- By CNI
- Category: နိုင်ငံရေး
- Hits: 2107
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄
လာမည့် ၂၀၂၅ ခုနှစ်တွင် နစက ကျင်းပမည့် ရွေးကောက်ပွဲ၌ တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ ပါဝင်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေး၊ နိုင်ငံရေးအကဲခတ်များအကြား ဆွေးနွေးမှုများ ရှိနေကြသည်။
တရုတ်၏ သဘောထားမှာလည်း ရွေးကောက်ပွဲကျင်းပ၍ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်ရေးကို ထောက်ခံသည့် အတွက် နစက ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးအရ ရပ်တည်ပေးခြင်းအပြင် ရုပ်ဝတ္တုပစ္စည်းအရ ကူညီ ပေးခြင်းများ ရှိနိုင်ကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးအရ ရပ်တည်ပေးလို့ ရပါတယ်။ ရွေးကောက်ပွဲကို အသိအမှတ်ပြုတာတို့၊ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အနိုင်၊ အရှုံးပေါ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတာတို့ အဲဒီလို လုပ်ပေးခြင်းအားဖြင့် ရွေးကောက်ပွဲ တရားဝင်မှုကို ကျားကန်ပေးနိုင်တယ်။ backup လုပ်နိုင်မယ်။ ဒါက နိုင်ငံရေးအရ ကူညီပေးတာပါ။ ရုပ်ဝတ္တုပစ္စည်းအရလည်းပဲ လိုအပ်ရင်တော့ နည်းပညာပိုင်းတို့၊ နောက်တော့ ရွေးကောက်ပွဲအတွက် ကုန်ကျစရိတ် တို့ ဘာတို့လည်း ကူညီနိုင်တာလည်း ရှိနိုင်ပါတယ်။ အဲဒီရုပ်ဝတ္တုပစ္စည်းထက်ကို နိုင်ငံရေးအရ ကူညီတာက ရပ်တည်ပေးတာကတော့ ပိုပြီးတော့ အကျိုးရှိတာပေါ့လေ။ ဒါလုပ်နိုင်မယ်လို့ ကျနော်ယူဆပါတယ်” ဟု ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်
မြန်မာနိုင်ငံသည် ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရတက်လာမှ တရုတ်နိုင်ငံ အနေဖြင့်လည်း ၎င်း၏ အကျိုးစီးပွားများကို ဆက်လက်လုပ်ကိုင်၍ ရမည်ဖြစ်သဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအပေါ် တွန်းအားပေး လျက်ရှိသည်။
ရွေးကောက်ပွဲ မကျင်းပခင်ကာလ၌ တိုင်းရင်းသား လက်နက်ကိုင်များ၊ အတိုက်အခံ အင်အားစုများ၊ နိုင်ငံရေး ပါတီများနှင့် နစကတို့ တွေ့ဆုံ၍ သွားချင်သည့်နိုင်ငံရေးပုံစံအား ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ထိုသို့ ဆွေးနွေးမှုကနေ အများစု ထောက်ခံသည့်အတိုင်း အကောင်အထည်ဖော်နိုင်ရေးကို ရွေးကောက်ပွဲမှတဆင့် ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အနေအထားအရ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးအရွေ့တစ်ခုကို သွားနိုင်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
၎င်းက “ရွေးကောက်ပွဲ မကျင်းပနိုင်သေးသရွေ့ကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်။ နယ်မြေဒေသ တည်ငြိမ် အေးချမ်းမှုတွေ မရှိဘဲ ဖြစ်နေမယ်။ သူတစ်လူ ငါတစ်မင်းပေါ့ လက်နက်ဆွဲကိုင်နေတဲ့ နယ်မြေချဲ့ထွင်တဲ့ ၁၈ ရာစု လောက်က အတွေးအခေါ်တွေ၊ ၁၇ ရာစုလောက်က အတွေးအခေါ်တွေ၊ ဒုတိယကမ္ဘာစစ်ထဲက အတွေးအခေါ် တွေနဲ့ ဆက်ပြီးတော့ မငြိမ်းမချမ်းတွေ ဖြစ်နေမှာပေါ့။ ရွေးကောက်ပွဲလုပ်ခြင်းသာ တိုင်းပြည်ရဲ့ အဓိက ထွက်ပေါက်တစ်ခုလို့ ကျနော့်အနေနဲ့ မပြောချင်ပေမယ့်လည်း လက်ရှိ ကျနော်တို့နိုင်ငံရဲ့ ကံကြမ္မာအရကတော့ သေချာပေါက် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အစိုးရတစ်ရပ် ပေါ်ပေါက်လာမှပဲ ဒီကိစ္စတွေကို ဖြေရှင်း နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
တရုတ် အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် UWSA တို့ တွေ့ဆုံဆွေးနွေးမှု ပေါက်ကြားလာမှုတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သဘောထားအမြင်များလည်း ပါဝင်နေသည်။
ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း နစက ကျင်းပမည့် ရွေးကောက်ပွဲကို ကူညီပေးသွား မည်ဖြစ်ကြောင်း၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်က မြန်မာနိုင်ငံခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ၍ ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား ထားသည်။
ထို့ကြောင့် လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲသေချာပေါက် ကျင်းပနိုင်မည်ဟု ခန့်မှန်းထားကြသော်လည်း နယ်မြေမတည်ငြိမ်မှုများကြောင့် ရွေးကောက်ပွဲအား ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်းလည်း သုံးသပ်မှုများရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4795
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခများနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် လာမယ့် ၂၀၂၅ ခုနှစ်၌ ကျယ်ပြန့်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ပေါ်ပေါက်လာနိုင်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိနေသည်။
မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်အနေဖြင့် ဟိုင်ဂင်ကဲ့သို့ ဆွေးနွေးမှုများ၌ လိုအပ်သည့်နေရာမှ ပါဝင်လာနိုင်သလို အိန္ဒိယ၊ ထိုင်းနှင့် အာဆီယံ တို့သည်လည်း ပါဝင်လာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "ကျနော်ထင်တာပြောရရင် မစ္စတာဝမ်ယိရဲ့ ခရီးစဥ်ဟာ တွေ့ဆုံမှု၊ သူတို့ရဲ့ ရပ်တည်ချက်က တရုတ် ကွန်မြူနစ်ပါတီရဲ့ မူဝါဒဖြစ်ဖို့များပါတယ်။ အဲတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းစေလိုတဲ့သဘောနဲ့ သွားပါလိမ့်မယ်။ နောက် အာဆီယံနဲ့ပတ်သတ်လို့လည်း အဲဒီလိုမျိုးသွားအောင် တစ်ဖက်က တွန်းတွန်းတိုက်တိုက် လုပ်လာနိုင် တယ်။ အခု ပေတုန်တန်ရဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးမှာ ဦးဆောင်မယ်ဆိုတာကို အာဆီယံကလည်း ပံ့ပိုးထောက် ခံမယ့်သဘော တွေ့နေတယ်။ အာဆီယံဘက်ကလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ပါလာနိုင်တယ်။ ဒီကြားထဲမှာ လာမယ့် ဒီဇင်ဘာလလောက်မှာ ထိုင်းဘက်က ဦးဆောင်ဆွေးနွေးမှုတွေ ဖြစ်လာနိုင်တယ်။ အဲတော့ အခု လာအိုရဲ့ ခရီးစဥ်ကိုကြည့်ရင် အာဆီယံရဲ့ကဏ္ဍဟာ အရေးကြီးလာလိမ့်မယ်”ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေစဉ်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခနှင့် နိုင်ငံရေး ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် အင်ဒိုနီးရှား နိုင်ငံမှာ အောက်တိုဘာလ ၄ ရက်နှင့် ၅ ရက်နေ့များက မြန်မာအတိုက်အခံများ အပါအဝင် နိုင်ငံတကာ သံတမန်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့နောက် အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို လာအိုနိုင်ငံမှာ အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့ပြီး မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ်အရေးကို အဓိက ဆွေးနွေးခဲ့ကြသည်။
တရုတ်၊ အိန္နိယ၊ ထိုင်း နိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့်အတွက် မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် ကျယ်ပြန့်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရေး ပံ့ပိုးလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုတွေ့ရစဉ်
ထို့နောက် ညီနောင်မဟာမိတ်သုံးဖွဲ့(MNDAA-AA-TNLA) ဦးဆောင်သော မဟာမိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ကိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ကာ မြို့သိမ်းတိုက်ပွဲများ လုပ်ခဲ့သည်။
အဆိုပါ တိုက်ပွဲများ ရပ်တန့်ရေးအတွက် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ဟိုင်ဂင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော်လည်း ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှစတင်၍ ဟိုင်ဂင်သဘောတူညီချက် ပျက်ပြယ်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
စစ်ရေးဖြင့် ရေရှည်သွားလိုလျှင် ဆွေးနွေးမှုများ ပိုမိုခက်ခဲသွားနိုင်ကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများအဖို့ ဂုဏ်သိက္ခာရှိသော အခြေခံမူများနှင့် အပေးအယူလုပ်လျှင် အဆင်ပြေနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့စဥ်
၎င်းက "နိုင်ငံရေးအရ ကိုယ်လိုချင်တဲ့ ရလဒ်ပေါ့လေ၊ နိုင်ငံရေးအရ ထွက်တယ်ဆိုရင်ပဲ တချို့ဟာတွေက ဒီအဖွဲ့အစည်းတွေအနေနဲ့ ပြန်ပြီးတော့ စစ်ရေးကို ပြန်သုံးသပ်လိမ့်မယ်လို့ ယူဆပါတယ်။ စစ်ရေးနဲ့ ယှဥ်ပြိုင် နေတာ ရေရှည်သွားလို့ရှိရင် ဆွေးနွေးဖို့ ပိုခက်သွားနိုင်တာပေါ့ဗျာ။ ဒါကြောင့် ကျနော်ထင်တယ် ပြဿနာ ကြီးကြီးမားမား ထပ်ပြီးတော့ မဖြစ်ခင်မှာ တွေ့ဆုံဆွေးနွေးရေး အများကြီး ပေါ်သွားလိမ့်မယ်လို့ ကျနော်ထင်တယ် ဗျ။ ဒီသန်းခေါင်စာရင်းတွေ ဘာတွေ ကောက်ပြီးလို့ရှိရင်တော့ ကျနော်ထင်တယ် ဒီနှစ်ကုန် ပတ်ဝန်းကျင်မှာတော့ တွေ့ဆုံပွဲတွေ ဖြစ်လာလိမ့်မယ်လို့ ယူဆတယ်ဗျ။ သူတို့ကြေညာချက်ထဲမှာလည်း ပါနေတာပဲ။ တရုတ်က တွေ့ဆုံ ဆွေးနွေးနိုင်အောင် ကြားဝင်ပေးပါ၊ ဦးဆောင်ပေးပါဆိုပြီး သူတို့ Request လုပ်ထားတာပဲ Request လုပ်ထားတဲ့ အတိုင်း တရုတ်ကလည်း လူကြီးလူကောင်းပုံစံနဲ့ ပြန်ဝင်ပေးမယ် ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ အဲတာဆိုရင် တော့ ညှိလို့ရသွားနိုင်ပါတယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်တွင် နစကသည် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဟု ကြေညာထားခြင်းကြောင့် ထိုနှစ်အတွင်းမှာ ကျယ်ပြန့်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3901
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ အင်အားစု တချို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသော အဖွဲ့အနေဖြင့် PNLO-NCA/S ဆိုကာ ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာ ၉ ရက်နေ့စွဲဖြင့် ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။
PNLO သည် NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တခြားသော တိုင်းရင်းသား လက်နက် ကိုင် ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအပြောင်းအ လဲနှင့်အတူ PNLO သည် ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့် အဖွဲ့နှင့် ဗိုလ်မှူးကြီးခွန်သူရိန်(လက်ရှိ ဥက္ကဌ)ဦး ဆောင်သော အဖွဲ့ဆိုကာ ၂ ဖွဲ့ကွဲသွားသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ထိုသို့ PNLO ၂ ဖွဲ့ကွဲသွားစဉ် ခွန်သူရိန် ဦးဆောင်သည့်အဖွဲ့က မြန်မာ့တပ်မတော်ကို တိုက်ခိုက်မည့် နွေဦးတော် လှန်ရေး အင်အားစုများအဖြစ် ရပ်တည်မည်ဖြစ်ကာ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သောအဖွဲ့က NCA လမ်းစဉ် အပေါ် ဆက်လက်ရပ်တည်မည် ဖြစ်သည်။
ပအိုဝ်းအမျိုးသားတို့၏ အေးချမ်းသာယာဖွံ့ဖြိုးမှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုတို့ကို ရှေ့ရှုလျက် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ဦးဆောင်နာယကသည် အရေးပေါ် အခြေအနေတွင် ဥက္ကဌအဖြစ် တာဝန်ယူလျက် PNLO-NCA/S ကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ NCA လမ်းစဉ် နှင့်အညီ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
ထို့နောက် လတ်တလောအခြေအနေအရ PNLO-NCA/S တွင် ဦးဆောင်အဖွဲ့မှာ ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခွန်မင်းသိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နန်းယဉ်ယဉ်စိုးတို့က အသီးသီး တာဝန်ယူကြမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2907
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
မကြာသေးမီးက မြန်မာ့ပြည်တွင်းရေးတွင် ပြည်ပတပ်ဖွဲ့ဝင်များ ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေကြောင်း သတင်း ရရှိပြီး အမျိုးသားရေး အခြေအနေသည် ရလဒ်အဖြစ် ပြင်းထန်ပြီးကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ရနိုင် သည်ဟု ကိုးကန့်တပ်ဖွဲ့(MNDAA)က အောက်တိုဘာ ၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
မြန်မာ့အရေး ပြည်ပတပ်ဖွဲ့များ ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေသည်ဟုဆိုသော်လည်း မည်သည့် ပြည်ပတပ်ဖွဲ့ကို ရည်ညွန်းကြောင်း ဖော်ပြထားခြင်း မရှိသလို ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ရနိုင်သည်ဟုဆိုထား ရာမှာလည်း မည်သည့် အပြောင်းအလဲများဖြစ်နိုင်သည်ကိုတော့ ဖော်ပြထားခြင်း မရှိပေ။
MNDAA က “ လက်ရှိ ရှုပ်ထွေးနေသော ပြည်တွင်းအခြေအနေအရ ကျွနှ်ပ်တို့ပါတီနှင့် တပ်မတော်ကို ပြင်ပ အင်အားစုများက အတင်းအကြပ် အသုံးမပြုစေရန်နှင့် မလိုလားအပ်သော အငြင်းပွားမှုများနှင့် ပဋိပက္ခများတွင် ပါဝင်ခြင်းမှ ကာကွယ်ရန်အတွက် ကျွနှ်ပ်တို့ပါတီ၊ အစိုးရနှင့် တပ်မတော်နှင့်ဆက်စပ်နေသော ပုဂ္ဂိုလ်များအနေဖြင့် အောက်ပါအချက်များကို လိုက်နာရမည်”ဟု ထုတ်ပြန်ခဲ့သည်။

MNDAA ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
(၁) ခွင့်ပြုချက်မရှိဘဲ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အမေရိကန်၊ အနောက်နိုင်ငံများသို့ ခရီးသွားခြင်းကို တားမြစ် ထားသည်၊(၂) ခွင့်ပြုချက်မရဘဲ၊ တပ်ဖွဲ့ဝင်များနှင့်ဆက်စပ်သူများသည် မြန်မာနိုင်ငံဆိုင်ရာကိစ္စရပ်များနှင့် ပတ် သက်သည့် နိုင်ငံတကာ ညီလာခံများအားလုံးတွင် ပါဝင်ခြင်းမပြုရန် တားမြစ်ထားသည်၊ (၃) ခွင့်ပြုချက်မရှိဘဲ၊ သင်သည် အမေရိကန်ပြည်ထောင်စုနှင့် အနောက်တိုင်း မီဒီယာများမှ သတင်းထောက်များနှင့် တွေ့ဆုံ မေးမြန်း မှုများကို လက်ခံခြင်းအား တားမြစ်ထားပြီ ယခုနှစ်တွင် နိုင်ငံခြားမီဒီယာများမှ အင်တာဗျူးများကို လက်ခံမည် မဟုတ်ကြောင်း၊ (၄) ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံအခြေအနေအပေါ် ပုဂ္ဂလိကနှင့် အဖွဲ့အစည်း အမည်ဖြင့် ရပ် တည်ချက်များနှင့် သဘောထားများကို ဖော်ပြခြင်းကို တားမြစ်ထားသည်ဟု ထုတ်ပြန်ခဲ့သည်။
ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များ အပါအဝင် ဆက်စပ်သူများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်၊ အနောက်အုပ်စုနိုင်ငံများသို့ ခရီးသွားခြင်းနှင့် ဆက်ဆံမှုများ မပြုလုပ်ရန် ကိုးကန့်တပ်ဖွဲ့(MNDAA)က တားမြစ်ကြောင်း အောက်တိုဘာ ၉ ရက်နေ့စွဲဖြင့် MNDAA က သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်အစိုးရကလည်း MNDAA အား အာဆီယံနိုင်ငံများ၊ အမေရိကန်၊ အနောက်အုပ်စုများနှင့် မဆက်ဆံရန် အပါအဝင် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန် ဖိအားပေးလျက်ရှိနေသည်။

အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီး နဲ့ NUG နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
ထို့နောက် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဒုဥက္ကဌ ကျောက်ကော်အန်းတို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၇ ရက်က တွေ့ဆုံ၍ မြန်မာ့အရေးနှင့် MNDAA စစ်ရေး ဖော်ဆောင်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှု တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းက ကိုးကန့်(MNDAA)နှင့် တအာင်း (TNLA) သည် ဟိုင်ဂင်သဘောတူညီချက်ကို ဖောက်ဖျက်နေပြီး စစ်ပွဲကို ပြန်လည်မီးမွှေးကြောင်း၊ အင်အားသုံး၍ လားရှိုးကို သိမ်းပိုက်ကြောင်း၊ ထိုသို့ လုပ်ခြင်းအားဖြင့် မြန်မာပြည်မြောက်ကိုင်း (တရုတ်နယ်စပ်တစ်လျှောက်) နိုင်ငံရေး အခြေအနေနှင့် တရုတ်-မြန်မာ ဆက်ဆံရေး ပျက်စီးအောင် လုပ်နေကြောင်း၊ ယခုလိုလုပ်ခြင်းသည် အမေရိကန် နှင့် အနောက်နိုင်ငံများ ကြားဝင်နှောင့်ယှက်ဖို့ အခွင့်အရေးပေးလိုက်ခြင်းနှင့်အတူတူဖြစ်ကြောင်း ပြောကြားခဲ့ သည်။
၎င်းက “ ကိုးကန့်ဟာ တစ်စထက်တစ်စ အတင့်ရဲလာပြီးတော့ NUG-PDF စတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံက ထူထောင်ပေးထားတဲ့ မြန်မာစစ်အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေကို ကူညီနေတယ်။ နောက်ပြီး မြန်မာအစိုးရ ကို ဖြုတ်ချရေးမှာ ရှေ့တန်းက ပါဝင်လာတယ်။ သူဟာ မြန်မာပြည်မြောက်ပိုင်းကိုရော၊ မြန်မာပြည် တစ်ခုလုံးကိုပါ အနှောင့်အယှက်ပေးမယ့် ပြဿနာကောင်ဖြစ်လာပြီ”ဟု ပြောသည်။

လားရှိုးမြို့ကို MNDAA သိမ်းပိုက်ထားစဉ်
MNDAA သည် အမေရိကန်နှင့် အနောက်အုပ်စု ကျောထောက်နောက်ခံဖြင့် မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ် ချရေး ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များဖြင့် မဟာမိတ်လုပ်ကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခြင်းနှင့် မြို့များသိမ်းပိုက်ခြင်းကို ဖော်ဆောင်နေသည်။
၂၀၂၇ စစ်ဆင်ရေးဟုဆိုကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ပထမတစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ စတင်ကာ ယနေ့(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ)အထိ ဒုတိယအကြိမ်အဖြစ် ဖော်ဆောင်၍ ရှမ်းပြည်နယ်မြောက် ပိုင်းအတွင်းက လားရှိုးမြို့နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ခဲ့သည်။
အလားတူ လောက်ကိုင်၊ ကုန်ကြမ်း၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီ တို့ကိုလည်း သိမ်းပိုက်ထား သည်။
အဆိုပါ စစ်ဆင်ရေးများ ဖော်ဆောင်နိုင်ရန်အတွက် MNDAA၊ TNLA နှင့် NUG တို့သည် အမေရိကန်နိုင်ငံထံမှ နှစ်စဉ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ငွေကြေးအထောက်အပံ့များ ရရှိခဲ့သည်ဟု နစကဘက်က ထုတ်ပြန်ထားသည်။
ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့အရေးမှာ မည်သည့် နိုင်ငံခြားကနေမှ ဝင်ရောက်စွက်ဖက် ခွင့် ပြုမည်မဟုတ်ကြောင်း၊ မြန်မာ့အရေးကို မြန်မာနိုင်ငံသားများကသာ ဦးဆောင်ဖြေရှင်းရမည်ဟု ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က မြန်မာပြည်သို့ လာရောက်ခဲ့သော ခရီးစဉ်မှာ ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3272
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
လာမည့် ၂၀၂၅ ခုနှစ်တွင် နစကမှ ကျင်းပမည့်ရွေးကောက်ပွဲ သေချာပေါက် ဖြစ်လာနိုင်သလားဆိုသည့်အပေါ် စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကဲခတ်များကြား ဆွေးနွေးမှုများရှိနေကြသည်။
ထို့နောက် ရွေးကောက်ပွဲ ဖြစ်ပေါ်ခဲ့လျှင် ရရှိမည့် အကျိုးသက်ရောက်မှုနှင့် ရွေးကောက်ပွဲမဖြစ်ခဲ့လျှင် ရရှိနိုင်သည့် အကျိုးဆက်များနှင့် ပတ်သက်ပြီးတော့လည်း ၎င်းကတို့အကြား သုံးသပ်နေကြသည်။
တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် UWSA မှဒုဥက္ကဌ ကျောက်ကော်အန်းတို့ တွေ့ဆုံဆွေးနွေးမှု ပေါက်ကြားလာသည့် အထဲတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သဘောထားအမြင်များလည်း ပါဝင်နေသဖြင့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ သေချာပေါက် ဖြစ်လာနိုင်သလားဟု မေးခွန်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရွေးကောက်ပွဲ သေချာပေါက် ဖြစ်လာနိုင်သော်လည်း နိုင်ငံရေးအခြေအနေ သေချာမဖန်တီးထားပါက ရွေးကောက်ပွဲအား ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
၎င်းက “ကျနော်တွက်တာတော့ ရွေးကောက်ပွဲက သေချာပေါက်ဖြစ်လာမှာပါ။ သို့သော် ဘယ်လောက်အထိ ကျယ်ပြန့်မလဲ၊ ဘယ်လောက် အတိုင်းအတာအထိ မဲဆန္ဒနယ်မြေတွေ တိုးချဲ့နိုင်မလဲဆိုတာတော့ ကျနော်တို့ နိုင်ငံရေး အခြေအနေပေါ် မူတည်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအခြေအနေ ကောင်းကောင်း မဖန်တီးထားသေး ဘူးဆိုရင်တော့ ရွေးကောက်ပွဲက နည်းနည်း ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တဲ့သဘော ဖြစ်နိုင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဒေသအစုံလုပ်ချင်ရင်တော့ အဲဒီရွေးကောက်ပွဲမတိုင်ခင်မှာ သိသာထင်ရှားတဲ့ နိုင်ငံရေး အရွေ့ တွေ၊ နိုင်ငံရေး ရလဒ်တွေကို ဖော်ထုတ်ဖို့လိုပါတယ်။ ကျနော်တို့ လက်ရှိ SAC ဘက်ကသော်လည်းကောင်း၊ လက်နက်ကိုင်တိုက်နေတဲ့ တိုင်းရင်းသားများသော်လည်းကောင်း၊ အတိုက်အခံအင်အားစုတွေသော်လည်းကောင်း၊ ကိုယ်လိုချင်တဲ့ တိုင်းပြည်ရဲ့အနာဂတ်၊ နိုင်ငံရေးပုံစံ၊ ပြည်ထောင်စုပုံစံ၊ နိုင်ငံရေးစနစ်ပုံစံတွေကို ကြိုတင်ပြီးတော့ သဘောတူထားမယ်၊ ချမှတ်ထားနိုင်မယ် အဲဒီအပေါ်မှာလည်း အများစုပေါ့လေ ၇၅ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းက သဘောတူတယ်ဆိုရင်တော့ အဲဒီလိုနိုင်ငံရေး ရည်မှန်းချက်တွေ ရောက်အောင် ရွေးကောက်ပွဲကနေ တဆင့်သွား မယ်ဆိုရင်တော့ ရွေးကောက်ပွဲကတော့ ကျယ်ကျယ်ပြန့်ပြန့် အောင်အောင်မြင်မြင် ပိုပြီးတော့ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲဖြစ်ပါ်ခဲ့ပြီး အစိုးရသစ်တက်လာပါက တိုင်းပြည်တည်ငြိမ်ရေးကို ဦးစွာတည်ဆောက်ရန် လိုအပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တချို့ကလည်း သုံးသပ်ကြသည်။
ထို့အပြင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အစိုးရမှ တာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုကိစ္စများ လုပ်ဆောင်ပြီးပါက တိုင်းပြည်၏ စီးပွားရေးကို ဆက်လက် ဦးဆောင်ရမည်ဖြစ်ကြောင်း၊ သို့သော် တက်လာမည့် အစိုးရအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပြီးပြည့် စုံအောင် မဆောင်ရွက် နိုင်ပါက ခက်ခဲသည့်ကာလအား ထပ်မံဖြတ်သန်းရဦးမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
၎င်းက “စီးပွားရေးဘက်ကို ဦးဆောင်တဲ့ နေရာမှာလည်း အာဆီယံ အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ်၊ ဥရောပ အသိုင်း အဝိုင်းမှာပဲဖြစ်ဖြစ်၊ ကျနော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ရုရှားတို့၊ တရုတ်တို့ အစရှိတဲ့ ဒေသတွင်း ကူညီပေး နိုင်တဲ့ နိုင်ငံတွေကနေပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ယုံကြည်စိတ်ချရတဲ့ စီးပွားရေးကို လာရောက်ပြီး ဆောင်ရွက်ပေးနိုင်တယ်ဆိုရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါလာပြီးတော့ အဲဒီအစိုးရ လက်ထက်မှာ စီးပွားရေးတွေပြန်ပြီး ကောင်းမွန်လာနိုင်ပါတယ်။ နလန်ထူလာနိုင်ပါတယ်။ တကယ်လို့ အဲဒီလို မဟုတ်ဘဲနဲ့ တက်လာမည့် အစိုးရသည် ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကို ပြီးပြည့်စုံအောင် မဆောင်ရွက် နိုင်သေးဘူးဆိုရင်တော့ ဒီကာလက ကျနော်တို့ ထပ်မံပြီး ခက်ခဲတဲ့ကာလကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။ အစိုးရ တစ်ရပ် ပေါ်ပေါက်လာရုံနဲ့ ရွေးကောက်ပွဲပြီးသွားရုံနဲ့ တိုင်းပြည်တစ်ခုလုံး အေးချမ်းသွားမယ်၊ အဆင်ပြေသွားမယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး” ဟု ပြောသည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး နယ်မြေချဲ့ထွင်ခြင်းများလည်း ရှိနေဦးမည်ဖြစ်၍ ရွေးကောက်ပွဲ ကျင်းပခြင်းကသာ နိုင်ငံအတွက် ထွက်ပေါက်တစ်ခုဖြစ်ကြောင်း စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူလျက်ရှိပြီး မဲစာရင်းများ ပြုစုပြီးပါက ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
တရုတ်ကလည်း နစက ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3064
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အမေရိကန်၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော် မိုး တက်ရောက် ဆွေးနွေးနေကြောင်း တွေ့ရသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တက်ရောက်နေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကို တွေ့ရစဉ်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပနေပြီး အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့လ်တို့လည်း တက်ရောက် ဆွေးနွေး လျက်ရှိသည်။
အဆိုပါ အစည်းအဝေးတွင် နစကမှ ကိုယ်စားလှယ် ဦးအောင်ကျော်မိုးသည် မြန်မာကိုယ်စားလှယ် အနေဖြင့် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1571
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
အာဆီယံရေတပ်ဦးစီးချုပ်များသည် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်မှာ အောက်တိုဘာ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး တက်ရောက်ရန် အာဆီယံရေတပ်အကြီးအကဲများသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံရေတပ်ဦးစီးချုပ်များ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့် နိုင်ငံများမှ ရေတပ်ဦးစီးချုပ်များ ပါဝင်ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို လိုလား ကြောင်း၊ ဆက်လက်၍ အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိဉာဥ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ခိုင်မဲအောင် တည်ဆောက် သွားကြရမည်”ဟု ပြောသည်။
ထို့နောက် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေ များ၊ အာဆီယံဒေသတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကိစ္စရပ်များ၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပူးပေါင်းဆောင်ရွက်သင့်သည့် အခြေအ နေများ၊ အာဆီယံ ရေတပ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ဆွေးနွေးသွားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1708
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
မြန်မာနိုင်ငံအနှံ့အပြား နှင့် တရုတ်နယ်စပ်အနီး တိုက်ပွဲများရပ်တန့်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တရုတ်အနေဖြင့် မည်သည့်အတိုင်းအတာထိ အရေးပါသလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များ ကြား ထောက်ပြလျက်ရှိနေသည်။
မြန်မာနိုင်ငံ၌ မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်းနှင့် သက်ဆိုင်ရာ ဘက်အသီးသီးမှ အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထား ကွဲလွဲမှုများအား ဖြေရှင်းရန် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားရန် ဆန္ဒရှိကြောင်း တရုတ်က ထုတ်ပြန်ထားသည်။
တရုတ်-မြန်မာ နယ်စပ်အနီးနှင့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေး နည်းလမ်းများ ရှာဖွေရာမှာ ဟိုင်ဂင်ကဲ့သို့ ဆွေးနွေးပွဲများကို တရုတ်ဦးဆောင်၍ လုပ်ပေးလျှင် ပြေ လည်နိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "ကျနော်ထင်တာကတော့ ပိတ်ဆို့မှုတွေတော့ရှိတယ်။ တစ်ဖက်ကလည်း သူ့သိက္ခာမထိအောင် ထိန်းသိမ်း တယ်။ ဘာပဲဖြစ်ဖြစ်တော့ ဗုံးကြဲတာလည်း နည်းသွားအောင် ပျော့ပြောင်းတဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့ လက္ခဏာ ပြရင်တော့ ထွက်ပေါက်ရသွားနိုင်ပါတယ်။ ဟိုင်ဂင်ဆွေးနွေးပွဲလိုဟာမျိုး တရုတ်ဦးဆောင်ပြီး လုပ်ပေးမယ်ဆိုရင် ကိုးကန့်ရော၊ ပလောင်ရော၊ “ဝ”ရော ပါဝင်တက်ရောက်ပြီးတော့ ညှိနှိုင်းမယ်ဆိုရင်တော့ ကျနော်ထင်တယ် ပြေလည်ရာပြေနိုင်ကြောင်း ဖြစ်နိုင်ပါတယ်။ အဲဒီ ဆွေးနွေးပွဲ ညှိနှိုင်းပွဲ မရှိဘဲနဲ့တော့ သူ့မာန ကိုယ်မာနနဲ့ လုပ်နေ ရင်တော့ ကြားက ဒီပြည်သူတွေပေါ့ဗျာ၊ အောက်ခြေ လူတန်းစားတွေကျတော့ နစ်နာဆုံးရှုံးမှာပေါ့။ ဒါကြောင့် တရုတ်ရဲ့ ဖိအားလို့ဆိုပေမဲ့ တရုတ်ကလည်း သူ့စီးပွားရေးလမ်းကြောင်း ပိတ်နေတာ ကြာပြီဆိုတော့ သိပ်မကြိုက် ချင်တဲ့ သဘောတော့ရှိတာပေါ့။ ဒါကြောင့် နှစ်ဦးနှစ်ဖက် ပြေလည်ရာ ပြေလည်ကြောင်းတော့ နည်းနာရှာရမှာပေါ့ ဗျာ။ အဲဒီလို ဖြစ်သွားနိုင်မယ်လို့ ထင်ပါတယ်ဗျ။ ခေါင်းဆောင်တွေကတော့ ဦးနှောက်ရှိကြပါတယ်။ သူတို့အနေနဲ့ ကိုယ့်ရဲဘော်လည်း မနာအောင် အောက်ခြေလည်း မနာအောင်။ နောက် ကိုယ်လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး တချို့ကိုလည်း ရရှိနိုင်တယ်။ အာမခံချက်ရှိတယ်ဆိုရင် သူတို့ ဒီဆွေးနွေးပွဲ ပြန်ဝင်နိုင်ပါတယ်။ ဝင်နိုင်တယ် ဝင်လိမ့်မယ်လို့လည်း ကျနော်ယူဆတယ်” ဟုပြောသည်။

UWSA – NDAA- MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်
လက်နက်ကိုင်တပ်ဖွဲ့များအပေါ် တရုတ်သြဇာသည် အပြည့်အဝ မသက်ရောက်သော်လည်း လက်နက်ခဲယမ်း၊ ဆေးဝါး၊ ရိက္ခာ၊ စက်သုံးဆီ အစစအရာရာသည် တရုတ်အား ကျောထောက်နောက်ခံ ပြုနေရသောကြောင့် ရေရှည် ဆိုလျှင် တရုတ်နှင့် ကင်းကွားပြီး ရပ်တည်၍မရနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တရုတ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း တိုက်ပွဲများဖော်ဆောင်နေသော TNLA ကို တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်၊ မရပ်တန့်ပါက အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း စာပို့သတိပေးခဲ့သည်။
ထို့နောက် လားရှိုးမြို့ကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုလည်း လားရှိုးကနေ ဆုတ်ခွာရန်နှင့် တိုက်ပွဲများ ရပ်တန့်ရန်၊ မြန်မာ့တပ်မတော် ပြိုကွဲအောင်မလုပ်ရန်၊ တရုတ်၏ သဘောထားကို လက်မခံပါက အရေးယူမည်ဖြစ်ကြောင်း တရုတ်ဘက်က သတိပေးထားသည်။
MNDAA အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မပူးပေါင်းတော့သလို အပစ်အခတ်ရပ်စဲပြီး တရုတ် နိုင်ငံဖြင့် ပူးပေါင်းကာ ပဋိပက္ခများအား နိုင်ငံရေး တွေ့ဆုံဆွေးနွေးသော လမ်းစဥ်ဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မစ္စတာ တိန့်ရှီကျင်းကို တွေ့ရစဥ်
တရုတ်၏ မူဝါဒများအား သဟဇာတ မဖြစ်နိုင်လျှင်ပင် ပဋိပက္ခမျိုး၊ ဆန့်ကျင်သော သဘောမျိုးဖြစ်၍ မရကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "သူတို့ ပိတ်ရတာကလဲ အကြောင်းတွေရှိမှာပေါ့ဗျာ၊ နိုင်ငံရေးအကြောင်းတွေ ဘာတွေ။ အဲတော့ တရုတ် ဘက်ကလည်း စစ်ကောင်စီရဲ့ တောင်းဆိုချက်တွေကို တစ်စုံတစ်ရာ လိုက်လျောတာတွေလည်း ရှိနိုင်တာပေါ့ဗျာ။ ကျမတို့ဘက်ကလည်း ကျမတို့ ဒီတော်လှန်ရေးဘက်ကလည်း တရုတ်ရဲ့ ဟိုတလောက ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဧရာဝတီနဲ့ ပြောတဲ့ထဲမှာ တစ်ခုပါတယ်၊ ကျနော်တို့အနေနဲ့ တရုတ်ရဲ့ မူတွေနဲ့ သဟဇာတ မဖြစ်ရင်တောင် တရုတ် ရဲ့ မူတွေကိုတော့ ပဋိပက္ခဖြစ်လို့ မဖြစ်ဘူးဆိုတာ အမှန်ပဲဗျ။ ဘာလို့ဆို ကျမတို့နိုင်ငံလေးက ဘယ်လိုခေါ်မလဲ တကယ့်ကို ကျဆုံးနိုင်ငံ ဖြစ်မတတ်ဖြစ်နေတာကိုနော်။ မညီမညွတ်နဲ့ စစ်တပ်ကြောင့်ဖြစ်နေတာ။ အဲတော့ အဲဒီဟာကို တရုတ်ကို အာခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တရုတ်ကပြောလာရင် တစ်စုံတစ်ရာ လိုက်နာရတာလေးတွေ ဘာလေးတွေ ရှိကောင်းရှိနိုင်တာပေါ့ဗျာ။ ဥပမာအားဖြင့် ကိုးကန့်က ထုတ်တဲ့ ထုတ်ပြန်ချက်ပဲကြည့်ပေါ့၊ ဟုတ်တယ်မလား။ အဲတော့ ဒါမျိုးတွေကတော့ ကျမတို့ ရင်ဆိုင်ပြီးတော့ ရတဲ့နည်းနဲ့ ကျော်ရမှာပဲလေနော်" ဟု ပြောသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အခြားဒေသများရှိ တရုတ်စီမံကိန်း ၁၉ ခုအနက်မှ ၁၀ ခုအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAOs နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များက အပြည့်အဝ ထိန်းချုပ်ထားကြောင်း မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ ISP-Myanmar က သြဂုတ် ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်တို့ မှာ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်(EAOs)များ၊ PDF များဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3711
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များ အပါအဝင် ဆက်စပ်သူများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်၊ အနောက်အုပ်စုနိုင်ငံများသို့ ခရီးသွားခြင်းနှင့် ဆက်ဆံမှုများ မပြုလုပ်ရန် ကိုးကန့်တပ်ဖွဲ့(MNDAA)က တားမြစ်ကြောင်း အောက်တိုဘာ ၉ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
မကြာသေးမီးက မြန်မာ့ပြည်တွင်းရေးတွင် ပြည်ပတပ်ဖွဲ့ဝင်များ ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေကြောင်း သတင်း ရရှိပြီး အမျိုးသားရေး အခြေအနေသည် ရလဒ်အဖြစ် ပြင်းထန်ပြီးကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ရနိုင် သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ရနိုင်သည်ဟုဆိုထားသော်လည်း မည်သည့် အပြောင်းအလဲများဖြစ်နိုင် သည်ကိုတော့ ဖော်ပြထားခြင်း မရှိသလို ပြည်ပတပ်ဖွဲ့များ ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေသည်ဟုဆိုတာမှာ လည်း မည်သည့် ပြည်ပတပ်ဖွဲ့ကို ရည်ညွန်းကြောင်း ဖော်ပြထားခြင်း မရှိပေ။

MNDAA ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
MNDAA က “ လက်ရှိ ရှုပ်ထွေးနေသော ပြည်တွင်းအခြေအနေအရ ကျွနှ်ပ်တို့ပါတီနှင့် တပ်မတော်ကို ပြင်ပ အင်အားစုများက အတင်းအကြပ် အသုံးမပြုစေရန်နှင့် မလိုလားအပ်သော အငြင်းပွားမှုများနှင့် ပဋိပက္ခများတွင် ပါဝင်ခြင်းမှ ကာကွယ်ရန်အတွက် ကျွနှ်ပ်တို့ပါတီ၊ အစိုးရနှင့် တပ်မတော်နှင့်ဆက်စပ်နေသော ပုဂ္ဂိုလ်များအနေဖြင့် အောက်ပါအချက်များကို လိုက်နာရမည်”ဟု ထုတ်ပြန်ခဲ့သည်။
(၁) ခွင့်ပြုချက်မရှိဘဲ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အမေရိကန်၊ အနောက်နိုင်ငံများသို့ ခရီးသွားခြင်းကို တားမြစ် ထားသည်၊(၂) ခွင့်ပြုချက်မရဘဲ၊ တပ်ဖွဲ့ဝင်များနှင့်ဆက်စပ်သူများသည် မြန်မာနိုင်ငံဆိုင်ရာကိစ္စရပ်များနှင့် ပတ် သက်သည့် နိုင်ငံတကာ ညီလာခံများအားလုံးတွင် ပါဝင်ခြင်းမပြုရန် တားမြစ်ထားသည်၊ (၃) ခွင့်ပြုချက်မရှိဘဲ၊ သင်သည် အမေရိကန်ပြည်ထောင်စုနှင့် အနောက်တိုင်း မီဒီယာများမှ သတင်းထောက်များနှင့် တွေ့ဆုံ မေးမြန်း မှုများကို လက်ခံခြင်းအား တားမြစ်ထားပြီ ယခုနှစ်တွင် နိုင်ငံခြားမီဒီယာများမှ အင်တာဗျူးများကို လက်ခံမည် မဟုတ်ကြောင်း၊ (၄) ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံအခြေအနေအပေါ် ပုဂ္ဂလိကနှင့် အဖွဲ့အစည်း အမည်ဖြင့် ရပ် တည်ချက်များနှင့် သဘောထားများကို ဖော်ပြခြင်းကို တားမြစ်ထားသည်ဟု ထုတ်ပြန်ခဲ့သည်။
MNDAA သည် အမေရိကန်နှင့် အနောက်အုပ်စု ကျောထောက်နောက်ခံဖြင့် မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ် ချရေး ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များဖြင့် မဟာမိတ်လုပ်ကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခြင်းနှင့် မြို့များသိမ်းပိုက်ခြင်းကို ဖော်ဆောင်နေသည်။

MNDAA နဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုတွေ့ရစဉ်
၂၀၂၇ စစ်ဆင်ရေးဟုဆိုကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ပထမတစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ စတင်ကာ ယနေ့(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ)အထိ ဒုတိယအကြိမ်အဖြစ် ဖော်ဆောင်၍ ရှမ်းပြည်နယ်မြောက် ပိုင်းအတွင်းက လားရှိုးမြို့နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ခဲ့သည်။
အလားတူ လောက်ကိုင်၊ ကုန်ကြမ်း၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီ တို့ကိုလည်း သိမ်းပိုက်ထား သည်။
အဆိုပါ စစ်ဆင်ရေးများ ဖော်ဆောင်နိုင်ရန်အတွက် အမေရိကန်နိုင်ငံထံမှ ငွေကြေးအထောက်အပံ့များ ရရှိခဲ့သည် ဟု နစကဘက်က ထုတ်ပြန်ခဲ့သည်။
တရုတ်အစိုးရကလည်း MNDAA အား အာဆီယံနိုင်ငံများ၊ အမေရိကန်၊ အနောက်အုပ်စုများနှင့် မဆက်ဆံရန် အပါအဝင် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန် ဖိအားပေးလျက်ရှိနေသည်။
