- By CNI
- Category: နိုင်ငံရေး
- Hits: 3444
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆
မြန်မာ့အရေးနိုင်ငံတကာ အာရုံစိုက်လာရန် လုပ်ဆောင်ဖို့လိုအပ်သလို နိုင်ငံတကာပါဝင်သည့် ယန္တရား (mechanism)တစ်ခုကို ဖော်ဆောင်ရမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့က KNU၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNP P)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက ပြောကြားသွားခဲ့ခြင်း ဖြစ် သည်။
ပဒိုစောတာဒိုမူးက “ မြန်မာနိုင်ငံ၏ လုံခြုံရေး၊ တစ်ကမ္ဘာလုံး လုံခြုံရေးနဲ့ပတ်သက်နေပါတယ်။ ဒီ Scam Business တွေ တရားမဝင် အွန်လိုင်းငွေလိမ်လည်တဲ့ လှုပ်ရှားမှုတွေ လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါး ကုန်ကူးမှု တွေက တစ်ကမ္ဘာလုံး ပြန့်နေပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က လမ်းမကြီးတွေမှာရှိသလို ဘန်ကောက်မြို့ရဲ့ လမ်းမကြီးတွေမှာလည်း ရောက်နေပါတယ်။ ဥရောပကိုလည်း ရောက်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ပြဿနာ က အကြီးကြီးပါ။ အဲဒါကြောင့် ဒါကို High Light လုပ်ပြီးတော့ တစ်ကမ္ဘာလုံးက အာရုံစိုက်အောင် လုပ်ရမယ့် တာဝန် ကျနော်တို့မှာရှိပါတယ်။ ဒါကို ကျနော်တို့က ဆက်လုပ်မယ်။ အဲဒီနည်းလမ်းကနေ နိုင်ငံတကာပါဝင်တဲ့ mechanism(ယန္တရား)တစ်ခုကနေပြီးတော့ ဒီလမ်းကြောင်းကို လုပ်ခြင်းအားဖြင့် ပိုပြီးတော့ စဉ်ဆက်မပြတ်ဖြစ်တဲ့ နိုင်ငံထူထောင်ရေးလမ်းကြောင်း တည်ဆောက်မှုလမ်းကြောင်းကို ရောက်သွားမယ်လို့ ယုံကြည်ပါတယ်" ဟု ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ် ချ၍ တပ်မတော်က အာဏာရယူခဲ့သည်။
ထို့နောက် NLD ပါတီ ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒီမိုကရေစီအင်အားစု များ၊ လက်နက်ကိုင်များ စုပေါင်း၍ မြန်မာ့တပ်မတော် ဖြုတ်ချရေး နွေဦးတော်လှန်ရေးကို ဖော်ဆောင်လျက်ရှိ သည်။
အဆိုပါ နွေဦးတော်လှန်ရေး ဖော်ဆောင်နေချိန်မှာပဲ အွန်လိုင်းငွေလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်း များ နှိမ်နင်းရေး တရုတ်က မြန်မာအစိုးရကို ဖိအားပေးလာသလို လက်နက်ကိုင်တချို့ကို အသုံးချခဲ့မှုများလည်း ပေါ်ပေါက်ခဲ့သည်။

ဘစ်ရှော့နဲ့ နစကဥက္ကဌကို တွေ့ရစဉ်
ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၆ သန်းကျော်ရှိကြောင်း သိရသည်။
နိုင်ငံတကာကလည်း မြန်မာ့တပ်မတော် ခေါင်းဆောင်များ၊ နစကအဖွဲ့ဝင်များ၊ နိုင်ငံတော်ပိုင် ဘဏ်များ၊ မြန်မာ့ တပ်မတော်နှင့်ဆက်စပ်သူများ စသည့် အစုအဖွဲ့နှင့် လူပုဂ္ဂိုလ်များကို စီးပွားရေးပိတ်ဆို့ထားသည်။
ထို့အပြင် အမေရိကန်နိုင်ငံသည် Burma Ace ဆိုသော ဥပဒေကို ပြဌာန်းကာ အတိုက်အခံများကို ငွေကြေး ထောက်ပံ့ပေးလျက်ရှိသလို ဥရောပနှင့် တခြားသော နိုင်ငံတကာများကတော့ နစကနှင့်မြန်မာ့တပ်မတော်ကို မဆက်ဆံရေး မူဝါဒများ ချမှတ်ကာ ဖိအားပေးလျက်ရှိနေသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စစ်ဘစ်ရှော့သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလက လာရောက်ခဲ့ပြီး နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီးနောက် မြန်မာဦးဆောင်သည့် နိုင်ငံတကာပါဝင်သော လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန် ကုလညီလာခံမှာ ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2833
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅
တရုတ်နိုင်ငံသို့ တရားဝင် သွားရောက်သည့် ခရီးစဉ်တွင် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကူမင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ် အပါအဝင် ယူနန်နည်းပညာကောလိပ်တို့ကို သွားရောက်၍ လေ့လာခဲ့ကြောင်း သိရသည်။
နစကဥက္ကဌသို့ တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၆ နာရီကျော်တွင် နေပြည်တော်မှ MAI လေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီးနောက် ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရုတ်ကွန်မြူနစ်ပါတီ၊ အမြဲတမ်း ကော်မတီအဖွဲဝင် Mr. Yang Yalin မှ ကြိုဆိုခဲ့သည်။
ထို့နောက် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာဝမ်နင်(Mr.Wang Ning)နှင့် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နိုဝင်ဘာ ၅ ရက်နေ့က တွေ့ဆုံကြသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်က ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နစကဥက္ကဌကို ကြိုဆိုနေကြစဉ်
အလားတူ ကူမင်းမြို့မှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံ၍ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အကြောင်းကို ဆွေးနွေးကြသည်။
အလားတူ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် တရုတ်နိုင်ငံမှာ ကျင်းပမည့် အဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3062
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅
တရုတ်နိုင်ငံသို့ တရားဝင် သွားရောက်သည့် ခရီးစဉ်တွင် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင်(Mr.Wang Ning)နှင့် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နိုဝင်ဘာ ၅ ရက်နေ့က တွေ့ဆုံကြ သည်။
နစကဥက္ကဌသို့ တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၆ နာရီကျော်တွင် နေပြည်တော်မှ MAI လေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီးနောက် မစ္စတာဝမ်နင်နှင့် ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံကြခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်က မစ္စတာဝမ်နင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်
ထို့နောက် ကူမင်းမြို့မှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အကြောင်းကို ဆွေးနွေးကြသည်ဟု သိရသည်။
အလားတူ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် တရုတ်နိုင်ငံမှာ ကျင်းပမည့် အဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3196
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅
မြန်မာ့တပ်မတော်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တိုက်-ပွဲများ အပြင်းအထန် ဖြစ်ပွားနေသောကြောင့် အမ်းမြို့သည် စစ်ရေး/စီးပွားရေးအတွက် ဘယ်လောက်အရေးပါသလဲဟု မေးခွန်းထုတ်မှုများ ရှိနေသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့သည် မဟာဗျူဟာအရ အရေးပါသော နယ်မြေဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရေးပါတယ်ဆို ရခိုင်မှာ အဓိကနေပြီးတော့ သူကဌာနချုပ်လေ၊ တကယ်ကို အချက်အချာကျတယ်။ ဘာလို့လဲဆိုတော့ သူတို့က အမ်းကိုက မူလရှိနေတဲ့ ဗမာပြည်မက အုပ်ချုပ်မယ့်အချိန်မှာ မဟာဗျူဟာအရ တည်ထားတဲ့ဟာဖြစ်တယ်၊ ဒီနေ့ခါက ပြည်မမှာတော့ တစ်နိုင်ငံလုံးမှာတော့ သူ့ကိုလက်မခံတော့ဘူး ဆိုတဲ့ အချိန်မှာ အမ်းက ကုန်းတွင်းပိတ်သွားတဲ့ မဟာဗျူဟာအရ တွက်ချက်ထားတဲ့ဟာတွေက လွဲသွားတယ်ပေါ့ဗျာ။ အမ်းမြို့နယ်မှာဆိုရင် ကျေးရွာပေါင်း ၃၀၀ ကျော်လောက်ရှိတယ်၊ နယ်ကျယ်တယ်ပေါ့လေ အကျယ်ဆုံးဖြစ်တယ်။ အဲဒီနယ်တွေ အကုန်လုံးကို ဘယ်လိုမှ စကစ-က ထိန်းချုပ်လို့မရဘူး။ သူအဲ့တာတွေကို လက်လွှတ်ထားတာကြာ ပြီ၊ သူက အမ်းမြို့ပေါ်မှာပဲရှိတယ်။ အခုချိန်မှာ သူအဲ့ဒီဟာတွေ ဆုံးရှုံးသွားမယ်ဆိုလည်း သူ့ရဲ့အနောက်ဘက် ခံတပ်ကြီးလုံးဝ ဆုံးရှုံးသွားတာဖြစ်တယ်၊ ကျိုးသွားတာဖြစ်တယ်"ဟု ပြောသည်။

အာရက္ခတပ်တော် AA ကိုတွေ့ရစဥ်
ထို့အတူ စီးပွားရေးအရ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများရှိသောကြောင့် အမ်းမြို့ကို မြန်မာ့တပ်မတော် လက်လွတ်လိုက်ရပါက အိန္ဒိယ၊ တရုတ်နှင့် အာရက္ခတပ်တော်(AA) တို့ ဆွေးနွေးကြရမည့် အခြေအနေ ပေါ်ပေါက်လာနိုင်ကြောင်း ဦးထွန်းအောင်ကျော်က ဆက်ပြောသည်။
၎င်းက “စီးပွားရေးအရကတော့ အမ်းစစ်ဌာနချုပ် ကျပြီဆိုတာနဲ့ ရခိုင်မှာအဓိက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံထားတဲ့ စစ်တွေ၊ ရခိုင်ပြည်နယ်ရဲ့မြို့တော် အဲဒီနေရာမှာ ကုလားတန်စီမံကိန်းရှိတယ်၊ ဒါလည်း အရေးကြီးတယ်။ နောက် တစ်ခါ ကျောက်ဖြူ တရုတ်ရဲ့ တကယ့်ကို သမုဒ္ဒရာနှစ်စင်းစီမံကိန်း တရုတ်ကရေရှည် Plan ဆွဲပြီးတော့ လုပ်ထား တဲ့ထဲမှာ ကျောက်ဖြူဟာ အရမ်းအရေးကြီးတဲ့ နေရာမှာရှိတယ်။ ပြီးတော့ ဒီလိုအရေးကြီးတဲ့နေရာ အခု အမ်း ကျပြီဆိုရင် အမ်းကနေအောက်ကို နည်းနည်းလေး ဆင်းလိုက်တာနဲ့တင် ကျောက်ဖြူ ရေထွက်ပေါက်ကို ရောက် သွားတာပဲလေ။ ဒီတော့ သေချာပေါက် အမ်း ကျပြီဆိုတာနဲ့ စစ်တွေရယ်၊ ကျောက်ဖြူရယ် ဆိုတာကတော့ အိန္ဒိယ ရယ်၊ တရုတ်ရယ်၊ တပ်တော်ရယ်ပေါ့နော် သူတို့တွေ စကားပြောကြရလိမ့်မယ်"ဟု ပြောသည်။
တရုတ်- မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းမှ အရှေ့မြောက် ရှမ်းပြည်နယ်ကတဆင့် တရုတ်နိုင်ငံ၏ အနောက် ဘက် ပြည်နယ်များအထိ ဆက်သွယ်ထားသော စီမံကိန်းကြီးဖြစ်သည်။
ထိုစီမံကိန်းသည် ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၂၂ မြို့နယ်ကို ဖြတ်သန်းသွားပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံကျော် ဖြစ်သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ရခိုင်ပြည်နယ်မြို့တော် စစ်တွေဆိပ်ကမ်းအထိ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အားဖြတ်ပြီး ကုန်းလမ်း၊ ရေလမ်း ကုန်သွယ်ရေးလမ်းကြောင်းကို တည်ဆောက်နေသည့် ကုလားတန်မြစ် စီမံကိန်းလည်းရှိနေသည်။
အမ်းမြို့သည် နှစ်ဖက်စလုံးအတွက် အရေးပါသော မြို့ဖြစ်သောကြောင့် ပိုမိုပြင်းထန်လာနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဥ်
၎င်းက “နှစ်ဖက်စလုံးအတွက် ခင်ဗျားပြောသလိုပဲ တော်တော်အရေးပါပါတယ်၊ ဒီဘက်ကလည်း အကုန်လုံး လောက်နီးနီး ရပြီလေ၊ ဒါပဲကျန်သလို ဖြစ်တာကိုး။ အဲတော့ စစ်ကောင်စီဘက်ကလည်း ဒါကို အ-သေအကြေခံဖို့ စဥ်းစားထားထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာလည်း ထိထားတာတွေက အများကြီးဆိုတော့ တော်တော်လေးတော့ ပြဿနာကြီးမယ်ထင်တယ်၊ အပြင်းအထန်တော့ တိုက်နေကြရမယ်ထင်တယ်။ တိုက်နေ တာလည်း ကြာလည်းကြာပြီနော်၊ ဘေးပတ်ပတ်မှာလည်း AA ကပဲ ဝိုင်းထားတယ်လို့ ကြားတယ်။ အရေးကြီး တာတော့ နှစ်ဖက်စလုံးအတွက် အရေးကြီးတာပဲ၊ ဒါကြောင့်မို့ အ-သေအလဲ တိုက်နေကြတာ ဖြစ်မယ်ထင်တယ် ကြည့်ရတာ"ဟု ပြောသည်။
AA သည် စစ်ဆင်ရေးများ စတင်ဖော်ဆောင်စဉ် ကတည်းက တရုတ်၏ အကျိုးစီးပွားနှင့် ရင်းနှီးမြှုပ်နှံမှုများအား ကာကွယ်မည်ဟု ပြောကြားထားကြောင်း၊ နှစ်ဖက် အဖွဲ့အစည်းများအနေဖြင့် တရုတ်ကို ထိခိုက်နစ်နာအောင် လုပ်နိုင်လိမ့်မည် သို့မဟုတ် လုပ်ရဲလိမ့်မည်ဟု မထင်ကြောင်း၊ လုပ်ရန်လည်း သင့်တော်မည် မဟုတ်ကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာ့တပ်မတော်နှင့် AA ကြား ရခိုင်ပြည်နယ်ရှိ အမ်း၊ မောင်တောနဲ့ တောင်ကုတ်မြို့နယ်များမှာ တိုက်ပွဲများ ပြင်းထန်နေကြသည်။
လက်ရှိတွင် အမ်း၊ မောင်တော၊ ဂွနှင့် တောင်ကုတ် မြို့နယ်များတွင် AA က အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင် နေသလို ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့နယ်များကိုလည်း AA မှ ဝိုင်းရံပိတ်ဆို့ထားကြောင်း သိရသည်။
AA ဘက်ကနေ ချင်းလက်နက်ကိုင် တချို့နှင့် ကျောင်းသားလက်ရုံးတပ်ဖွဲ့(SAF) အပါအဝင် တခြားသော နွေဦး တော်လှန်ရေးမှတဆင့် ပေါ်ပေါက်လာသော လက်နက်ကိုင်များ ပူးပေါင်းတိုက်ခိုက်ပေးလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2764
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅
တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ စီးပွားရေးဆိုင်ရာ အစည်းအဝေးများတက်ရောက်ရန်နှင့် တရုတ်အစိုးရ တာဝန်ရှိသူများဖြင့် တွေ့ဆုံဆွေးနွေးရန်အတွက် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)နှင့် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါ တရုတ်ခရီးစဉ်တွင် နစကဥက္ကဌနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် နှင့်အကြံပေး ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးတချို့၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ မှ ဝန်ကြီးချုပ်များ လိုက်ပါသွားသည်။
ထို့နောက် နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် တရုတ်နိုင်ငံမှာ ကျင်းပမည့် အဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။

ထို့နောက် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း နစကသတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ဒေသများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်၌ မြန်မာ့တပ် မတော်နှင့် KIA-MNDAA-TNLA-PDF များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပိတ်ထားရပြီး ကုန်သွယ်ရေးများ ရပ်တန့်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2309
CNI News
၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာ ၄
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းကနေ လက်နက်ကိုင်ပဋိပက္ခ ကြီးထွားလာနေမှုကို ဖြေရှင်းနိုင်ရန်အတွက် နှစ်ဖက်စလုံး အဆင်ပြေနိုင်သော ဆွေးနွေးချက်ကို ရှာဖွေရန် ထောက်ပြကြသလို နှစ်ဖက် စလုံး အဆင်ပြေနိုင်သည့် ဆွေးနွေးချက်က ဘာဖြစ်နိုင်သလဲဟု မေးခွန်းထုတ်သူများလည်းရှိနေကြသည်။
နှစ်ဖက်စလုံး အဆင်ပြေမည့် ဆွေးနွေးချက်ဖြစ်သော တွေ့ဆုံဆွေးနွေးမှုများကို အဆင့်လိုက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တွေ့ဆုံဆွေးနွေးရေးကလည်း ပုံစံအမျိုးမျိုးနဲ့ လုပ်လို့ရပါတယ်၊ အဆင့်လိုက် အဆင့်လိုက်လည်း လုပ်လို့ ရတယ်။ အားလုံးတစ်ခါထဲ ထည့်ပြီးရောသမ မွှေတဲ့ဟာတော့ မရဘူးပေါ့၊ ပြေလည်ရာပြေလည်ကြောင်း၊ နီးစပ်ရာ နီးစပ်ကြောင်းကနေ စလုပ်ရမှာပေါ့။ အထူးသဖြင့်တော့ EAO တွေ ERO တွေနဲ့စပြောရင် ပိုလွယ်မယ်။ ပြီးတဲ့ခါကျ မှ PDF တွေ၊ NUG တွေကို နောက်ချန်ထားပြီးတော့ ပြောရင်လွယ်မယ်။ ဒါမှမဟုတ်လည်း ကိုယ်စားလှယ် ထားပြီး တော့ ပြောပေါ့ဗျာ၊ ကုလသမဂ္ဂ ကြားထားမလား၊ တရုတ်ကို ကြားထားမလား၊ ကျနော်တို့ ထိုင်းကိုပဲ ကြားထား မလား၊ အာဆီယံကို ကြားထားမလား၊ အဲဒီလို ကြားလူကြီးတွေနဲ့ ပြောတယ်ဆိုရင်လည်း ပြေလည်နိုင်ပါတယ်။ အဲဒါတွေမရှိဘဲနဲ့ အဲဒီအဆင့်တွေ မဖြတ်ဘဲနဲ့ နောက်နှစ်မှာလုပ်မဲ့ ရွေးကောက်ပွဲ ဆိုတာကြီးကလည်း ဖြစ်ပေါ်လာ ဖို့ တော်တော်ခက်ပါတယ်”ဟု ပြောသည်။
ထိုအဆင့်များအား ဖြတ်ကျော်ပြီးမှသာ လာမည့် ရွေးကောက်ပွဲတွင် ကတိကဝတ်များ၊ နိုင်ငံရေးဆုံချက်၊ သဘော တူညီချက်များရရှိပြီး တိုင်းပြည်တစ်ခုလုံး၏ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲအား ဝန်းရံကြရမည်ဖြစ် ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့သည် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
ထို့နောက် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအား ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး အာဆီယံ၏ ဘုံသဘော တူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန်၊ မြန်မာနိုင်ငံက ဦးဆောင်ပြီး ပဋိပက္ခကို အဖြေရှာရန် ဘစ်ရှော့က ကုလသမဂ္ဂညီလာခံမှာ တိုက်တွန်းခဲ့သည်။
ထို့ပြင် မြန်မာ့အရေး သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများသည် ''တစ်ဖက်တည်းက အပြတ်အသတ်နိုင်ရမယ်'' ဆိုသော အခင်းအကျင်းအား ကျော်လွန်စဥ်းစားရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဘစ်ရှော့ က ချပြခဲ့သည်။
ယေဘုယျအားဖြင့် နှစ်ဖက်စလုံး အဆင်ပြေနိုင်မည့် လမ်းကြောင်းသည် ဒီမိုကရေစီ လမ်းကြောင်းအရ ရွေးကောက်ပွဲ နည်းလမ်းရှိသော်လည်း လက်နက်ကိုင်နေသာ အဖွဲ့အစည်းများအားလုံးသည် ရွေးကောက်ပွဲ နည်းလမ်းဝင်ရန် ဆန္ဒရှိရန်လိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ယေဘယျသဘော စဥ်းစာမယ်ဆိုရင်တော့ နှစ်ဖက်လုံး အဆင်ပြေမယ့် နည်းလမ်းသည် မြန်မာနိုင်ငံရဲ့ လက်ရှိသွားနေတဲ့ လမ်းကြောင်းအရ ဒီမိုကရေစီလမ်းကြောင်း သွားမယ်ဆိုရင် ရွေးကောက်ပွဲထဲသွားဖို့ရှိတယ်၊ ဒါက ကျနော်တို့ ယေဘုယျ တွက်ရမယ့်လမ်းကြောင်း။ ကုလသမဂ္ဂကတော့ သူက သံတမန်ရေးရာစကား ပြောတာ ပေါ့၊ တစ်ဖက်ကနိုင်လို့မရဘူး၊ တစ်ဖက်က ဆုံးရှုံးလို့မရဘူး။ ဒါပေမယ့် လက်ရှိအခြေအနေမှာ အဲဒီလမ်းကြောင်း ကိုသွားဖို့ ခုနပြောတဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကိုသွားဖို့ အခု လက်နက်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ အကုန် လုံးက ဆန္ဒရှိရမယ်ဆိုတာ အရေးကြီးတဲ့ အချက်ဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်း သွားမယ်ဆိုရင် ရွေးကောက်ပွဲဝင် အဲဒီမှာ ဝင်အရွေးခံပြီးတော့ ကိုယ့်ရဲ့တိုင်းဒေသထဲမှာအုပ်ချုပ် ခုနပြောသလိုပေါ့ အခြေခံဥပဒေ ထဲမှာပါတဲ့ နယ်မြေဒေသ၊ သယံဇာတ၊ ဖွံ့ဖြိုးမှု ဘာညာတွေ ဒါတွေက လွှတ်တော်ထဲဝင်မှ အလုပ်လုပ်လို့ရမယ့် ကိစ္စ။ အဲဒီနည်းလမ်း မသုံးဘဲနဲ့ လက်နက်ကိုင်ဆိုတဲ့ နည်းလမ်းသွားသုံးရင်တော့ လွယ်လွယ်ကူကူ သက်သက် သာသာနဲ့ သွေးမထွက်ဘဲနဲ့ အထိခိုက်အရှနာ မရှိဘဲနဲ့ ဖြေရှင်းရမဲ့ နည်းလမ်းက ဘယ်လိုမှ ပေါ်ပေါက်လာစရာ အကြောင်းမရှိဘူး”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘစ်ရှော့ကိုတွေ့ရစဉ်
တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုများအား လက်ခံတက်ရောက်ခြင်းမရှိဘဲ လက်နက်ကိုင် လမ်းစဥ်ဖြင့်သာ ဆက်သွားနေပါက ရွေးကောက်ပွဲလမ်းကြောင်း၊ နှစ်ဖက် အဆင်ပြေနိုင်စေသော လမ်းကြောင်းများ ပေါ်ပေါက်လာ ရန် ဖြစ်နိုင်ခြေ မရှိသလောက် ဖြစ်သွားနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောသည်။
လာမည့်နှစ်(၂၀၂၅ ခုနှစ်)အတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
လက်ရှိတွင် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသလို နယ်မြေ မတည်ငြိမ်ခြင်းနှင့် တရားဥပဒေ စိုးမိုးမှု အားနည်းနေခြင်းကြောင့် လက်တွေ့မှာ ဖြစ်နိုင်ခြေ အလွန်နည်းသည်ဟုလည်း ထောက်ပြမှုများ ရှိနေ သည်။
ထို့ကြောင့် နစကသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး ကြိုးပမ်း ရန်လိုအပ်သလို နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ရရှိအောင်လည်း အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2378
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄
နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စီးပွားရေးဆိုင်ရာ အစည်းအဝေးများ တက်ရောက်ရန်အတွက် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ မကြာမီ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အဆိုပါ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပမည့် အဌမအကြိမ် မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး များသို့ တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့နောက် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း နစကသတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ဒေသများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်၌ မြန်မာ့တပ် မတော်နှင့် KIA-MNDAA-TNLA-PDF များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပိတ်ထားရပြီး ကုန်သွယ်ရေးများ ရပ်တန့်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3679
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ရန်အတွက် တိုင်းရင်းသား လက် နက်ကိုင်များ(EAOs)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးညှိနှိုင်းရေးကော်မတီ (NSPNC)၊ နိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေးအကျိုးပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့တွင် အိန္ဒိယခရီးစဉ်ကို စတင်ခဲ့ကြသည်။
အဆိုပါ ခရီးစဉ်တွင် နိုင်ငံရေးပါတီ (၁၀)ပါတီ၊ NSPNC မှ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ CPR မှ ဦးလှမောင်ရွှေနှင့် ဦးကျော်လင်းဦး၊ NCA ထိုးထားသည့် EAOs ၆ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ကြသည်။

အိန္ဒိယနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲကို ၅ ရက်မှ ၆ ရက်နေ့အထိ ပြုလုပ် မည်ဖြစ်ပြီး ၇ ရက်နေ့မှာ ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရန် ကြိုးပမ်းနေ ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2635
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းကနေ လက်နက်ကိုင်ပဋိပက္ခ ကြီးထွားလာနေမှုကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာတွန်းအားကြောင့် မြန်မာနိုင်ငံ၏အရွေ့သည် ဘယ်လိုအပြောင်းအလဲ ဖြစ်ပေါ် လာနိုင်သလဲဟု မေးခွန်းထုတ်နေကြသည်။
အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့၏ မြန်မာ့အရေး ကြိုးပမ်းမှုသည် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာစေရန်ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အားလုံး အိမ်နီးနားချင်း နိုင်ငံတွေရော၊ ကုလသမဂ္ဂရော၊ အာဆီယံရော အားလုံးရဲ့တွန်းတဲ့ ဆုံချက်က တော့ တွေ့ဆုံဆွေးနွေးရေးပါပဲ။ ဒါကြောင့် ဂုဏ်သိက္ခာ မကျဘဲနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ပါဝင်ဆွေးနွေးနိုင်မယ့် အခင်းအကျင်းတစ်ခုကို ဝိုင်းဝန်းစဥ်းစားရမယ့် သဘောရှိပါတယ်။ သိက္ခာရှိစွာနဲ့ ညှိနှိုင်းဖို့ သူကအပေါ်စီးရလို့ သူက အပေါ်စီးရလို့ မဟုတ်ဘဲနဲ့ ဒါကြောင့် အဲဒီအခင်းအကျင်းက လောလောဆယ်ဆယ်တော့ အချက်အလက် စုနေတဲ့ သဘောရှိတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယမှာလည်း ဗမာအရေး တွေ့ဆုံပွဲတစ်ပွဲ လုပ်မယ်၊ ၅၊ ၆၊ ၇၊ ၈ ပေါ့ဗျာ။ အဲဒီပွဲတွေမှာလည်း တော်တော်ဆုံကြမယ်ဆိုတော့ အိန္ဒိယရော၊ တရုတ်ရော၊ ကုလသမဂ္ဂရော သူ့နည်းသူ့ဟန်နဲ့ လုံးပန်းနေကြတဲ့ အခါကျတော့ အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ လက်နက်ကိုင် ပဋိပက္ခကို လျှော့ချ၊ ပြီးတော့ရပ်၊ ရပ်ပြီးတော့မှ အကျိုးအကြောင်း ဆီလျော်တဲ့ စားပွဲဝိုင်း တွေ့ဆုံဆွေးနွေးရေးကိုစတင် အနိမ့် ဆုံးတော့ အလွတ်သဘောကနေ စရမယ့်သဘော။ အဲဒါမျိုးတွေ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘစ်ရှော့ကိုတွေ့ရစဉ်
လက်နက်ကိုင်နည်းလမ်းဖြင့် ရှေ့ဆက်သွားလျှင် အခြေခံပြည်သူလူထုများ နစ်နာဆုံးရှုံးမှု ပိုမိုများပြားလာမည် ဖြစ်သလို ဒေသတွင်းရှိ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် လက်နက်ကိုင်ပဋိပက္ခ ရှည်ကြာလာလျှင်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်များ ပိုမိုကြန့်ကြာသွား နိုင်ကြောင်း၊ ထို့ကြောင့် တွေ့ဆုံဆွေးနွေးရေးကသာလျှင် အသင့်တော်ဆုံးဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြ သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့သည် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။
ထို့နောက် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအား ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး အာဆီယံ၏ ဘုံသဘော တူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန်၊ မြန်မာနိုင်ငံက ဦးဆောင်ပြီး ပဋိပက္ခကို အဖြေရှာရန် ဘစ်ရှော့က ကုလသမဂ္ဂညီလာခံမှာ တိုက်တွန်းခဲ့သည်။
တခြားတစ်ဖက်မှာတော့ နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ မဟာမဲခေါင်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ရှိနေသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တက်ရောက်နေသည့် ဦးအောင်ကျော်မိုးကို တွေ့ရစဉ်
ထို့ပြင် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပခဲ့သော အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့ မြန်မာ ကိုယ်စားလှယ်အနေဖြင့် တက်ရောက်ခဲ့သည်။
နစကအနေဖြင့် သံတမန်ရေးရာအရ အသာစီးရယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ သံတမန် အသိုင်းအဝိုင်းက မြန်မာပြည်သူများအတွက် ကြိုးစားကူညီနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “သံတမန်ရေးအရတော့ အသာစီးရအောင် စကစ-က ကြိုးစားနေတာတွေ့တယ်။ သူ့ရဲ့နုတ်တရားမူ အတိုင်းပဲ ဆက်သွားနေတာပဲလေနော်၊ ဒါသူ့အလုပ်ပဲလေနော်၊ သူလုပ်ရမယ့် အလုပ်တွေ သူလုပ်နေတာ အဲလိုပဲ ယူဆပါတယ်။ သံတမန်ရဲ့ လှုပ်ရှားမှုဆိုတာကတော့ ကမ္ဘာ့နိုင်ငံတွေပေါ့၊ ကူညီရမယ့် ဝတ္တရားရှိတယ်လေ။ နိုင်ငံ တစ်နိုင်ငံ ဒုက္ခရောက်နေလို့ရှိရင် ရွာလိုပေါ့၊ အိမ်တစ်အိမ် မီးလောင်နေတယ်ဆိုရင် ဝိုင်းကူရမှာပဲလေ။ အဲတော့ တတ်စွမ်းသမျှ ဝိုင်းပြီးတော့ မြန်မာပြည်သူတွေအတွက် လုပ်ပေးနေတယ်လို့ ခံယူပါတယ်”ဟု ပြောသည်။
လာမည့် နိုင်ဝင်ဘာ ၅ ရက်နှင့် ၆ ရက်နေ့များတွင် အိန္ဒိယက မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ ၁၀ ပါတီ၊ EAO ၆ ဖွဲ့၊ NSPNC နှင့် CPR မှ ကိုယ်စားလှယ် ၂၀ ကျော်ကို ဖိတ်ခေါ်၍ အိန္ဒိယနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖက်ဒရယ် စနစ်အကြောင်း ဆွေးနွေးကြမည်ဖြစ်သည်။
အလားတူ ဒီဇင်ဘာလတွင်လည်း မြန်မာ့အရေး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို ထိုင်းက ဦးဆောင်၍ လက်ခံကျင်းပသွားရန်လည်း ရှိနေသည်။
