- By CNI
- Category: နိုင်ငံရေး
- Hits: 786
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ကြားလာခြင်း မရှိသေးကြောင်း အပစ်ရပ် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက CNI သို့ ပြောသည်။
၎င်းက “လောလောဆယ်ဆယ် ဘာမှ မကြားသေးပါဘူး။ ဖိတ်စာဖိတ်လာတာလည်း မရှိသေးပါဘူး။ ဘာမှတော့ အစီအစဉ် မရှိသေးပါဘူး” ဟု ပြောသည်။
မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုလင်းဟေဇာ မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆ ရက်က ရောက်လာစဉ်
မစ္စနိုလင်းဟေဇာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာ နိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက်နေ့က ပထမဆုံးအကြိမ် လာရောက်သည်။
PPST ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်အရုံး(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့ဖြင့် ဖွဲ့စည်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 946
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇
လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှာ တွေ့ဆုံ ဆွေးနွေးလိုသူများ ရှိနေသည်ဟု နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
သြဂုတ် ၁၇ ရက်နေ့က ကျင်းပသည့် နစက၏ ၁၉ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက အထက်ပါ အတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ NLD ပါတီထဲမှာ ရှိနေတဲ့ အခုချိန်ထိ စေ့စပ်ညှိနှိုင်းဆွေးနွေးရေး လမ်းကြောင်းကို သွားလို့တဲ့ သူတွေရှိပါတယ်။ သူတို့ကိုယ်တိုင်ကလည်း တချို့သော ကျန်ရစ်ခဲ့တဲ့ ၈၈ ပေါ့နော်။ ၈၈ မျိုးဆက်က နေ ကျန်ရစ်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ပြောကြားချက်တွေကိုလည်း ကျနော်တို့ သိရပါတယ်။ NLD ပါတီ ဝင် အများစု အရင်ကတည်းက ဒီပြည်တွင်းမှာပဲ ရှိတယ်။ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကိုပဲ ယခင်က လည်း ယုံကြည်ခဲ့တယ်။ အခုချိန်ထိ ကိုင်ဆွဲနေကြတုန်းဆိုတာလည်း ကျနော်တို့ လည်း သိရပါတယ်”ဟု ပြောသည်။
တွေ့ဆုံ ဆွေးနွေးရေး လုပ်လိုသူများ ရှိသည်ဟု ပြောသော်လည်း မည်သူများ ဖြစ်ကြောင်းကိုတော့ ထုတ်ဖော် ပြောသွားခြင်း မရှိပေ။
ဗိုလ်မှူးကြီးမင်းအောင်လှိုင်နဲ့ NLD ခေါင်းဆောင်များကိုတွေ့ရစဉ်
ထို့နောက် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၃ ပုံလောက်သည် ငြိမ်းချမ်းစွာ နေထိုင်လိုကြောင်း လက်မှတ်ရေးထိုး၍ ပြည်တွင်းမှာ ကျန်ခဲ့ကြောင်း၊ တောထဲကို ရောက်ရှိသွားသူများသည် ၂၀၁၂ ခုနှစ်နောက် ပိုင်းမှ NLD ပါတီထဲ ရောက်ရှိလာသူများသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌများဖြစ်သည့် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် တို့ သည် တပ်မတော်က NLD အစိုးရကို ဖြုတ်ချပြီးနောက် ဖမ်းဆီး တရားစွဲဆိုခံထားရသည်။ ထို့နောက် တခြား သော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များလည်း ဖမ်းဆီး တရားစွဲဆိုခံထားရသည်။
စစ်တပ် ဆန့်ကျင် ဆန္ဒပြမှုများကိုတွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ ရောက်ရောက် မည်သည့် အချိန်ရောက် ပါစေ NLD ပါတီဝင်ထားလျှင် NLD ပါတီဝင်သာဖြစ်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးရေးကို လူထုအများစုက လက်ရှိ မှာ လက်မခံနိုင်သေးသည့်အတွက် NLD ထဲက စေ့စပ်ညှိနှိုင်းရေး လုပ်လိုသူများအနေဖြင့် အကောင်အထည် ဖော်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ နစကဘက်ရော စေ့စပ်ဆွေးနွေးရေးကို အကောင်အထည်ဖော်မည့် အလားအ လာ မရှိဘူးဟု မြင်ကြောင်း ပြောသည်။
၎င်းက “ ဖေဖော်ဝါရီ ၁ ရက်နေ့ ရှေ့ပိုင်းကိုကြည့်ရင် စစ်တပ်က ဆွေးနွေးဖို့ တောင်းဆိုတာမှာ NLD ဘက်က သိပ်မသွားလိုတာတွေ့ရတယ်။ ဒီနောက်မှာ အာဏာသိမ်းမှုဆိုတာ ဖြစ်လာတယ်။ အခု အာဏာသိမ်းပြီး စစ်တပ် က သူသွားလိုတဲ့ အခြေအနေကို တည်ဆောက်နေချိန်မှာ သူကရော စေ့စပ်ဆွေးနွေးရေးကို သွားချင်သေးရဲ့ လား မေးစရာရှိတယ်။ သူလည်း သွားမယ် မထင်ပါဘူး။ လူထုကို ကြည့်ရင်လည်း လူထုက သွေးကြွေးမှာ ဆွေး နွေးစရာမရှိဘူး ရပ်တည်နေတော့ NLD ဘက်ကရော သွားနိုင်ပါ့မလား၊ တတိယအဖွဲ့အစည်းက ဒီအခင်း အကျင်း ပေါ်လာအောင် ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲတော့ စောင့်ကြည့်ရမယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နစက နှင့် NUG ကြား တရားဝင် အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလာရေး အားပြိုင်လျက်ရှိသလို တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေး လက်နက်ကိုင်ပဋိပက္ခများလည်း ဖြစ်ပွားလျက်ရှိ နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1048
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အခြေခံသဘောတူညီချက် ရရှိထားပြီဖြစ်သည့်အတွက် ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မိမိတို့ အနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ခုထားရှိထားကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဩဂုတ် ၁၆ ရက်က ပြောသည်။
၎င်းက “ငြိမ်းချမ်းရေးကို ကျနော်တို့ သွားနေတယ်။ နားလည်တဲ့သူတွေကတော့ ငြိမ်းချမ်းရေးအတွက် လာကြတာ ပေါ့။ နားမလည်တဲ့ သူကတော့ ဘေးကနေ ပြောနေကြတုန်း ရှိပါသေးတယ်။ အခု ၁၀ ဖွဲ့ ကျနော်တို့ ဆွေးနွေးထား ပြီးပြီ။ မနေ့တနေ့ကပဲ ကျနော် SSPP အဖွဲ့နဲ့ ဆွေးနွေးတယ်။ ကျနော်တို့ အားလုံးအောင်မြင်ပါတယ်။ ခုနပြောတဲ့ ပါတီစုံဒီမိုကရေစီနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ကို ခင်ဗျားတို့ လက်ခံလားမေးတော့ အကုန်လုံး လက်ခံတယ်ပြောတယ်။ ကျနော် ဒုတိယအကြိမ် ပြန်တွေ့မယ်၊ ဒီလထဲ ပြန်တွေ့ဖို့ ကြိုးစားနေတယ်။ အဖွဲ့ ၁၀ ဖွဲ့လုံးကို အုပ်စုဖွဲ့ပြီး တစ်ခါဆွေးနွေးမယ်၊ စက်တင်ဘာလ ကျလို့ရှိ ရင် တစ်ခါသူတို့နဲ့ အားလုံး ပြန်တွေ့မယ်၊ အဲဒါပြီးရင် လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားမယ်၊ ဒီအတွက်တော့ ဘယ် လောက်ကြာမလဲ ကျနော် မပြောနိုင်သေးဘူး။ အခြေခံ သဘောတူညီချက် ရ ရှိပြီးဖြစ်တဲ့ အတွက်ကြောင့် ကျနော်အနေနဲ့ မရစရာ အကြောင်းမရှိဘူးလို့ မြင်တယ်။ ဒါကို ဘာကြောင့် EAO တချို့အဖွဲ့တွေက နားလည်မှု မရှိနိုင်လဲဆိုတာ ကျနော်လည်း မတွေးတတ်ဘူး”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်
တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးကို မျှော်မှန်းပြီး အဆိုပါ အချက်နှစ်ချက်အပေါ် အခြေခံပြီး လုပ်ဆောင် မည်ဆိုပါက မအောင်မြင်နိုင်စရာမရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
နစက အနေဖြင့် လက်ရှိ တိုက်ပွဲဖြစ်နေသည့် အဖွဲ့အစည်းများကို ဖိတ်ကြားခြင်း မရှိသည့်အတွက် တတိုင်းပြည်လုံး ငြိမ်းချမ်းရေး ရရှိရေးမှာ မဖြစ်နိုင်ကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က CNI သို့ ပြောသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်က “အခုတိုက်ပွဲ သိပ်မရှိတဲ့ EAO အဖွဲ့တွေ တွေ့တာပေါ့နော်။ အဓိက တိုက်ပွဲဖြစ်နေတဲ့ ဒေသကာကွယ်ရေးတပ်တွေ၊ PDF တွေ အဲဒီလိုမျိုး ဖိတ်ကြားတာတော့ မရှိဘူးပေါ့နော်။ သူတို့လည်း လက်မခံတဲ့ ပုံစံမျိုးပေါ့။ တကယ့်တကယ် ငြိမ်းချမ်းရေး လုပ်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်နေတဲ့ဟာကို လျှော့ချပြီးတော့ ဆွေး နွေးရေးအတွက် အားလုံး ပါဝင်ဖို့ လိုတယ်။ အဲဒါကြောင့်မို့ ဘယ်လောက်ပဲ လုပ်လုပ် ဟိုအဖွဲ့ချန်မယ်၊ ဒီအဖွဲ့ ချန် မယ်၊ အားလုံးပါဝင်မှု မရှိဘူးဆိုရင်တော့ ကျနော် ထင်တာကတော့ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးက မဖြစ်နိုင်ဘူး လို့ အဲဒီလိုမျိုးတော့ မြင်ပါတယ်” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့၊ NCA မထိုးရသေး သည့် လက်နက်ကိုင် အဖွဲ့အစည်း (၃) ဖွဲ့ တက်ရောက် ဆွေးနွေးထားသည်။
UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
အပစ်ရပ် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် NCA မူအတိုင်း အခြေခံသွားမည်ဖြစ်ကြောင်း PPST မှ ပြောခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက CNI သို့ ပြောသည်။
နန်းယဉ်ယဉ်စိုးက “အစ်မတို့ကတော့ ဒီမိတ်ဖက် ပဋိပက္ခရှိတယ်၊ ရန်ဖက် ပဋိပက္ခ ရှိတယ်ပေါ့နော်။ အစ်မတို့က တော့ အခု မိတ်ဖက်ပဋိပက္ခနဲ့ သွားတယ်။ မိတ်ဖက် ပဋိပက္ခဆိုတာက တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို အစ်မတို့က ရွေးထားတဲ့ အတွက်ကြောင့်မို့လို့ မိတ်ဖက်ပဋိပက္ခနဲ့ သွားတဲ့အခါအပေါ်မှာ ရန်ဖက် ပဋိပက္ခတွေ က တော့ ရန်-ငါ-စည်း ပြတ်ဆိုတဲ့အတိုင်းပဲ စစ်ဘောင်တွေကို ချဲ့လာမယ်ဆိုရင်တော့ အစ်မတို့ အားလုံးက ထိခိုက် ကြမှာ ပြည်သူလူထုတွေပဲ ဖြစ်တယ်။ ဒါကြောင့်မို့ အစ်မတို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ ဆွေးနွေးရေး လမ်းကြောင်းကို ရွေးတဲ့အခါမှာ အနည်းနဲ့အများ စစ်ဘောင်တွေက ကျဉ်းသွားမယ်၊ နေ့စဉ် ပြည်သူ တွေ နိစ္စဓူဝ ခံစားနေရတဲ့ သေကြေမှုတွေ လျော့လာမှာပေါ့နော်။ ဒါကြောင့် အစ်မတို့က နိုင်ငံရေးဘောင်ကို ကျယ် သထက်ကျယ်၊ ဆွေးနွေးရေးဘောင်ကို ချဲ့ပြီးတော့မှ စစ်ဘောင်ကို ကျဉ်းခြင်းအားဖြင့် လက်တွေ့ ပြည်သူလူထု တွေကတော့ နေ့စဉ် သေကြေနေတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ထိခိုက်ခံစားနေရတဲ့ ဟာတွေကတော့ လက်တွေ့မှာက တော့ အနည်းနဲ့ အများတော့ လျော့ကျသွားမှာ အမှန်ပဲပေါ့” ဟု ပြောသည်။
NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ထို့ကြောင့် အဖွဲ့အစည်းများ အားလုံး ပြည်သူလူထု၏ ဆုံးရှုံးနစ်နာမှုကို ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 716
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇
လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းကို ဖက်ဒရယ်ဒီမိုကရေစီဖွဲ့ စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲကျင့်သုံးနိုင်မှ ဖြေရှင်းနိုင်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ် မတော်(SSPP/SSA)က ထုတ်ပြန် ပြောကြားခဲ့သည်။
သြဂုတ် ၁၆ ရက်နေ့က ကျရောက်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တည်ထောင်ခြင်း ၅၁ နှစ်ပြည့် နှစ် ပတ်လည်နေ့ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုအတွင်း လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းများ၊ စီးပွားရေး အကျပ် အတည်းများနှင့် လူမှုပြဿနာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှာဖွေရန် အထူးပင်လိုအပ်နေကြောင်း၊ ပကတိဖြစ်တည်နေသော နိုင်ငံရေး အကျပ်အတည်းများကို ဝိုင်းဝန်းမဖြေရှင်းနိုင်သေးသရွေ့ ပြည်တွင်းစီးပွား ရေး အကျပ်အတည်းနှင့် လူမှုရေးပြဿနာများကို ဖြေလျှော့ပြေလည်နိုင်မည်မဟုတ်ကြောင်း သတိချပ်စေလိုပါ သည်ဟု SSPP က ပြောသည်။
SSPP က “ဤအကျပ်အတည်းများကို စုပေါင်းဖြေရှင်း ကျော်လွှားနိုင်ရန်အတွက် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲကျင့်သုံးရေး၊ အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး၊ မတရား ဖိနှိပ်သတ်ဖြတ်မှုများ ရပ်တန့်ရေးနှင့် အားလုံး ပါဝင်သည့် အစစ်အမှန် နိုင်ငံရေး ဖြေရှင်းမှု အဝန်းအဝိုင်း ဖန်တီးရေး စသည့် အခြေအနေများ အထူးလိုအပ်ပါသည်”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နစက အဖွဲ့၀င်များ
ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးကို ပြည်သူက ရွေးချယ်ထားသည့်အတွက် မိမိအနေဖြင့် ငြင်းစရာမရှိကြောင်း ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု၊ ဒီမိုကရေစီ အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်အာဏာ ကို ပေးထားသည့် ပြည်ထောင်စုကို သွားရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၁၆ ရက်က ပြောသည်။
၎င်းက “ ကျနော် SSPP အဖွဲ့နဲ့ ဆွေးနွေးတယ်၊ ကျနော်တို့ အားလုံး အောင်မြင်ပါတယ်။ အခုနက ပြောတဲ့ ပါတီ စုံ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စုတည်ဆောက် ရေးကို ခင်ဗျားတို့ လက်ခံလားမေးတော့၊ အကုန်လက်ခံတယ်ပြောတယ်။ ကျနော် ဒုတိယအကြိမ်ပြန်တွေ့မယ်။ ဒီလထဲမှာ ပြန်တွေ့ဖို့ ကြိုးစားနေတယ်”ဟု ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နစကဥက္ကဋ္ဌ သည် မေလ ၂၀ ရက်မှ သြဂုတ် ၄ ရက်အတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးထား သည်။ စက်တင်ဘာလတွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း နစကဘက်က ပြောသည်။
SSPP ဒုဥက္ကဋ္ဌ(၁)နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်နေ့က တွေ့ဆုံစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က NLD ပါတီ ဦးဆောင်သည့် အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားခြင်းအပေါ် ပြည်သူလူထုက ဆန့်ကျင် ကန့်ကွက်လျက်ရှိနေသည်။
ထို့နောက် ဖြုတ်ချခံပါတီမှ လွှတ်တော်အမတ်များ ဦးဆောင်၍ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် လူငယ် များသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်းကာ မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိသည်။
အဆိုပါ အခြေအနေများကြားတွင် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အထွေထွေ အခန်းကဏ္ဍများ အကျပ်အတည်းဖြစ်ကာ အခက်အခဲများဖြင့် ပြည်သူများ ရင်ဆိုင်နေကြ ရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 634
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက် နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့သည်။
ထို့နောက် သြဂုတ် ၁၇ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံရေး အခြေအနေများ အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး အခြေအနေများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
မစ္စနိုလင်းဟေဇာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူမ တာဝန်ယူနေစဉ်အတွင်းမှာ မြန်မာနိုင်ငံသို့ ယခုခရီးစဉ်သည် ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 654
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံရေး ရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကို နိုင်ငံရေးပင်စင်ချီးမြှင့်ငွေ ထုတ်ပေးခဲ့သည်ဟု နစက-က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံရေးရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအတွက် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ပြုနိုင်ရန် တင်ပြလျှောက်ထားလာမှုများအား သက်ဆိုင်ရာဌာနများနှင့် လွှတ်တော်ရုံးများက သတ်မှတ် ချက်များနှင့် ကိုက်ညီသူများကို ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်(၉)ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ် (၅၀)ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(၁၅၂)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၈၈)ဦး၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၉၂)ဦး စုစုပေါင်း ၄၉၁ ဦးအား တစ်လုံးတစ်ခဲတည်း သော နိုင်ငံရေးပင် စင်များကို ခံစားခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
၎င်းတို့အား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ခဲ့ရာ ယနေ့အထိ ငွေကျပ်သန်းပေါင်း ၄၀၄၀ သန်း ကျော်ရှိကြောင်း သိရသည်။
နစက ထုတ်ပြန်ချက်
ထိုနိုင်ငံရေးပင်စင်ချီးမြှင့်ငွေရရှိခဲ့သူများမှာ အမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၁၇ ဦး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီမှ ၅ ဦး၊ တအောင်း(ပလောင်)အမျိုးသားပါတီမှ ၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၉၈ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၄၃ ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၃ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၃၉ ဦး၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ၄ ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၄ ဦး၊ မွန် အမျိုးသားပါတီမှ ၂ ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီမှ ၂ ဦး၊ ဒီမိုကရေစီပါတီသစ်(ကချင်)မှ ၁ ဦးတို့ ဖြစ်သည်။
ထို့နောက် ကရင်ပြည်သူ့ပါတီမှ ၁ ဦး၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၁ ဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ၁ ဦး၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ ပြည်သူ့ရှေ့ ဆောင်ပါတီမှ ၁ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၁ ဦး၊ “ဝ” ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ လားဟူ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ နိုင်ငံရေးပါတီမဟုတ်သူ ၄၃ ဦး၊ တစ်သီး ပုဂ္ဂလ ၁၃ ဦး တို့ဖြစ် သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 769
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆
မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်းကြောင့် KNU လှုပ်ရှားနယ်မြေအတွင်း တိုက်ပွဲရှောင် ၃ သိန်းကျော် အထိရှိလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း သထုံခရိုင် တပ်မတော်(၁)၊ တောင်ငူခရိုင် တပ်မတော် (၂)၊ ညောင် လေးပင်ခရိုင် တပ်မတော်(၃)၊ ဘိတ်-ထာဝယ်ခရိုင် တပ်မတော်(၄)၊ မူတြော်ခရိုင် တပ်မတော်(၅)၊ ဒူးပလာယာ ခရိုင် တပ်မတော်(၆) နယ်မြေများအတွင်းမှာ တိုက်ပွဲများ နေ့စဉ် ဖြစ်ပေါ်နေပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု KNU က ထုတ်ပြန်ခဲ့သည်။
ထို့နောက် သထုံခရိုင်တွင် ၉၄၇၆၈ ဦး၊ တောင်ငူခရိုင်တွင် ၇၅၃၇ ဦး၊ ညောင်လေးပင်ခရိုင်တွင် ၆၁၈၉၈ ဦး၊ ဘိတ်-ထာဝယ်ခရိုင်တွင် ၆၀၀၀ ဦး၊ မူတြော်ခရိုင်တွင် ၉၆၁၈၀ ဦး၊ ဒူးပလာယာခရိုင်တွင် ၉၀၂၉၁ ဦး စုစုပေါင်း ၃၅၆၆၇၄ ဦးအထိ ရှိလာကြောင်း KNU က ပြောသည်။
KNU က “ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် နေရာထိုင်ခင်း၊ စားဝတ်နေ ရေး၊ ကျန်းမာရေး၊ လုံခြုံရေး လိုအပ်ချက်များကို KNU ၊ KNLA၊ KNDO တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍများ အလိုက် တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်”ဟု ပြောသည်။
KNU ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲရှောင်နေကြသူများ စာရင်း (KNU-fb)
နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လေ့လာနေသူ တစ်ဦးကတော့ KNU သည် နွေဦးတော်လှန်ရေး ကနေ ပေါက်ဖွားလာသော လူငယ်များကို စောင့်ရှောက်ရင် စစ်ပွဲအတွင်းသို့ ပါဝင်လာခဲ့ခြင်းကြောင့် KNU ထိန်း ချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲရှောင်များ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်များလာသည့်နှင့်အမျှ KNU အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ကြောင်း ပြောသည်။
KNU က “လက်ရှိအခြေအနေအတွင်း ကရင်အမျိုးသားအစည်းအရုံးနှင့် လက်အောက်ခံ တပ်ဖွဲများ ဖြစ်ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲများကို နေ့စဉ် ရင်ဆိုင် တိုက်ခိုက်နေရပြီး စစ်ရေးကုန်ကျ စာရိတ်များနှင့် စစ်ရေး လိုအပ်ချက်များကို စီစဉ်ဆောင်ရွက်နေရသည့်အပြင် စစ်ဘေးရှောင် ပြည်သူများ၏ လိုအပ်ချက်များအတွက်လည်း တစ်ပြိုင်တည် စီစဉ်ဆောင်ရွက် နေရပါသည်”ဟု ပြောသည်။
ထို့နောက် KNU သည် ကရင့်အမျိုးသားတော်လှန်ရေးကို ဦးဆောင်နေပြီး ကရင်တစ်မျိုးသားလုံး လွတ်လပ်ရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့အတွက် နိုင်ငံရေးတိုက်ပွဲ စစ်ရေးတိုက်ပွဲများကို ကရင့်လက်နက်ကိုင် တော်လှန်ရေး စတင်သည့် အချိန်မှစ၍ ယနေ့ထိတိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့ သည်။
KNU တပ်ဖွဲ့ကိုတွေ့ရစဉ် (KNU-fb)
အလားတူ KNU လက်အောက်ခံ KNLA၊ KNDO တို့မှာ ကရင်တစ်မျိုးသားလုံး၏ လုံခြုံရေးကို ကာကွယ် စောင့် ရှောက်ပြီး ကရင်တစ်မျိုးသားလုံး ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ တိုက်ပွဲဝင်လျက်ရှိကြောင်း KNU က ပြောသည်။
လက်ရှိတွင် KNU သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နွေဦးတော်လှန်ရေး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပူးတွဲ၍ မြန်မာ့တပ်မတော်ကို တိုက် ခိုက်ခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေး တိုက်ပွဲဝင်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 574
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၆
လက်ရှိမှာ တိုင်းပြည်အနေဖြင့် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေပြီဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သို့ ပြောသည်။
တပ်မတော်၏ အာဏာရယူမှုမှာ ၎င်းတို့ ရေးဆွဲထားသည့် ဥပဒေနှင့် မညီကြောင်း၊ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်စွမ်း မရှိကြောင်း၊ တိုင်းပြည်မှာ အဖက်ဖက်က ဆုတ်ယုတ်သွားကြောင်း ၎င်းက ပြောသည်။
ဦးမျိုးကျော် “နဂို အစိုးရဖြစ်ရမယ့်လူတွေက အတိုက်အခံဖက် ဖြစ်သွားတာပေါ့ဗျာ။ ရောက်သွားတယ်။ သူတို့က လည်း ပြန်ပြီးတော့ သူတို့ရဲ့ တရားဝင်မှုကိုလည်း မပြနိုင်ဘူး။ တရားဝင်မှုလည်း မရဘူး။ သူတို့လည်း ကိုယ့် အာဏာကို ကိုယ့်ပြည်သူရဲ့ ပေးထားတဲ Mandate အရ သူတို့အာဏာကို သူတို့ပြန်ယူဖို့အတွက် ရနိုင်အောင် မစွမ်း ဆောင်နိုင်ဘူးပေါ့ဗျာ။ အခက်အခဲတွေတော့ အဲဒီလိုဟာမျိုးတွေ ဖြစ်နေတယ်၊ ဒါတော့ အခက်အခဲပါ။ အဲဒါတွေကို ပြန်ပြီးပြင်ရမယ်ဆိုရင် အာဏာသိမ်းတဲ့သူကလည်း အာဏာလိုလို့ သူ့ပုဂ္ဂလိက အာဏာလိုအပ်လို့ သိမ်းတာဖြစ်တဲ့ အတွက် လျှော့မှာမဟုတ်ဘူး။ ပြင်ရမယ်ဆိုရင်ဗျာ ဒီဟာအမှားတွေကို ပြင်ရမှာကိုး အမှားတွေ ပြင်ရမှာဆို သူတို့ က အမှားပြင်မယ့်သူတွေ မဟုတ်ဘူးဆိုတဲ့ အခါတော့ ဒီနိုင်ငံတော့ တဖြည်းဖြည်းနဲ့ ပို၍ပို၍ နေပြီးတော့ ပြည်သူ တစ်ရပ်လုံးရော၊ နိုင်ငံအနေနဲ့ရော အလုံးစုံံ ပျက်သုဉ်း ရေးဖက်ကို သွားနေတယ်လို့ မြင်တာပေါ့လေ။ ပြင်မယ်ဆို ရင်တော့ အဲဒါတွေကို ပြောင်းပြန်လှန်ရမှာပေါ့” ဟု CNI သို့ ပြောသည်။
၂၀၂၁ ခုနှစ် ဆန့်ကျင် ဆန့်ကျင် ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ကိုတွေ့ရစဉ် (ဖရွန်းတီယားမြန်မာ)
ထို့နောက် မြန်မာနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာမှ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားများ အားလုံးပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာရန် လုပ်ဆောင်နိုင်ပါက လက်ရှိ အခင်းအကျင်းမှာ ပုံစံပြောင်းလဲသွားနိုင်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးမှာ စိုးရိမ်စရာကောင်းသည့် အခြေအနေကို ဖြတ်သန်းနေရကြောင်း အပစ်ရပ် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သို့ ပြောသည်။
၂၀၂၁ ခုနှစ် ဆန့်ကျင် ဆန့်ကျင် ဆန္ဒပြမှုများဖြစ်ပွားစဉ် (ဖရွန်းတီယားမြန်မာ)
၎င်းက “တောရော၊ မြို့ပါမကျန် ကျနော်တို့ရဲ့ နိုင်ငံရဲ့ ကဏ္ဍစုံပေါ့လေ၊ စီးပွားရေးဘက်မှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး ဘက်မှာပဲ ဖြစ်ဖြစ်၊ တော်တော်လေးကို ကျနော်တို့က စိုးရိမ်စရာကောင်းတဲ့ အခြေအနေကိုတော့ ကျနော်တို့ ဖြတ်သန်းနေရတာ ဖြစ်တာပေါ့။ ဒီစီးပွားရေး ကျဆင်းမှုတွေ၊ ကျပ်တည်းမှုတွေ ကလည်းပဲ ကျနော်တို့ ပြည်သူ လူထုတွေရဲ့ တိုက်ရိုက်ခံစားရတဲ့ အကျိုးဆက်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လည်း ဒီဥစ္စာတွေ အပေါ်မှာလည်း ကျနော်တို့ PPST အနေနဲ့ စိုးရိမ်မှုတွေ ရှိတယ်။ အဲဒီလိုမျိုး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ခုနက ကျနော်တို့ ပြောနေတဲ့ အခက်အခဲ အကျပ်အတည်း ပြဿနာကို ဖြေလျှော့နိုင်မယ့် ပပျောက်စေနိုင်မယ့်၊ ကျော် လွှားစေနိုင်မယ့် နည်းလမ်းတွေကို ကျနော်တို့ တွေ့ဆုံညှိနှိုင်း အဖြေရှာသွားနိုင်ဖို့ကိုလည်းပဲ ကျနော်တို့အနေနဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေ ရှိတယ်ဆိုတာကိုတော့ စဉ်းစားချက်တွေရှိတယ်။ သို့သော်လည်းပဲ လက်ရှိ အခင်း အကျင်း အရတော့ ကျနော်တို့က လုပ်ငန်း အကောင်အထည်ဖော်နိုင်တဲ့ အထိတော့ ကျနော်တို့ ကျယ်ကျယ်ပြန့် ပြန့် မလုပ်ဆောင်နိုင်သေးပါဘူး” ဟု ပြောသည်။
လက်ရှိ ပြည်သူလူထု တွေ့ကြုံခံစားနေရသည့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများ ပိုမိုကျယ်ပြန့် မလာစေ ရေးအတွက် ပဋိပက္ခ ဖြစ်ပွားနေသည့် အဖွဲ့အစည်းများ အနေဖြင့် တွေ့ဆုံညှိနှိုင်း အဖြေရှာသင့်ကြောင်း ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် ပဋိပက္ခများ ပိုမိုကြီးမားလာပြီး လက်ရှိ တိုင်းပြည်မှာ နိုင်ငံရေး၊ စီးပွားရေး စသည့် အကျပ်အတည်းများနှင့် ရင်ဆိုင် နေရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 547
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တည်ထောင်ခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်းဟိုင်ကျေးရွာရှိ အာဇာနည် ဗိမာန်မှာ ယနေ့ (သြဂုတ် ၁၆ ရက်)တွင် ကျင်းပခဲ့သည်။
SSA ကို ၁၉၆၄ တွင် ထူထောင်သော်လည်း ၎င်းရဲ့ နိုင်ငံရေးပါတီဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီကို ၁၉၇၁ ခုနစ်တွင် တည်ထောင်ခြင်း ဖြစ်သည်။ SSPP ပထမဆုံး ဥက္ကဋ္ဌမှာ ပလောင်လူမျိုး စဝ်ဆေလိန်းဖြစ်သည်။
SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်
လက်ရှိတွင် SSPP/SSA သည် အစိုးရနှင့် ပြည်နယ်အဆင့်- ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ်(Bilateral) လက်မှတ်ရေးထိုးထားသော ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
အလားတူ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင် ဖြစ်သည်။