- By CNI
- Category: နိုင်ငံရေး
- Hits: 927
CNI International News
မော်စကို၊ ဇူလိုင် ၁၄
ယူကရိန်းတောင်ပိုင်းမှာ တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်သည့် ရုရှားဗိုလ်ချုပ် တစ်ယောက်က သူ့တပ်များ ရင်ဆိုင်နေရသော ပြဿနာများကို ဖွင့်ဟပြောဆိုမိသည့်အတွက် တာဝန်မှ အနားပေးခံလိုက်ရခြင်း ကြောင့် ရုရှားခေါင်းဆောင်ပိုင်း အကွဲအပြဲပေါ်လာနေသည်ဟု အေပီက ရေးသားဖော်ပြခဲ့သည်။
အလားတူ ဝဂ်နာကြေးစား စစ်တပ်အကြီးအကဲ ယက်ဂျီနီ ပရီဂေါ့ဇ်ဟင်(Yevgeny Prigozhin)၏ အခိုက်အတန့် ပုန်ကန်မှုနောက်ပိုင်း ယခုဗိုလ်ချုပ် တစ်ဦးကို ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ယူကရိန်း၏ တန်ပြန်ထိုးစစ်တွင် အချက်အခြာကျသည့် ဇာပိုရစ်ဇီယာဒေသထဲရှိ တပ်မ ၅၈ ၏တပ်မှူး ဗိုလ်ချုပ် အိုင်ဗန်န ပိုပေါ့(Maj. Gen. Ivan Popov) သည် သူ၏တပ်သားများသို့ ပြောကြားသည့် အသံဖိုင်ကို ဇူလိုင် ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။
ထို့လုပ်ရပ်က ယူကရိန်းမှ ရုရှားတပ်ဖွဲ့များအဖို့ နောက်ကျောကို ဓားနှင့်ရက်ရက်စက်စက် အထိုးခံရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
ရန်သူ၏ အမြောက်ကျည်လမ်းကြောင်းကို ခြေရာခံသည့် ရေဒါများ မရှိသည့်အတွက် ရုရှားစစ်သားများ အကျဆုံး များနေရကြောင်း သူ့တပ်ဖွဲ့များ ရင်ဆိုင်နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ပြောမိသည့်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းမှာ ဒေါသထွက်သွားခဲ့ကြောင်း ပိုပေါ့က ပြောသည်။

တပ်မ ၅၈ ၏တပ်မှူး ဗိုလ်ချုပ် အိုင်ဗန်နပိုပေါ့ကို တွေ့ရစဉ်
“ထိပ်တန်းအရာရှိတွေက ကျနော့်ကို အန္တရာယ်ကောင်လို့ မြင်ကြပြီး ချက်ချင်းဖယ်ရှားဖို့ အမိန့်ထုတ်တော့တာပဲ။ တစ်ရက်အတွင်းမှာပဲ အမိန့်ကို ကာကွယ်ရေးဝန်ကြီးက လက်မှတ်ထိုးခဲ့တာပါ။ ယူကရိန်းစစ်တပ်က ကျနော်တို့ စစ်တပ်ရဲ့ ခံစစ်တံတိုင်းကို မချိုးဖျက်နိုင်ဘူး။ ဒါပေမယ့်လည်း ထိပ်တန်းတပ်မှူးတစ်ယောက်က ကျနော်တို့ကို နောက်ကျောကို ဓားနဲ့ထိုးနေတယ်။ ဒီလိုခက်ခဲတဲ့အချိန်မှာ စစ်တပ်ကို ခေါင်းဖြတ်နေတယ်” ဟု ၎င်းက ပြော သည်။
ပိုပေါ့ ထုတ်ပြန်ခဲ့သည့် အသံဖိုင်မက်ဆေ့စ်ထဲတွင် ပိုပေါ့က သူ့ကိုယ်သူ နာမည်ဝှက် စပါတာကတ်ဟု သုံးနှုန်းထား ပြီး သူ့တပ်ဖွဲ့များကိုမူ ဂလက်ဒီရေတာဟု ရည်ညွှန်းထားကြောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး အန်ဒရေ ဂူရူလက်ဗ်(Andrei Gurulev )က ပြောသည်။
ဗိုလ်ချုပ်ကြီး အန်ဒရေ ဂူရူလက်ဗ်မှာ ယခင်က တပ်မ ၅၈ ကို ကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိတွင် လွှတ်တော်အမတ် အဖြစ် တာဝန်ထမ်းဆောင်နေသည်။ တပ်မ ၅၈ တွင် တပ်ခွဲများနှင့် တပ်စု အများအပြား ပါဝင်နေသည်။
အသက် ၄၈ နှစ်အရွယ် ပိုပေါ့မှာ တပ်ခွဲတပ်မှူးဘဝမှ တပ်ဖွဲ့အုပ်စုကြီးကို ခေါင်းဆောင်သူ ဖြစ်လာပြီး သူ၏ စစ်သားများကို ပြဿနာတစ်စုံတစ်ရာရှိပါက သူ့ကို တိုက်ရိုက်လာပြောရန် ညွှန်ကြားထားဂာ ထိုကဲ့သို့ အထက် အရာရှိနှင့် လွယ်ကူရင်းနှီးသော ဆက်ဆံရေးမျိုးမှာ ရုရှားစစ်တပ်၏ အထက်အောက် တင်းကျပ်သောပုံစံနှင့်တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။

ဝဂ်နာကြေးစား စစ်တပ်အကြီးအကဲ ယက်ဂျီနီ ပရီဂေါ့ဇ်ဟင်ကို တွေ့ရစဉ်
ရုရှားစစ်တပ် ဘလော့ဂါများကမူ ပိုပေါ့မှာ မလိုလားအပ်သည့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် သတိထားသည့် နေရာ တွင် လူသိများပြီး အောင်မြင်မှုများကို အစီအရင်ခံနိုင်ရန် စစ်သားများကို ပြန်စတေးပစ်နေသည့် အခြားတပ်မှူး များနှင့်မတူ တစ်မူထူးခြားသည်ဟု ပြောကြသည်။
“တိတ်တိတ်နေပြီး သရဲဘောကြောင်သူ တစ်ယောက်လို ပြုမူ၊ ပြီးတော့ သူတို့ ကြားချင်တာကိုပဲ ပြောမလား၊ အမှန်အမှန်အတိုင်း အရှိအရှိအတိုင်း ပြောမလား ဆိုတဲ့အခါ ကျနော့်မှာ ခေါင်းဆောင်ပိုင်းနဲ့ အမြဲပြဿနာ ကြုံရ တယ်။ ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ ပတ်သက်လို့ ကျနော့်မှာ လိမ်ပြောပိုင်ခွင့်မရှိဘူး”ဟု ပိုပေါ့က ပြောသည်။
စစ်တပ်ခေါင်းဆောင်ပိုင်းအပေါ် ပိုပေါ့၏ ဝေဖန်ချက်ကို ရုရှားအရာရှိ အတော်များများက ထောက်ခံသည့် လက္ခဏာအဖြစ် အထက်လွှတ်တော် ဒုဥက္ကဋ္ဌနှင့် အဓိကပင်မ ညီညွတ်သောရုရုား(United Russia)ပါတီကြီး၏ အကြီးအကဲဖြစ်သည့် အန်ဒရေ တာချက် (Andrei Turchak)ကလည်း အမိမြေသည် ပိုပေါ့လို တပ်မှူးများအတွက် ဂုဏ်ယူရသည်ဟု ပြောသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 880
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၄
ဇူလိုင် ၁၃ ရက်နေ့က ကျင်းပခဲ့သော ထိုင်းပူးတွဲ လွှတ်တော်တွင် ဝန်ကြီးချုပ်ရာထူးအတွက် ကြိုးစားမှု အရေး နိမ့်သွားခဲ့သော်လည်း ဝန်ကြီးချုပ်မျှော်လင့်ချက်ကို စွန့်လွှတ်မည် မဟုတ်ကြောင်း Move Forward ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရတ် (Pita Limjaroenrat)က ပြောသည်။
မဲပေးပွဲအပြီး သတင်းထောက်များကို ပြောကြားရာတွင်
ဇူလိုင် ၁၉ ရက်တွင် ဒုတိယအကြိမ် ကျင်းပမည့် နောက်ထပ် မဲပေးပွဲတွင် လုံလောက်သော ထောက်ခံမှု ရရှိရေး သေချာစေရန် နည်းဗျူဟာ တစ်မျိုးပြောင်း၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၃ ရက်နေ့ မဲပေးပွဲ အရေး နိမ့်အပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပီတာက ပြောကြားသည်။
ဇူလိုင် ၁၃ ရက်နေ့ မဲပေးပွဲတွင် အထက်လွှတ်တော် အမတ်အများစုက မဲမပေးဘဲ နေခဲ့ကြသည်။ သို့သော် အထက် လွှတ်တော်အမတ် ၁၃ ယောက်ကတော့ ပီတာကို ထောက်ခံမဲ ပေးခဲ့သည်။

ထိုင်းလွှတ်တော်အမတ်များကိုတွေ့ရစဉ်
ပီတာအနေဖြင့် ဝန်ကြီးချုပ်နေရာကို ဆုပ်ကိုင်နိုင်ရန် အထက်-အောက် လွှတ်တော်အမတ်များ၏ ထောက်ခံမဲ အနည်းဆုံး ၃၇၆ မဲ လိုအပ်သည်။
ဇူလိုင် ၁၃ ရက်နေ့ ဝန်ကြီးချုပ် ရွေးချယ်ခြင်း မဲပေးပွဲမှာတော့ ပီတာသည် ထောက်ခံမဲ ၃၂၄ မဲနှင့် ကန့်ကွက်မဲ ၁၈၂ မဲ ရခဲ့သည်။ ထို့နောက် အမတ် ၁၉၉ ယောက်တို့က မဲမပေးဘဲ နေခဲ့ကြသည်။
“မဲရလဒ်ကို လက်ခံပါတယ်။ ဒါပေမယ့် ကျနော် အရှုံးပေးမှာ မဟုတ်ဘူး” ဟု ပီတာက ပြောသည်။
အထက်လွှတ်တော် အမတ်များသည် ၎င်းတို့အပေါ်တွင် ဖိအားများ ရှိနေသောကြောင့် တချို့သည် လွှတ်တော် မတက်ဘဲ နေခဲ့ကြသည်ဟု ပီတာက ပြောသည်။

ဘုရင်မိသားစုကိုတွေ့ရစဉ်
“ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို အဖြေရှာပြီး လုံလောက်တဲ့ ထောက်ခံမှုရဖို့ နည်းဗျူဟာ တစ်မျိုး ပြောင်းရ မယ်”ဟု ၎င်းက ပြောသည်။
နိုင်ငံ၏ အငြင်းပွားဖွယ်ရာ ပုဒ်မ ၁၁၂ ဟု အများသိကြသည့် ဘုရင်အားစော်ကားမှုကို တားမြစ်သည့် ဥပဒေအပေါ် Move Forward ပါတီ၏ ရပ်တည်ချက်ကြောင့်လည်း ပီတာကို ဆန့်ကျင်ကြခြင်း ဖြစ်သည်ဟု အထက်လွှတ်တော် အမတ်များက ပြောသည်။
ပီတာကမူ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေးအပေါ် ရပ်တည်ချက် ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း၊ ပြည်သူကို ပေးထားသည့် ကတိကဝတ် ဖြစ်သောကြောင့် နောက်ကြောင်း ပြန်လှည့်မည် မဟုတ်ကြောင်း ပြောသည်။
Source: Thai PBS
- By CNI
- Category: နိုင်ငံရေး
- Hits: 767
ထိုင်းလွှတ်တော်မှာ ထိုင်းဝန်ကြီးချုပ် ရွေးချယ်နေ
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
ထိုင်းအစိုးရအဖွဲ့သစ်အတွက် တာဝန်ထမ်းဆောင်ရမည့် ဝန်ကြီးချုပ်အသစ် ရွေးချယ်ခြင်း အစည်းအဝေးကို ဇူလိုင် ၁၃ ရက်နေ့ ညနေ ၄ နာရီကျော်မှာ ထိုင်းလွှတ်တော်၌ ကျင်းပနေပြီ ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် မေလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့သော ထိုင်းရွေးကောက်ပွဲ၌ အများဆုံး အနိုင်ရရှိခဲ့သည့် Move Forward ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရုန်ရတ်က ရေပန်းစားနေသည်။

သို့သော် ပီတာသည် လွှတ်တော်၏ ၃၇၆ မဲ ရရှိမှသာလျှင် ဝန်ကြီးချုပ် ဖြစ်မည်။ တခြားတစ်ဖက်မှာတော့ ပီတာ ကို ထောက်ခံသူများက လွှတ်တော် ပြင်ပမှာ လူစုလူဝေးဖြင့် စောင့်ကြည့်နေသည်။
အကယ်၍ ပီတာ ထောက်ခံသူများက မျှော်မှန်းသည့် ရလဒ်မထွက်လာပါက ဆန္ဒပြမှုများ လုပ်သွားရန်လည်း ပြင်ဆင်ထားခြင်းကြောင့် ထိုင်းရဲတပ်ဖွဲ့ကလည်း လမ်းများနှင့် လွှတ်တော် အဆောက်အဦကို အကာအရံများ ထားကာ လုံခြုံရေးယူထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 997
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၃
ပီတာ လင်ဂျရုန်ရတ်၏ ဝန်ကြီးချုပ်လောင်းအနေဖြင့် တရားဝင်မှုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံခုံရုံ၏ အဆုံးအဖြတ်ကို ရယူမည် မယူမည်ကို ရွေးကောက်ပွဲကော်မရှင် (EC)အနေဖြင့် မဆုံးဖြတ်နိုင်သေးဘဲ ဝန်ကြီးချုပ်နေရာအတွက် လွှတ်တော်မဲပေးပွဲမတိုင်မီ အစည်းအဝေး ထိုင်ကြမည်ဖြစ်သည်။
ဇူလိုင် ၁၃ ရက်နေ့ မဲပေးပွဲမှာ လွှတ်တော်အမတ်များနှင့် ဆီနိတ်တာများ ၆ နာရီကြာ အခြေအတင် ငြင်းခုန်ပွဲအပြီး ညနေ ၅ နာရီတွင် စတင်မည်ဖြစ်သည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဝမ်မူဟာမတ်နူးမာသာ (Wan Muhamad Noor Matha)က ပြောသည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အစ်တီပွန် ဘွန်ပရာကွန်း (Ittiporn Boonpracong)၏ ဇူလိုင် ၁၁ ရက်နေ့က ပြောကြားချက်အရမူ ဝန်ကြီးချုပ်ရာထူးအတွက် မစ္စတာပီတာ၏ တရားဝင်မှုကို စုံစမ်းစစ်ဆေးနေကြောင်း၊ ထို့နောက် စုံစမ်းစစ်ဆေးနေသည့် အချက်အလက် ရှာဖွေရေးကော်မတီ၏ အစီအရင်ခံစာကို ကော်မရှင်က လေ့လာသုံးသပ်နေကြောင်း သိရသည်။
မစ္စတာပီတာနှင့် စကားပြောရမည်ဖြစ်သော်လည်း ပြောချင်မှလည်းပြောရမည်ဟု မစ္စတာ အစ်တီပွန်က ပြော သည်။

ထိုင်းရွေးကောက်ပွဲကော်မရှင် အကြီးအကဲကိုတွေ့ရစဉ်
မစ္စတာပီတာက ရွေးကောက်ပွဲကော်မရှင်သို့ စာရေးပြီး သူ့ခြေပချက်ကို တင်ပြဖို့ ကြိုးစားခဲ့သော်လည်း ဖွဲ့စည်းပုံ အရ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်သည့် အောက်လွှတ်တော်အမတ်၏ တရားဝင်မှုကိုမဆို ဖွဲ့စည်းပုံခုံရုံး က အဆုံးအဖြတ်ပေးဖို့ တောင်းဆိုခွင့် ပြုထားသည်။
၂၀၀၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး၊ ၂၀၁၄ ခုနှစ်တွင် ထိုင်းစတော့အိပ်ချိန်းတွင် စာရင်းမဝင်တော့သည့် ရုပ်သံလွှင့် မီဒီယာကုမ္ပဏီ iTV Plc ၌ ရှယ်ယာများ ပိုင်ဆိုင်ခဲ့ဖူးသောကြောင့် ရွေးကောက်ပွဲအနိုင်ရ Move Forward (MFP) ပါတီ၏ ခေါင်းဆောင်လည်းဖြစ် (၈)ပါတီ ညွန့််ပေါင်းအဖွဲ့၏ ဝန်ကြီးချုပ်လောင်းလည်းဖြစ်သူ မစ္စတာပီတာ၏ တရားဝင်မှုမှာ မေးခွန်း အထုတ်ခံနေရသည်။
အတိအကျပြောရလျှင် မစ္စတာပီတာသည် ရှယ်ယာပိုင်ဆိုင်ခဲ့ခြင်းမရှိဘဲ၊ ထိုရှယ်ယာများမှာလည်း ၂၀၀၆ ခုနှစ်က သေဆုံးသွားခဲ့သည့် သူ့ဖခင် ပိုင်ဆိုင်ခဲ့သည့် ရှယ်ယာများသာ ဖြစ်သည်ဟု ဆိုပါသည်။

ထိုင်းရွေးကောက်ပွဲ ကျင်းပစဉ်
သို့သော် မီဒီယာကုမ္ပဏီတစ်ခု၏ ရှယ်ယာရှင် တစ်ယောက်အား ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အရွေးခံခွင့်ကို ဖွဲ့စည်းပုံက ပိတ်ပင်တားမြစ်ထားပါသည်။
မူလက ရွေးကောက်ပွဲကော်မရှင်က iTV ရှယ်ယာနှင့် ပတ်သက်သည့် စွဲချက်မှာ အလွန်နောက်ကျမှ တင်သွင်းလာ သည်ဟုဆိုကာ ပယ်ချထားခဲ့သည်။
ယခုအခါမှာတော့ မီဒီယာရှယ်ယာ ပိုင်ဆိုင်ခဲ့မှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲဥပေဒကို ချိုးဖောက်နိုင်ဖွယ်ရှိသည် ကို သိလျက်နှင့် ကန့်သတ်ထားသည့် စည်းမျဉ်းကို ချိုးဖောက်ပြီး ရွေးကောက်ပွဲဝင်ခဲ့သလားဆိုသည်ကို ပီတာ အဓိက ရင်ဆိုင်နေရသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 994
CNI International News
ဗီလ်နီးယပ်စ် (Vlnius)၊ ဇူလိုင် ၁၃
ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အသည်းအသန် လိုလားနေသော်လည်း အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ကမ္ဘာ့မဟာမိတ်များကမူ ဇူလိုင် ၁၂ ရက်နေ့ နေတိုးညီလာခံတွင် အဖွဲ့ဝင်အဖြစ် လက်မခံသေးဘဲ စစ်ရေး အကူ အညီသာ ပေးသွားမည်ဟု ကြေညာခဲ့သည်။
ယူကရိန်းကို အနာဂတ်တိုက်ခိုက်မှုများမှ ကာကွယ်ပေးမည့် လုံခြုံရေးကတိကဝတ် အသစ်များကိုသာ ကြေညာဖို့ နေတိုးက ပြင်ဆင်နေသည်။
ယူကရိန်း၏ နေတိုးဝင်ခွင့်ကို အချိန်ကာလလည်း သတ်မှတ်မပေးသလို၊ ကမ်းလှမ်းရန်လည်း ငြင်းဆန်ခဲ့သည့် အတွက် ယူကရိန်းသမ္မတ ဇာလန်းစကီးက စိတ်ပျက်စရာဟု ပြောကြားခဲ့သည်။
ဇာလန်းစကီး၏ စိတ်ပျက်ကြောင်း ပြောကြားချက် ထွက်ပေါ်လာပြီး တစ်ရက်အကြာမှာ ကမ္ဘာ့သြဇာ အကြီးဆုံး စစ်အုပ်စုအဖွဲ့ဝင်များက ရေရှည်ကာကွယ်ပေးမည့် အလားအလာ ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။
ယူကရိန်းမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ခဲ့သည့် ရုရှားကျူးကျော်မှုကို တွန်းလှန်နေရင်း နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်ရန် စိတ်အားထက်သန်နေခဲ့သည်။
ရုရှား ကျူးကျော်စစ်တွင် ယခုအချိန်အထိ လူသောင်းနှင့်ချီ၍ သေဆုံးခဲ့ရသလို လူပေါင်းများစွာ နေရပ်စွန့်ခွာ နေရ သည်။

နေတိုးမဟာမိတ်အဖွဲ့၀င် ခေါင်းဆောင်များကိုတွေ့ရစဉ်
ထိုအစား ကမ္ဘာ့စက်မှု ထိပ်သီး (၇) နိုင်ငံ G-7 ၏ ကြေညာချက်တွင် စစ်ပွဲပြီးဆုံးရေးနှင့် အနာဂတ် တိုက်ခိုက်မှု မှန်သမျှကို တုံ့ပြန်နိုင်ရေးအတွက် လာမည့်နှစ်များ၌ မဟာမိတ်များက ယူကရိန်းကို မည်သည့်ပုံစံဖြင့် ထောက်ပံ့ ရမလဲ စီစဉ်သွားမည် ဖြစ်သည်။
လက်တွေ့အားဖြင့် ထိုအစီအစဉ်မှာ ယူကရိန်း စစ်တပ်နှင့် စီးပွားရေး ဆက်လက် လည်ပတ်နေနိုင်အောင် ရေရှည် စစ်ရေးနှင့် ငွေကြေး အကူအညီပေးသွားမည့် ကိယက်ဗ်နှင့် နှစ်ဦးနှစ်ဖက် သဘောတူညီချက်များအရ အကောင်အထည် ပေါ်လာမည် ဖြစ်သည်။
G-7 တွင် အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဂျပန်၊ ပြင်သစ်၊ ကနေဒါ၊ အီတလီနှင့် ဗြိတိန်တို့ ပါဝင်သည်။
အဖွဲ့ဝင်အဖြစ် ခွင့်ပြုမည့် အချိန်ကာလ သတ်မှတ်ချက် မရှိမှုအပေါ် စိတ်ပျက်မိသော်လည်း ညီလာခံ၏ ရလဒ်များ မှာ ခြုံကြည့်ပါက ကောင်းမွန်ကြောင်း၊ မဟာမိတ်များက စစ်ရေး အကူအညီ အသစ်များ ပေးအပ်သွားမည့် ကြေညာချက်များကို ကြိုဆိုပါကြောင်း ဇာလန်းစကီးက ပြောသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1007
CNI International News
မော်စကို၊ ဇူလိုင် ၁၃
လက်ရှိ နိုင်ငံတကာ အခင်းအကျင်းကို စစ်အေးခေတ်သစ်ဟု မရှုမြင်သင့်ဘဲ အင်အားကြီးနိုင်ငံစုံ အစီအစဉ်သစ် (new multipolar world order)ကို ဖန်တီးနေခြင်းသာ ဖြစ်စဉ်ဟုပြောမှ မှန်ကန်လိမ့်မည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျေလာဗရော့ဗ် (Sergey Lavrov)က အင်ဒိုနီးရှားသတင်းစာ Kompas ကို ပြောခဲ့သည်။
လာဗရော့ဗ်က “နိုင်ငံတကာဆက်ဆံရေး လက်ရှိ အခင်းအကျင်းကို စစ်အေးခေတ်သစ်လို့ ကျနော်တို့ မသတ်မှတ် ပါဘူး။ လက်ငင်းမျက်မှောက် ကြုံတွေ့နေရတဲ့ အခြေအနေတွေက ကွာပါတယ်။ မတူခြားနားတဲ့ အင်အားကြီး နိုင်ငံစုံ ကမ္ဘာ့အစီအစဉ်အသစ် ဖွဲ့စည်းနေတဲ့ ဖြစ်စဉ်ပါ။ ဒါဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့ ဖြစ်စဉ်ပါ။ တစ်ကမ္ဘာလုံးကို အဆုံး အဖြတ် ပြုနေတဲ့ နေရာတွေဟာ ယူရေးရှားလို၊ အာရှ-ပစိဖိတ်လို၊ အရှေ့အလယ်ပိုင်းလို၊ အာဖရိကလို၊ တောင် အမေရိကလို နေရာတွေကို ပြန့်ကွဲသွားပါပြီ”ဟု ပြောသည်။
အင်အား ပြန့်ကွဲသွားသည့် နိုင်ငံများမှ အဖွဲ့အစည်းများက အမျိုးသားအကျိုးစီးပွား၊ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာ၊ ယဉ်ကျေးမှု ဥပဓိလက္ခဏာနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကဲ့သို့သော တန်ဖိုးများကို မြှင့်တင် နေကြသည်ဟုလည်း ၎င်းက ပြောသည်။

အမေရိကန်သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ်
“တစ်နည်းအားဖြင့် ပြောရရင် သူတို့ဟာ ကမ္ဘာ့ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ်မှာ တင်းပြည့်ကျပ်ပြည့် ရှိနေကြပြီး အကျိုးဆက်အနေနဲ့ အောင်မြင်ပြီးရင်း အောင်မြင်နေကြတာပါပဲ” ဟု လာဗရော့ဗ်က ပြောသည်။
သို့သော် အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုက ၎င်းတို့၏ လွှမ်းမိုးမှုသြဇာကို ထိန်းထားရန် ကြိုးစားသည့် အနေဖြင့် ထိုဖြစ်ပေါ်မှုကို နှေးကွေးသွားအောင် ကြိုးစားနေကြောင်း လာဗရော့ဗ်က ပြောသည်။
ထို့နောက် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေးကို ပျက်ပြားစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခြေအနေ များကို ရှုပ်ထွေးအောင် လုပ်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက အလေးအနက် ပြောကြားခဲ့သည်။
“လိုအပ်နေသည့် နိုင်ငံများကို ကူညီခြင်းလို နိုင်ငံတကာဖွံ့ဖြိုးမှုကို မြှင့််တင်ရာတွင် သုံးစွဲသင့်သည့် မြောက်များ လှစွာသော ငွေကြေးပမာဏကို ယူကရိန်း နာဇီလက်သစ်များထံသို့ လက်နက် တန်ချိန် ထောင်ပေါင်းများစွာ တင်ပို့သည့်ပုံစံနဲ့ မီးရှို့ပစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပက ရုရှားရဲ့ အရံရွှေနဲ့ ငွေကြေးတွေကို သိမ်းလိုက်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အနောက်အုပ်စု တရားရေးစနစ်ထဲမှာ ရှိနေတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ အချိန်မရွေး အသိမ်းခံရနိုင်တယ်ဆိုတာကို သဘောပေါက်သွားကြတယ်”ဟု လာဗရော့ဗ်က ပြောသည်။

နေတိုးညီလာခံကို တက်ရောက်လာသည့် ခေါင်းဆောင်များအား တွေ့ရစဉ်
ရုရှားအပြင် အခြားနိုင်ငံ အများအပြားကလည်း အမေရိကန် ဒေါ်လာအပေါ် မှီခိုနေရမှုကို တစိုက်မတ်မတ် လျှော့ချ လာကြကြောင်း၊ အခြား ငွေပေးချေမှု စနစ်များဆီသို့ ပြောင်းလဲလာကြကြောင်း လာဗရော့ဗ်က ပြောသည်။
“တစ်ချိန်တည်းမှာပဲ အနောက်အုပ်စုဝင်တွေ မပါတဲ့ နိုင်ငံအသင်းအပင်းတွေရဲ့ ထိရောက်မှုကလည်း မြင့်တက် လာတယ်။ SCO နဲ့ BRICS ဆိုရင် ခေါင်းဆောင်မပါ၊ နောက်လိုက်ရယ်လို့လည်း မရှိဘဲ၊ သဘောတူညီချက်တွေ အပေါ်မှာသာ အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချမှတ်နေတဲ့ ခေတ်သစ် နိုင်ငံစုံ သံတမန် စနစ်တစ်ခုရဲ့ စံနမူနာပဲ။ အင်ဒိုနီးရှားက ဒီလိုအသင်းအပင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို ကြိုဆိုပါတယ်။ ဒီလိုအသင်းအပင်းတွေမှာ တကယ်ကို အနာဂတ်ရှိနေပါတယ်”ဟု လာဗရော့ဗ်က ပြောသည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1020
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွင်းမှာ လမ်းတချို့နှင့် ဆမ်ဆန်လမ်းရှိ ထိုင်းလွှတ်တော် အဆောက်အဦကို လုံခြုံရေးအရ အကာအရံများဖြင့် ပိတ်၍ ရဲတပ်ဖွဲ့က စောင့်ကြည့်နေသည်။
ယနေ့ (ဇူလိုင် ၁၃ ရက်)တွင် ထိုင်းလွှတ်တော်၌ ဝန်ကြီးချုပ်ရာထူး မဲပေးရွေးချယ်ကြမည်ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အများဆုံး အနိုင်ရရှိခဲ့သော Move Forward Party ခေါင်းဆောင် ပီတာလင်ဂျရုန်ရတ်ကို ထိုင်းလူထု အများစုမှ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ဆန္ဒရှိနေကြ သည်။

သို့သော် ပီတာသည် ဘုရင်မိသားစုအား စော်ကားမှု တားမြစ်ခြင်း ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ကြိုးပမ်း ခြင်းကြောင့် အထက်လွှတ်တော်အမတ်များနှင့် ရှေ့နေတချို့က ဝန်ကြီးချုပ်အဖြစ် မရွေးချယ်ရန် ကြိုးပမ်းနေသ လို စွဲချက်များလည်း တင်နေကြသည်။
ထို့ကြောင့် ပီတာနှင့် Move Forward ပါတီကို ထောက်ခံသူများက ဇူလိုင် ၁၂ ရက်နေ့ ညပိုင်းက ဘန်ကောက်မြို့မှာ လူထုဆန္ဒကို အလေးထားရန် ထိုင်းလွှတ်တော်အား ဆန္ဒပြခဲ့ကြသလို ၎င်းတို့ မျှော်လင့် ထားသည့်အတိုင်း ရလဒ်မထွက်လာပါကလည်း ဆန္ဒမှုများ လုပ်ရန် ပြင်ဆင်နေကြသည်။
အဆိုပါ အခြေအနေများကြောင့် ဇူလိုင် ၁၃ ရက်နေ့မှာ ကျင်းပမည့် ထိုင်းလွှတ်တော် အဆောက်အဦးနှင့် ဘန်ကောက်မြို့ရှိ လမ်းများကို ထိုင်းရဲတပ်ဖွဲ့မှ လုံခြုံရေးများ ချထားခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 885
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၃
ဝန်ကြီးချုပ်နေရာအတွက် အဆုံးအဖြတ် မဲပေးပွဲမတိုင်မီတစ်ရက်တွင် ဝန်ကြီးချုပ်ဖြစ်ရေး ရေပန်းစားနေသော ပီတာလင်ဂျရုန်ရတ်(Pita Limjaroenrat)ကို ဟန့်တားမည့် စွဲချက်နှစ်ခု ထွက်ပေါ်လာကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။
ထို့ကြောင့် ပီတာသည် ဝန်ကြီးချုပ်ဖြစ်ရေး ကြိုးပမ်းမှုအပေါ် ကြီးမားသော အနှောင့်အယှက်နှင့် ကြုံနေရသည်။
နိုင်ငံရေးတွင် ဘုရင့်သစ္စာခံ စစ်တပ်၏ ပါဝင်ပတ်သက်မှုကို ဆန့်ကျင်ကြသော လူငယ်မဲဆန္ဒရှင်အများစု ဖြစ်သည့် ပီတာကို ထောက်ခံသူများက ဇူလိုင် ၁၂ ရက်နေ့က ဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်လာခဲ့ကြသည်။
ထို့ကြောင့် နိုင်ငံရေးမတည်ငြိမ်သည့် နှစ်နှစ်ဆယ်အတွင်း နောက်ထပ် မငြိမ်သက်မှုများ ဖြစ်ပွားလာဦးမည့် လက္ခဏာ ရှိနေသည်။
ရှေ့နေတစ်ယောက်က ပီတာနှင့် ၎င်း၏ ရွေးကောက်ပွဲအနိုင်ရ Move Forward Party(MFP)ကို တင်လာသည့် စွဲချက်အား လက်ခံလိုက်ပြီဖြစ်ကြောင်း ဖွဲ့စည်းပုံခုံရုံးက ပြောကြားခဲ့သည်။
ပီတာနှင့် MFP ပါတီမှာ တော်ဝင်မိသားစုအား စော်ကားခြင်းအပေါ် တားဖြစ်ထားသည့်ဥပဒေကို ပြင်ဆင်ရန် စိုင်းပြင်းနေမှုမှာ ဘုရင်အား အကြီးအကဲအဖြစ်ထားသည့် ဒီမိုကရေစီအစိုးရကိုဖယ်ရှားရန် ကြိုးစားသည့်သဘော သက်ရောက်သည်ဟု စွဲချက်တွင် ပြောကြားထားသည်။

ပီတာ ထောက်ခံသူများ လွှတ်တော်ကို ဆန္ဒပြနေစဉ်
ထို့နောက် ဖွဲ့စည်းပုံခုံရုံးကလည်း ပီတာအနေဖြင့် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများ ပိုင်ဆိုင်ထားခြင်းမှာ ရွေးကောက်ပွဲစည်းမျဉ်းကို ချိုးဖောက်ရာ ရောက်သောကြောင့် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အရွေးခံရန် သတ်မှတ်ချက်နှင့်မညီဟု စွပ်စွဲထားသည့် စွဲချက်မှာ ကျိုးကြောင်းဆီလျော်သည်ဟုဆိုကာ အမတ် အဖြစ် မသင့်လျော်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထောက်ခံခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယခုစွဲချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
သို့သော်လည်း စွဲချက်နှစ်ခုစလုံးက အသက် ၄၂ နှစ်သာရှိသေးသည့် ပီတာကို ဇူလိုင် ၁၃ ရက်နေ့ မဲပေးပွဲတွင် အရွေးခံမှုကို တားဆီနိုင်မည့် သဘောတော့မရှိပါ။
ပီတာအနေဖြင့် ဝန်ကြီးချုပ် ဖြစ်လာရန်အတွက် လွှတ်တော်၏ ထက်ဝက်ကျော်က ထောက်ခံမဲပေးဖို့ လိုအပ်နေ ပါသည်။
ပါလီမန်တွင် လုံလောက်သော ထောက်ခံမှုရရန်လည်း ပီတာအနေဖြင့် MFP ပါတီ၏ တည်ဆဲအာဏာ အဆောက်အအုံကို တိုက်ဖျက်ပစ်မည့် မူဝါဒအား ဆန့်ကျင်နေသော ရှေးရိုးစွဲ အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုကို ရမှဖြစ်မည်။
အထူးသဖြင့် ဘုရင်အား စော်ကားမှုကို ထောင်ဒဏ် ၁၅ နှစ်နှင့် အထက်အထိ အပြစ်ပေးနိုင်သည့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်သွားမည့် ပါတီမူဝါဒမှာ အငြင်းအပွားရဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။
ပီတာက သူ့ကို သတ်မှတ်ချက်နှင့်မညီကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထောက်ခံ အတည်ပြုမှုမှာ တရားမျှတ ခြင်းမရှိဟု ပြောသလို အချိန်ကိုက် ထွက်ပေါ်လာမှုကိုလည်း မေးခွန်းထုတ်လိုက်သည်။

ပီတာလင်ဂျရုန်ရတ်နဲ့ သူ၏ ထောက်ခံသူများကိုတွေ့ရစဉ်
“အလောသုံးဆယ် နိုင်လွန်းတယ်။ ဝန်ကြီးချုပ် ရွေးပွဲမတိုင်မီ တစ်ရက်အလိုမှ ကပ်ပြီး ထွက်လာတာတော့ မဖြစ်သင့်ဘူး” ဟု ပီတာက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက စွဲချက်အသစ်ကို ကြေညာလိုက်ပြီးနောက် ရုပ်သံအင်တာဗျူးတွင် ပီတာက ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေး သူ့ပါတီ(MFP)၏ အဆိုပြုချက်မှာ ဘုရင်စနစ်ကို ပျက်ပြားစေရန် ကြိုးစားမှု မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
ရဲရင့်ပြတ်သားသည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကြောင့် လူငယ်မဲဆန္ဒရှင်များက ပုံအော ထောက်ခံခဲ့ကြ သည့် Move Forward ပါတီနှင့် အခြား အတိုက်အခံပါတီများက မေလရွေးကောက်ပွဲတွင် ဘုရင့်သစ္စာခံ စစ်တပ်ဖက် ယိမ်းသည့် ပြိုင်ဘက်များကို အလဲထိုး လိုက်နိုင်ခြင်းမှာ စစ်တပ်က ဦးဆောင် (သို့မဟုတ်) ထောက်ခံ သည့် အစိုးရ ၉ နှစ်တာကို လူထုက တစ်ခဲနက်ဆန့််ကျင်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်ဟု အများက ယူဆ ထားကြသည်။
MFP ပါတီက အနိုင်ရရန် အလားအလာရှိသည့် ဖြူးထိုင်းပါတီကို အမတ်နေရာ ၁၀ နေရာ အသာဖြင့် အနိုင်ရခဲ့ရာ ဇူလိုင် ၁၃ ရက်နေ့ မဲပေးပွဲအပြီးတွင် ပါတီနှစ်ခုပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့ရန် သဘောတူထားကြပြီး ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1202
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၂
မကြာခင်မှာ အစိုးရသစ်ကို အစိုးရအဖွဲ့အာဏာကို လွှဲပြောင်းပေးရတော့မည်ဖြစ်သည့် အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha)က နိုင်ငံရေးမှ ထွက်ခွာတော့မည်ဖြစ်သလို၊ ညီညွတ်သော ထိုင်းပါတီ (United Thai Nation Party)၏ အဖွဲ့ဝင်အဖြစ်မှလည်း နုတ်ထွက်တော့မည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။
သို့သော် ပါတီခေါင်းဆောင်နှင့် အလုပ်အမှုဆောင်များ၊ ပါတီဝင်များအနေဖြင့် ခိုင်မာသော သဘောတရားများဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လုပ်ပြီး နိုင်ငံ၏ အဆောက်အအုံများကို ကာကွယ်ကာ၊ ထိုင်းပြည်သူများကိုလည်း ဂရုစိုက်ဖို့ ၎င်း၏ ဆန္ဒကိုလည်း ပရာယွတ်က ဖော်ပြသွားခဲ့သည်။
ပြည်သူများအနေဖြင့်လည်း ပါတီ၏ အလုပ်ကို ဆက်လက်ထောက်ခံကြဖို့ ပရာယွတ်က တောင်းဆိုခဲ့သည်။
ထို့နောက် မေလ ၁၄ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် ပါတီနှင့် သူ့ကို ထောက်ခံခဲ့သည့်အပေါ်လည်း ကျေးဇူးတင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ညီညွတ်သောထိုင်းပါတီ ခေါင်းဆောင်များနဲ့အတူတွေ့ရသော ပရာယွတ်
ညီညွတ်သော ထိုင်းပါတီကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ ၁၂.၅၂ ရာခိုင်နှုန်းက မဲပေးခဲ့ကြသည်။ ထိပ်တန်း ၁၃ ပါတီတွင် ပါဝင်ခဲ့ပြီး အမတ်နေရာ ၃၆ နေရာရခဲ့သည်။ မကြာသေးမီကမှ လောလောလတ်လတ် ထူထောင်ထားသည့် ပါတီတစ်ခုအတွက် ရလဒ်ကောင်းသည်ဟု ယူဆခဲ့ကြသည်။
“ညီညွတ်သော ထိုင်းပါတီကို ဝင်ခဲ့ရတာက သဘောတရားအားကောင်းတဲ့ ပါတီတစ်ခုကို အလိုရှိနေခဲ့လို့ပဲ။ နိုင်ငံ၊ ဘာသာတရားနဲ့ ဘုရင်ကိုလည်း ချစ်၊ အနာဂတ်မှာ နိုင်ငံအတွက် ဒေါက်တိုင်လည်း ဖြစ်လာရမယ်ပေါ့”ဟု ပရာယွတ်က ပြောကြားခဲ့သည်။
ပရာယွတ်သည် နိုင်ငံတစ်ဝန်း ခရီးလှည့်လည်၍ ပြည်သူများနှင့် တွေ့ဆုံရာတွင် နားလည် စာနာမှုနှင့် ယုံကြည် မှုများကို ရခဲ့သည်။
“ပါတီဝင်တွေနဲ့ ပြည်သူတွေရဲ့ ထင်မြင်ချက်တွေကို ကြားနာခွင့်ရခဲ့တာ ဝမ်းသာမိပါတယ်။ ဘယ်တော့မှ မမေ့ နိုင်တော့တဲ့ တန်ဖိုးကြီးတဲ့ အတွေ့အကြုံတွေပါ”ဟုလည်း ပရာယွတ်က ပြောသည်။
သူ၏ ဝန်ကြီးချုပ်သက်တမ်း ၉ နှစ်တာအတွင်း နိုင်ငံနှင့်ပြည်သူ ကြွယ်ဝလာစေရန် အပြင်းအထန် အလုပ်လုပ် ခဲ့သည်ဟုလည်း ပရာယွတ်က ပြောကြားခဲ့သည်။
Source: Thai PBS World
