- By CNI
- Category: နိုင်ငံရေး
- Hits: 902
CNI International News
ဟောင်ကောင်၊ ဇူလိုင် ၅
လက်ရှိတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျတို့တွင် နေထိုင်နေကြသည့် ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ ၈ ဦးသည် အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုစွဲချက်များဖြင့် ၎င်းတို့ ဘဝတစ်လျှောက်လုံး နောက်ကလိုက်ခံနေရမည်ဟု ဟောင်ကောင်ခေါင်းဆောင်က ပြောသည်။
၎င်းတို့ကို ဖမ်းဆီးရန် လုပ်ဆောင်မှုသည် အန္တရာယ်များသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်မှုများကို ငြင်းပယ်ကာ ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
ဟောင်ကောင်အုပ်ချုပ်ရေး အကြီးအကဲဖြစ်သူ ဂျွန်လီ (John Lee) က ထို ၈ ဦးကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့၏ ကြိုးစားမှုများကို ထောက်ခံခဲ့သည်။
အပတ်စဉ် အစည်းအဝေးတွင်လည်း ထိုသူများကို ဖမ်းမိစေရန် သတင်းပေးသူတိုင်းသည် ရဲတပ်ဖွဲ့က သတ်မှတ် ထားသည့် ဆုကြေးကို ရရှိမည်ဟု လီက ပြောသည်။
ထွက်ပြေး တိမ်းရှောင်နေသူများ အနေဖြင့် ၎င်းတို့ ဘဝတစ်လျှောက်လုံး နောက်ယောင်ခံ လိုက်ခံနေရမည့် အခြေအနေကို ရပ်တန့်ပစ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အဖမ်းခံရန်ပင် ဖြစ်သည်ဟုလည်း လီက ပြော သည်။

ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားမှုများကိုတွေ့ရစဉ်
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၈ ဦးသည် အင်အားကြီး နိုင်ငံများနှင့် ပူးပေါင်းခြင်း၊ ခွဲထွက်ရန် လှုံ့ဆော်ခြင်း တို့ကို ကျူးလွန်ခြင်းဖြင့် တရုတ်နိုင်ငံမှ သတ်မှတ်သော အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲ ခံထားရကာ ဖမ်းဆီးရန် ဝရမ်းထုတ် ခံခဲ့ရသည်။
နယ်မြေအတွင်း ပုန်ကန်မှုများကို နှိမ်နင်းရေး အစိတ်အပိုင်း တစ်ခုအဖြစ် ၂၀၂၀ ခုနှစ်တွင်၊ ချမှတ်ခဲ့သော ဥပဒေ ဖြင့် လူပေါင်း ၂၆၀ ကျော် ဖမ်းဆီးခံခဲ့ရသည့်တိုင် ၎င်းတို့ ၈ ဦးကိုမှ ပထမဆုံးအဖြစ် သတင်းပေးသူကို ဆုကြေး ပေးမည်ဟု ကြေညာထားသည်။
ထိုသို့ လုပ်ဆောင်ခြင်းကို အမေရိကန်နှင့် ဗြိတိန်အစိုးရတို့ဘက်က ချက်ချင်းဆိုသလို ဝေဖန်မှု ပြုလုပ်ခဲ့သည်။
ထိုလုပ်ရပ်သည် လူ့အခွင့်အရေးကို ချိုးဖောက်မှု ဖြစ်သည်ဟု အမေရိကန်ဘက်က ပြောကာ ဒီမိုကရေစီရေး လှုပ်ရှားသူများအပေါ် ဟောင်ကောင် အာဏာပိုင်များ၏ ဖမ်းဝရမ်းထုတ်မှုအတွက် အလွန်အမင်း စိုးရိမ်မိသည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဟောင်ကောင်အုပ်ချုပ်ရေး အကြီးအကဲဖြစ်သူ ဂျွန်လီကို တွေ့ရစဉ်
ဟောင်ကောင် အာဏာပိုင်များ အနေဖြင့် နိုင်ငံခြားအရာရှိများနှင့် နိုင်ငံရေးသမားများ၏ ပြောဆိုဝေဖန်မှုများကို ထည့်သွင်း စဉ်းစားသွားမည် မဟုတ်ဟု လီက တုံ့ပြန်သည်။
မှန်ကန်သည်ဟု မိမိယုံကြည်ရာကို လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် မည်သည့် နိုင်ငံရေးဖိအားကိုမှ ကြောက်ရွံ့ နေမည် မဟုတ်ဟုလည်း ၎င်းက ပြောသည်။
ဟောင်ကောင်အတွက် တရုတ်၏ အမျိုးသားလုံခြုံရေးဥပဒေအပေါ် ပြောင်ပြောင်တင်းတင်း ဝင်ရောက် ဝေဖန်မှု ပြုလုပ်ခဲ့သည့် တခြားသောနိုင်ငံများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟုလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မောင်းနင် (Mao Ning) က ပြောသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 788
CNI International News
ဂူဝါဟာတီ၊ ဇူလိုင် ၄
အိန္ဒိယဗဟိုအစိုးရ အဆိုပြုထားသည့် လူသားများ တပြေးညီတည်း တန်းတူညီမျှရေး ရာဇဝတ်ကျင့်ထုံး-Uniform Civil Code (UCC) အား အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းကို နာဂလန်း (Nagaland)ရှိ Chakhesang Public Organisation (CPO) နှင့် NSCN-Khango တို့က ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်ဟု NORTHEAST NEWS သတင်းတွင် ဖော်ပြထားသည်။
အိန္ဒိယဥပဒေကော်မရှင်ထံ လိပ်မူသည့် စာတစ်စောင်တွင် CPO ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးဖြစ်သူတို့က မတူညီသော ဘာသာစကား၊ ကိုးကွယ်မှု၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့တို့ အပါအဝင် နာဂလန်းရှိ Chakhesang လူမျိုးများ၏ ထူးခြားသော သွင်ပြင်လက္ခဏာများကို ဦးစားပေး ဖော်ပြခဲ့သည်။
လွန်ခဲ့သော ၁၂၈ နှစ်အကြာ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းပြီးခဲ့သည့်တိုင် ထိုစရိုက်လက္ခဏာများသည် ဆက်လက် တိုးတက်နေဆဲဖြစ်သည်ဟု ၎င်းတို့က အလေးအနက်ထား ပြောဆိုခဲ့ပြီး ယင်းတို့သည် မျိုးနွယ်စု၏ အမှတ်သညာအတွက် မရှိမဖြစ် အရေးပါသည်ဟု ဆိုသည်။
အမွေဆက်ခံခြင်းနှင့် မွေးစားခြင်းကဲ့သို့ ရိုးရာအစဉ်အလာများသည် နက်ရှိုင်းသော ရည်ရွယ်ချက်ရှိကာ ယင်းတို့သည် ခေတ်သစ် စီရင်ဆုံးဖြတ်ချက်များနှင့်လည်း ကိုက်ညီမှုရှိသည်ဟု CPO က ပြောသည်။

တရားစီရင်ရေးကိုတွေ့ရစဉ်
နာဂများ၏ ဘာသာရေးနှင့် လူမှုရေး အစဉ်အလာများကို အသိအမှတ်ပြု ကာကွယ်ပေးသည့် ပုဒ် ၃၇၁(က)ပါ အပိုဒ်ခွဲများကို ကိုးကားပြောဆိုခြင်း ဖြစ်သည်။
၁၉၂၉ ခုနှစ် ဆီမွန်ကော်မရှင် (Simon Comission) သို့ တင်သွင်းသော ဆန္ဒခံယူပွဲတွင် ပါဝင်ခဲ့မှုကို ကိုးကား၍ CPO က Chakhesang လူမျိုးများနှင့် မြေပြန့်ဒေသတို့အကြား ယဉ်ကျေးမှုခြင်း ကွဲလွဲမှုများကို မီးမောင်းထိုးပြသည်။
ထို့နောက် ၎င်းတို့၏ ဓလေ့ထုံးတမ်းများကို လေးစားနားလည်ရန် လိုအပ်သည်ဟု ၎င်းအဖွဲ့က ပြောသည်။
အိန္ဒိယရှိ ဘာသာရေး၊ ဘာသာစကားနှင့် လူမျိုးရေးဆိုင်ရာ ကွဲလွဲမှုများသည် ဘုရားသခင်၏ ဖန်တီးခြင်းသာဖြစ်၍ လူသားတို့က လုပ်ဆောင်ထားခြင်း မဟုတ်ဟုလည်း CPO က ပြောသည်။
ထိုသို့ ကွဲပြားမှုကို ထုတ်ဖော်ပြောဆိုကာ ပုဒ်မ ၂၅ အရ ဘာသာရေး၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းဆိုင်ရာ ဥပဒေနှင့် လူမှုရေး အစဉ်အလာများကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ပေးခြင်းတို့ဖြင့်လည်း ၎င်းတို့က အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖန်တီးသူများကိုလည်း ၎င်းတို့က ပြစ်တင် ဝေဖန်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အတွင်း ကွဲလွဲမှုများနှင့် လိုက်လျောညီထွေ ဖြစ်မှုသည် တိုင်းပြည်၏ ပြီးပြည့်စုံ သည့် အခြေအနေကို ဖြစ်စေသည်ဟုလည်း CPO က ခိုင်ခိုင်မာမာ ယုံကြည်လျက်ရှိသည်။

CPO အဖွဲ့၀င်များကိုတွေ့ရစဉ်
သို့သော် လူများစု ဟိန္ဒူလူမျိုးများက လူများစုက သတ်မှတ်ခြင်းဆိုသည့် ခေါင်းဆောင်အောက်တွင် လူနည်းစု ဘာသာဝင်ကို အရေးမပါဟု သဘောထားသည်။
ထိုအခြေအနေက လူနည်းစု အသိုက်အဝန်း၏ လုံခြုံရေးအပေါ် အန္တရာယ်ဖြစ်စေမည်ကိုလည်း CPO ဘက်က စိုးရိမ်နေသည်။
လက်ရှိဖြစ်ပွားနေသော လူများစု ကသည်းများနှင့် လူနည်းစု ကူကီးလူမျိုးတို့အကြား လူမျိုးရေးပဋိပက္ခများကို ဥပမာပေး၍ ထိုဖြစ်ရပ်များ၏ ဆိုးကျိုးသက်ရောက်မှုက BJP နှင့်အိန္ဒိယ တစ်နိုင်ငံလုံးကို ထိခိုက်စေခြင်းအား မီးမောင်းထိုးပြကာ ထောက်ပြခဲ့ခြင်း ဖြစ်သည်။
Source: NORTHEAST NEWS
- By CNI
- Category: နိုင်ငံရေး
- Hits: 1572
CNI International News
ဂူဝါဟာတီ၊ ဇူလိုင် ၄
အတွင်းပိုင်းပဋိပက္ခများကြောင့် မြန်မာပြည်တွင် အခြေစိုက်သည့် NSCN-K အဖွဲ့အတွင်းမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အန်းမိုင် ဦးအောင်သည့် အုပ်စုနှင့် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယုံးအောင် ဦးဆောင်သော အုပ်စုဟူ၍ ကွဲထွက်လာခဲ့ကြောင်း အိန္ဒိယအခြေစိုက် NORTHEAST NOW မှ ရေးသားဖော်ပြခဲ့သည်။
အဆိုပါ ကွဲထွက်သွားသည့် အုပ်စုနှစ်ခုတွင် ဗိုလ်ချုပ်ကြီး အန်းမိုင်(Ang Mai)က Tangshang ဒေသမှ အဖွဲ့သစ်ကို တာဝန်ယူသွားမည် ဖြစ်သည်။
အန်းမိုင်သည် NSCN-K ဥက္ကဋ္ဌဖြစ်သူ ကွယ်လွန်သူ အက်စ်အက်စ်ကပ္ပလန်(SS Khaplang)၏ ကိုယ်ရေးအရာရှိ အဖြစ် ဆောင်ရွက်ခဲ့သူဟု သတင်းအရင်းအမြစ်များက ပြောသည်။ ယုံးအောင်သည် ကွယ်လွန်သူ NSCN-K ဥက္ကဋ္ဌ အက်စ်အက်စ်ကပ္ပလန်၏ တူဖြစ်သည်။
ထို့နောက် အန်းမိုင်သည် ပြည်ထဲရေးဝန်ကြီးရာထူးအပြင် တခြားသော စစ်ဘက်ရာထူးများကဲ့သို့ ကွဲပြားသည့် တာဝန်အမျိုးမျိုးကို တာဝန်ယူခဲ့သည်။ ထိုသို့ အတွေ့အကြုံရှိသော အန်းမိုင်သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် အရေးပေါ် အစည်းအဝေးတစ်ခုတွင် NSCN-K ၏ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်ဟု အဖွဲ့သစ်(အန်းမိုင် ဦးဆောင်သည့် အဖွဲ့)မှ ထုတ်ပြန် ကြေညာခဲ့သည်။

ကွယ်လွန်သူ ခေါင်းဆောင်ကြီး SS Khaplang ကိုတွေ့ရစဉ်
အန်းမိုင်သည် နောင်အချိန်များတွင် ကွယ်လွန်သူ ခေါင်းဆောင်ကြီး SS Khaplang ကဲ့သို့ ဦးဆောင်မှု ပေးနိုင်လိမ့် မည်ဟု GSO-I (D) နာဂစစ်တပ်မှ Langnyei Konyak က ကြေညာချက် တစ်စောင်တွင် အလေးပေး ပြောခဲ့သည်။
နာဂစစ်တပ်၏ အစိုးရပိုင်းတွင် အခြေအနေ ဆိုးရွားလာမှု၊ အုပ်ချုပ်ရေး ညံ့ဖျင်းလာမှုတို့ကြောင့် ၎င်း၏ ဦးဆောင်မှု အတွင်း နာဂစစ်တပ် တပ်မှူးများ အားလုံးကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက်တွင် တွေ့ဆုံရန် အကြောင်းကြားစာ ပေးပို့ခဲ့ သည်ဟု Langnyei က ထပ်မံရှင်းပြသည်။
သို့သော် NSCN-K ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယုံးအောင်သည် ထိုအစည်းအဝေးကို ဝေဖန်ခဲ့သလို ယင်းကို အုပ်စုကွဲစေရန် စုဝေးမှုဟု ခေါင်းစဉ်တပ်ခဲ့၍ နာဂစစ်တပ်အရာရှိ တချို့အား အစည်းအဝေး မတက်စေရန် တားမြစ်ခဲ့သည်။
ယုံးအောင်(Yung Aung)၏ လုပ်ရပ်အပေါ် တုံ့ပြန်မှုအဖြစ် ဧပြီ ၁၀ ရက်နေ့ အစည်းအဝေးအတွင်း နာဂစစ်တပ် သည် ယုံးအောင်ကို ပါတီခေါင်းဆောင်ပိုင်းမှ ထုတ်ပယ်ခဲ့သည်ဟု Langnyei က ပြောသည်။

ခွဲထွက်သွားတဲ့ NSCN-K မှ ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီကီဆူမီကိုတွေ့ရစဉ်
NSCN/GPRN ၏ ဖွဲ့စည်းပုံအခြေခံကို တိုက်ရိုက် ချိုးဖောက်မှုဖြစ်သော ယုံးအောင်၏ အမျိုးသားရေးနှင့် ပါတီ ဆန့်ကျင်ရေး လုပ်ရပ်များကြောင့် ထိုသို့ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ဧပြီ ၁၀ ရက်မှ စတင်ကာ နာဂစစ်တပ်သည် NSCN/GPRN အစိုးရအုပ်ချုပ်ရေးပိုင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်အထိ လွှဲပြောင်းရယူခဲ့သည်ဟုလည်း Langnyei က ပြောသည်။
NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့်အတွက် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်ကို NSCN-K ၏ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် ဖြုတ်ချခံလိုက်ရပြီး ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။
ထို့နောက် ဦးယုံးအောင် ဦးဆောင်သော အုပ်စုနှင့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင်သော အုပ်စုကြား ငြိမ်းချမ်း ရေးဆွေးနွေးရန် သဘောထားကွဲလွဲကာ နှစ်ခြမ်းကွဲသွား၍ နီကီဆူမီက အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူကာ NSCN-K/NK ဆိုသော အမည်ကို သုံးကာ ဦးယုံးအောင်က NSCN-K/YA ဟု အတိုကောက် ခေါ်ဝေါ်ကြသည်။
ယခုအခါမှာတော့ ဦးယုံးအောင်ဘက်က ရပ်တည်ပေးခဲ့သူ NSCN-K/YA ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး အန်းမိုင်နှင့် သဘောထားကွဲကာ နောက်ထပ် ကွဲထွက်လာခြင်း ဖြစ်သည်။
Source: NORTHEAST NOW
- By CNI
- Category: နိုင်ငံရေး
- Hits: 840
CNI International News
မော်စကို၊ ဇူလိုင် ၄
ရုရှားတို့ ခန့်အပ်ထားသည့် ခရိုင်းမီးယား (Crimea) ခေါင်းဆောင် ဆာဂျီ အက်စ်ယိုနော့ဗ် (Sergey Aksyonov) အား ယူကရိန်းဘက်က လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုကို တားဆီးနိုင်ခဲ့သည်ဟု ရုရှားဘက်က ထုတ်ပြန်ခဲ့ ကြောင်း အယ်ဂျာဇီးလ်ယားမှ ရေးသားဖော်ပြခဲ့သည်။
ယူကရိန်း၏ SBU ထောက်လှမ်းရေးအေဂျင်စီမှ လုပ်ကြံရေး သမားတစ်ဦးအဖြစ် ရွေးချယ်တာဝန်ပေးထားသော ရုရှားနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ရုရှားဖက်ဒရယ်လုံခြုံရေးဆားဗစ် (FSB) က ဇူလိုင် ၃ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်၍ ပြောခဲ့သည်။
သံသယရှိသူသည် ယူကရိန်းတွင် ဖောက်ခွဲရေး၊ ထောက်လှမ်းရေးနှင့် အဖျက်အမှောင့် လုပ်ငန်းများအတွက် လေ့ကျင့်ထားသူ ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်မှာ စွပ်စွဲထားသည်။

ရုရှား FSB ကိုတွေ့ရစဉ်
လက်ရှိအချိန်အထိ ရုရှားတို့၏ စွပ်စွဲချက်အပေါ် ယူကရိန်းဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
ယခု သတင်းသည် ရုရှားဘက်က ခရိုင်းမီးယားတွင် လုံခြုံရေးတိုးမြှင့်ထားပြီး ရုရှားတောင်ပိုင်း ခရက်စ်နိုဒါ (Krasnodar) ဒေသမှ ခရိုင်းမီးယားသို့ တံတားမှတဆင့် ကူးလာလိုသူများကို နောက်ထပ် စစ်ဆေးရေးဂိတ်များ ချမှတ်ထားသည်ဟု ရုရှားမီဒီယာများတွင် ဖော်ပြနေချိန်၌ ထွက်ပေါ်လာခြင်းဖြစ်သည်။
လုပ်ကြံရေးအစီအစဉ်သည် အက်စ်ယိုနော့ဗ်၏ ကားကိုဖောက်ခွဲရန်ဖြစ်ကြောင်း၊ သံသယရှိသူသည် ၎င်းဖွက်ထား သော ဖောက်ခွဲရေးပစ္စည်းများကို လာယူစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း FSB ၏ ကြေညာချက်တွင် ဖော်ပြသည်။
FSB အေဂျင်စီဘက်က ထိန်းသိမ်းထားသူ၏ အမည်ကို မဖော်ပြသော်လည်း ယင်းသည် အသက် ၃၀ ကျော်အ ရွယ်ဖြစ်ပြီး ဇွန်လတွင် ခရိုင်းမီးယားသို့ ဝင်ရောက်လာသူဖြစ်သည်။

ယူကရိန်းခေါင်းဆောင် ဇာလန်းစကီးကိုတွေ့ရစဉ်
၎င်းအား အကြမ်းဖက်မှု လုပ်ဆောင်ရန် ကြိုးပမ်း၊ ဖောက်ခွဲရေး ပစ္စည်းများ တရားမဝင် ပိုင်ဆိုင်မှုတို့ဖြင့် စုံစမ်း စစ်ဆေးမှု လုပ်ဆောင်နေသည်။
ခရိုင်းမီးယား ပြည်သူ့သမ္မတနိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို လုပ်ကြံမှုဟု ယခုဖြစ်ရပ်ကို အက်စ်ယိုနော့ဗ်က သတ်မှတ်ခဲ့ပြီး FSB များ ကျေးဇူးတင်ကြောင်းပြောကာ ယခုတိုက်ခိုက်မှုကို စေခိုင်းသည့် မည်သူကိုမဆို ဖော်ထုတ် အရေးယူသွားရမည် ဟုဆိုသည်။
ရုရှားသည် ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် ကျူးကျော်သိမ်းပိုက်ခဲ့သည်။ ယူကရိန်းအစိုးရဘက်က ခရိုင်းမီးယား အပါအဝင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း ရုရှားတို့ သိမ်းပိုက်ထားသည့် နိုင်ငံတောင်ပိုင်းမှ ဧရိယာများကို အပြည့်အဝ ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းသွားမည်ဟု ကတိပြုထားသည်။
ယူကရိန်းမြေပေါ်မှ ရုရှားစစ်သား တစ်ယောက်ချင်းစီကို ဖယ်ရှားနိုင်သည်အထိ ငြိမ်းချမ်းရေး သဘောတူညီချက် တစ်စုံတစ်ရာအတွက် ညှိနှိုင်းမှု လုပ်ဆောင်သွားလိမ့်မည် မဟုတ်ဟုလည်း ယူကရိန်းဘက်က ထပ်ခါထပ်ခါ ပြောဆိုထားသည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 951
CNI International News
ဘန်ကောက်၊ ဇူလိုင် ၄
Prachachat(ဖေးချာချက်)ပါတီခေါင်းဆောင် ဝမ်မူဟာမက် နော်မာသာ (Wan Muhammad Nor Matha) အား လွှတ်တော်ဥက္ကဋ္ဌရာထူးပေးကာ ဒုတိယဥက္ကဋ္ဌရာထူး နေရာနှစ်ခုကိုသာ ပါတီနှစ်ခုက ရယူရန် Move Forward ပါတီ (MFP) နှင့်ဖြူးထိုင်းပါတီ (Pheu Thai)တို့က သဘောတူခဲ့ကြသည်။
ဝမ်မူဟာမက်နော်အား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇူလိုင် ၄ ရက်နေ့တွင် ရွေးချယ်ရန် ပါတီနှစ်ခုစလုံးဘက်က သဘောတူခဲ့သည်ဟု MFP ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) က ဇူလိုင် ၃ ရက်နေ့ည ပိုင်းတွင် ပြောခဲ့သည်။
MFP ဘက်က ဒုလွှတ်တော်ဥက္ကဋ္ဌ(၁) ရာထူးကိုရယူကာ ဖြူးထိုင်းပါတီသည် ဒုလွှတ်တော်ဥက္ကဋ္ဌ(၂) ရာထူးကို ရယူသွားမည် ဖြစ်သည်။
ကျန်ညွန့်ပေါင်းပါတီ ခြောက်ခုကလည်း ထိုဆုံးဖြတ်ချက်ကို လက်ခံကြောင်း ပီတာက ပြောသည်။
Prachachat သည် ညွန့်ပေါင်းအဖွဲ့ဝင် ပါတီတစ်ခုလည်း ဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌတင်မြှောက်ခံရတဲ့ ဝမ်မူဟာမက် နော်မာသာကို တွေ့ရစဉ်
ယခုဆုံးဖြတ်ချက်သည် နိုင်ငံရေးပါတီ ရှစ်ခုအကြား စည်းလုံးညီညွတ်မှု အတွက်ဖြစ်ကြောင်း၊ ထိုပါတီရှစ်ခုသည် ၎င်းအား ဝန်ကြီးချုပ်အဖြစ် အဆိုပြုရန် အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပီတာက ပြောသည်။
၎င်း၏အဆိုအရ ပါတီရှစ်ခုသည် ၎င်းအား တစ်ဦးတည်းသော ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံ မှု လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။
MFP နှင့်ဖြူးထိုင်းတို့သည် နိုင်ငံရေးဆိုင်ရာ အယူအဆများကို ထုတ်ဖော် ပြောဆိုခြင်းအတွက် တရားစွဲ ဆိုခံရသူ များကို လွတ်ငြိမ်းခွင့်ပေးရန်၊ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်သည့် ဥပဒေများကို ပြုပြင်ပြောင်းလဲရန် စသည့် ဥပဒေများကို ပြန်လည်ပြင်ဆင်သွားမည်ဟု ပီတာက ပြောသည်။
မစ္စတာ ဝမ်မူဟာမက်နော်သည် ကြားနေတစ်ဦးဖြစ်ကာ ထိုအဆိုပြုချက်သည် ပါတီရှစ်ခုအကြား အစိုးရဖွဲ့စည်း ရေးကို အဆင်ပြေ ချောမွေ့စေနိုင်ခြင်းကြောင့် ၎င်းအနေဖြင့် Prachachat ခေါင်းဆောင်အား လွှတ်တော်ဥက္ကဋ္ဌ အဖြစ် အဆိုပြုခဲ့ခြင်း ဖြစ်သည်ဟု ဖြူးထိုင်းပါတီ၏ ဒုဥက္ကဋ္ဌ ဖမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ပြောသည်။

ညွန့်ပေါင်းပါတီ ခေါင်းဆောင်များကိုတွေ့ရစဉ်
၎င်းတို့အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် ပါတီဝင်များကို အဆိုပြုခြင်း လုပ်ဆောင်သွားမည် မဟုတ်သလို တခြားသော ညွန့်ပေါင်းပါတီများ အနေဖြင့်လည်း ဖြူးထိုင်းပါတီဝင် တစ်ဦးကို ထိုရာထူးအတွက် အဆိုပြုခွင့်မရှိဟု ဖြူးထိုင်းခေါင်းဆောင် ချိုနန် သီရီကော (Cholnan Srikaew) က ပြောသည်။
MFP သည် လွှတ်တော်အမတ် ပါဒီပတ် ဆန်သီပါဒါ (Padipat Sunthiphada) အား လွှတ်တော်ဥက္ကဋ္ဌ ကိုယ်စားလှယ်လောင်းအဖြစ် ယခင်တုန်းက အဆိုပြုခဲ့သည်။
သို့သော် MFP နှင့်ဖြူးထိုင်းပါတီတို့အကြား လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် ဇူလိုင် ၂ ရက်နေ့အထိ သဘောတူညီ ချက် ရရှိခဲ့ခြင်းမရှိဘဲ ဖြူးထိုင်းဘက်က ယင်းတို့၏ အဖွဲ့ဝင်တစ်ဦးကို ထိုရာထူးအတွက် အဆိုပြုခဲ့သည်ဟု သတင်း များ ထွက်ပေါ်လာခဲ့သည်။
MFP ဘက်က ဝန်ကြီးချုပ်ရာထူးကို ရယူထားသည့်အတွက် ၎င်းတို့အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရယူရန် ထိုက်တန်မှု ရှိသည်ဟုလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြူးထိုင်းဘက်က ပြောခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 832
CNI International News
ပေါ့ထ်အူပရင့်စ်၊ ဇူလိုင် ၃
ထကြွသောင်းကျန်းလျက်ရှိသော ရာဇဝတ်ဂိုဏ်းများ၏ အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် ဟေတီရဲတပ်ဖွဲ့ကို ကူညီပေးရေး ခိုင်မာသော နိုင်ငံတကာ ကြိုးပမ်းမှုတစ်ရပ်ကို ဖန်တီးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က တောင်းဆိုခဲ့သည်။
ဟေတီတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို မီးမောင်းထိုးပြခဲ့သော ခရီးစဉ်တွင် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
ဟေတီအရေးကို အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမြေပုံတွင် ထည့်သွင်းကာ ဟေတီပြည်သူများ၏ ဘေးဒုက္ခကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ အရေးကြီးဆုံး လုပ်ငန်းဆောင်တာ တစ်ခုအဖြစ် သတ်မှတ်ရမည်ဟု ကုလအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ် (Antonio Guterres) က ခရီးစဉ်အတွင်း ပြောခဲ့သည်။
ယင်းက သူ၏ကုလ ခေါင်းဆောင်းတစ်ဦးအဖြစ် ဟေတီသို့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်သည်။

ကုလအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်နဲ့ ဟေတီခေါင်းဆောင်ကိုတွေ့ရစဉ်
ဟေတီလူမျိုးများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဆိုးရွားသော ပဋိပက္ခများနှင့် သီးမခံနိုင်သော လူနေမှု အခြေအနေများကို ကာလရှည် ရင်ဆိုင်နေရသည့် ၎င်းတို့၏ အခြေအနေကို ခံစားမိခဲ့ကြောင်းလည်း ကုလအရာရှိက ပြောသည်။
ဂူတာရတ်စ်သည် ဟေတီဝန်ကြီးချုပ် အေရီယယ်ဟင်နရီ အပြင် တခြားသော နိုင်ငံရေးနှင့် အရပ်ဘက် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ဟေတီအရေးကို မေ့ထားရမည့်အချိန် မဟုတ်တော့ဘူးဟုလည်း ပြောသည်။
ကုလလုံခြုံရေးကောင်စီတွင် ယခုလအတွင်း ဟေတီအကြောင်း ဆွေးနွေးသွားရန်ရှိနေကာ ဟေတီသို့ ခိုင်မာသော နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့ တစ်ရပ် ချက်ချင်းစေလွှတ်ပေးရေး ခွင့်ပြုရန်လည်း ဂူတာရတ်စ်က တောင်းဆိုသည်။
ဂူတာရတ်စ်သည် ဂိုဏ်းရာဇဝတ်မှုများနှင့် ဆိုးဆိုးရွားရွား ရင်ဆိုင်နေရသည့် ဟေတီရဲတပ်ဖွဲ့အား ကူညီပေးရေး ကုလ မဟုတ်သော တပ်ဖွဲ့စေလွှတ်ပေးရန် ဟင်နရီ၏ အောက်တိုဘာလ တောင်းဆိုမှုကို ထုတ်ဖော် ပြောဆိုခဲ့ ဖူးသည်။
သို့သော် ထိုတောင်းဆိုမှုသည် များစွာ အာရုံစိုက် ခံခဲ့ရခြင်း မရှိခဲ့ပေ။ နိုင်ငံတချို့ကသာ ဟေတီရဲတပ်ဖွဲ့ကို ကူညီ ရန် ဆန္ဒရှိကြောင်းပြသခဲ့ပြီး မည်သည့်နိုင်ငံကမှ ဟေတီအတွက် စစ်ဆင်ရေးကို ဦးဆောင်သွားလိုခြင်း မရှိခဲ့ပေ။
ယခင်က ဟေတီသို့ နိုင်ငံခြားမှ ကြားဝင် ဆောင်ရွက်ပေးခဲ့မှုများသည်လည်း အောင်မြင်မှု မရခဲ့ပေ။
နိုင်ငံတကာတပ်ဖွဲ့တစ်ရပ်ကို ဦးဆောင်နိုင်စွမ်းရှိသော နိုင်ငံများအနေဖြင့် ချီတုံချတုံ ဖြစ်နေခြင်းကိုရပ်ကာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟုလည်း ဂူတာရတ်စ်က ပြောသည်။

ဟေတီနိုင်ငံသားတွေ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေစဉ်
ဟေတီမှ လူဆိုးဂိုဏ်းများ၏ ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု၊ အဓမ္မမှုများ၏ အကျိုးသက်ရောက်မှုတွင် ကုလအရာရှိ များက ဆိုးရွားရက်စက်မှုများ ပိုမိုမြင့်တက်လာမည်ဟု မကြာသေးခင်လများက ကြိုတင်ခန့်မှန်းထားကြသည်။
ပေါ့ထ်အူပရင့်စ် (Port-au-Prince) မြို့ကို လက်နက်ကိုင် ဂိုဏ်းများ ဝန်းရံထားပြီး ၎င်းတို့သည် တောင်ဘက်နှင့် မြောက်ဘက်သို့ သွားရာလမ်းများကို ပိတ်ဆို့ထားကာ ရေ၊ အစားစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ထိန်းချုပ်ထားသည်ဟု ဂူတာရတ်စ်က ပြောသည်။
ဒေသခံများအား အကြောက်တရား ရိုက်သွင်းရန် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို မကြာခဏ ပြုလုပ်နေ သည့် ဂိုဏ်းများ၏ လုပ်ရပ်ကိုလည်း ၎င်းက ပြင်းပြင်းထန်ထန် ဝေဖန်သည်။
ဟေတီရှိ လူဦးရေ၏တစ်ဝက် သို့မဟုတ် ၅ ဒသမ ၂ သန်းသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေကာ ယင်းတို့တွင် ကလေးငယ် ၃ သန်းနီးပါး ပါဝင်သည်ဟု သိရသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1079
CNI International News
ပဲရစ်၊ ဇူလိုင် ၃
မြေးဖြစ်သူ အသတ်ခံရမှုကြောင့် ပေါ်ပေါက်လာသော တစ်နိုင်ငံလုံးရှိ အကြမ်းဖက်မှုများကို အဆုံးသတ်စေလို သည်ဟု ပစ်သတ်ခံရသည့် ဆယ်ကျော်သက် လူငယ်၏အဖွားဖြစ်သူက ဇူလိုင် ၂ ရက်နေ့တွင် ပြောခဲ့ကြောင်း Reuters မှဖော်ပြခဲ့သည်။
ပဲရစ်မြို့ ဆင်ခြေဖုံးအရပ်တစ်ခုရှိ မီးပွိုင့်တွင် ရဲတပ်ဖွဲ့က ဆယ်ကျော်သက် လူငယ်ကို ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်ရပ်ကြောင့် ပြင်သစ်တွင် ဆူပူအုံကြွမှုများ ပေါ်ပေါက်လျက် ရှိသည်။
ကားများကို မီးရှို့ခြင်း၊ စတိုးဆိုင်များကို ဖောက်ခြင်း၊ မြို့တော်ခန်းမများနှင့် ရဲစခန်းများကို ပစ်မှတ်ထား တိုက်ခိုက် ခြင်းတို့ လုပ်ဆောင်နေသည့် ဆူပူအုံကြွသူများကို တားဆီးရန် ဇူလိုင် ၂ ရက်နေ့ညတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၄၅၀၀၀ ခန့်ကို ဖြန့်ကျက်ထားသည်ဟု ပြည်ထဲရေးဝန်ကြီး ဂျာရဲလ် ဒါမာနီ (Gerald Darmnin)က ပြောသည်။
ပဲရစ်မြို့ ဆင်ခြေဖုံးအရပ်တစ်ခု၏ မြို့တော်ဝန် နေအိမ်တစ်ခုလည်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
နိုင်ငံတွင်းရှိ ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်(Emmanuel Macron) က သူ၏ ဂျာမနီခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။
မက်ခရွန်သည် ဇူလိုင် ၃ ရက်နေ့တွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသလို ဇူလိုင် ၄ ရက် နေ့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် မြို့များမှ မြို့တော်ဝန်များနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

သတ်ခံရတဲ့ နာဟဲလ်ရဲ့အဖွား Nadia ကို တွေ့ရစဉ်
ပစ်သတ်ခံခဲ့ရသော နာဟဲလ် (Nahel) ၏ ဈာပနကို ဇူလိုင် ၁ ရက်နေ့တွင် ပဲရစ်မြို့၏ နန်တာရီအရပ်တွင် ကျင်းပ ခဲ့ပြီး ထိုနေ့ညမှာပဲ ဖမ်းဆီးမှု ၇၁၉ ခု ပြုလုပ်ခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။
ဖမ်းဆီးမှုများ လျော့ကျလာသည့်တိုင် ပဋိပက္ခသည် ပြီးဆုံးသွားပြီဟု ပြောရန်စောသေးကြောင်း ပြင်သစ် အရာရှိ များက ပြောသည်။
ထိခိုက်ဆုံးရှုံးမှုများ သိသိသာသာ လျော့ကျလာသည့်တိုင် လာမည့်ရက်များအတွက် အဆင်သင့် ပြင်ထားကြောင်း၊ မည်သည့်ဘက်ကမှ အနိုင်ရရှိသည်ဟု သတ်မှတ်၍ မရနိုင်သေးကြောင်း ပဲရစ်ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။
အသတ်ခံရသူ နာဟဲလ်၏အဖွားဖြစ်သူကို နာဒီယာ (Nadia) ဟု ပြင်သစ်မီဒီယာများတွင် ဖော်ပြထားသူက ဆူပူ အုံကြွသူများသည် မြေးဖြစ်သူ၏ သေဆုံးမှုကိုအသုံးချကာ နိုင်ငံတွင်း အကြမ်းဖက်မှုများကို လုပ်ဆောင်နေ ကြောင်း၊ မိသားစုဝင်များအနေဖြင့် တည်ငြိမ်မှုကိုသာ လိုလားကြောင်း ပြောသည်။

နာဟဲလ်သတ်ခံရမှုအတွက် တောင်းဆိုနေစဉ်
ထိုလုပ်ရပ်များကို ရပ်တန့်ရန် တောင်းဆိုသည်ဟုလည်း နာဒီယာက BFM TV သို့ ပြောခဲ့သည်။
နာဟဲလ်သည် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း၊ သမီးဖြစ်သူသည် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရပြီဖြစ်ကြောင်း၊ မည်သူမှ အသက် ပြန်ရှင်လာမည် မဟုတ်ကြောင်းလည်း သူမက ပြောခဲ့သည်။
ပစ်ခတ်မှုကြောင့် လူသတ်မှုဖြင့် တရားစွဲခံထားရသည့် ရဲတပ်ဖွဲ့ဝင်အတွက် ရံပုံငွေ ယူရို ၆၇၀,၀၀၀ ကျော် ရရှိနေမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင်လည်း နှလုံးသားတစ်ခုလုံး ဆို့နင့်ကြေကွဲရသည်ဟု သူမက ပြောသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 629
CNI International News
ဘန်ကောက်၊ ဇူလိုင် ၃
ဖြူးထိုင်းပါတီ (Phue Thai)နှင့် အစိုးရတစ်ရပ်ဖွဲ့စည်းရေး လျှို့ဝှက်သဘောတူညီချက် ရရှိထားသည်ဆိုခြင်းကို Palang Pracharath ပါတီဥက္ကဋ္ဌ လက်ရှိထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝပ် ဝေါင်ဆူဝန် (Prawit Wongsuwan)က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
ထို့နောက် ထိုပြောစကားများသည် ခန့်မှန်းချက်များသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့ကြောင်း Thai PBS သတင်းတွင် ဖော်ပြထားသည်။
ထိုသတင်းကို မီဒီယာများက ဖွခဲ့ခြင်းဖြစ်သည်ဟု ပရာဝပ်က ပြောသည်။
ထို့နောက် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အမတ် အရေအတွက် အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီကသာလျှင် အစိုးရဖွဲ့ရန် အခွင့်အရေး ရှိသင့်သည်ဟုလည်း ၎င်းက ပြောသည်။

ဖြူးထိုင်းပါတီကိုတွေ့ရစဉ်
သို့သော် Palang Pracharath ပါတီအနေဖြင့် Move Forward ပါတီ၏ ညွန့်ပေါင်းပါတီ ရှစ်ခုတွင် မပါဝင်သော တခြားသော ပါတီများနှင့် လက်တွဲထားမှု ရှိ/မရှိ မေးမြန်းမှုကိုတော့ ပရာဝပ်က ပြန်လည် ဖြေဆိုခဲ့ခြင်း မရှိပေ။
လက်ရှိအစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နေသော ဗိုလ်ချုပ်ကြီး ပရာဝပ်က ၎င်းတို့ပါတီ အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌသစ်နှင့် လက်ထောက်နှစ်ဦးကို ရွေးချယ်မည့် ဇူလိုင် ၄ ရက်နေ့ မဲပေးမှုတွင် မည်သို့ မဲပေးရမည်လဲ မဆုံးဖြတ်ရသေးဟု ပြောသည်။

Move Forward ပါတီနဲ့ မဟာမိတ်အဖွဲ့ကိုတွေ့ရစဉ်
၎င်းတို့အနေဖြင့် မည်သူမည်ဝါအား မဲပေးမည်ဟု မရွေးချယ်ခင် လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် မည်သည့် ကိုယ်စားလှယ်များ ရွေးချယ်ခံရသည်ကို ရှင်းရှင်းလင်းလင်း သိရှိဖို့ စောင့်ဆိုင်းသွားမည်ဟုလည်း ပြောသည်။
အမျိုးသားမဟာဗျူဟာကော်မတီ၏ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut han-o-cha) နှင့် တွေ့ဆုံခဲ့ခြင်း ရှိ/မရှိ မေးမြန်းမှုကိုလည်း ၎င်းက ပြန်လည် ဖြေကြားရန် ငြင်းဆိုခဲ့သည်။
Source: Thai PBS
- By CNI
- Category: နိုင်ငံရေး
- Hits: 923
CNI International News
မော်စကို၊ ဇူလိုင် ၃
နျူကလီးယား မျှဝေရေး အစီအစဉ်၏ မူဘောင်များနှင့်အညီ နိုင်ငံတွင်း နျူကလီးယား လက်နက်များ တပ်ဆင်ရန် လိုအပ်သည့် အချိန်နှင့်ပတ်သက်၍ နေတိုးအဖွဲ့ဝင်များကို ပိုလန်အာဏာပိုင်များက စည်းရုံးမှုများ လုပ်ဆောင်သွား မည်ဟု ပိုလန်ဝန်ကြီးချုပ် မားတက်ဇ်မော်ရာဝပ်ခ်စကီ (Mateusz Morawiecki )က ပြောသည်။
မဆုတ်မနစ် ကြိုးစားမှုသည် အောင်မြင်မှုကို ရရှိစေသည်ဟု ဝန်ကြီးချုပ်က ပြောသည်။
ပိုလန်သို့ နျူကလီးယား လက်နက်များ ဖြန့်ကျက်ရေးအတွက် အမေရိကန်ဘက်က ဆွေးနွေးမှုများကို အတည် မပြုရသေးကြောင်း မေးခွန်းများကို ဖြေဆိုရာတွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရုရှားဘက်က ဘယ်လာရုစ်သို့ ၎င်းတို့၏ နျူကလီးယား လက်နက်များ ဖြန့်ကျက်သွားမည့် အစီအစဉ်ကို ကြေညာခဲ့သည့် အခြေအနေတွင် ပိုလန်အနေဖြင့် အမြင့်ဆုံး လုံခြုံရေး အခြေအနေကို ရယူလိုသည်ဟု မော်ရာဝပ်ခ်စကီက ပြောသည်။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနဲ့ ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်
လုံခြုံရေးကို မြှင့်တင်ရန်အတွက် မဖြစ်မနေ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ နျူကလီးယား မျှဝေရေးဟု ခေါ်သော နျူကလီးယား လက်နက် ခွဲဝေသုံးစွဲရေး အစီအစဉ်သည် ပိုလန်၏ လုံခြုံရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် မည် ဖြစ်သည်ဟု ၎င်းက ပြောသည်။
ထိုကိစ္စကို မဟာမိတ်များနှင့် ဆွေးနွေးသွားမည်ဟု ပိုလန်ဝန်ကြီးချုပ် မားတက်ဇ်မော်ရာဝပ်ခ်စကီက ပြောသည်။
ပိုလန်နိုင်ငံသည် ရုရှားက ယူကရိန်းအား ကျူးကျော်တိုက်ခိုက်မှု စစ်ပွဲအတွင်းမှာ ယူကရိန်းဘက်က ရပ်တည်ပြီး စစ်လက်နက်များ ကူညီပေးလျက်ရှိနေသည်။ ထို့ကြောင့် အိမ်နီးချင်း ရုရှားနှင့် ဆက်ဆံရေး တင်းမာလျက်ရှိနေ သည်။
Source: တာ့စ်
