CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF )တို့ လက်ထဲကနေ ပြန်လည် ထိန်းချုပ်နိုင်ပြီဟု နစက-က နိုယင်ဘာ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သွားခဲ့သည်။
 
KIA-PDF ပူးပေါင်းတပ်ဖွဲ့သည် ထီးချိုင့်မြို့ထဲသို့ နိုဝင်ဘာ ၉ ရက်နေ့က အင်အား အလုံးအရင်းဖြင့် ဝင်ရောက် လာပြီး လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ၊ အစိုးရ အဆောက်အအုံများအတွင်း နေရာယူ တပ် စခန်းများ ချကာ တိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။
 
ထို့နောက် မြန်မာ့တပ်မတော်က လေကြောင်း တိုက်ခိုက်မှုများ အပြင်းအထန်လုပ်ကာ မြေပြင်ထိုးစစ်ဖြင့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပြန်လည်၍ ထီးချိုင့်မြို့ကို ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
 
KIA-PDF များ ဆုတ်ခွာသွားပြီးနောက် မြန်မာ့တပ်မတော်က ထီးချိုင့်မြို့အတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်း များ ဆောင်ရွက်နေသလို ဒေသခံများ ပြန်လည်နေထိုင်နိုင်ရေးအတွက် ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်း များ လုပ်သွားမည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။
 
KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရက္ခိုင့်တပ်တော်(AA)၊ PDF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ကူးကီးအမျိုးသားတပ်မတော်-မြန်မာ(KNA Burma)ကို ဦးဆောင်၍ ထီးချိုင့်ဗဟိုပြု စစ်ဆင်ရေးကို ဖော်ဆောင်နေသကဲ့သို့ ဗန်းမောက် ဗဟိုပြုစစ်ဆင်ရေးနှင့် ကသုံးလုံး (ကသာ-ကောလင်း-ကန့်ဘလူ) စစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိနေသည်။
 
အဆိုပါ စစ်ဆင်ရေးများ အောင်မြင်ပါက ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်အတွင်းက တော်လှန်ရေး အင်အားစုများဖြင့် ထပ်မံ ချိတ်ဆက်ကာ မြန်မာတခြမ်းကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းမည် ဖြစ်သည်။