- By CNI
- Category: နိုင်ငံရေး
- Hits: 843
CNI International News
ကိယက်ဗ်၊ ဇူလိုင် ၂၄
ဇူလိုင် ၂၃ ရက်က ယူကရိန်း၏ အိုဒက်ဆာ(Odesa)မြို့ကို ရုရှားက ဒုံးကျည်များ ပစ်ခတ်၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့်အတွက် ရုရှားကို လက်တုံ့ပြန်မည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး( Volodmyr Zelensky)က ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူနက်စကို စာရင်းဝင် အော်သိုဒေ့ါစ်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့သည်။
ရုရှားသမ္မတ ပူတင်(Putin)သည် ၎င်း၏ မဟာမိတ် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို(Alexander Lukashenko)နှင့် မတွေ့ဆုံမီ နာရီပိုင်းအလိုတွင် ပင်လယ်နက် စပါးတင်ပို့ရေး သဘောတူညီချက်မှ နုတ်ထွက် ခဲ့ပြီးနောက်ပိုင်း ရုရှားတပ်များ အဆက်မပြတ် တိုက်ခိုက်နေသည့် အိုဒက်ဆာ ဆိပ်ကမ်းမြို့တွင် အဆိုပါ တိုက်ခိုက် မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၂ ဦး ဒဏ်ရာရခဲ့ပြီးနောက် ရုရှားကို တုံ့ပြန်တိုက်ခိုက်မည်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြောကြားခဲ့သည်။
"ငြိမ်းချမ်းနေတဲ့ မြို့တွေ၊ လူနေ အဆောက်အအုံတွေနဲ့ ဘုရားကျောင်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အိုဒက်ဆာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုတွေအတွက် မဖြစ်မနေ လက်တုံ့ပြန်သွားမှာပါ"ဟု ၎င်းက ပြော သည်။

အော်သိုဒေ့ါစ်ဘုရားကျောင်း တိုက်ခိုက်ခံရလို့ ပျက်စီးသွားစဉ်
သမိုင်းဝင် အိုဒက်ဆာမြို့ရှိ ယူနက်စကို၏ အကာအကွယ်အောက်တွင် ရှိနေသည့် Orthodox Savior and Transfiguration Cathedral ဖျက်ဆီးခံခဲ့ရခြင်းသည် မည်သည့်အခါမျှမေ့ပစ်စရာ၊ ခွင့်လွှတ်စရာ မရှိသည့် ရာဇဝတ်မှု ဖြစ်သည်ဟုလည်း ယူကရိန်းဘက်က ပြောသည်။
တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ဘုရားကျောင်းထဲတွင် ရှိနေသူများ အသက်ရှင် လွတ်မြောက်ခဲ့သည်ဟု အဆိုပါ ဘုရားကျောင်းမှ ခရစ်ယာန် ဂိုဏ်းထောက် ဘုန်းတော်ကြီး အန်ဒရီ ပယ်လ်ချော့ခ်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
ရုရှားအစိုးရကမူ အိုဒက်ဆာမြို့ တိုက်ခိုက်မှုတွင် ရည်ရွယ်ထားသည့်် ပစ်မှတ်များ အားလုံးကို ထိမှန်ခဲ့ကြောင်း၊ ထို ပစ်မှတ်များသည် ရုရှားကို ဆန့်ကျင်သည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် အသုံးပြုသော စခန်း များ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ရုရှား၏ ကျူးကျော်မှု စတင်ခဲ့ချိန်ကတည်းက အိုဒက်ဆာမြို့သည် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ဇန်နဝါရီလတွင် ယူနက်စကိုက အိုဒက်ဆာမြို့ကို သမိုင်းဝင်နေရာ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

ပူတင်နဲ့ လူကာရှန်ကို ကိုတွေ့ရစဉ်
ပြီးခဲ့သည့်နှစ်က ရုရှား-ယူကရိန်း-တူရကီနှင့် ကုလသမဂ္ဂတို့အကြား သဘောတူထားသည့် ယူကရိန်း၏ ဂျုံ-စပါး တင်ပို့ရေး သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး ကတည်းက ရုရှားသည် တိုက်ခိုက်မှုများကို အရှိန်မြှင့်ခဲ့သည်။
ထို့နောက် ရုရှားအစိုးရသည် ပင်လယ်နက်တွင် ယူကရိန်း၏ ဂျုံ-စပါးတင်ပို့သည့် ဆိပ်ကမ်းများထံ သွားရောက် ဆိုက်ကပ်မည့် မည်သည့် သင်္ဘောကိုမဆို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မည်ဟု ကြေညာခဲ့သည်။
ယူကရိန်းကမူ ရုရှားသည် ယူကရိန်း၏ ဂျုံ-စပါးများ တင်ပို့ရေးအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံ အဆောက် အအုံများနှင့် ဂျုံ-စပါးတင်ပို့မှုများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 831
CNI International News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄
IS အဖွဲ့ ခေါင်းဆောင်များ အာဖဂန်သို့ ပို့ခံရဟု အီရန်က ပြောကြားခဲ့သော်လည်း တာလီဘန်များဘက်က ငြင်းခဲ့ ကြောင်း အယ်ဂျာဇီးလ်ယားမှ ရေးသားဖော်ပြခဲ့သည်။
မကြာသေးခင် လများအတွင်းက အီရတ်၊ ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံတို့မှ IS စစ်သွေးကြွအဖွဲ့၏ ခေါင်းဆောင် များသည် အာဖဂန်နစ္စတန်သို့ ပို့ဆောင်ခံခဲ့ရသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အမီရာဒိုလာဟီအန် (Hossein Amirabdollahian)က ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီရန်နိုင်ငံပိုင် ရုပ်သံမှ ပြောကြားခဲ့သည်။
"ဒါက တာလီဘန်တွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ISIS အဖွဲ့နှင့် ဆက်နွှယ်မှုရှိသည့် ခိုရာဆန်ပြည်နယ်မှ ISIS-K နှင့် ISKP အဖွဲ့သည် တာလီဘန် အာဏာပိုင်များ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ခဲ့ပြီး အာဖဂန်နစ္စတန်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများသည် ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ISIS စစ်သွေးကြွအဖွဲ့၏ ခေါင်းဆောင်များ အာဖဂန်နစ္စတန်သို့ ပို့ဆောင်ခံခဲ့ရသည်ဆိုသည့် အီရန်နိုင်ငံခြားရေးဝန် ကြီး၏ ပြောကြားချက်ကို တာလီဘန်အဖွဲ့က ငြင်းသည်။
"အီရန်အနေနဲ့ Daesh အဖွဲ့ဝင်တွေ အာဖဂန်နစ္စတန်ကို လွှဲပြောင်းပို့ဆောင်ခံခဲ့ရတဲ့ ထောက်လှမ်းရေး သတင်း တွေ ရှိမယ်ဆိုရင် သူတို့ (အီရန်) အဲဒီသတင်းတွေကို မျှဝေပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒါမှ အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေဟာ လိုအပ်တာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်" ဟု တာလီဘန် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ ကာဟာ ဘယ်လ်ခီ(Abdul Qahar Balkhi)က ISIS အဖွဲ့၏ အာရဗီ အမည်ကို အသုံးပြုပြီး Twitter လူမှုမီဒီယာတွင် ဇူလိုင် ၂၂ ရက်က ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အမီရာဒိုလာဟီအန်ကို တွေ့ရစဉ်
ထို့နောက် "အာဖဂန်နစ္စတန် အစ္စလာမ်မစ် စော်ဘွားနိုင်ငံဟာ သိမ်းပိုက်ခံထားရတဲ့ အချိန်မှာရော သိမ်းပိုက်ခံရမှု အဆုံး သတ်တဲ့ အချိန်မှာပါ IS အဖွဲ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။
အီရန်အာဏာပိုင်များ အနေဖြင့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ပြဿနာများအပေါ် တိကျခိုင်မာသည့် ရပ်တည် ချက်မျိုး ထားရှိရန်လည်း ဘယ်လ်ခီက တိုက်တွန်းခဲ့သည်။
ထို့ပြင် တာလီဘန်အစိုးရသည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မိမိတို့နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်ခွင့် သို့မဟုတ် မိမိတို့နိုင်ငံ နယ်နိမိတ်ကို အသုံးပြုပြီး အခြားသူများကို ဆန့်ကျင်တိုက်ခိုက်ခွင့် ပြုမည်မဟုတ်ကြောင်း ဘယ်လ်ခီက အခိုင်အမာ ပြောကြားခဲ့သည်။

ISKP အဖွဲ့ကိုတွေ့ရစဉ်
တာလီဘန်အစိုးရအဖွဲ့ကို အင်အားချိနဲ့စေရန် လုပ်ဆောင်သည့် ISIS-K အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ဟာဇာရမ် လူနည်းစု(Hazara community) အဖွဲ့ဝင်များနှင့် ပြည်ပနိုင်ငံသားများ အပါအဝင် လူပေါင်းရာချီ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သည်။
ထိုလက်နက်ကိုင်အဖွဲ့သည် ယခုလအတွင်း နိုင်ငံ အရှေ့မြောက်ပိုင်း ဘာဒက်ခ်ရှန်(Badakhshan)ပြည်နယ်၏ ယာယီအုပ်ချုပ်ရေးမှူးနှင့် မတ်လက နိုင်ငံမြောက်ပိုင်း ဘာ့ခ်(Balkh)ပြည်နယ် အုပ်ချုပ်ရေမှူးတို့ အပါအဝင် တာလီဘန်အစိုးရ အရာရှိများကိုလည်း သတ်ဖြတ်ခဲ့သည်။
တာလီဘန် အစိုးရအဖွဲ့ကတော့ ပြည်နယ်အချို့တွင် ISKP အဖွဲ့၏ ခြေကုပ်စခန်းများကို ဝင်ရောက်စီးနင်းပြီး ISKP အဖွဲ့ဝင်များအား လိုက်လံနှိမ်နင်းလျက် ရှိသည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 682
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၂
ယခင်က ဖွဲ့စည်းပုံရေးဆွဲရေး ဥက္ကဋ္ဌဟောင်း တစ်ယောက်ဖြစ်သည့် ဘိုဝင်ဆတ် အူဝမ်နို (Borwornsak Uwanno)က ဝန်ကြီးချုပ်ရာထူးအတွက် Move Forward ပါတီမှ ခေါင်းဆောင်ဖြစ်သူ ပီတာလင်ဂျာရိုရတ်ကို ထပ်မံ အဆိုတင်သွင်းမှုအား လွှတ်တော်က ပယ်ချကြောင်း ဆုံးဖြတ်လိုက်ခြင်းသည် ဖွဲ့စည်းပုံဥပဒေနှင့် မညီကြောင်း ထောက်ပြလာသည်။
ဥပဒေရေးရာ ကျွမ်းကျင်သူ မစ္စတာဘိုဝမ်ဆတ်က အချိန်မီ ဆုံးဖြတ်ချက် ထွက်လာဖို့ ဖွဲ့စည်းပုံခုံရုံးသို့ တစ်ယောက်ယောက်က အယူခံဝင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့သည်။

“ဖွဲ့စည်းပုံက ဝန်ကြီးချုပ် ရွေးချယ်မှုကို အတိအကျ သတ်မှတ်ပြဋ္ဌာန်း ထားတယ်ဆိုပေမယ့််လည်း ဒီအခြေအနေ မှာ လွှတ်တော်ကျင့်ထုံးကို ဆွဲသုံးလာတာက ဖွဲ့စည်းပုံကို ချိုးဖောက်လိုက်တာပါပဲ။ ထိုင်းနိုင်ငံအတွက်တော့ စိတ် မကောင်းစရာပဲ” ဟု မစ္စတာဘိုဝမ်ဆတ်က ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။
ယခု ဖျက်သိမ်းလိုက်ပြီ ဖြစ်သည့် ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သည့် မစ္စတာ ဘိုဝမ်ဆတ်က မစ္စတာပီတာ၏ ပြန်လည် အဆိုတင်မှုကို ကန့်ကွက်မဲပေးသော အမတ်များကိုလည်း စိတ်ပျက်မိကြောင်း ပြော ကြားခဲ့သည်။
“အတိုက်အခံဘက်က နေတယ်ဆိုပေမယ့်လည်း မှန်ရာကို လုပ်ဖို့ဆိုရင် အရပ်အသွားကိုတော့ နားလည်သင့် တယ်”ဟု ၎င်းက ရေးသားခဲ့သည်။
သို့သော် လွှတ်တော်၏ ဆုံးဖြတ်ချက်မှာ နောက်ဆုံး မဟုတ်သေးကြောင်း မစ္စတာ ဘိုဝမ်ဆတ်က ပြောသည်။

အခွင့်အရေး ချိုးဖောက်ခံရသည့် မည်သူမဆို လွှတ်တော် ဆုံးဖြတ်ချက်က ဖွဲ့စည်းပုံနှင့် ဆန့်ကျင်နေသည်ဆိုပါက အယူခံဝင်နိုင်ကြောင်း၊ ထိုအယူခံကိုမှ ဖွဲ့စည်းပုံခုံရုံးသို့ မတင်ခဲ့လျှင် ထိခိုက်နစ်နာသူက ရုံးတော်သို့ တိုက်ရိုက် အယူခံ တင်နိုင်သေးကြောင်း ၎င်းက ပြောသည်။
“လွှတ်တော်ရဲ့ လုပ်ရပ်က ဖွဲ့စည်းပုံကို ချိုးဖောက်မလားဆိုတာ စောင့်ကြည့်ဦးမယ်”ဟု ဖွဲ့စည်းပုံဥပဒေ ပါမောက္ခ တစ်ယောက်ဖြစ်သည့် မစ္စတာဘိုဝမ်ဆတ်က ရေးသားခဲ့သည်။
“ဒီကိစ္စကို ဖွဲ့စည်းပုံခုံရုံးက ဘယ်လို ဆုံးဖြတ်မလဲ ကျနော် စောင့်ကြည့်ဦးမယ်။ ဖွဲ့စည်းပုံဥပဒေ ဘာသာရပ်ကို သင်ကြားပို့ချလာခဲ့တာ နှစ်ပေါင်း ၃၀ ရှိနေပြီ။ အခုတော့ ဆက်သင်သင့် မသင်သင့် စဉ်းစားရတော့မယ်”ဟု ၎င်းက ရေးသားသည်။
သူ့ပို့စ်ကို ဖေ့စ်ဘုတ်တွင် အုန်းအုန်းကြွက်ကြွက် ဖတ်ရှုကြရာ ဇူလိုင် ၂၀ ရက်နေ့ ညနေ ၄ နာရီအထိ မျှဝေသူ ၈၁၀၀ အထိ ရှိခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1013
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂၂
အမေရိကန်မှ ထောက်ပံ့သည့် အငြင်းပွားဖွယ်ရာ ဗုံးတွဲ (cluster munitions)များကို ယူကရိန်းတပ်ဖွဲ့များက ရုရှားကျူးကျော်မှုကို တန်ပြန်ထိုးစစ်ဆင်ရာတွင် ထိရောက်စွာ အသုံးချနေသည်ဟု အမေရိကန်၏ အကြီးတန်း ကာကွယ်ရေးအရာရှိတစ်ဦး၏ ပြောကြားချက်အား အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။
“ယူကရိန်းတွေဆီက သတင်းပြန်ကြားရတယ်။ သူတို့က ဗုံးတွဲတွေကို ထိထိရောက်ရောက် အသုံးပြုနေတာပဲ”ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ(John Kirby)က ပြောသည်။
နိုင်ငံပေါင်း ၁၂၀ ကျော်က ပိတ်ပင်တားမြစ်ထားသည့် အဆိုပါ ဗုံးတွဲများမှာ ရုရှားစစ်ကြောင်းများအပေါ် အကျိုး သက်ရောက်မှု ရှိသည်ဟု ဂျွန်ကာဘီက ပြောသည်။

ယူကရိန်းနိုင်ငံအတွင်းမှာတွေ့ရတဲ့ ဒုံးကျည်အခွံ
ဝါရှင်တန်ပို့စ် သတင်းစာက အမည်မဖော်ပြသည့် ယူကရိန်း သတင်းရင်းမြစ်ကို ကိုးကားဖော်ပြရာတွင် ယူကရိန်း တပ်ဖွဲ့၏ နွေရာသီထိုးစစ်ကို နှောင့်နှေးစေသော အခိုင်အမာကာထားသည့် ရုရှားတပ် စခန်းများကို အမေရိကန် ထောက်ပံ့ပေးသည့် ဗုံးတွဲများဖြင့် တိုက်ခိုက်နေသည်ဟု ဆိုသည်။
ယူကရိန်း၏ တန်ပြန်ထိုးစစ်မှာ နှေးကွေး ခက်ခဲလိမ့်မည် ဖြစ်သော်လည်း ရုရှားတပ်ဖွဲ့များကို စစ်မြေပြင်တွင် အသာစီး မရအောင် တားဆီးထားနိုင်သည်ဟု ယူကရိန်း၏ သမ္မတအကြံပေး မစ်ခေးလို ပိုဒိုလက် (Mykhailo Podolyak)က ပြောသည်။

ယူကရိန်းနိုင်ငံအတွင်းမှာတွေ့ရတဲ့ ဒုံးကျည်အခွံ
ထို့နောက် နိုင်ငံအတော်များများမှ ပိတ်ပင်ထားသည့် ဗုံးတွဲများကို စစ်မြေပြင်တွင် အသုံးပြုနေခြင်းကြောင့် အမေရိကန်နှင့် ယူကရိန်းသည် နိုင်ငံတကာ၏ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုကို ခံနေရသည်။
ရုရှားက ဗုံးတွဲများကို တရားလွန် အသုံးပြုသောကြောင့် အရပ်သား အများအပြား သေဆုံးထိခိုက်ရသလို ယူကရိန်း ဘက်ကလည်း ရုရှားသိမ်းပိုက်ထားသည့် အစ်ယမ်မြို့ကို ဒုံးကျည်များ၊ ဗုံးတွဲများဖြင့် တိုက်ခိုက်ခြင်းကြောင့် အရပ် သား အနည်းဆုံး ၈ ဦးသေဆုံးပြီး ၁၅ ဦးကျော် ဒဏ်ရာရခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကြီးက ယခုလ အစောပိုင်းတွင် ပြောကြားထားသည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 676
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၂
ဖြူးထိုင်းပါတီကို အစိုးရဖွဲ့စည်းရာတွင် ခေါင်းဆောင်ခွင့်ပြုခဲ့သလို ဝန်ကြီးချုပ်လောင်း ရွေးချယ်ခံနိုင်ရန်အတွက် လည်း Move Forward Party(MFP)က နောက်ဆုတ်ပေးရန် ဆုံးဖြတ်လိုက်ကြောင်း MFP ၏ အထွေထွေအတွင်း ရေးမှူး ချိုင်သာဝပ် တူလသွန် (Chaithawat Tulathon)က ဇူလိုင် ၂၁ ရက်တွင် ကြေညာခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အမတ် အရေအတွက်အားဖြင့် ကြည့်လျှင် MFP နှင့် ဖြူးထိုင်းတို့သည် ပထမနှင့် ဒုတိယ နေရာအဖြစ် အသီးသီး အနိုင်ရထားသည်။
ထို့နောက် အစိုးရသစ်ကို အစိုးရဟောင်းအုပ်စုနှင့် ပတ်သက်ခြင်းမရှိသည့် ပါတီများဖြင့် ဖွဲ့စည်းစေလိုသော လူထု၏ဆန္ဒကို ရှေးရိုးစွဲအုပ်စုများနှင့် ၎င်းတို့၏ မဟာမိတ်များက MFP ကို အစိုးရမဖွဲ့နိုင်အောင် တားဆီး ပိတ်ပင်ခဲ့ကြကြောင်း မစ္စတာချိုင်သာဝပ်က ပြောသည်။
သို့သော် MFP ၏ အဓိက ရည်မှန်းချက်မှာ ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ် ဝန်ကြီးချုပ်ဖြစ်ရေး မဟုတ် ကြောင်း ၎င်းက ပြောသည်။

MFP ၏ အထွေထွေအတွင်းရေးမှူး ချိုင်သာဝပ်တူလသွန်ကို တွေ့ရစဉ်
“ကျနော်တို့ရဲ့ ရည်မှန်းချက်က (၈)ပါတီ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာအရ ဒီမိုကရေစီ ဘက်တော်သားတွေနဲ့ အစိုးရဖွဲ့ဖို့ပါပဲ”ဟု မစ္စတာချိုင်သာဝပ်က ပြောသည်။
မစ္စတာပီတာသည် ဝန်ကြီးချုပ်ရာထူးအတွက် နှစ်ကြိမ်တိုင်တိုင် ပိတ်ပင်ခံရသောကြောင့် MFP က ဖြူးထိုင်းကို အခွင့်အရေးပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဇူလိုင် ၂၇ ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ် ပူးတွဲလွှတ်တော်တွင် MFP က ဖြူးထိုင်းပါတီမှ ဝန်ကြီးချုပ် လောင်း တစ်ယောက်ကို အဆိုပြုမည် ဖြစ်သလို ဖြူးထိုင်းပါတီကလည်း ၎င်းတို့ ရွေးချယ်ထားသည့် ဝန်ကြီးချုပ် လောင်းအား အဆိုပြုနိုင်ကြောင်း မစ္စတာချိုင်သာဝပ်က ပြောသည်။
ပြီးခဲ့သည့် နှစ်လတာ အတောအတွင်းမှာ ရှေးရိုးစွဲဖက်ခြမ်းမှ နည်းအမျိုးမျိုးသုံး၍ MFP ကို အစိုးရမဖွဲ့နိုင်အောင် နှောင့်ယှက်နေခဲ့သည်ဟု MFP ၏ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာချိုင်သာဝပ်က ပြောသည်။
ရှေးရိုးစွဲများက တော်ဝင်အဖွဲ့အစည်းကို သစ္စာစောင့်သိဟန်ဖြင့် ဘုရင်အားစော်ကားမှုကို တားမြစ်သည့်ဥပဒေ ပုဒ်မ ၁၁၂ ကို ကျယ်ကျယ်ပြန့်ပြန့်သုံးကာ ပါတီ၏ နိုင်ငံရေးအခွင့်အရေးများအား ဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် MFP ကို ဥပဒေကြောင်းအရ စွဲချက်များ တင်လာခဲ့သည်ဟု ၎င်းက ပြောသည်။

ဖြူးထိုင်းနဲ့ MFP ပူးတွဲသတင်းစာ ရှင်းလင်းပွဲကိုတွေ့ရစဉ်
အထက်လွှတ်တော် အမတ်အများစုမှာ လူထုဆန္ဒကို ဆန့်ကျင်မဲ ပေးခဲ့ကြရုံမက မစ္စတာပီတာကို ဒုတိယအကြိမ် အဆိုမတင်နိုင်အောင် လွှတ်တော်အစည်းအဝေး ကျင့်ထုံးကို လိုရာဆွဲသုံး၍ ဖွဲ့စည်းပုံကို ချိုးဖောက်ခဲ့ကြသည်ဟု မစ္စတာချိုင်သာဝပ်က ပြောကြားသည်။
“Move Forward ပါတီက ခိုင်မာတဲ့ ရပ်တည်ချက်ရှိပါတယ်။ ဦးကြီးတွေမရှိခဲ့ရင် ကျနော်တို့လည်း ရှိမလာဘူးပေါ့။ (ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ဒုဝန်ကြီးချုပ် ပရာဝပ်ဝမ်ဆူဝန်တို့ကို ရည်ညွှန်းသည်) ကျနော်တို့ ရပ်တည် ချက်ကိုလည်း လူသိရှင်ကြား ကြေညာခဲ့သလို၊ ပြည်သူကို ပေးထားတဲ့ ကတိကဝတ်ကိုလည်း မချိုးဖောက်နိုင် ပါဘူး။ ပါတီဖျက်သိမ်း ခံရနိုင်ခြေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ သတိမထားလို့ မရပါဘူး။ ဘာ့ကြောင့်လဲဆို တော့ ထိုင်းနိုင်ငံမှာ ပုံမှန်တရားရေးစနစ် မရှိဘူးဆိုတာ သိသာထင်ရှားနေလို့ပါပဲ”ဟု ၎င်းက ပြောသည်။
ထို့နောက် ပြည်သူလူထုကို တောင်းပန်ပါကြောင်း၊ သူတို့က Move Forward ပါတီကို အစိုးရအဖွဲ့မှာ အဓိက ထောက်တိုင် မဖြစ်စေချင်ကြကြောင်း၊ မစ္စတာပီတာ ဝန်ကြီးချုပ်မဖြစ်လို့ အစိုးရသစ်ဖွဲ့ပြီး ဟောင်းနွမ်းသည့် အာဏာအုပ်စုများကို မောင်းထုတ်ရေး မအောင်မြင်တော့ဘူးဟု မှတ်ယူ၍ မရကြောင်း မစ္စတာချိုင်သာဝပ်က ပြောသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 933
CNI International News
ဘဂ္ဂဒက်၊ ဇူလိုင် ၂၁
ဆွီဒင်နိုင်ငံတွင် ကိုရမ်ကျမ်းစာအုပ်များကို မီးရှို့လိုက်သောကြောင့် ဒေါသထွက်နေသည့် အီရတ် ဆန္ဒပြသူများက ဘဂ္ဂဒက်မြို့လယ်မှ ဆွီဒင်သံရုံးအားဝင်စီးပြီး မီးတင်ရှို့ခဲ့ကြကြောင်း အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။
ထို့နောက် နာရီပိုင်းအကြာတွင် အီရတ်အစိုးရက ဆွီဒင်သံအမတ်ကို နိုင်ငံအတွင်းကနေ နှင်ထုတ်ခဲ့သည်။
အီရတ်ဝန်ကြီးချုပ်က ဆွီဒင်မှ ၎င်း၏ လက်ထောက်သံအမတ်ကို ပြန်ခေါ်ခဲ့သည့်အပြင် ဆွီဒင် ဆက်သွယ်ရေး ကုမ္ပဏီ အဲရစ်ဆန် (Ericsson)ကိုလည်း အီရတ်မြေပေါ်တွင် လုပ်ကိုင် ခွင့်အား ဆိုင်းငံ့ထားလိုက်ကြောင်း အီရတ်နိုင်ငံပိုင် မီဒီယာမှ ဖော်ပြခဲ့သည်။
ဇူလိုင် ၂၀ ရက်နေ့ နံနက် အစောပိုင်း အချိန်တွင် သံရုံးတဝိုက်မှ ဆန္ဒပြသူများသည် အလံများ ဝှေ့ယမ်းကာ သြဇာ ကြီးမားသည့် အီရတ် ရှီးယားဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင် မူတာဒါ အယ်လ် ဆာဒါ (Muqtada al-Sadr)၏ ပုံပါသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။
ဇူလိုင် ၂၀ ရက်တွင် စတော့ဟုမ်းမှ အီရတ်သံရုံးရှေ့တွင် ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့မည့် ဒုတိယအစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ဆာဒါကို ထောက်ခံသူများက သံရုံးအား မီးရှို့ရန် လှုံ့ဆော်ခဲ့ကြခြင်းပင် ဖြစ်သည်။
ဆွီဒင်မှ ဆန္ဒပြသူများက သူတို့ခြိမ်းခြောက်ထားသလို မီးမရှို့သော်လည်း ခြေထောက်နှင့် ကန်ကျောက်၍ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် စာအုပ်မှာ ကိုရမ်ကျမ်းစာအုပ်ဖြစ်သည်ဟု အီရတ်ဆန္ဒပြသူများက ပြောကြားခဲ့ကြသည်။

ဆွီဒင်နိုင်ငံမှာ ကိုရမ်ကျမ်းကို မီးရှို့ဖို့လုပ်နေတဲ့ အီရတ်ဒုက္ခသည် ဆယ်ဝမ်မိုမီကာကို တွေ့ရစဉ်
ဘဂ္ဂဒက်မြို့ရှိ သံရုံးဝန်ထမ်းများ ဘေးကင်းကြသော်လည်း ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးရုံးကမူ ကြေညာချက်ထုတ်ပြန်ပြီး တိုက်ခိုက်မှုကို ရှုတ်ချလိုက်သည့်အပြင် အီရတ်အာဏာပိုင်များအနေဖြင့် သံအမှုထမ်း များကို ကာကွယ်ရန် လိုအပ်ကြောင်း ပြောသည်။
အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။
ဆန္ဒပြသူများကမူ နောက်ထပ် ကိုရမ်ကျမ်းကို မီးရှို့မှုများ ထပ်ဖြစ်လာခဲ့ပါက ဆက်လက် ဆန္ဒပြသွားကြရန် ဆုံးဖြတ်ထားကြသည်။
အကယ်၍ အီရတ်အစိုးရက ဆွီဒင်သံအဖွဲ့ကို ချက်ချင်း နှင်မထုတ်ပါက ကိုယ်ထိလက်ရောက် အရေးယူဖို့လည်း ပြင်ဆင်ထားကြသည်။
ဆွီဒင်မီဒီယာ သတင်းတွင်မူ ဆွီဒင်တွင် ရောက်နေသည့် အီရတ်ဒုက္ခသည် ဆယ်ဝမ် မိုမီကာက ကိုရမ်ကျမ်းစာအုပ် ကို မီးရှို့ရန်အစီအစဉ်အား ဆော်သြော်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားကြသည်။
ဆယ်ဝမ်သည် ကမ္ဘာနှင့်အဝန်း မွတ်စလင်များ၏ အထွတ်အမြတ်ဖြစ်သည့် အီးပွဲတော်အတွင်း ဇွန်လ ၂၈ ရက်နေ့ ကလည်း စတော့ဟုမ်းမှ အကြီးဆုံး ဗလီကြီးရှေ့တွင် ကိုရမ်ကျမ်း စာအုပ်တစ်အုပ်ကို မီးရှို့ခဲ့သေးသည်။

အီရတ်ရှိ ဆွီဒင်သံရုံးကို ဆန္ဒပြသူများက စီးနင်းထားစဉ်
တူရကီ၊ ယူအေအီး၊ ဂျော်ဒန်နှင့် မော်ရိုကို အပါအဝင် အခြား မွတ်စလင်နိုင်ငံများကလည်း တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြရာ အီရတ်အစိုးရကလည်း တိုက်ခိုက်မှု၏ လက်သည် တရားခံကို ရှာဖွေနေသည်ဟု ပြောသည်။
ဆွီဒင်အစိုးရက မိုမီကာကို နိုင်ငံ၏ လွတ်လပ်စွာ ပြောဆိုခွင့်နှင့်အညီ ခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် မိုမီကာကို လူမျိုးရေးဆန့်ကျင်ရန် လှုံ့ဆော်မှုဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။
မိုမီကာသည် ဗလီအနီးတွင် ကိုရမ်ကျမ်းစာအုပ်မှ စာမျက်နှာတချို့ကို မီးရှို့ခဲ့ကြောင်းလည်း ဝန်ခံအသိအမှတ် ပြုခဲ့သည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1205
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁
“ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ခေါင်းဆောင်များနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ နှစ်ဖက် ကိုယ်စားလှယ် များတွေ့ဆုံ၍ ယခင် ဆွေးနွေးပြီး သဘောတူထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များထဲမှ မပြီးသတ်သေးသည့် ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်က UWSA-SSPP-NDAA ကိုယ်စားလှယ်များကိုတွေ့ရစဉ်
UWSA ကို ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်ခဲ့သလို NDAA အား ဒုဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်ခဲ့သည်။ ထို့နောက် SSPP ကိုတော့ ဒုဥက္ကဋ္ဌ(၃) စဝ်ဆေပန်ဖ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်ခဲ့ ကြသည်။
နစကသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးနေရာကနေ ငြိမ်းချမ်းရေးညီလာခံ တစ်ရပ်ကို ကျင်းပသွားရန် နှစ်ဖက် ပြင်ဆင်နေကြကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 935
CNI International News
ဂျကာတာ၊ ဇူလိုင် ၂၁
ယခုလ နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံမတိုင်မီ ရက်ပိုင်းတွင် တရုတ်က ရှောင်တခင် အခြေအနေများကြောင့် ၎င်း၏ ကိုယ်စားလှယ်ကို ပြောင်းလဲမည်ဟု အိမ်ရှင် အင်ဒိုနီးရှားကို ပြောကြားလာခဲ့ရာ ဂျာကာတာအနေဖြင့် တက်ရောက်သူများအတွက် ရိုးရာလက်ဆောင် ရှပ်အင်္ကျီကို အလောသုံးဆယ် ပြောင်းလဲခဲ့ရသည်ဟု ရိုက်တာမှ ရေးသားခဲ့သည်။
မူလက ရောင်စုံရှပ်အင်္ကျီကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း(Qin Gang)အတွက် ရည်ရွယ်ထားခဲ့သည်။
သို့သော် ကျင်ဂန်းမှာ တစ်လနီးပါးကြာ လူမြင်ကွင်းမှ ပျောက်နေခဲ့ပြီး နောက်အပတ် တောင်အာဖရိကတွင် ကျင်းပမည့် အရေးကြီးသော နောက်ထပ် အစည်းအဝေးတစ်ခုကိုလည်း လွဲချော်ဖွယ် ရှိနေသည်။
အတိအကျ မသိရသည့် ကျန်းမာရေး ပြဿနာများကြောင့် ကျင်ဂန်း အနားယူနေကြောင်း အစိုးရက ပြောကြားပြီး ကတည်းက တရားဝင် စာမျက်နှာများပေါ်တွင်လည်း မတွေ့ရတော့သလို နိုင်ငံပိုင်မီဒီယာတွင်လည်း ပျောက်ကွယ် နေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်းနင်ကိုတွေ့ရစဉ်
ထို့ကြောင့် ခေါင်းဆောင်များ၏ ပုဂ္ဂလိကဘဝကို သိနိုင်ခဲလှသည့် တရုတ်နိုင်ငံတွင် သို့လော သို့လော ခန့်မှန်းမှုများ ထွက်ပေါ်လာနေသည်။
ကိုဗစ်ကြောင့် သီးခြားဖြစ်သွားသည့် နှစ်ကာလများပြီးနောက် ကမ္ဘာကြီးနှင့် ပြန်လည်ထိတွေ့ရန် ကြိုးစားလာ သည့် အချိန်တွင်မှ တရုတ်၏ လျှို့ဝှက်ဆုံးဖြတ်တတ်သော သဘာဝကို လေ့လာသူများနှင့် သံတမန်များကြား ယခုကဲ့သို့ သတင်းပြတ်လပ်မှုက သံသယများကို ပိုမိုကြီးထွားလာစေခဲ့သည်။
“ကျင်ဂန်း ပျောက်ကွယ်နေမှုဟာ တရုတ်ရဲ့ ဆုံးဖြတ်ချက်အပိုင်းအပေါ် မရေမရာနဲ့ ဝေခွဲမရဖြစ်စေတယ်”ဟု ဝါရှင်တန်၊ စတင်ဆန်စင်တာ၊ တရုတ်ပရိုဂရမ်ဌာန ညွှန်ကြားရေးမှူး ယွန်ဆန်းက ပြောကြားသည်။
“နိုင်ငံအဆင့် ခေါင်းဆောင် တစ်ယောက်ဟာ ဘာ့ကြောင့် မှန်းမသိရဘဲ ပျောက်နေတာဟာ တရုတ်ခေါင်းဆောင် တွေနဲ့ သူတို့ရဲ့ ရာထူးအပေါ် ယုံကြည်အားထားဖို့ ခက်ခဲစေပါတယ်” ဟု ၎င်းက ပြောသည်။

အာဆီယံအစည်းအဝေးတွင် တွေ့ရသည့် ဝမ်ယိ
ဇူလိုင် ၁၉ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန၏ နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင် ကျင်ဂန်း၏ အခြေအနေနှင့် ပြန်လည် တာဝန်ထမ်းဆောင်နိုင်မည့် အချိန်ကို မေးမြန်းရာ ပြောခွင့်ရပုဂ္ဂိုလ် မောင်းနင်(Mao Ning)က “ခင်ဗျားအတွက် ဘာသတင်းအချက်အလက်မှ မရှိပါဘူး”ဟု ဖြေကြားသွားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ကျင်ဂန်း တက်ရောက်ခဲ့ခြင်းမရှိဘဲ သူ၏အရင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဝမ်ယိ တက်ရောက် ခဲ့သည်။
ထို့နောက် ဇူလိုင် ၂၄ -၂၅ ရက်များတွင် ဂျိုဟန်နတ်စ်ဘတ်၌ ကျင်းပမည့် BRICS အစည်းအဝေးကိုလည်း တရုတ် ကိုယ်စား ဝမ်ယိပင် တက်ရောက်လိမ့်မည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 878
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၁
မီဒီယာကုမ္ပဏီ iTV မှ ရှယ်ယာများကို ပိုင်ဆိုင်ထားသောကြောင့် မေလ ၁၄ ရက် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံရန် သတ်မှတ်ချက်နှင့်ညီ/မညီ မဆုံးဖြတ်နိုင်သေးမီ ပီတာအား အမတ်အဖြစ်မှ ရပ်စဲထားရန် ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်လိုက်ပြီးနောက် ထောက်ခံသူများက အင်အားအပြည့်ဖြင့် ဆန္ဒပြစည်းရုံး ပြင်ဆင်နေကြ သည်။
ပီတာသည် လွှတ်တော်ထဲတွင် မတ်တပ်ထရပ်ပြီး ဖွဲ့စည်းပုံခုံရုံး သူ့ကို အမတ်တာဝန်မှ ရပ်စဲလိုက်သည့် စာတစ် စောင်ကို လက်ခံရရှိခဲ့ကြောင်း လွှတ်တော်ကို အသိပေး ပြောကြားလိုက်ခြင်းကြောင့် ထောက်ခံသူများက သူရဲကောင်းဆန်သည်ဟု ယူဆခဲ့ကြသည်။
လွှတ်တော်ခန်းမကို ကျောမခိုင်းမီတွင် ပီတာက ရွေးကောက်ပွဲမှာကတည်းက ထိုင်းနိုင်ငံမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း၊ Move Forward ပါတီနှင့် ၎င်း၏ ထောက်ခံသူများမှာ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရန် ခရီး တစ်ဝက် ကျိုးလာခဲ့ပြီဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
Move Forward ပါတီမှာ စစ်တပ်ကို နိုင်ငံရေးထဲမှ ထုတ်ပစ်ပြီး ဘုရင်စနစ်အား မစစ်ဆေး မဝေဖန်ရဲအောင် ကာကွယ်ထားသည့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည်ဟူသော ကတိကဝတ်များဖြင့် ရွေးကောက်ပွဲမှာ အနိုင်ရလာခဲ့ ခြင်း ဖြစ်သည်။

ပီတာ လွှတ်တော်ကနေ ထွက်သွားစဉ်
ပီတာက လက်သီးလက်မောင်းတန်းပြီး ခန်းမထဲမှ ထွက်ခွာစဉ်၊ Move Forward ပါတီမှ ၁၅၀ သော အမတ်များက ကောင်းချီး သြဘာပေးကြရာ အတော်များများမှာ မျက်ရည်များပင် စီးကျနေကြသည်။
ဖွဲ့စည်းပုံခုံရုံးက အများစုမဲဖြင့် ပီတာကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာလိုက်သောအခါ ပါလီမန်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော ပီတာကို ထောက်ခံသူများက ရှေ့တံခါးသို့ ပြေးလာကြပြီး ရဲတပ်ဖွဲ့၏ အတားအဆီးများကို ချိုးဖျက်ကာ အထဲသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။
ထို့နောက် သမ္မာဆတ်နှင့် ဆန္ဒပြမှု ညီညွတ်ရေးတပ်ဦးက ဖေ့စ်ဘွတ်ခ်မှတဆင့် ဆန္ဒပြသူများ ညနေ ၅ နာရီအချိန် ဒီမိုကရေစီ ကျောက်တိုင်တွင် စုရုံးကြရန် ဆင့်ဆိုလိုက်သည်။

ပီတာ ထောက်ခံသူများ ဆန္ဒပြနေကြစဉ်
ညနေ ၅ နာရီအချိန်တွင် လူ ၃-၄၀၀ ခန့် ဒီမိုကရေစီ ကျောက်တိုင်တွင် စုရုံးလာကြရာ “ပီတာ၊ လူထုသဘောတူတဲ့ ဝန်ကြီးချုပ်”ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာကြသည်။
ထို့နောက် ဆန္ဒပြပွဲ ခေါင်းဆောင်များက ဖွဲ့စည်းပုံခုံရုံးနှင့် ရွေးကောက်ပွဲကော်မရှင်၏ နှိပ်ကွက်မှုကို ခံနေရသည့် ပီတာအတွက် တရားမျှတမှုကို တောင်းဆိုကြသည်။
ရွေးကောက်ပွဲ အနိုင်ရသည့် Move Forward ပါတီ၏ နောက်အစိုးရကို ဦိးဆောင်နိုင်သော ဒီမိုကရေစီ အခွင့်အရေး ကို အထက်လွှတ်တော်အမတ်များက ပိတ်ဆို့သည်ဟုလည်း ဆန္ဒပြသူများက အော်ဟစ်ခဲ့ကြသည်။
Source: The Nation Thailand
