CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅

ကော်သူလေးအစိုးရ (ကရင်ပြည်နယ်အစိုးရ)ဖွဲ့စည်းကြောင်း စာတစ်စောင် တော်လှန်ရေး အင်အားစုများကြား ထွက်ပေါ် လျက်ရှိသည်။

အဆိုပါ ကော်သူလေးအစိုးရ ဖွဲ့စည်းကြောင်း စာတွင် ကော်သူလေးအစိုးရအဖွဲ့တွင် သမ္မတအဖြစ် စောနယ်ဒါးဘိုမြ၊ ဒုသမ္မတများအဖြစ် စောဘဝါးနှင့် စောဆာဂေးဖိုးတို့ဖြစ်သည်။

စောနယ်ဒါးဘိုမြဆိုသူမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)၏ စစ်ဦးစီးချုပ် အဖြစ် ထုတ်ပယ်ခံရပြီးနောက် ခွဲထွက်၍ ကော်သူလေးတပ်မတော်(KTLA)ကို ဖွဲ့စည်းကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသူဖြစ်သည်။