- By CNI
- Category: နိုင်ငံရေး
- Hits: 1852
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေးထဲသို့ ယခင်ကထက် ပိုမို ပါဝင်လာနေခြင်းက မည်သည့် အခြေအနေကြောင့် ဖြစ်နိုင်သလဲဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်နှင့် ၈ ရက်နေ့များက ရန်ကုန်၊ နေပြည်တော်တို့မှာ နစက၏ အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီ (NSPNC)၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့၊ အိန္ဒိယနိုင်မှ ဖက်ဒရယ်ပညာရှင်များနှင့် အိန္ဒိယသံအမတ်တို့ တွေ့ဆုံကာ ဖက်ဒရယ်အရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့ ကြသည်။
ထိုအခင်းအကျင်းသည် တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့(AA-MNDAA-TNLA) နှင့် NSPNC တို့ ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့များက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားမြို့မှာ တွေ့ဆုံ၍ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ အပြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယသံအမတ်ကြီးကိုတွေ့ရစဉ်
အိန္ဒိယနိုင်ငံအနေဖြင့် အစိုးရပိုင်းနှင့်လည်း ရင်းနှီးသလို အတိုက်အခံ အင်အားစုနှင့်လည်း ရင်းနှီးကြောင်း၊ နှစ်ဖက် စလုံးကို မျှမျှတတ ဆက်ဆံသည့် သဘောရှိနေကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျမ ထင်တာက အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တယ်၊ ပြီးလို့ရှိရင် နှစ်ရှည်လများ ကျမတို့နဲ့ မြန်မာနိုင်ငံနဲ့ အမြဲတမ်း လက်တွဲလာတဲ့ နိုင်ငံဖြစ်တာပေါ့၊ အစိုးရပိုင်းနဲ့လည်း ရင်းနှီးသလို အတိုက်အခံ တွေနဲ့လည်း အများကြီး ရင်းနှီးခဲ့ပါတယ်၊ ၁၉၈၈ ရဲ့ နောက်ပိုင်းမှာလည်းပဲ၊ နှစ်ဖက်စလုံးနဲ့လည်း သူက မျှမျှတတ ဆက်ဆံခဲ့တဲ့ သဘောတွေ ရှိပါတယ်၊ အဲဒါကြောင့်မို့လို့ ကျမတို့က ဒီဖက်က အစည်းအဝေးတွေ စီစဉ်တဲ့ အခါမှာ အိန္ဒိယနိုင်ငံရဲ့ အကြီးအကဲ တာဝန်ကို ထမ်းဆောင်နေရတဲ့ သံအမတ်ကြီးကိုယ်တိုင် ဒီပွဲကို လာခဲ့တာလို့ ကျမ နားလည်ပါတယ်” ဟု ပြောသည်။
အိန္ဒိယနိုင်ငံသည် နစက အာဏာရယူပြီးနောက်ပိုင်း နစက အပြင် နစကမှ ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းများ နှင့် ထိတွေ့ဆက်ဆံမှု ပိုမိုများပြားလာသလို မြန်မာပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး စသည့် ကဏ္ဍများ တွင် ပိုမို ပါဝင်လာနေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းမှ တဆင့် ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းသို့ လူသားချင်းစာနာထောက်ထားမှုအရ အိန္ဒိယအစိုးရမှ ကူညီ ထောက်ပံ့မှုများ ရှိခဲ့သည်။
အလားတူ အိန္ဒိယအစိုးရသည် ကုလားတန်မြစ် စီမံကိန်းကိုလည်း ပြန်လည် စတင်၍ အကောင်အထည် ဖော်နိုင် ရန် ကြိုးပမ်းနေသလို မြန်မာ့တပ်မတော်နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် အိန္ဒိယ လှူဒါန်း
မြန်မာပြည်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံအပေါ် ရိုက်ခတ်မှု ရှိနေ ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အိန္ဒိယကတော့ ကျနော်တို့ မြင်တာကတော့ အခုလက်ရှိ ကျနော်တို့ ဒီလိုဖြစ်နေတဲ့ အချိန်မှာ သူတို့နိုင်ငံ လည်း နည်းနည်း ရိုက်ခတ်မှု ရှိတယ်လေ၊ ဘာလို့လဲဆိုတော့ ကျနော်တို့ဆီကနေ ဒုက္ခသည်တွေ သူတို့ဆီ ရောက် သွားတာလည်း ရှိတယ်၊ ပြီးရင် သူတို့နိုင်ငံသားတွေလည်း တချို့ အဲဒီမှာ လွန်ခဲ့တဲ့ ကာလမှာ ဘယ်အဖွဲ့က ဘယ်လို လုပ်ကြံမှမသိ လုပ်ကြံခံရတာတွေ ရှိတယ်၊ အဲဒါလည်း ပါတာပေါ့၊ နောက်ပြီးတော့ ရှင်းရှင်းပြောရရင် တော့ မြန်မာနိုင်ငံနဲ့ သူတို့နဲ့ စီးပွားရေးအရ ဆက်ဆံရတဲ့ လမ်းကြောင်းတွေလည်း ရှိတယ်လေ၊ ဒါတွေလည်း တချို့ တွေက မဖွင့်သေးတာလည်း ရှိတာကိုး။ အဲဒီတော့ သူတို့အနေနဲ့တော့ မြန်မာနိုင်ငံကို အဆင်ပြေစေချင်တဲ့ ဆန္ဒ တော့ ရှိတယ်လေ၊ ဒါကြောင့် သူတို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့ ကျနော်တော့ အဲဒီလို ယူဆတယ်” ဟု ပြော သည်။
လက်ရှိ ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အတွင်း မြန်မာတိုက်ပွဲရှောင် ၅၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် ခဲ့ကြကြောင်း သိရသည်။
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၀၀၀ ခန့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။
အဆိုပါ ထိစပ်နယ်နိမိတ်အတွင်း ချင်းအမျိးသားတပ်ဦး (CNF)၊ ရက္ခိုင့်တပ်တော် (ULA/AA)၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ (ALP)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K/YA)၊ ဒေသကာကွယ်ရေးတပ် (PDF)၊ ဇိုမီတော်လှန်ရေးတပ်မတော်(ZRA) အပါအဝင် အိန္ဒိယနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေသည့် မဏိပူရ(ကသည်း) သူပုန်များနှင့် နာဂသူပုန်များလည်း ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1111
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃
အကြမ်းဖက်မှု ကျူးလွန်သည့် ငှားရမ်းနေထိုင်သူများနှင့် CRPH ၊ NUG ၊ PDF တို့နှင့်ဆက်စပ်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သည့်ခါ ငှားရမ်းထားသော နေအိမ်တိုက်ခန်းများအား အမှုနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းမည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
CRPH ၊ NUG ၊ PDF အမည်ခံ အဖွဲ့အစည်း အမျိုးမျိုး အပါအဝင် ထိုအဖွဲ့များနှင့် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းများသည် အလွယ်တကူ ခြေရာခံနိုင်ခြင်းမရှိစေရန်အတွက် အဆောင်များနှင့် နေအိမ် တိုက်ခန်းများတွင် ငှားရမ်း နေထိုင်လျက်ရှိကြောင်း ဖမ်းဆီးရမိသည့် ဖြစ်စဉ်များအရ တွေ့ရှိရသည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် အဆောင်၊ နေအိမ် တိုက်ခန်းပိုင်ရှင်များ အနေဖြင့် ငှားရမ်းသူများ၏ ကိုယ်ရေး အချက်အလက်၊ အထောက်အထား ပြည့်စုံစွာ ရရှိမှသာ ငှားရမ်းခြင်းနှင့် ယင်းအချက်အလက် အထောက်အထားများဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားခြင်းကို ဆောင်ရွက် ရမည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြောသည်။

၎င်းက “ အကြမ်းဖက်မှု ကျူးလွန်သည့် ငှားရမ်းနေထိုင်သူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့်ခါ ငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို အမှုနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရ မည်ဖြစ်သည်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည် ”ဟု ပြော သည်။
ထိုသို့ အသိပေးထုတ်ပြန်ခဲ့သော်လည်း နေအိမ်တိုက်ခန်း ပိုင်ရှင်အချို့သည် မသိကျိုးကျွန်ပြု၍ ဆက်လက် ငှားရမ်းပေးနေခြင်းသည် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နိုင်အောင် အားပေးကူညီရာရောက်သကဲ့ သို့ ဖြစ်စေပါကြောင်း ထုတ်ပြန်ခဲ့သည်။
သို့ဖြစ်ပါ၍ ဖြစ်စဉ် ပေါ်ပေါက်သည့်အခါတွင် နေအိမ်တိုက်ခန်း ပိုင်ရှင်များအနေဖြင့် စနစ် တကျ စိစစ်၍ ငှားရမ်းခြင်း၊ ဧည့်စာရင်းတိုင်ကြားထားခြင်း မရှိကြောင်း တွေ့ရှိရပါက အဆိုပါ ငှားရမ်းထားသည့် နေအိမ် တိုက်ခန်းများကို သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက် အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည့်အပြင် အကြမ်းဖက်မှုအား အားပေးကူညီသူ အဖြစ် အရေးယူခံရနိုင်ကြောင်း ထပ်မံ အသိပေး ထုတ်ပြန်ပါသည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1467
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလအတွင်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ (EROs)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း ၅၀၀ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်သေဆုံးမှု များ ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ပွဲ အကြိမ်ရေ ၅၀၀ မှာ NUG ၏ အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
NUG က “မေလအတွင်း တိုက်ပွဲပေါင်း (၅၀၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၄၉) ဦး သေဆုံး၍ (၆၈၁) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ မိမိရဲဘော် (၄၁) ဦး သေဆုံးခဲ့ပြီး (၁၁၃) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ရန်သူ့ထံမှ လက်နက်မျိုးစုံ(၂၄)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်” ဟု ပြောသည်။
နှစ်ဖက်သေဆုံးမှု ကိန်းဂဏန်း အများအပြား ကွာဟနေသည့်အတွက် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ သံသယ ဖြစ်စရာရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
၎င်းက “နံပါတ် ၁ ကတော့ အဲဒီ အချက်အလက်ကို ဘယ်အပေါ်ကနေ အခြေခံပြီး ယူထားသလဲပေါ့၊ အဲဒီတော့ သေချာတာက ကိန်းဂဏန်း အရမ်းဖောင်းပွနေတာတော့ သေချာတာ အဲဒါတော့ ယုံမှားစရာမရှိဘူး။ ဘာကြောင့် လဲဆိုတော့ ဟိုးအရင်တုန်းက ဖြစ်ခဲ့ဖူးတဲ့ တကယ့် ကြီးကြီးမားမားဖြစ်ခဲ့တဲ့ တိုက်ပွဲကြီးတွေနဲ့ ယှဉ်ရင်တောင်မှ ကိန်းဂဏန်းက ယုံကြည်နိုင်စရာ အခြေအနေ မဟုတ်ဘူး ဖြစ်နေတာပေါ့၊ အဲဒီတော့ ဘယ်လိုဟာ ဖြစ်လို့ သူတို့ ထုတ်သလဲတော့ ကျနော် မသိဘူး။ ဒါပေမဲ့ သေချာတာက ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီးတော့ သံသယ ဖြစ် စရာ အများကြီး ဖြစ်နေတယ်၊ အဓိကကတော့ ထုံးစံအတိုင်းပေါ့ ဒါသူတို့ဖက်ကလည်း လုပ်လေ့လုပ်ထားရှိတဲ့ နည်းစနစ်တစ်ခုပါပဲ၊ ပြောရရင်တော့ ဆိုက်ဝါးထည့်ဖြစ်တော့ တစ်ဖက်က အများကြီးကျတယ်၊ ကိုယ်ကတော့ မကျဘူး။ ဒါကြောင့်မို့လို့ သူတို့ လုပ်နေတဲ့ လက်နက်ကိုင်လမ်းစဉ် အောင်မြင်မယ်ဆိုတဲ့ တစ်ဖက်သူတို့ကို ထောက်ခံတဲ့သူကို ဆွဲပြီးတော့ အဓိက စိတ်ဓါတ်တက်အောင် လုပ်ချင်တဲ့ သဘောပါပဲ၊ ဒီထက်ပိုပြီးတော့ တွက်လို့ မရဘူး၊ အဓိက ဘယ်အချက်အလက်တွေပေါ် ယူထားသလဲဆိုတဲ့ တိကျတဲ့ ဒေတာက ကျနော်တို့မှ မရနိုင်တာကိုး။ စာရွက်ပေါ်မှာ ရေးထားတာပဲရှိတယ် မြေပြင်မှာ တကယ်ဖြစ်မဖြစ် ဘာမှသက်သေ အထောက်အထား မရှိရင် တော့ ဒီလိုမျိုး အချက်အလက်က ယုံဖို့ ခဲယဉ်းပါတယ်” ဟု ပြောသည်။
မေလအတွင်း တိုက်ပွဲပေါင်း ၅၀၀ ကြိမ်မှာ ထိတွေ့တိုက်ပွဲ ၁၅၀ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၀၀ ကြိမ်၊ မိမိတို့မှ ပစ်ခတ်တိုက်ခိုက်မှု ၁၅၆ ကြိမ်၊ မိမိတို့မှ ဒရုန်းဖြင့် တိုက်ခိုက်မှု ၇၁ ကြိမ်၊ ရန်သူ့လေကြောင်း တိုက်ခိုက်မှု ၂၃ ကြိမ် ရှိကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ဖက် တိုက်ပွဲကြား သေဆုံးမှု အခြေအနေကို မိမိအနေဖြင့် အတည်မပြုနိုင်ကြောင်း၊ သို့သော်လည်း ပြည်သူ လူထုက တပ်မတော်ဘက်သို့ မရပ်တည်တော့သလို သတင်းအချက်အလက် ကူညီမှုကအစ မရှိတော့ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
၎င်းက “ EAO တွေ ရော၊ PDF တွေရော သူတို့ဘက်မှာ ပူးပေါင်းပြီး ဆောင်ရွက်လာတာတွေလည်း ရှိတယ်၊ ပြည်သူတွေရဲ့ သတင်း ပေးမှု၊ ကူညီပံ့ပို့မှုကလည်း များလာတယ်၊ စစ်ကောင်စီက တစ်ဖက်မှာလည်း သူတို့အနေနဲ့ စိတ်ဓါတ်ကျမှု တွေ ရှိလာတယ်၊ ထွက်ပြေးမှုတွေ ရှိလာတယ်၊ နိုင်ငံရေးအားဖြင့် ဂုဏ်သိက္ခာမရှိတဲ့ တပ်မတော် တစ်ခု တဖြည်း ဖြည်း ဖြစ်လာတဲ့အခါမှာ အဲဒီမှာ တပ်ဖွဲ့ဝင်တွေလည်း စိတ်ဓါတ်ကျတာတွေ အရင်တုန်းက ပြည်သူတွေရဲ့ ဝမ်းပန်း တသာ ကြိုဆိုမှုတွေ အဲဒီလို သူတို့ဖက်မှာ မရှိတဲ့ အခါမှာ စိတ်အားငယ်မှုတွေ ဖြစ်လာ တယ်၊ အဲဒါနဲ့ပဲ ဒီလို သူတို့ ဟာ သူတို့ ယုံကြည်မှု အားနည်းလာပြီးတော့ သူတို့ဖက်မှာ ပြည်သူတွေ မရပ်တည်ဘူး ဆိုတာ တစ်ဖက်ကလည်း သိလာသလို၊ သူတို့မှာလည်း သွားရေးလာရေးကအစ ဘယ်နေရာမှ အဆင်မပြေတော့ ဘူး။ အထူးသဖြင့် ကြည်း ကြောင်းတပ်တွေပေါ့၊ သူတို့သွားတဲ့အခါမှာ တော်တော်ကို အထိနာတယ်၊ အထိနာတဲ့ အခါမှာ လမ်းတွေ ပိတ်ဆို့ပြီး မိုင်းထောင်တာတွေ ရှိတယ်၊ ဖြတ်တိုက်တာရှိတယ်၊ ပြောက်ကြားစစ်ကနေပြီးတော့ တက်သိမ်းတဲ့အဆင့်ထိတွေ ရောက်လာတယ်၊ အဲဒါကြောင့် လေကြောင်းကိုပဲ သူတို့ အားကိုးပြီး လုပ်လာတဲ့ အတွက်နဲ့ ပိုပိုပြီးတော့ အထိနာ လာတယ်လို့ ကျနော်တော့ မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်၍ ပြောင်းလဲခဲ့သော နိုင်ငံရေး အခင်းအကျင်းအရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင် ပြည်နယ်၊ ကယား(ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများကြောင့် ပြည်တွင်းမှာ တိုက်ပွဲရှောင် လူဦးရေ ၂ သန်းကျော် ရှိလာကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1368
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နိုင်ငံတော်အဆင့် အခမ်းအနားပွဲများ ကျင်းပသည့် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ဂိတ် ၂ ရှိ ရဲကင်းတစ်ခုသည် ဇွန်လ ၁၂ ရက်နေ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံ ခဲ့ရကြောင်း သိရသည်။
ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီခန့်က တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ သို့သော် တစ်စုံတစ်ရာ ထိခိုက်မှု မရှိ ကြောင်း နီးစပ်သူများထံမှ သိရသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က MICC-2 မှာ NCA လက်မှတ်ထိုးပွဲ ကျင်းပစဉ်
အဆိုပါ MICC-2 သည် နိုင်ငံတော် အဆင့်အခမ်းအနား ဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးခြင်းနှင့် နှစ်ပတ်လည် အခမ်းအနားများ ကျင်းပလေ့ရှိသည်။
အလားတူ နိုင်ငံတကာနှင့် မြန်မာနိုင်ငံအတွင်းရှိ လအလိုက် ကျရောက်သည့် အထိမ်းအမှတ်များ ဂုဏ်ပြုပွဲများ ကျင်းပလေ့ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1158
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂
တော်လှန်ရေးကာလအတွင်း အခြေအနေနှင့် လိုက်လျောညီထွေစွာ ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း နိုင်ခဲ့ခြင်းသည် ကရင်နီလူမျိုးမှ နောက်ထပ် ခြေလှမ်းသစ်တစ်ခုအား ရဲဝံ့စွာ လှမ်းလိုက်ခြင်းဖြစ်၍ အဆိုပါ လုပ်ရပ် အပေါ် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ကြိုဆိုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
ကရင်နီတော်လှန်ရေး အင်အားစုများ စုပေါင်းကာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း ကြောင်း ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့သည်။

ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှု ထုတ်ပြန်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး အပြောင်းအလဲထဲတွင် အဖွဲ့အစည်း အသစ်များ ပေါ်ပေါက်လာခြင်းနှင့်အတူ ယခင်ရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များသည် မိမိတို့ အဖွဲ့အစည်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် အရှိန်အဟုန်မြင့် အကောင်အထည် ဖော်လာကြသည်ကို တွေ့ရကြောင်း၊ ၎င်းအထဲတွင် ကရင်နီလူမျိုးများ သည်လည်း အပါအဝင် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကရင်နီလူမျိုးများ အနေဖြင့် မိမိလူမျိုး အဖွဲ့အစည်း၊ မိမိကောင်စီအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ပြီး မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်ပါစေရန် ဆုမွန်ကောင်းရင်း ကြိုဆိုဂုဏ်ပြုကြောင်း ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/ MNDAA)၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့ဖြင့် ဖွဲ့စည်း ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1397
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂
ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားသွေးစည်းညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကိုယ်စားလှယ်အဖွဲ့ သွားရောက် တွေ့ဆုံခဲ့သည်ဆိုသော သတင်းမှာ သတင်းအမှားသာဖြစ်ပြီး တွေ့ဆုံခြင်း မရှိကြောင်း NSPNC ဘက်မှ ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)တို့သည် မေလ ၂၇ ရက်နေ့နှင့် ဇွန်လ ၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ထောင်အတွင်း သွားရောက် တွေ့ဆုံခဲ့ကြောင်း ရေးသား ထုတ်လွှင့်မှုများ ရှိနေသည်။
NSPNC မှ တာဝန်ရှိသူ တစ်ဦးက “ ကျနော်က သတင်းမီဒီယာတွေနဲ့ ဆက်ဆံမှုမရှိဘူး။ ဒါပေမယ့် ဒီသတင်းက မဟုတ်ဘူး။ မဖြစ်နိုင်တာ။ ဒီဟာနဲ့ ပတ်သက်ပြီး ဘာမှတော့ တစ်စုံတစ်ရာ မှတ်ချက်မပေးချင်ပါဘူး”ဟု ပြော သည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့သည် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မိုင်းလားမြို့သို့ ရောက်ရှိနေပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-MNDAA-TNLA)တို့နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ဆွေးနွေးလျက်ရှိသည်။

အိန္ဒိယ၊ တိုင်းရင်းသားလက်နက်ကိုင်၊ NSPNC တို့ ဖက်ဒရယ်အရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ်
ထို့နောက် နေပြည်တော်မှာ အိန္ဒိယအစိုးရမှ ဦးဆောင် ကျင်းပသည့် ဖက်ဒရယ်အရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို NSPNC မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) အပါအဝင် အဖွဲ့ဝင် တချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
သဘာဝရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက ဦးတင်ဦးကို ရန်ကုန်မြို့ ဗဟန်းရွှေတောင်ကြားရှိ နေအိမ်မှာ ဇွန်လ ၈ ရက် နေ့က တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံလိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးကို စွန့် လွတ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းကို လုပ်ဆောင် မည်ဆိုပါက တပ်မတော်က သဘောထား ပြောင်းလဲသွားနိုင်ကြောင်း ပြောခဲ့သည်။
ထို့နောက် အရှင်ဥတ္တမသာရသည် NSPNC မှ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် တွေ့ဆုံမှုများ ရှိသည့်အတွက် မြန်မာ့တပ်မတော်က ကြားခံအဖြစ် အသုံးချနေသည်ဟုလည်း စွပ်စွဲလျက်ရှိနေသည်။
အဆိုပါ အခြေအနေများနှင့် ဆက်စပ်၍ ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)တို့ သွားရောက် တွေ့ဆုံသည်ဆိုသော သတင်းအမှားကို ထုတ်လွှင့်နေခြင်း ဖြစ် သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ တစ်ဦးက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1186
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တစ်ခုအဖြစ် ပါဝင်ရန် ကရင်နီတော်လှန်ရေး အင်အားစုများ စုပေါင်းကာ ကရင်နီအစိုးရကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီးနောက် အုပ်ချုပ်မှုကို စတင်ကြောင်း ဇွန်လ ၁၂ ရက် နေ့မှာ ထုတ်ပြန်ခဲ့သည်။
ကရင်နီပြည်၏ အုပ်ချုပ်ရေးကို ပြည်နယ်ကြားကာလ အစီအမံနှင့်အညီ လက်တွေ့ အကောင်အထည်ဖော်ရန်၊ ပြည်နယ် အတိုင်ပင်ခံကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ အစီအမံများကို စနစ်တကျ ချမှတ် ဖော်ဆောင်နိုင်ရန်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တစ်ခုအဖြစ် ပါဝင်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တစ်ခု၏ ကျင့်သုံးရမည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်အညီ အုပ်ချုပ်ရေးစနစ် ကို အစပျိုး၍ လက်တွေ့ အကောင်အထည်ဖော်ရန် စသဖြင့် ပါရှိသည်။
ကယား(ကရင်နီ) ဒေသတစ်ခုလုံးကို လွှမ်းမိုးကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို အကောင် အထည် ဖော်လာနိုင်သည့် အခြေအနေကို ရောက်ရှိလာခဲ့ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနကို ပြောသည်။

CRPH နဲ့ NUG က ခေါင်းဆောင်များကိုတွေ့ရစဉ်
၎င်းက “အဲဒါကတော့ အခုအခြေအနေမှာ ကျနော်တို့ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ကရင်နီပြည်နယ်က ဒေသ တစ်ခုလုံးရဲ့ ပြည်သူ့အုပ်ချုပ်ရေးကို လွှမ်းမိုးပြီးတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့ ကိစ္စတွေ ပေါ့ဗျာ၊ အဲဒါတွေကို အကောင်အထည် ဖော်လာနိုင်တဲ့ အခြေအနေကို ရောက်ရှိလာပြီလို့ ကျနော်တို့ ယူဆပါ တယ်။ အဲဒီလို အခြေအနေနဲ့ ကိုက်ညီစွာ ကျနော်တို့ ပြည်နယ်အစိုးရ တစ်ရပ်ဖွဲ့ဖို့ သူတို့အနေနဲ့ စီစဉ်တာ ဖြစ်ပါ တယ်။ အဲဒါကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် NUG က ချမှတ်ထားတာနဲ့ ကိုက်ညီတဲ့ အနေအထားတစ်ခု အဲဒါကြောင့် ဒါဟာ ကရင်နီပြည်နယ်ရဲ့ ထူးခြား အောင်မြင်တဲ့ တိုးတက်မှု တစ်ရပ်အဖြစ် ကျနော်တို့က ကြိုဆိုရ မှာ ဖြစ်ပါတယ် ခင်ဗျ” ဟု ပြောသည်။
လက်ရှိ ကရင်နီပြည်အစိုးရအဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ ခူးဦးရယ်၊ ဒုဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) မှ ခွန်းဘီးထူး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ခူပလူးရယ်၊ အတွင်းရေးမှူး (၁) အဖြစ် ဇူးပဒုမ္မာ၊ အတွင်းရေးမှူး (၂) အဖြစ် ဗညားခွန်အောင် နှင့် ဘဏ္ဍရေးမှူး အဖြစ် မော်ဖိုးမြာတို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်က စတင် တာဝန်ယူခဲ့ကြကြောင်း သိရသည်။

ကယားပြည်နယ်အ၀င်ကိုတွေ့ရစဉ်
ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ရည်ရွယ်ချက်များမှာ စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလ ပြည်နယ် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်ရန်၊ ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရန်၊ ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီသည် ပြည်နယ်အတွင်းနှင့် ပြည်ထောင်စုအတွင်း နိုင်ငံရေးစနစ်သို့ အသွင် ကူးပြောင်းသွားနိုင်ရန် ပြည်ထောင်စု တစ်ဝှမ်းရှိ အင်အားစုအားလုံးနှင့်အတူ လက်တွဲကြိုးစား ကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းများကြောင့် ကယား (ကရင်နီ) ပြည်နယ်တွင် မြန်မာ့တပ်မတော် နှင့် KNPP၊ KNDF မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1324
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂
မြန်မာများ အဓိက အများဆုံးသွားရောက်လုပ်ကိုင်ကြသည့် ထိုင်းနှင့် မလေးရှားတို့တွင် မြန်မာရွှေ့ပြောင်း လုပ်သားများအား ဖမ်းဆီးစစ်ဆေးမှုများ၊ တင်းကြပ်မှုများကို အခြားနိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများထက် ပိုမိုပြုလုပ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားတွင် ယခင်က မြန်မာရွှေ့ပြောင်းများအား တင်းကြပ်မှုသိပ်မရှိခဲ့ကြောင်း၊ ယခုနှစ်ပိုင်း၌ မြန်မာ လူဦးရေ သည် ပိုမိုများပြားလာပြီး နေရာတိုင်းနီးပါးတွင် မြန်မာများကိုတွေ့မြင်နေရသည့်အတွက် မြန်မာ ရွှေ့ပြောင်း လုပ်သားများအား အဓိကထား၍ ပိုမိုတင်းကြပ်လာခြင်းဖြစ်ကြောင်း မလေးရှားတွင် မြန်မာများအား ကူညီ ဆောင်ရွက်ပေးနေသူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ပြောသည်။
“ပြီးသွားရင် နှစ်ကြီးသမားတွေကလည်း တော်ရုံတန်ရုံ သူများအလုပ် မလုပ်တော့ဘဲနဲ့ ကိုယ်ပိုင် Business တွေလုပ်တယ်။ စူပါမားကတ် အသေးလေးတွေ၊ မြန်မာပစ္စည်းအမျိုးမျိုးပေါ့ လမ်းဘေးမှာ ရောင်းတာတို့၊ အသီးအနှံအရွက်ကအစ အဲဒါတွေ ရောင်းချနေတဲ့အတွက် ဒီနိုင်ငံသားတွေကလည်း သူတို့ရဲ့ Business တွေ ထိခိုက်တဲ့အတွက်ပေါ့။ အဲဒါလေးတွေ နည်းနည်း complain တက်တော့ ပိုပြီးတော့ တင်းကြပ်လာတာပေါ့။ လက်ရှိအနေအထားကတော့ Overstay အများဆုံးစာရင်းအရဆိုရင်တော့ ကျနော်တို့ မြန်မာပါပဲ။
coffee shop တို့၊ လမ်းဘေးမှာဈေးရောင်းတာတို့ ဘာတို့ကြတော့ သူတို့နိုင်ငံရဲ့ Work Permit နဲ့ မကိုက်ညီဘူးလေ။ သူတို့က ပါမစ်တော့ ရှိတယ်။ ဒါပေမယ့် စက်ရုံပါမစ်တို့၊ ဆောက်လုပ်ရေးပါမစ်တို့က ဈေးရောင်းလို့မရဘူး၊ စားသောက် ဆိုင်မှာ လုပ်လို့မရဘူး။ အဲဒါတွေလည်း နေရာမရှောင်တော့ဘူး ကိုယ်ကိုင်ထားတဲ့ ပါမစ်က ဘာမှန်းမသိဘဲနဲ့ အဆင်ပြေတဲ့အလုပ်ကိုဝင်လုပ်နေတဲ့အတွက် တင်းကြပ်တာပေါ့နော်။ ကိုယ်တွေ မြန်မာတွေဘက်ကလည်း မှားတာပေါ့။ မှားတယ်ဆိုတာ သူတို့က အဲဒါကိုပဲ အဓိကထားလိုက်ကြီးကြပ်ပြီး ဖမ်းဆီးနေတာ” ဟု ၎င်းက ပြောသည်။

ပုံ-ထိုင်းနိုင်ငံတွင်ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို တာဝန်ရှိသူများက ကြီးကြပ်နေစဉ်
မြန်မာနိုင်ငံသားများသည် စည်းကမ်းပိုင်းဆိုင်ရာများတွင်လည်း အခြားနိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများနှင့် ယှဉ်ပါက ဖောက်ဖျက်မှုများရှိသည့်အတွက် ၎င်းအချက်များလည်းပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံသို့ ရောက်ရှိပါက ၎င်းတို့ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား သေချာစွာ သိရှိနားလည်ရန်လိုကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
ထို့အပြင် အခြားနိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများထက် ပိုမိုတင်းကြပ်ခြင်းသည် ၎င်းတို့နိုင်ငံများတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားဦးရေမှာ အဆမတန်များပြားပြီး တရားမဝင်နေထိုင်မှုများလည်း အဓိကအများဆုံးရှိသည့် အတွက်ဖြစ်နိုင်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
ထိုင်းနှင့် မလေးရှားတို့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများအား တင်းကြပ်မှုများပြုလုပ်လာသကဲ့သို့ အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် ဖိနှိပ်ဆက်ဆံခြင်းများကိုလည်း အခြားနိုင်ငံခြားသားများထက် မြန်မာနိုင်ငံသားများသာ အဓိက ခံစားရကြောင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“ဒီနှစ်နိုင်ငံကို သွားရောက်အလုပ်လုပ်မယ့် မြန်မာနိုင်ငံသားတွေဟာ အထူးသဖြင့် ပညာအရည်အချင်း မလိုအပ် ဘူး။ မင်းတို့ရဲ့ ခွန်အားနဲ့ အလုပ်အကျွေးပြုလို့ရတယ်ဆိုတော့ အလွယ်တကူအလုပ်လာကြတယ်။ နောက်တစ်ခု အလွန်နီးစပ်တဲ့နိုင်ငံလည်းဖြစ်တဲ့အတွက် ဝင်ရတာလွယ်ကူတယ်။ အဲဒီအပေါ်မှာ တစ်ဖက်နိုင်ငံရဲ့ လ.ဝ.က အက် ဥပဒေနဲ့ ခိုးဝင်တဲ့သူတွေကို ဖမ်းဆီးပြီးတော့ ပြည်တော်ပြန်အဖြစ် နယ်စပ်ကို ပြန်မပို့ခင်မှာ အချုပ်တွေ၊ ထောင် တွေထဲမှာ ငွေညှစ်တာမျိုးတွေ၊ ကားခတို့၊ မြန်မြန်ပို့စေချင်တယ်ဆိုရင် ပိုက်ဆံပေးရတာတို့ ဒီလို အဂတိ မကင်းတဲ့ အပြုအမူမျိုးတွေကို ခေတ်အဆက်ဆက် လုပ်ခဲ့တယ်။ အရင် အရင်အရပ်သားအစိုးရကတည်းက ရှိခဲ့ဖူးတာပဲ။ မြန်မာနိုင်ငံသားတွေကို ဒီလို နှိပ်စက်လာတိုင်း ငွေကြေးတွေ တောင်းခံလာတိုင်း၊ မြန်မာအစိုးရက တစ်စုံတစ်ရာ ထိရောက်တဲ့အကူအညီတွေ မပေးနိုင်ဘူးဆိုတာကို အရင်အစိုးရလက်ထက်တွေကတည်းက ရှိခဲ့တာဖြစ်တယ်။ ဒီဟာအားလုံးရဲ့ ရေသောက်မြစ်ဟာ သက်ဆိုင်ရာနိုင်ငံရဲ့ သံရုံးတွေက အလုပ်မလုပ်တာကို ပေါ်လွင်တယ်လို့ ပြောလိုတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုကဲ့သို့ ကြုံတွေ့ခံစားနေရသည်များကို သက်ဆိုင်ရာ မြန်မာသံရုံးများမှ တာဝန်ရှိသူများအနေဖြင့် သေချာစွာ အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ပေးမည်ဆိုပါက ယင်းအခြေအနေများမှာ လျော့နည်းသွားနိုင်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးရာတွင် မြန်မာရွှေ့ပြောင်း အများဆုံး နေထိုင်သည့် တာ့ခ်ခရိုင် မဲဆောက်မြို့သို့ အဓိကထား ရှာဖွေဖမ်းဆီးနေသည့်အပြင် မလေးရှားနိုင်ငံတွင်လည်း အလည်ဗီဇာဖြင့် ဝင်ရောက်လာသည့် မြန်မာများအား အဓိကထား စစ်ဆေးနေကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1439
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂
အမေရိကန်ပြည်ထောင်စု၊ ကင်တာကီပြည်နယ်၊ လူဝီဗီးလ်မြို့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြု ကော်မတီ(CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးများဖြစ်သည့် ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့နှင့် မြန်မာကွန်မြူနီတီတို့ ဇွန်လ ၁၀ ရက်နေ့ က တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံသား ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး နွေဦးတော်လှန်ရေး မျက်မှောက် အခြေအနေများကို NUG မှ ဝန်ကြီးများက ရှင်းလင်း ပြောပြခဲ့သည်ဟု NUG ဘက်က ထုတ်ပြန်ခဲ့သည်။
