- By CNI
- Category: နိုင်ငံရေး
- Hits: 841
CNI International News
တိုင်ပေ၊ စက်တင်ဘာ ၁၃
တရုတ်သည် ထိုင်ဝမ်ကို မျက်နှာမူထားသည့် ကမ်းရိုးတန်းဒေသများတွင် စစ်စခန်းများ ဆောက်လုပ်မှုအား ဆက်တိုက် တိုးမြှင့်လုပ်ဆောင်နေသည်ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်အနေဖြင့် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် တရုတ်၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်မည်ဖြစ်ပြီး ထိုင်ဝမ်၏ ကာကွယ်ရေးကို တိုးမြှင့်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ် စစ်လေယာဉ် ၂၂ စင်းနှင့် စစ်သင်္ဘော အစင်း ၂၀ ကို တွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
"အခုနှစ်ထဲမှာ တရုတ် ကွန်မြူနစ်ပါတီဟာ စစ်လက်နက်ပစ္စည်း တပ်ဆင်မှုတွေကို အရှိန်မြှင့်တင်နေပြီး တိုက် လေယာဉ်တွေနဲ့ ဒရုန်း အမျိုးအစား အများအပြား ထုတ်လုပ်မှုကို ဆက်လက် လုပ်ဆောင်နေပါတယ်" ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေး စစ်ဦးစီးချုပ်၏ လက်ထောက်ဖြစ်သူ ဗိုလ်ချုပ် ဟွမ်ဝမ်ချီ (Huang Wen Chi) က ပြောကြားခဲ့သည်။
မိမိတို့ရရှိထားသည့် သတင်းများအရ တရုတ်သည် ကမ်းရိုးတန်းဒေသများတွင် အရေးကြီးသည့် စစ်စခန်းများကို ဆက်လက် တည်ဆောက်နေကြောင်း သိရသည်ဟု ဟွမ်က ပြောသည်။

ထိုင်ဝမ် ရေတပ်ကို တွေ့ရစဉ်
တရုတ်၏ အရှေ့တောင်ပိုင်း ဖူကျန်း (Fujian) ပြည်နယ်ရှိ လောင်ရှန် (longtian)၊ ဟွီအန် (Huian) နှင့် ကျန်းကျိုး (Zhangzhou) မြို့များတွင် စစ်လေယာဉ်ကွင်း သုံးခုကို မကြာသေးမီက တိုးချဲ့ပြင်ဆင်နေကြောင်း၊ လောင်ရှန်မြို့ သည် ထိုင်ဝမ်၏ မြို့တော် တိုင်ပေနှင့် အနီးဆုံးဖြစ်ပြီး ၂၁၇ ကီလိုမီတာ (၁၃၅ မိုင်) သာ ကွာဝေးသည်ဟု ဟွမ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နှစ်အတွင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို နေ့စဉ်နီးပါး စေလွှတ်ခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ခဲ့သည်။
အမေရိကန်နှင့် ကနေဒါ စစ်သင်္ဘောများသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း မောင်းနှင်ခဲ့ပြီးနောက် တရုတ် က ထိုင်ဝမ်အနီးသို့ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူသွားမည်ဟု မကြာခဏ ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1251
CNI International News
ဆိုးလ်၊ စက်တင်ဘာ ၁၂
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် အစည်းအဝေး ပြုလုပ်ရန် ရုရှားသို့ အထူးရထားဖြင့် ထွက်ခွာသွားခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာ များက အစိုးရသတင်းရင်းမြစ်များကို ကိုးကားပြီး စက်တင်ဘာ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။
ရုရှား၏ Interfax သတင်းအေဂျင်စီကလည်း ကင်သည် လာမည့် ရက်ပိုင်းအတွင်း ရုရှား၏ အရှေ့ဖျားဒေသသို့ လာရောက်ဖွယ်ရှိသည်ဟု စက်တင်ဘာ ၁၁ ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပူတင်သည် နိုင်ငံအရှေ့ပိုင်း ဗလာဒီဗော့စတော့ (Vladivostok) မြို့တွင် စက်တင်ဘာ ၁၀ ရက်က စတင်ဖွင့်လှစ် ခဲ့သည့် အရှေ့တိုင်း စီးပွားရေး ဖိုရမ် (Eastern Economic Forum)ကို တက်ရောက်မည်ဟု စက်တင်ဘာ ၉ ရက်၌ ကရင်မလင်က ပြောကြားခဲ့သော်လည်း ကင်မ်၏ ခရီးစဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်က ယူကရိန်းကို ကျူးကျော်ခဲ့သည့် ရုရှား၏စစ်ပွဲတွင် ရုရှားဘက်မှ အခိုင် အမာ ထောက်ခံ့ခဲ့သော နိုင်ငံအနည်းငယ်၌ ပါဝင်ခဲ့သည်။
ထို့နောက် ပူတင်ကလည်း နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကတိပြုခဲ့သည်။
ကင်မ်၏ ရုရှားသို့ သွားရောက်ခဲ့သည့် နောက်ဆုံးခရီးစဉ်မှာ ၂၀၁၉ ခုနှစ်က ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ထိုအချိန်က ကင်မ်သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)နှင့် နျူကလီးယား ဖျက် သိမ်းရေး ဆွေးနွေးပွဲများ မအောင်မြင်ခဲ့ပြီးနောက် ဗလာဒီဗော့စတော့တွင် ပူတင်နှင့် ပထမဆုံးအကြိမ်အဖြစ် အစည်းအဝေး ပြုလုပ်ခဲ့သည်။
ကင်မ်သည် စက်တင်ဘာ ၁၁ ရက် နှောင်းပိုင်းတွင် ပြုံယမ်းမှ ထွက်ခွာသွားခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် ပူတင်နှင့် တွေ့ဆုံဖွယ်ရှိသည်ဟု တောင်ကိုရီးယား၏ Chosun Ilbo သတင်းစာက ဖော်ပြခဲ့သည်။
YTN ရုပ်သံလိုင်းကလည်း ကင်မ်သည် မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရုရှားနှင့် ထိစပ်နေသည့် နယ်စပ်မှ အထူးရထားဖြင့် ထွက်ခွာသွားပြီး စက်တင်ဘာ ၁၂ ရက်တွင် ပူတင်နှင့် တွေ့ဆုံဖွယ် ရှိသည်ဟု ထုတ်လွှင့်ခဲ့သည်။
ဂျပန်မီဒီယာများကလည်း ရုရှား၏ နယ်စပ်မြို့ဖြစ်သည့် ခါဆွန် (Khasan) မြို့ရှိ ရထားဘူတာရုံတွင် လုံခြုံရေး များကို တင်းကျပ်ထားပြီး ကင်မ်သည် ထိုမြို့သို့ ရောက်ရှိလာဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။
ကင်မ်သည် ပြည်ပနိုင်ငံများသို့ မကြာခဏ သွားရောက်လေ့မရှိဘဲ ပြည်ပသို့ ခရီးသွားသည့် အချိန်မျိုးတွင်လည်း လုံလုံခြုံခြုံနှင့် လျှို့ဝှက်စွာ သွားရောက်လေ့ရှိသည်။
မြောက်ကိုရီးယား မီဒီယာများကမူ ကင်မ်သည် ရုရှားသို့ သွားရောက်ဖွယ် ရှိ/မရှိ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1120
CNI International News
ဒါကာ၊ စက်တင်ဘာ ၁၂
ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) သည် ၎င်းနိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ပိုမိုခိုင်မာစေ ရန်နှင့် တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်တက်နေသည့် ဒေသတွင်း နယ်ချဲ့ဝါဒသစ်အား တန်ပြန်ထိန်းညှိရန် အားထုတ် ကြိုးပမ်းသည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြ ခဲ့သည်။
"တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ စံနှုန်းတွေအပေါ် အခြေခံပြီး နယ်ချဲ့ဝါဒသစ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေသမှာ ကျနော်တို့ဟာ ကျနော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေကို အနိုင်ကျင့်တာ ဒါမှမဟုတ် တည်ငြိမ်မှုမရှိစေတဲ့ အခြေအနေ တစ်ရပ်ဆီကို ဆွဲခေါ်ခံသွားတာမျိုး မဖြစ်စေဘဲ နည်းလမ်းတစ်ခုခုကို အကြံပြုချင်ပါတယ်"ဟု မက်ခရွန်က ပြော သည်။
ထိုစကားကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာ (Sheikh Hasina)နှင့် စက်တင်ဘာ ၁၁ ရက်က တွေ့ဆုံချိန် တွင် ပြောကြားခဲ့သည်။
ပြင်သစ်သမ္မတ မက်ခရွန်ကို တွေ့ရစဉ်
ဒေသတွင်း သြဇာလွှမ်းမိုးမှုအတွက် အမေရိကန်နှင့် တရုတ်အကြား ပြိုင်ဆိုင်နေချိန်တွင် ပြင်သစ်က မတူကွဲပြား သော နည်းလမ်းတစ်ခုဖြင့် ဖြေရှင်းရန် မက်ခရွန်က တွန်းအားပေး လုပ်ဆောင်နေသည်။
မက်ခရွန်သည် အိန္ဒိယနိုင်ငံတွင် ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) အစည်းအဝေးအပြီး စက်တင်ဘာ ၁၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်သို့ ရောက်ရှိခဲ့သည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာ့စင်မြင့်ထက်တွင် ၎င်း၏ အခန်းကဏ္ဍကို ပြန်လည်ပုံဖော်ရာ၌ တိုးတက်မှု ရှိနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
လူဦးရေ သန်း ၁၇၀ ကျော်ရှိပြီး ကမ္ဘာ့လူဦးရေ ထူထပ်သိပ်သည်းမှု အများဆုံး နိုင်ငံစာရင်းတွင် နံပါတ် ၈ နေရာ၌ ရှိနေသည့်် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော စီးပွားရေးနှင့်ပတ်သက်ပြီး အံ့မခန်း အောင် မြင်မှု ဖြစ်သည်ဟု မက်ခရွန်က ချီးကျူးဂုဏ်ပြုခဲ့သည်။
မက်ခရွန်သည် ဟာစီနာနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဟာစီနာ၏ ဖခင်ဖြစ်သူ ရှိတ်မူဂျီဘာရာမန် (Sheike Mujibur Rahman)၏ ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် နေရာသို့ သွားရောက်ခဲ့ကာ ပြင်သစ်သို့ ပြန်လည်ထွက်ခွာခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို တွေ့ရစဉ်
ရှိတ်မူဂျီဘာရာမန်သည် ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံး သမ္မတဖြစ်သည်။
မက်ခရွန်၏ မဟာဗျူဟာသည် မိမိတို့၏ နိုင်ငံခြားရေး မူဝါဒနှင့် ကိုက်ညီမှုရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံ ရေးလောကတွင် ပြင်သစ်သည် ကောင်းမွန်သည့် ဖြေရှင်းချက်တစ်ခု ရှာဖွေတွေ့ရှိစေလိုကြောင်း ဟာစီနာက မက်ခရွန်ကို တည်ခင်းဧည့်ခံသည့် ညစာစားပွဲ၌ ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လာမည့်နှစ် ဇန်နဝါရီလ၌ ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအတွင်း ဖြစ်ပွားနေ သည့် နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများက စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်၏ အာဏာရပါတီသည် လွှတ်တော်ကို လွှမ်းမိုးထိန်းချုပ်ထားပြီး အာဏာကို ဆက်လက် တည်မြဲ စေရန် လုပ်ဆောင်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြာခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1344
CNI International News
ဟနွိုင်း၊ စက်တင်ဘာ ၁၂
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Bider)က ဗီယက်နမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးများ မြှင့်တင်ခြင်း သည် တရုတ်ကို ထိန်းချုပ်ရန် မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးအား အထောက်အပံ့ ဖြစ်စေမည့် အားထုတ်ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်က အာရှနှင့် ဆက်ဆံရေးများကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်နေပြီး ဘိုင်ဒန်က ဗီယက်နမ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
"ဒါက တရုတ်ကို ထိန်းချုပ်ဖို့ မဟုတ်ပါဘူး။ တည်ငြိမ်မှု ရှိစေရေးအတွက် ဖြစ်ပါတယ်" ဟု ဘိုင်ဒန်က အိန္ဒိယနိုင်ငံ တွင် ပြုလုပ်သည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) ထိပ်သီးညီလာခံကို တက်ရောက်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဗီယက်နမ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် ငုယင်ဖူထရောင်ကို တွေ့ရစဉ်
ဗီယက်နမ်သည် အမေရိကန်နှင့် သံတမန် ဆက်ဆံရေးကို တိုးမြှင့်နေပြီး ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာ မြောက် မိတ်ဖက်နိုင်ငံဖြစ်စေရန် အားထုတ်ကြိုးပမ်းနေသည်။
လက်ရှိ အခြေအနေများသည် ဗီယက်နမ်စစ်ပွဲ၏ ခါးသီးသည့် အတိတ်မှ ယခုကဲ့သို့ ဆက်ဆံရေးများ တိုးတက် ကောင်းမွန်လာသော အချက်ကို ပြသရာ ရောက်သည်ဟု ဘိုင်ဒန်က ပြောသည်။
ဗီယက်နမ်နှင့် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်မှုသည် တရုတ်၏ သြဇာလွှမ်းမိုးမှုအား တန်ပြန်ရန် အာရှတွင် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုများကို ထင်ဟပ်စေခဲ့သည်။
"စစ်အေးကာလ သဘောတရားတွေအရ ပြောရမယ်ဆိုရင် ကျနော်တို့ အရမ်းအတွေးလွန် နေတယ်လို့ ထင်ပါ တယ်။ ဒါက ကမ္ဘာ့အနှံ့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တည်ငြိမ်စေဖို့ ဖြစ်ပါတယ်။ အဲဒီအတွက်ပဲ ကျနော်တို့ ကြိုးစားလုပ်ဆောင်နေတာပါ။ ဒီခရီးစဉ်က ကမ္ဘာတစ်ဝန်း တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ မဟာမိတ်တွေနဲ့ ဆက်ဆံ ရေးကို မြှင့်တင်တဲ့ ခရီးစဉ်ဖြစ်ပါတယ်"ဟု ဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်-ဗီယက်နမ် ချစ်ကြည်ရေး ထောက်ခံနေကြသော ကလေးငယ်များကိုတွေ့ရစဉ်
ဘိုင်ဒန်က သူသည် ဝါရှင်တန်မှ နယူးဒေလီ၊ ထိုမှတစ်ဆင့် ဟနွိုင်းသို့ ငါးရက်ကြာ ခရီးသွားမှုသည် မဟာမိတ်များ နှင့် ဆက်ဆံရေး တိုးမြှင့်နေသည့် အမေရိကန်အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများကို ပြသခြင်း ဖြစ်သည်ဟု ဆို သည်။
ထို့ပြင် သူသည် အိန္ဒိယတွင် ရှိနေခဲ့ချိန်က တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) နှင့်လည်း တွေ့ဆုံခဲ့သည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် ပြီးခဲ့သည့်နှစ်က အင်ဒိုနီးရှားတွင် ပြုလုပ်ခဲ့သည့် G-20 အစည်းအဝေး၌ ဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ သီးသန့်တွေ့ဆုံမှုအပြီး၌ အမေရိကန်နှင့် တရုတ်အကြား ရာထူးအကြီး ဆုံး အရာရှိများ တွေ့ဆုံမှု ဖြစ်ခဲ့သည်။
ဘိုင်ဒန်သည် ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် ငုယင်ဖူထရောင် (Nguyen Phu Trong) အပါအဝင် ဗီယက်နမ်အစိုးရ၏ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး အစည်းအဝေးများ ပြုလုပ်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 892
CNI International News
ဒွန်းနက်စ်၊ စက်တင်ဘာ ၁၂
အနောက်နိုင်ငံများသည် ယူကရိန်းကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မစ်ရှင်များမှတစ်ဆင့် လက်နက် ထောက်ပံ့မှုများကို ပုန်းလျှိုးကွယ်လျှိုး လုပ်ဆောင်နေသည်ဟု ဒွန်းနက်စ် ပြည်သူ့သမ္မတနိုင်ငံ (Donetsk People's Republic - DPR) ၏ အကြီးအကဲ ဒန်းနစ် ပူရှီလင် (Denis Pushilin) က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့ကြောင်း တာ့စ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အနောက်နိုင်ငံများသည် ပြည်သူများအား ထိခိုက်နစ်နာစေသည့် လက်နက်များကို ထောက်ပံ့ပေးနေခြင်းအားဖြင့် စစ်ရာဇဝတ်မှုများတွင် ကြံရာပါများ ဖြစ်လာသည်ဟု ပူရှီလင်က ပြောသည်။
လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များကို ပုံဖျက်ပြီး လက်နက်များ ထောက်ပံ့သည့် ထို လုပ်ဆောင်ချက်သည် ရက်စက်ယုတ်မာသော ရာဇဝတ်မှုပုံစံတစ်ခု ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ်
"လူသားချင်းစာနာ ထောက်ထားမှုဆိုတဲ့ စကားလုံးကို အသုံးပြုပြီး လက်နက်တွေ ထောက်ပံ့တာဟာ အလိမ် အညာတစ်ခု ဖြစ်ပါတယ်" ဟု ပူရှီလင်က ပြောကြားခဲ့သည်။
ထို့ပြင် ဒွန်းဘတ်စ် (Donbass) ဒေသရှိ အရပ်သားများကို တိုက်ခိုက်ရန် လက်နက်များ ထောက်ပံ့ရေးအတွက် လျာထားသည့် ဒေါ်လာ ဘီလျံနှင့်ချီသည့် ငွေကြေးများအား အာဖရိကတွင် သောက်သုံးရေ ပြတ်လပ်မှုကြောင့် သေဆုံးရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရသော ကလေးငယ်များကို ကယ်တင်ရန် ရေပေးဝေရေးစနစ်များနှင့် ရေပိုက်လိုင်းအသစ်များ တည်ဆောက်ရေးမှာ အသုံးပြုသင့်သည်ဟုလည်း ပူရှီလင်က ထပ်လောင်း ပြောကြားခဲ့ သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 970
CNI International News
မော်စကို၊ စက်တင်ဘာ ၁၁
ယူကရိန်းနှင့် စစ်ပွဲဖြစ်ပွားလာခဲ့သည်မှာ တစ်နှစ်ခွဲခန့် ကြာမြင့်လာချိန်တွင် ရုရှားသည် လက်နက် ခဲယမ်းများကို ပြန်လည်ဖြည့်တင်းရန်အတွက် မြောက်ကိုရီးယားအား အားထားရန် စီစဉ်နေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ရုရှားသည် ပြည်တွင်းတွင် လက်နက်ထုတ်လုပ်မှုများကို အရှိန်မြှင့်တင်နေသည်။ အလားတူ မြောက်ကိုရီးယားထံမှ သန်းနှင့်ချီသည့် အမြောက်ကျည်ဆန်များနှင့် လက်နက်များသည် ရုရှားစစ်တပ်ကို အင်အားမြင့်တက် စေလိမ့်မည် ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
လာမည့်ရက်ပိုင်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ရုရှားသို့ သွားရောက်ကာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံပြီး လက်နက်ရောင်းဝယ်ရေး သဘောတူညီချက် အတွက် ဆွေးနွေးဖွယ်ရှိသည်ဟု အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။

ကင်မ်နဲ့ ပူတင်ကို တွေ့ရစဉ်
ဆိုဗီယက်ယူနီယံသည် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲတွင် မြောက်ကိုရီး ယားကို စစ်ရေးအကူအညီပေးခဲ့ပြီး လက်ရှိတွင် မြောက်ကိုရီးယားက ရုရှားအား စစ်ရေးအကူအညီ ပေးမည်ဆိုပါ က သမိုင်းဝင် အပြန်အလှန်ကူညီမှု ဖြစ်လာလိမ့်မည်ဖြစ်သည်။
"ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျေရွိူက်ဂူ (Sergei Shoigu) ဟာ အမြောက်ကျည်ဆန်တွေ ဝယ်ယူရေးအတွက် မကြာသေးခင်က မြောက်ကိုရီးယားကို သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ပူတင်နဲ့ ကင်မ် အကြား တွေ့ဆုံ ဆွေးနွေးမှုအတွက် အစီအစဉ် ရေးဆွဲခဲ့တာလည်း ဖြစ်နိုင်ပါတယ်" ဟု Carnegie Russia Eurasia စင်တာ၏ အကြီးအကဲ အလက်ဇန္ဒား ဂါဘူယိဗ် (Alexander Gabuev) က ပြောကြားခဲ့သည်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပြီးနောက် ရွိူက်ဂူသည် မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့သည့်် ပထမဆုံး ရုရှားကာကွယ်ရေးဝန်ကြီး ဖြစ်သည်။

စစ်လက်နက်များကို တွေ့ရစဉ်
ထို့ပြင် ရုရှားနှင့် မြောက်ကိုရီးယားအကြား ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ဖွယ် ရှိသည်ဟုဇူလိုင်လက မြောက်ကိုရီးယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနား၌ မြောက်ကိုရီးယားသည် နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်း အများအပြားကို ပြသခဲ့ပြီး ထိုစစ်ရေးပြ အခမ်းအနားအား တရုတ်နှင့် ရုရှား ထိပ်သီးအရာရှိများ တက်ရောက်ခဲ့သည်။လည်း မကြာသေးမီ က ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ကင်မ်၏ ခရီးစဉ်အတွင်း မြောက်ကိုရီးယားက ရုရှားကို လက်နက်များ ထောက်ပံ့ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ရှိ/မရှိ သတင်းထောက်များ၏ မေးမြန်းစဉ် မှတ်ချက်ပေးရန် ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ငြင်းဆန်ခဲ့သည်။
ကင်မ်သည် ၂၀၁၉ ခုနှစ်ကလည်း ရုရှားသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1101
CNI International News
ကဘူး၊ စက်တင်ဘာ ၁၁
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရလာခဲ့ပြီးကတည်းက ဘိန်းဖြူမှောင်ခိုကူးမှုကို တိုက်ဖျက်နေသည့် တိုင် မကြာသေးမီက နိုင်ငံတစ်ဝန်း၌ မက်သာဖီတမင်း မှောင်ခိုကူးမှု မြင့်တက်လာခဲ့သည်ဟု ကုလသမဂ္ဂမှ သတင်း ထုတ်ပြန်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အာဖဂန်နစ္စတန်နှင့် ဒေသတွင်း မက်သာဖီတမင်း မှောင်ခိုကူးမှု မြင့်တက်နေသည့်် အခြေအနေသည် တရားမဝင် မူးယစ်ဆေးဝါး ဈေးကွက်၏ သိသာထင်ရှားသော အရွေ့တစ်ခုကို ဖော်ပြရာ ရောက်နေသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)၏ အမှုဆောင် ညွှန်ကြားရေးမှူး ဂါဒါဝါလီက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်၊ သြဂုတ်လက အာဏာရလာခဲ့သည့် တာလီဘန်တို့သည် ကမ္ဘာပေါ်တွင် အဓိက ဘိန်းဖြူထုတ်လုပ် သည့် အာဖဂန်နစ္စတန်အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို တားမြစ်ပိတ်ပင်ကြောင်း ဧပြီလက ကြေညာခဲ့ သည်။

တာလီဘန်များကိုတွေ့ရစဉ်
တာလီဘန်အရာရှိများက ၎င်းတို့ လုံခြုံရေးတပ်ဖွဲ့များသည် အာဖဂန် ဘိန်းစိုက်ပျိုးသူများကို နှိမ်နင်းပြီး ဘိန်းခင်း များအား ဖျက်ဆီးနေကြောင်း ပြောကြားခဲ့သည်။
တာလီဘန်တို့က ဘိန်းဖြူများ မှောင်ခိုကူးမှုကို တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် မက်သာဖီတမင်း မှောင်ခိုကူးမှုများ ပိုမိုမြင့်တက်လာခဲ့သည်ဟု UNODC က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း မက်သာဖီတမင်း ဖမ်းဆီးရမိမှုသည် ငါးနှစ်အတွင်း ၁၂ ဆ အထိ မြင့်တက်လာခဲ့သည်။

UNODC ကိုတွေ့ရစဉ်
၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အကြား အာဖဂန်၏ အိမ်နီးချင်း အီရန်နှင့် ပါကစ္စတန်ကဲ့သို့ နိုင်ငံများတွင်လည်း မက်သာဖီတမင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု မြင့်တက်ခဲ့ကြောင်း ကြေညာခဲ့သည်။
သို့သော် အာဖဂန်နစ္စတန်နှင့် ဝေးကွာလွန်းသည့် ပြင်သစ်နှင့် သြစတြေးလျနိုင်ငံတို့တွင် ဖမ်းဆီးရမိခဲ့သည့် မက်သာဖီတမင်းများသည် အာဖဂန်နစ္စတန်၌ ထုတ်လုပ်ခြင်း ဖြစ်နိုင်သည်ဟု UNODC က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်၏ မူးယစ်ဆေးဝါးများထဲမှ ပါဝင်ပစ္စည်းအချို့ကို အအေးမိနှင့် တုတ်ကွေးရောဂါ သက်သာ ပျောက်ကင်းသည့် ဆေးဝါးများထဲတွင် ထည့်သွင်းအသုံးပြုလေ့ ရှိသည်ဟုလည်း UNODC က ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1307
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၁၁
ရုရှားနိုင်ငံထံမှ Su-30 တိုက်လေယာဉ်များ၏ ပထမအသုတ်အဖြစ် Su-30 လေယာဉ်နှစ်စင်းကို လက်ခံရရှိ ခဲ့သည်ဟု မြန်မာကုန်သွယ်ရေးဝန်ကြီး ဦးချာလီသန်း (Charlie Than)က စက်တင်ဘာ ၉ ရက်တွင် ရုရှား၏ RIA သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။
"လေယာဉ်နှစ်စင်း ရောက်ရှိခဲ့ပါပြီ" ဟု ဦးချာလီသန်းက စက်တင်ဘာ ၉ ရက်တွင် ဗလာဒီဗော့စတော့ ဆိပ်ကမ်း မြို့၌ ပြုလုပ်သည့် ရုရှား၏ နှစ်စဉ်ကျင်းပနေကျ အရှေ့တိုင်းစီးပွားရေးဖိုရမ် (Eastern Economic Forum)မှာ RIA နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ရုရှားနှင့် မြန်မာသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက Su-30ME တိုက်လေယာဉ် ၆ စင်း ရောင်းဝယ်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်ဟု RIA မှ ဖော်ပြခဲ့သည်။
Sukhoi Su-30SME သည် ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး ရန်သူများ၏ လေကြောင်း ပစ်မှတ်များ ကို တိုက်ခိုက်ရန်၊ လေကြောင်း ကင်းထောက်လှမ်းမှုများ ပြုလုပ်ရန်၊ လေယာဉ်မှူးများကို လေ့ကျင့်သင်ကြားပေး ရန် အသုံးပြုသည့် လေယာဉ်ဖြစ်သည်ဟု ရုရှားနိုင်ငံပိုင် လက်နက်တင်ပို့ ရောင်းချသည့် ကုမ္ပဏီဖြစ်သော Roso boronexport က ပြောကြားခဲ့သည်။

Sukhoi Su-30SME တိုက်လေယာဉ်များကို တွေ့ရစဉ်
ရုရှားနှင့် မြန်မာအကြား ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အရှေ့တိုင်းစီးပွားရေး ဖိုရမ်အတွင်း နှစ်နိုင်ငံ အကြား ပူးတွဲ သဘောတူညီချက်များကို လက်မှတ်ရေးထိုးသွားမည်ဟု ရုရှားနိုင်ငံပိုင် တာ့စ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်း မရှိပေ။
အမေရိကန်ကမူ မြန်မာကို စစ်ရေး အထောက်အပံ့ ပေးနေသည့် ရုရှား၏ လုပ်ဆောင်ချက်ကို လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ထိုကဲ့သို့ လက်နက်များ ထောက်ပံ့ပေးမှုသည် ပဋိက္ခဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ တည်ငြိမ်မှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သတိပေးခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးနှင့် ထိပ်သီး သံတမန်တစ်ဦးသည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသို့ မကြာခဏ သွားရောက်ခဲ့ပြီး ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1160
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကို လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင် များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လာမည့် အောက်တိုဘာ ၁၅ ရက်နေ့သည် NCA စာချုပ် ချုပ်ဆိုမှု ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ကြောင်း၊ ယခင်က အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေး နှစ်ပတ်လည်နေ့ကို ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ယခုနှစ်တွင် အဆိုပါ အခမ်းအနားကို အဓိပ္ပာယ် လေးနက်စွာဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက “ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့ အခမ်းအနား ကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်”ဟု ပြောသည်။

NCA စာချုပ်သည် ပျက်ပြယ်သွားပြီးဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့သည်။
NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ အသိသက်သေများ ပြည်တွင်း အသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့် အချိန်မှ ပျက်ပြယ်မှု မရှိ တည်ရှိနေမည့် စာချုပ်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့နောက် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင် မာမာ ရပ်တည် ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။
NCA စာချုပ်ကို KNU ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မ တော် (DKBA)၊ KNU/KNLA-ငြိမ်းချမ်းရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ လက် မှတ်ထိုးထားသည်။
