CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၅

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ လာအိုနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် H.E.Mr. Alounkeo Kittikhoun(မစ္စတာ အာလွန်ကဲအို ကစ်တီကွန်) နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၁၅ ရက်နေ့က နေပြည် တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ်မှာ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Hourn လည်း ပါဝင်ခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် လက်ရှိမြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်နေမှု အခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်မှုအခြေအနေများ၊ ငြိမ်း ချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။