- By CNI
- Category: နိုင်ငံရေး
- Hits: 3410
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅
မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ဘယ်လိုရှိနေသလဲဆိုသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးမှုများ ရှိလာနေသည်။
နစကအနေဖြင့် အနောက်အုပ်စုများဖြင့် ပတ်သက်ရန် ရှိလာပါက ဒေါ်အောင်ဆန်းစုကြည်ကို ပွဲထုတ်လာနိုင် ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်ကတော့ လောလောဆယ် အလုံးစုံ ထိန်းချုပ်ခြင်း ခံနေရတော့ ဘာမှတော့ သတင်းတောင် ရပါ့မလား မပြောနိုင်ဘူး။ သို့သော်လည်းပဲ ဦးသိန်းစိန်ကို ထုတ်ပြီဆိုတော့ မကြာခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပဲ ထုတ်နိုင်ပါတယ်၊ ပွဲထုတ်နိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစု ကြည်က အနောက်ဖက်နဲ့ ပိုပြီးတော့ နီးတဲ့အခါကြတော့ အနောက်ဖက် အင်အားစုတွေနဲ့ ပတ်သက်ဖို့ လိုလာရင် သူ့ကို ထုတ်နိုင်တယ်၊ အရှေ့ဖက် တရုတ်အင်အားစုတွေနဲ့ကြတော့ သမ္မတ ဦးသိန်းစိန်ကို ထုတ်တာလည်း မှန်ပါ တယ်။ ဒါကြောင့် အရှေ့နဲ့အနောက် လွန်ဆွဲတဲ့အချိန်မှာ နှစ်ယောက်စလုံးကို တဖြည်းဖြည်း ထုတ်လာလိမ့်မယ်လို့ ယူဆတာပေါ့ဗျာ” ဟု ပြောသည်။

သမ္မတ(ငြိမ်း)ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားသည်။
လက်ရှိမှာ တိုင်းပြည်တစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိနေပြီး အနောက် အုပ်စုများကလည်း မြန်မာပြည်ကို ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိနေသည်။
နစကအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချရန် ကြိုးစားနေပြီး တော်လှန်ရေးကို ဝေဝါးအောင် လုပ်ဆောင် နေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျမကြည့်တာ သူတို့ အသုံးချဖို့တော့ ကြိုးစားတယ်၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီတစ်ခါတော့ ပြတ်သားတယ် အသုံးချခံဖို့ မစဉ်းစားဘူးထင်တယ်၊ အဲဒါကြောင့် သူတို့ ကြိုက်မဲ့စကားပြောတာ မဟုတ်လို့ သူတို့ လွှတ်မပေးတာ ဖြစ်နိုင်မယ်၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို တော်ကြာနေ ဘယ်ရွှေ့ပြီ ညာရွှေ့ပြီနဲ့ ခဏခဏ ပြောနေတာကတော့ ကျမကြည့်တယ်၊ ကျမတို့ တော်လှန်ရေးသမားတွေထဲမှာ အပြတ်အသတ် သမား တွေနဲ့ ဘယ်လိုခေါ်မလဲ အကြမ်းနည်း အနုနည်း မရေမရာ ဖြစ်နေတဲ့ သူတွေကြားမှာ ဝေဝေဝါးဝါးဖြစ်အောင် အချင်းချင်းကြား ကွဲပြားအောင် တမင်သက်သက် လုပ်နေတယ်၊ ထင်တယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံနေရပြီး သြဂုတ်လ ၁ ရက်နေ့မှာ အမှု ၅ မှုအတွက် ၆ နှစ် လွတ်ငြိမ်းသက်သာခွင့်ရခဲ့ခြင်းကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက် ကျခံရန် ကျန်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အပြောင်းအလဲကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် ပါတီဝင် အချို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2169
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄
နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးကြသည်။
တရုတ်သံအမတ် မစ္စတာချန်ဟိုင်းသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည်ဖြစ်၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့က နစကဥက္ကဋ္ဌအား လာရောက်တွေ့ဆုံစဉ် အထက်ပါ ကိစ္စများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ ကြသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းမှု ရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင် ရွက်လျက်ရှိမှုနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို တရုတ်သံအမတ်နှင့် နစက ဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့ကြသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် ကျောက်မဲ၊ နောင်ချိုတို့ရှိ မြန်မာ့တပ်မတော် စစ်စခန်းများကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDA A)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF) ၊ ဓနုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DPDF) တို့ပူးပေါင်း၍ တိုက်ခိုက်နေသည်။

အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်၊ မိုးမိတ်၊ မတ္တရာ၊ စဉ့်ကိုင် စသည့် ဒေသများရှိ မြန်မာ့ တပ်မတော် စစ်စခန်းများကို TNLA၊ MDY-PDF၊ မတ္တရာဒေသရှိ PDF များ ပူးပေါင်း၍ တိုက်ခိုက်နေသည်။
တခြားတစ်ဖက်မှာတော့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် သန်းခေါင်စာရင်း ကောက်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောကြား ထားသည်။
ထို့နောက် အတိုက်အခံ အင်အားစုများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)များကလည်း နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ကြေညာ ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2156
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်ဖွဲ့(MNDAA နှင့်ပူးပေါင်း အဖွဲ့က ဒရုန်းများနှင့် ၁၀၇ မမ ရှော့တိုက်ဒုံးများသုံး ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် နှစ်ဖက် တိုက်ပွဲများ ဖြစ် ပွားနေသည်။
ထို့နောက် ၁၀၇ မမ ရှော့တိုက်ဒုံးများ လားရှိုးမြို့ထဲက အရပ်သား နေအိမ်များအပေါ် ကျရောက် ပေါက်ကွဲမှု ကြောင့် အရပ်သား ၉ ဦးထက်မနည်း သေဆုံးထားပြီးဖြစ်သည်။
ထို့ကြောင့် လားရှိုးမြို့များသည် နေရပ်စွန့်ခွာ၍ တိုက်ပွဲရှောင်ကြရန် ကားများဖြင့် ထွက်လာခဲ့ကြသည်။
အဆိုပါ တိုက်ပွဲရှောင် ကားတန်းကြီးသည် ဇူလိုင် ၄ ရက်နေ့ နေ့လယ်က သီပေါ-လားရှိုးကြား စဉ့်အင်မှာ ကမ်းကူရန်အတွက် စောင့်ဆိုင်းနေကြသည်ကို တွေ့ရှိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3529
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဇူလိုင် ၂ ရက်နေ့ကစတင်ပြီး လက်နက်ကြီး ပစ်ခတ်မှု၊ ရှော့တိုက်ဒုံး တိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှုများရှိနေကြောင်း ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။
ညီနောင်မဟာမိတ်တပ်ဖွဲ့များက လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ကို ဒရုန်းများဖြင့် လည်းကောင်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့်လည်းကောင်း တိုက်ခိုက်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်ဖက်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်နေကြောင်း သိရသည်။
လက်ရှိအချိန်ထိ လားရှိုးမြို့မှာ အရပ်သားထိခိုက်သေဆုံးမှု ၉ ယောက်ရှိနေပြီဖြစ်ကြောင်း၊ လက်နက်ကြီး ပစ်ခတ် မှုများ ရှိနေဆဲဖြစ်ကြောင်း လားရှိုးမြို့ ပရဟိတတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

လားရှိုးမြို့ ဂေါက်ကွင်းထဲမှာ လက်နက်ကြီးကျည် ကျရောက်ထားစဉ်
၎င်းက “သေဆုံးမှုက ပထမတစ်ရက်က ၅ ယောက်၊ ညနေပိုင်းက ၂ ယောက် ၇ ယောက်၊ ခုဒီမနက်က ၂ ယောက် လို့ ပြောတယ်၊ ၉ ယောက်ပေါ့၊ ဒီမနက် ရပ်ကွက် ၉ ထဲမှာ ကျတာ၊ ခုချိန်ထိ ပစ်ခတ်နေတုန်းပဲရှိတယ်၊ ပတ်ပတ် လည်ပေါ့၊ မြို့ထဲကိုတော့ ဘာမှမရှိသေးဘူးပေါ့၊ မြို့ပြင်ဖက်ကိုပဲ ပစ်နေတယ်၊ လက်နက်ကြီးနဲ့ပဲ ဒီဖက်က ပစ်ပေး နေတာ၊ လက်နက် အရင်အသံတွေတော့ ဘာမှ မကြားရသေးဘူး။ အခုလောလောဆယ်ကတော့ မနေ့ကထက် နည်းနည်းလျော့နေတယ်၊ လမ်းထွက်တာတွေ ဘာတွေ” ဟု ပြောသည်။
လတ်တလော စစ်ရေး အခြေအနေများကြောင့် လားရှိုးမြို့ အဝင်/အထွက် အားလုံးကို ပိတ်ထားကြောင်း၊ နှစ်ဖက် စစ်ရေးတင်းမာသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။
မြန်မာ့တပ်မတော်နှင့် နီးကပ်သည့် ရပ်ကွက်များမှာ နီးစပ်ရာသို့ တိမ်းရှောင်သွားကြပြီဖြစ်ကြောင်း၊ အလားတူ လားရှိုးမြို့အနီးရှိ ကျေးရွာများမှ ဒေသခံများလည်း တိမ်းရှောင်ကြပြီဖြစ်ကြောင်း လားရှိုးမြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

လားရှိုးမြို့ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးနေသူ တစ်ဦးကိုတွေ့ရစဉ်
၎င်းက “တချို့လည်း ပြေးကြတယ်၊ အခုလည်း အပိတ်တွေ ပိတ်ပြီဆိုတော့ ဒီလိုမျိုးပေါ့၊ တပ်နဲ့ နီးတဲ့နေရာကြ တော့ နည်းနည်းဝေးတဲ့ ရပ်ကွက်ဖက်မှာ ရှောင်တယ်၊ ဥပမာ တိုင်းဖက်နီးတဲ့ ရပ်ကွက် ၁၀ တို့၊ ရပ်ကွက် ၁ တို့ သူတို့ ဒီဖက် နည်းနည်းဝေးတဲ့ ကိုယ့်ရဲ့ အမျိုးဆီ လိုက်နေတာ ရှိတယ်။ ပြီးတော့ ကချင် Church မှာလည်း သွားစုတာ ရှိတယ်၊ RC Church ရယ်၊ နောက် ရပ်ကွက် ၅ မှာလည်း “ဝ” Church အသင်းတော်မှာ ထင်တယ်၊ အဲဒီမှာ ရှိတယ်။ ဒါကတော့ လားရှိုးမြို့ရဲ့ အခုလတ်တလော ဖြစ်တယ်။ မြို့တွင်း အခြေအနေပေါ့နော်၊ တချို့တော့ ကိုယ့်ရဲ့ နီးစပ်ရာ အမျိုးတွေဆီမှာ လိုက်နေတယ်၊ တပ်နဲ့ နည်းနည်း ဝေးတဲ့နေရာပေါ့၊ အဲဒီတစ်ခုရှိမယ်၊ ရွာဖက်မှာ ကတော့ သိရသလောက် တချို့လည်း အဲဒီလမ်းကြောင်းနဲ့ နီးတဲ့နေရာတွေ နီးတဲ့အပိုင်းလေးတွေ ကြတော့ တချို့ ကြ တောမှာသွားစုကြတယ်၊ တချို့က ဂူမှာသွားနေကြတာ အဲဒီလိုမျိုးတွေတော့ အသံကြားရတာပေါ့နော်” ဟု ပြောသည်။
လားရှိုးမြို့ကို လာရောက်တိုက်ခိုက်မှုမှာ ကိုးကန့်တပ်ဖွဲ့(MNDAA) ဟု သိထားသော်လည်း အခြားသော မဟာမိတ် များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA/UWSP) တို့ ပါဝင်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ သတင်းများထွက်ပေါ်နေသည့်တိုင် UWSA နှင့် SSPP ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇွန်လကတည်းက လားရှိုးမြို့မှာ မြန်မာ့တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တပ်အင်အားဖြည့်ဆည်းမှုများ၊ လက်နက်ဖြည့်တင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2651
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃
ရခိုင်အမျိုးသားပါတီ (ANP) ၏ ပါတီမှတ်ပုံတင် လျှောက်ထားမှုကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ဖြင့် ငြိစွန်းနေခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ငြင်းပယ်လိုက်ကြောင်း ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။
မိမိတို့ ပါတီအနေဖြင့် ပါတီမှတ်ပုံတင် လျှောက်ထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ကြောင်း၊ ထိုအချိန်တွင် UEC အနေဖြင့် လိုအပ်ချက်များကို ထောက်ပြနိုင်ကြောင်း၊ နိုင်ငံရေးပါတီတစ်ရပ်အပေါ် လိုလားပုံမပေါ်ကြောင်း ANP မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကယ့်တကယ် ငြိစွန်းတယ် ဆိုလို့ရှိရင်လည်း ကျနော်တို့က တစ်နှစ်လောက်ရှိနေပြီ၊ နိုင်ငံရေးအရ နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ ANP က ရခိုင်ပြည်မှာလည်း မဲအဆက်ဆက်ကို အပြတ်အသတ် နိုင်ထားတဲ့ ပြည်သူ့ အထောက်ခံဆုံး ပါတီတစ်ခုအနေနဲ့ ကျနော်တို့ကို လိုလိုလားလားရှိတယ်။ စိတ်ကောင်းစေတနာကောင်း ရှိတယ်။ နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ တန်ဖိုးထားတယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က မှတ်ပုံတင် လျှောက်ထားတာလည်း တစ်နှစ်လောက်ရှိပြီ ဘာအချက်တွေ ဘာအချက်တွေတော့ ခင်ဗျားတို့မှာ လိုအပ်တယ်လို့ ကျနော်တို့ကို ပြန်ပြီး တော့ ထောက်ပြနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိခဲ့တာပဲ၊ အခုမှ ကျနော်တို့ကို ဘာဖြစ်လို့ ဒီအချက်တွေနဲ့ ပုဒ်မ ၇ နဲ့ ငြိစွန်းတယ်ဆိုပြီးတော့ လုပ်တယ်ဆိုတာကတော့ နိုင်ငံရေးပါတီ တစ်ရပ်အပေါ်မှာ ကျနော်တို့ဖက်က ကြည့်ရင်တော့ လိုလိုလားလား သိပ်ပြီးတော့ ရှိတဲ့ပုံ မပေါက်ဘူး။ ကျနော်တို့ကတော့ လူ ၂၅ ယောက်ကို စာရင်း ပေးပြီးတော့ လျှောက်ထားလိုက်တာပဲ၊ ကျနော်တို့ဖက်ကတော့ တစ်ဦးချင်းအနေနဲ့ကတော့ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ငြိစွန်းတယ်ဆိုတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ကတော့ သူတို့ဖက်ကတော့ ဒီလို အကြောင်းပြ တယ်ဆိုတော့ အဲဒါတော့ ကျနော်တို့လည်း မပြောတတ်ဘူး” ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်တင်နေစဉ်
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၇ တွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ နိုင်ငံတော်ကို လက်နက်ကိုင် ဆန့်ကျင်နေသာ အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းများကို မှတ်ပုံတင်လျှောက်ထားခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။
တိုင်းရင်းသားများ ပါဝင်မှု များလာခြင်းက ညှိနှိုင်းဆွေးနွေးမှု အဆင်ပြေစေကြောင်း၊ သို့သော်လည်း နိုင်ငံရေးပါတီ မှတ်ပုံတင်ချပေးခြင်း ကိစ္စမှာလည်း မိမိတို့အနေဖြင့် ပြောပိုင်ခွင့်မရှိကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျမတို့က ငြိမ်းချမ်းရေး လုပ်နေတဲ့လူဆိုတော့ တိုင်းရင်းသားအားလုံး ပါစေချင်တယ်၊ တိုင်းရင်းသားများ လေ ကျမတို့အတွက် စကားပြောရတာ ကောင်းလေ၊ ညှိလို့ကောင်းလေပေါ့နော်၊ ဒါပေမဲ့ သူတို့က ငြင်းပယ် လိုက်တယ်ဆိုတော့ ကျမခုနက ပြောသလို ရှင်းရှင်းပြောရရင် အာဏာရှိတဲ့သူတွေ မဟုတ်ဘူးလေ၊ တိုင်းပြည် အပေါ်မှာ ရှိတဲ့လူတွေ အားလုံး ငြိမ်းချမ်းစေချင်တယ်၊ နောက်ပြီးတော့ ရှိတဲ့လူမျိုးစုတွေအားလုံး ငြိမ်းချမ်းစေချင် တယ်၊ တတိုင်းပြည်လုံး ငြိမ်းချမ်းစေချင်တယ်၊ အဲဒီဖက်ကိုပဲ ကျမတို့က အားသန်ပြီးသွားနေတာ သူတို့ကလည်း ဒီလူဖွင့်မပေးဘူး။ ဟိုလူဖွင့်မပေးဘူးဆိုတာ ကျမတို့ ဘာမှ ပြောပိုင်ခွင့်မရှိဘူး” ဟု ပြောသည်။

ANP ပါတီမဲဆွယ်နေစဉ်
မိမိတို့ပါတီ မှတ်ပုံတင်ခွင့် ငြင်းပယ်ခံရခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်မလဲဆိုသည်ကို မဆုံးဖြတ်ရသေးကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်သော အတွေးအခေါ်များ ကြီးမား ကျယ်ပြန့်ရန်အတွက် လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း ANP ပါတီမှ ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ တိုင်းပြည်မှာကတော့ လက်နက်ကိုင် စစ်ဘောင်တွေ ကျယ်လာတာပေါ့နော်၊ အဲဒီတော့ ပြည်သူလူထုအနေနဲ့ ထိခိုက်မှုတွေ ပင်ပန်းဆင်းရဲမှုတွေ ဘယ်လောက် ကြီးမားတယ်ဆိုတာတော့ အထူးတလည် ပြောစရာမလိုဘူး။ အဲဒါကြောင့် ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ နိုင်ငံရေးဘောင် ကျယ်လာဖို့အတွက် ကျနော်တို့က တစိုက်မတ်မတ် ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ အခုလို စိတ်မကောင်းစရာပေါ့၊ ကျနော်တို့ကို ပြစ်ပယ်လိုက်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအပိုင်းမှာ ဆက်ပြီး တော့ပဲ ပြည်သူလူထုရဲ့ ဘဝတွေ ထိခိုက်နစ်နာမယ့် အခြေအနေပဲ မြင်ပါတယ်။ အဲဒါကြောင့် ဒီလိုအခက်အခဲတွေ ပြည်သူလူထုတွေရဲ့ ဘဝတွေ ဒုက္ခဆင်းရဲမှုတွေ ကျော်လွှားနိုင်ရေးအတွက် နိုင်ငံရေးစိတ်ဓါတ်နဲ့ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်တဲ့ အတွေးအခေါ်တွေ ခံယူချက်တွေ ကြီးမားကျယ်ပြန့်ဖို့အတွက် လုပ်ဆောင်သင့် ပြီလို့ပဲ ကျနော်တော့ ဒီလို တိုက်တွန်းချင်ပါတယ်ဗျ” ဟု ပြောသည်။
ရခိုင်အမျိုးသားပါတီ (ANP) သည် ရခိုင်အင်အားကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲများတွင် နေရာအများစု အနိုင်ရရှိခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1428
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် တိုက်ပွဲကြောင့် အရပ်သား သေဆုံးမှု ၆၀ နီးပါးရှိလာကြောင်း ဒေသ တွင်း ပရဟိတအဖွဲ့အစည်းထံက သိရသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ သေဆုံးမှု အများအပြားရှိနေကြောင်း၊ မိမိတို့ ပရဟိတအသင်းအနေဖြင့် လည်း ကားစက်သုံးဆီ အခက်အခဲရှိနေကြောင်း ပရဟိတတစ်ဦးက CNI သတင်းဌာနကို ပြောသည်။

တိုက်ပွဲရှောင်များကို တွေ့ရစဉ်
၎င်းက “၆၀ နီးနီး ရှိပြီဗျ၊ လက်နက်ကြီးနဲ့ သေတာက အားလုံး ၅၅ ယောက် ရှိပြီဗျ၊ ရိုးရိုးသေတာ ၃ ယောက်ပေါ့၊ ဖျားနာပြီး ၃ ယောက်ရှိပြီ။ ဒီနေ့တော့ နည်းနည်းငြိမ်တယ် (တိုက်ပွဲ) တစ်ချက် ၁၅ မိနစ်၊ မိနစ် ၂၀ တစ်ချက် လောက်ပဲ ကြားရတယ်၊ ကားဆီနည်းနည်း အခက်အခဲရှိတယ်” ဟု ပြောသည်။
ကျောက်မဲမြို့နယ်တွင် ဇွန်လ ၂၅ ရက်က မြန်မာ့တပ်မတော်နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ဖြစ်ပွားလျက်ရှိနေသည်။
နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းဖြင့် တိုက်ခိုက်မှုများ ရှိနေပြီး နေအိမ်ပျက်စီးမှု၊ အရပ်သားများ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

သေဆုံးသူများ၏ အလောင်းများကို စုပုံထားစဉ်
လက်ရှိ ကျောက်မဲမြို့အတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုများ ရှိနေကြောင်း၊ ထို့ကြောင့် မြို့ခံများ အားလုံးနီးပါး တိမ်းရှောင်သွားကြပြီဖြစ်ကြောင်း ကျောက်မဲဒေသခံတစ်ဦးက CNI သတင်းဌာနကို ပြောသည်။
၎င်းက “လက်နက်ကြီးတော့ ကျတယ် အိမ်တွေပေါ်မှာလေ၊ မနေ့ညက ကျနော်တို့ အိမ်တောင်မှ ကျတယ် ထင်တယ်၊ ခုနားပဲ သွားကြည့်လာတယ်၊ အမိုးပေါက်သွားပြီးမှ အထဲ ပစ္စည်းအချို့ ပျက်ဆီးသွားတယ်၊ အဲဒီ ၈ ကွက်ထဲမှာပေါ့နော်၊ ကျမှာပါ လက်နက်ကြီးတွေ တောက်လျှောက်ကျနေတာရော၊ အများအားဖြင့် မန္တလေး ဆင်းကြတယ်၊ မန္တလေးရယ်၊ နောက်မြို့ရဲ့ တောင်ဖက်မှာရှိတဲ့ ပုံဝိုးတို့ နောင်ပိန်တို့ အဝေးကြီး မသွားနိုင်တဲ့ သူတွေက ဘုန်းကြီးကျောင်းမှာ စုနေကြတယ်၊ အားလုံး ၁ သောင်းကျော်ပြီပြောတယ်၊ အားလုံး တိုက်ပွဲရှောင် ပေါ့နော်” ဟု ပြောသည်။

ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များကို တွေ့ရစဉ်
တိုက်ပွဲရှောင်များကို ဆရာတော်များက ကျွေးမွေးစောင့်ရှောက်ထားကြောင်း၊ အဝေးမှ အလှူရှင်များ၏ ကူညီ ထောက်ပံ့မှုဖြင့် ရပ်တည်နေကြရကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ရှမ်းမြောက်ရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာတို့တွင် မြန်မာ့ တပ်မတော်နှင့် TNLA ပူးပေါင်းမဟာမိတ်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်မှုများလည်း ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1588
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂
ရခိုင်အမျိုးသားပါတီ(ANP)ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခြင်းကို ငြင်းပယ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက် တည် ထောင်မှတ်ပုံတင်ပေးပါရန် ရခိုင်အမျိုးသားပါတီ(ANP)၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာန များ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၄)ဆုံးဖြတ်ချက်အရ ယင်းပါတီ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်းနှင့် ပါတီဆက်လက် တည် ထောင် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း UEC က ထုတ်ပြန်ခဲ့သည်။

ANP ပါတီကို ပါတီထောင်ခွင့် ငြင်းပယ်တဲ့ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ANP ပါတီသည် ရခိုင်ပြည်နယ်တွင် လူထုထောက်ခံမှု အားကောင်းသော ပါတီဖြစ်သလို ၂၀၁၅ အထွေထွေရွေး ကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲများ၌ ရခိုင်ပြည်နယ်အတွင်း မှာ အများဆုံး အနိုင်ရသည့် ပါတီကြီးတစ်ခုဖြစ်သည်။
ထိုသို့ လူထုထောက်ခံမှု အားကောင်းသလို ပြည်နယ်အတွင်း အားကောင်းသော ပါတီကို မှတ်ပုံတင်ခွင့် ငြင်း ပယ်ခြင်းက နစက၏ ဒီမိုကရေစီရှင်သန်ရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းစဉ် သည် မေးခွန်းထုတ်စရာများ ဖြစ်လာသည်ဟု ထောက်ပြလာကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1767
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့မှာ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံအချို့မှာ နေရပ်မပြန်နိုင် သေးကြောင်း လွိုင်ကော်တိုက်ပွဲရှောင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
လွိုင်ကော်မြို့၏ အချို့နေရာများမှာ နေထိုင်၍ ရပြီဖြစ်ကြောင်း၊ မိမိတို့ နေအိမ်လည်း မီးလောင်ပျက်စီးသွား ပြီဖြစ်ပြီး နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း ၎င်းက ပြောသည်။
လွိုင်ကော်တိုက်ပွဲရှောင်တစ်ဦးက “လွိုင်ကော်ကို မပြန်တာ ၇ လရှိနေပြီ။ အခြေအနေတွေ မသိရဘူး၊ အခု လွိုင်ကော်ရောက်နေတာ မဟုတ်ဘူး။ အဝေးကို ရောက်နေတာ၊ စစ်ရှောင်လာတာလေ အခုထိ မပြန်ရသေးဘူး။ အိမ်လည်း မီးလောင်သွားပြီဆိုတော့ ပြန်လို့ မရတော့ဘူး။ တချို့နေရာ အစွန်အဖျားတွေတော့ ရတယ်၊ မြို့နေရာ တိုင်း မရဘူး။ တစ်မြို့လုံး အနေအထားနဲ့ဆိုရင်တော့ ရတဲ့နေရာလေးလဲ ရှိတယ်၊ မရတဲ့နေရာလေးလဲ ရှိတယ်၊ အခုချိန်အထိ ပြန်ဖို့ အစီအစဉ် မရှိသေးပါဘူး၊ အားလုံး ငြိမ်းချမ်းပြီဆိုမှ အားလုံးအေးအေးချမ်းချမ်း နေလို့ထိုင်လို့ ရပြီဆိုတဲ့ တစ်နေ့ကြရင်တော့ ပြန်ဖို့ စဉ်းစားမှာပေါ့၊ ဒီအတိုင်းကတော့ ဘယ်လိုမှ စဉ်းစားလို့ မရသေးဘူး” ဟု ပြောသည်။

KNDF တပ်ဖွဲ့ကိုတွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်နီတပ်ပေါင်းစုက ၁၁၁၁ စစ်ဆင်ရေးကို စတင်ဆင်နွှဲခဲ့ပြီး လွိုင်ကော်မြို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့၍ မြို့ခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြ ရသည်။
အဆိုပါ စစ်ဆင်ရေးတွင် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ ပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF)၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ် (Loikaw-PDF)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ဖယ်ခုံ PDF တပ်ရင်း (၁၀၀၆)နှင့် ရှမ်းတောင် PDF တို့ ပါဝင်ကြောင်း သိရသည်။
ထို့နောက် တိုက်ပွဲရှောင်များမှာ ရှမ်းပြည်နယ်တောင်ပိုင်းသို့ တိမ်းရှောင်လာခဲ့ကြောင်း လက်ရှိ တိုက်ပွဲရှောင်အချို့ နေရပ်ပြန်မှုလည်း ရှိနေကြောင်း သိရသည်။
လက်ရှိတွင် လွိုင်ကော်မြို့ကို အုပ်ချုပ်ရေး ယန္တရားများ ပြန်လည်ပတ်နိုင်ရေး ဌာနဆိုင်ရာ ဝန်ထမ်းများအား လာမည့် ဩဂုတ်လအတွင်း ပြန်လာရန် ညွန်ကြားထားကြောင်း၊ ထို့အတူ ယနေ့ (ဇူလိုင် ၁ ရက်)မှ စတင်ကာ တောင်ကြီး - လွိုင်ကော် ခရီးသည်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲရန် ညွန်ကြားထားကြောင်း သိရသည်။
လွိုင်ကော်မြို့ တိုက်ပွဲရှောင်တစ်ဦးက “ကျနော်တို့လည်း မနေဘူးဗျ၊ ကျနော်တို့လည်း အခြားတနေရာမှာ ဟိုဖက်နဲ့က ကျနော်တို့နဲ့က ဖုန်းအဆက်အသွယ် ဘယ်လိုမှ မရဘူးဗျ၊ အဲဒါကြောင့်မို့လို့ဗျ၊ ကျနော်တို့က ဖုန်းအဆက်အသွယ်မရတော့ အခြေအနေ ကောင်း/မကောင်း ကျနော်တို့တော့ မသိတော့ဘူးဗျ” ဟု ပြောသည်။

ကယားပြည်နယ်အစိုးရက လွိုင်ကော်မြို့လုံခြုံရေး စစ်ဆေးနေသလို နေရာချထားရေးလုပ်ပေးထားစဉ်
လက်ရှိအချိန်ထိ လွိုင်ကော်မြို့ကို တစ်ဖက်နှင့်တစ်ဖက် အပြတ်အသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ မကြာခဏ တိုက်ပွဲများသာ ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
နှစ်ဖက်တိုက်ပွဲကြောင့် လွိုင်ကော်မြို့ခံပြည်သူ ၄၀,၀၀၀ နီးပါးသည် နီးစပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေ၊ တောင်ကြီး စသဖြင့် ဒေသများသို့ ပြောင်းရွှေ့ခဲ့ကြရကြောင်း သိရသည်။
လွိုင်ကော်မြို့မှာ ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းလာပြီဖြစ်ကြောင်း နစက-က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှာ ထုတ်ပြန်ထားသလို နေရပ်ပြန်လာသည့် တိုက်ပွဲရှောင် နေရာချထားရေးများ စီစဉ်ပေး လျက်ရှိသည်။
သို့သော် တချို့သော တိုက်ပွဲရှောင်များကတော့ လုံခြုံရေးစိတ်မချရသေးသည့်အတွက် နေရပ်ပြန်ရန် အခက်အခဲ ရှိနေသေးကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1989
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် အတည်ပြုခဲ့ခြင်း နှစ် ၇၀ ပြည့်နှစ် အခမ်းအနားကို တရုတ်နိုင်ငံ မှာ ဇွန်လ ၂၈ ရက်နေ့က ကျင်းပခဲ့ရာ သမ္မတ(ငြိမ်း) ဦးသိန်းစိန်ကို တက်ရောက်ရန် တရုတ်အစိုးရမှ ဖိတ်ကြားခဲ့ သည်။
ထို့နောက် သမ္မတ(ငြိမ်း)ဦးသိန်းစိန်သည် ဇွန်လ ၂၇ ရက်နေ့က တပ်မတော်(လေ)အထူး လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး အခမ်းအနားကို တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတ(ငြိမ်း) ဦးသိန်းစိန် လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံများကို တရုတ်မီဒီယာများက ဖော်ပြလာခဲ့ကြသည်။

၁၉၅၅ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့တွင် ကျင်းပခဲ့သည့် ဘန်ဒေါင်းညီလာခံသို့ အာရှ-အာဖရိက မှ နိုင်ငံပေါင်း ၂၉ နိုင်ငံက ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး တရုတ်၊ အိန္ဒိယနှင့် မြန်မာ သုံးနိုင်ငံ သဘောတူ ညီထားသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်ကို အတည်ပြုခဲ့ကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခ ကျယ်ပြန့်လာနေခြင်းအပေါ် အဖြေရှာရန်ခက်နေချိန် နှင့် သမ္မတ(ငြိမ်း) ဦးသိန်းစိန် တရုတ်ခရီးစဉ် ပေါ်ပေါက်လာခြင်းကလည်း အကျိုးသက်ရောက်မှုများ ရှိလာနိုင် သည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်နေကြသည်။
