇
မြန်မာနိုင်ငံသို့ လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်သည် နိုင်ငံရေးပါတီများမှ ခေါင်းဆောင် တချို့နှင့် တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအပေါ် ဆွေးနွေးရန် စီစဉ်နေကြောင်း နိုင်ငံရေးပါတီ အသိုင်းအဝိုင်းထံမှ ကြားသိရသည်။
အာဆီယံ အထူးကိုယ်စားလှယ်သည် ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့နှင့် တွေ့ဆုံရန် စီစဉ်မှုများ ရှိနေကြောင်း သိရ သည်။
အာဆီယံအထူးကိုယ်စားလှယ်နှင့် မည်သည့် အဖွဲ့အစည်းများဖြင့် တွေ့ဆုံမည်ကို မသိရှိရသေးကြောင်း၊ မိမိအနေဖြင့် တွေ့ဆုံ ခဲ့ပါက လက်တွေ့ကျကျ မည်သည့်ကိစ္စများကို ဆောင်ရွက်နိုင်မည်ကို ညှိနှိုင်းသည့်သဘောမျိုး ဖြစ်နိုင်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ဦးကိုကိုကြီးက “အခုကတော့ တစ်ယောက်နဲ့ တစ်ယောက် အကဲခတ်တဲ့ အဆင့်ပဲ ရှိဦးမယ်ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဒီခရီးစဉ်က ပထမဦးဆုံး ခရီးစဉ်လည်း ဖြစ်တယ်ပေါ့နော်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာထိန်းပြီးနောက်ပိုင်း နိုင်ငံတကာ ဧည့်သည်တွေကို ဘီလ်ရစ်ချတ်ဆန် လာတယ်ဆိုတာလည်း သူက ပုဂ္ဂလိကအနေနဲ့ လာတာလေ၊ အခုက အာဆီယံ ကိုယ်စား လာတဲ့ဟာက ဒါပထမဦးဆုံး အဆင့်လည်းဖြစ်တော့ ဒီအခြေအနေမှာတော့ တစ်ယောက်နဲ့ တစ်ယောက် နည်းနည်း တီး ခေါက်တဲ့ သဘော၊ နောက် လက်တွေ့ကျကျ ဘယ်ကိစ္စတွေမှာ ဆောင်ရွက်နိုင်မလဲဆိုတာကို ညှိနှိုင်းတဲ့ သဘောမျိုးလောက်ပဲ ဖြစ်ဦးမယ်ထင်တယ်၊ နောက်အခေါက်တွေ အခေါက်တွေမှာတော့ ဒီထက် ပိုပြည့်စုံတဲ့၊ ထူးခြားတဲ့ တွေ့ဆုံမှုမျိုးတွေ ဖြစ်လိမ့် မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ဦးကိုကိုကြီးအား တွေ့ရစဉ်
SNLD ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်က အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံနိုင်ရေး မိမိနာမည် ပါဝင်သည်ကို ကြားသိမိ ကြောင်း၊ သို့သော်လည်း ယနေ့အချိန်ထိ ချိတ်ဆက်ထားခြင်း မရှိသည့်အတွက် တွေ့ဆုံနိုင်ရန် မဖြစ်နိုင်ကြောင်း CNI သတင်း ဌာနသို့ ပြောသည်။
ထို့နောက် ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန် မိမိတို့ ပါတီကို လက်ရှိအချိန်ထိ အကြောင်းကြားခြင်း မရှိသေးကြောင်း ပြောသည်။
လက်ရှိ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းရမည်ဆိုသည့် လမ်းကြောင်းပေါ်လာရေး မိမိတို့အနေဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။
ဦးကိုကိုကြီးက “အဓိကကတော့ ပြဿနာကို နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေး ဖြေရှင်းရမယ်ဆိုတဲ့ လမ်းကြောင်း ပေါ်လာဖို့ ကိုပဲ အဓိက ကျနော်တို့ မျှော်လင့်ရမှာပေါ့နော်၊ မဟုတ်ရင် ကျနော်တို့က အပြုတ်တိုက်မှရမယ်၊ တစ်ယောက်နဲ့ တစ်ယောက် လက်နက်ကိုင် တော်လှန်ရေးကလွဲပြီးတော့ အခြားနည်းလမ်း မရှိဘူးဆိုတဲ့ ပုံစံမျိုးက အင်မတန် အန္တရာယ်ကြီးတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ပြန်ပြီး ပေါ်ပေါက်လာဖို့၊ စတင်နိုင်ဖို့ပေါ့လေ၊ အဲဒါပဲ ကျနော်တို့ က အဓိက ကြိုးစားမှာပါ”ဟု ပြောသည်။
မြန်မာနိုင်ငံသို့ မတ်လ ၂၀ ရက်တွင် လာရောက်မည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန် (Prak Sokhonn)သည် နစကဥက္ကဋ္ဌနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့နောက် နိုင်ငံရေးပါတီ တချို့နှင့်လည်း တွေ့ဆုံမည် ဖြစ် ကြောင်း၊ တခြားသော တွေ့သင့်တွေ့ထိုက်သူများကိုလည်း တွေ့ဆုံသွားရန် ရှိကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1921
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၆
ထိုင်းသို့ MOU စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား သက်ဆိုင်ရာ အေဂျင်စီ အချို့မှ ၎င်းတို့ပြုလုပ်ပေးသည့် နိုင်ငံကူးလက်မှတ်(Passport)ဖြင့်သာ အလုပ်လုပ်ရမည်ဖြစ်ကြောင်းနှင့် စာအုပ်ဖိုး ၁၇၀၀၀၀(တစ်သိန်းခုနှစ်သောင်း) ကျပ်ပေးရမည်ဟု တောင်းခံနေမှုများ ရှိကြောင်း သိရသည်။
နိုင်ငံကူးလက်မှတ်(Passport)စာအုပ်အား အလုပ်သမားများဘက်မှ မိမိဘာသာ လုပ်ဆောင်လာမည်ဟု ဆိုသော် လည်း အေဂျင်စီဘက်မှ လက်မခံကြောင်းသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းကို MOU ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမား အများ အပြားမှ အကူအညီတောင်းခံလာကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“မင်းတို့ ငါတို့ရုံးကိုလာခဲ့ စာအုပ် လာလုပ် တစ်သိန်း ခုနှစ်သောင်းတော့ပေးရမယ်။ ကလေးတွေက ပွင့်ပွင့် လင်းလင်းပြောရရင် ၅၀ ရာခိုင်နှုန်း လောက်တောင် အပြင်မှာလုပ်ထားပြီးကြပြီ။ ကျနော့်ကို အဲဒီလို ပြောလာ တော့ ကျနော်က လုပ်ထားရင်ရပြီလေ။ နိုင်ငံကူးလက်မှတ် ဘယ်ရုံးက ထုတ်ထုတ် တရားဝင်ပဲဆိုတော့ အဲ့တော့ အေဂျင်စီက မရဘူးလို့ပြောတယ်တဲ့။ မဖြစ်နိုင်ဘူး ဒါကတော့။ အလုပ်သမားတွေပေါ်မှာ ဂုတ်သွေးစုပ်မှု၊ မတရား တောင်းတာပဲ။ သူထုတ်ပေးလည်း ဒီနိုင်ငံကူးလက်မှတ်ပဲ။ ကလေးတွေလုပ်တာလည်း ဒီနိုင်ငံကူးလက်မှတ်ပဲ။ ဘာကြောင့် သုံးလို့မရရမှာလဲပေါ့။ ဝန်ဆောင်မှုတွေအပြည့်ပေးပြီး မြန်မာငွေ လေး၊ ငါးသောင်းနဲ့ နိုင်ငံကူး လက်မှတ်ထုတ်ပေးတဲ့ အေဂျင်စီတွေလည်း အများကြီးရှိပါတယ်။ ဒီ တစ်သိန်းခုနှစ်သောင်းကြီးကတော့ ကျနော့် အနေနဲ့ လုံးဝကို ကန့်ကွက်တယ်။ ဒါကြီးက မတရားဂုတ်သွေးစုပ်တာပဲ အလုပ်သမားတွေပေါ်မှာ” ဟု ပြောသည်။