CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲဖြစ်ကာ စစ်ရေးတင်းမာနေ၍ ရေ လမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းများကို ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက် ၅ နာရီလောက်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အနောက်တောင် ပိုင်း မေယုကမ်း ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်တပ် စခန်းများကို AA က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်၊ မင်းပြားတိုင်းဗဟို(၉)မှ ထွက်လာသည့် စစ်ကား ၂ စီးကို ရာမောင်ဘက်မှ အပြန်တွင် မင်းပြားမြို့နယ်၊ ချင်းဖားပြိုကျေးရွာဘက်တွင် AA က ကြားဖြတ် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်အတွင်းမှာ ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းများ ကို သွား/လာခွင့် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

AA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှာ တခြားသော လက်နက်ကိုင် များဖြစ်သည့် TNLA၊ KIA၊ MNDAA တို့နှင့်အပြင် PDF၊ BPLA၊ PLA တို့ဖြင့် လက်တွဲ၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။