
- By CNI News
- Category: နိုင်ငံရေး
- Hits: 1106
CNI International News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂
တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်( PLA) သည် သြဂုတ် ၄ ရက် (ဘေဂျင်းစံတော်ချိန် ၁၂:၀၀ နာရီ) မှ ဩဂုတ် ၇ ရက်အထိ တရုတ်ရေပိုင်နက်နယ်မြေနှင့် ဝေဟင်ပိုင်နက်တို့တွင် တိုက်ရိုက် ပစ်ခတ်လေ့ကျင့်မှု အပါအဝင် အရေးကြီးသော စစ်ရေးလေ့ကျင့်မှုနှင့် လှုပ်ရှားမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း ဘေဂျင်းအာဘော် ချိုင်းနားဒေးလီးသတင်းစာ၏ တွစ်တာပို့စ်အရ သိရသည်။
တရုတ်စစ်တပ် ယခုလို စစ်ရေး လေ့ကျင့်မည့် အချိန်မှာပဲ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ပြင်းထန်စွာ ကန့်ကွက်မှုများကြားမှာပဲ ထိုင်ဝမ်သို့ ရောက်ရှိလာခဲ့သည်။
Source: China Daily's twitter

- By CNI News
- Category: နိုင်ငံရေး
- Hits: 841
CNI International News
တိုင်ပေ၊ ဩဂုတ် ၂
တရုတ် ပြင်းထန်စွာ သတိပေးနေသည့်ကြားမှ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီသည် ဩဂုတ် ၂ ရက် (ယနေ့)ညပိုင်း၌ ထိုင်ဝမ်၏မြို့တော် တိုင်ပေသို့ ရောက်ရှိခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။
မလေးရှားနိုင်ငံမှ တောင်တရုတ်ပင်လယ်သို့ ရှည်လျားလှသော ဝေဟင်ခရီးဖြင့် ရောက်ရှိလာသော နန်စီပလိုစီကို ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက တိုင်ပေလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့သည်။
Source: Reuters

- By CNI News
- Category: နိုင်ငံရေး
- Hits: 1440
CNI International News
မော်စကို၊ ဩဂုတ် ၂
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့သည် မြန်မာထိပ်တန်းသံတမန် ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးရန် အတွက် မနက်ဖြန် (ဩဂုတ်လ ၃ ရက်)တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ယနေ့ (ဩဂုတ် ၂ ရက်) ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားသည်။
"သြဂုတ်လ ၃ ရက်မှာ ရုရှား ထိပ်တန်း သံတမန်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို အလုပ်သဘော သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ မြန်မာဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးပြီး တခြား မြန်မာ့ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ မျှော်လင့် ပါတယ်" ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောသည်။
နစက၏ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်
လာဗရော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံရေးဆွေးနွေးမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး နယ်ပယ်တွင် အပြန်အလှန် ဆက်ဆံမှု၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆက်ဆံမှုများ အပါအဝင် ရုရှား-မြန်မာ ဆက်ဆံရေး၏ လက်ရှိအခြေအနေနှင့် အလားအလာများကို ဆွေးနွေးကြရန် စီစဉ်ထားသည်။
“နိုင်ငံတကာနဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေကို အလေးပေး ညှိနှိုင်းကြမှာ ဖြစ်ပါတယ်”ဟု ရုရှားနိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဆက်လက် ပြောကြားခဲ့သည်။
Source: တာ့စ်သတင်းဌာန

- By CNI News
- Category: နိုင်ငံရေး
- Hits: 1051
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၂
အယ်လ်ကိုင်းဒါးက ခေါင်းဆောင် အေမန်အယ်ဇာဝါဟာရီသည် အာဖဂန်နစ္စတန်အတွင်း ခိုလှုံပုန်းအောင်နေခဲ့ရာ ယခင် သီတင်းပတ် အကုန်ပိုင်းတွင် အမေရိကန်၏ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီး ဖြစ်သည်။
၎င်းသည် အယ်လ်ကိုင်းဒါး ကွန်ရက်တည်ထောင်သူ အိုစမာဘင်လာဒင်ကို ၂၀၁၁ ခုနှစ်၌ အမေရိကန်တို့ ရှာဖွေ သတ်ဖြတ်ခဲ့ ပြီးနောက် ယခုတဖန် အယ်လ်ကိုင်းဒါးတို့အတွက် အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်လာခဲ့သည်။
ဇာဝါဟာရီသည် နှစ်ပေါင်းများစွာ ပုန်းအောင်း နေခဲ့ရပြီး သူ့ကို ရှာဖွေသတ်ဖြတ်နိုင်ခဲ့သည့် စစ်ဆင်ရေးသည် ဂရုတစိုက်ဖြင့် စိတ်ရှည် ဇွဲရှိခဲ့ခြင်း၏ ရလဒ်ဖြစ်ကြောင်း အကြမ်းဖက်ဝါဒ နှိမ်နင်းရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ အမေရိကန် အသိုင်း အဝိုင်းမှ ဝါရင့်တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ရိုက်တာက ရေးသားဖော်ပြသည်။
အိုစမာဘင်လာဒင်မသေခင်က အတူတွေ့ရတဲ့ ဇာဝါဟာရီ (Reuters)
ယခုကဲ့သို့ အမေရိကန်တို့ ကြေညာချက် မထုတ်မီအထိ ဇာဝါဟာရီသည် ပါကစ္စတန်လူမျိုးစုနယ်မြေ (သို့မဟုတ်) အာဖဂန် နစ္စတန်နိုင်ငံအတွင်း တစ်နေရာရာတွင် သက်ရှိထင်ရှား ရှိနေဆဲဖြစ်သည်ဟု သို့လော သို့လော ကောလာဟလများ ထွက်နေခဲ့ သည်။
အမည်မဖော်လိုသူ အမေရိကန် အစိုးရအရာရှိ တစ်ဦးကတော့ အဆိုပါ ရှာဖွေသတ်ဖြတ်မှု စစ်ဆင်ရေးနှင့်ပတ်သက်၍ အောက်ပါ အသေးစိတ် အချက်အလက်အချို့ကို ထုတ်ဖော် ပြောကြားခဲ့သည်။
“အမေရိကန်အစိုးရသည် ဇာဝါဟာရီကို ထောက်ပံ့နေသည်ဟု အကဲဖြတ် သုံးသပ်ရသည့် ကွန်ရက်တစ်ခုကို နှစ်အတန်ကြာ သတိထား စောင့်ကြည့်ခဲ့ကြောင်း၊ ယမန်နှစ်တွင် အမေရိကန်တပ်များ အာဖဂန်မှ ဆုတ်ခွာပြီးသော်လည်း အဆိုပါကွန်ရက်နှင့် အယ်လ်ကိုင်းဒါးများကို ဂရုတစိုက် ထောက်လှမ်းနေခဲ့ကြောင်း” ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်ထဲတွင် ဇာဝါဟာရီ မိသားစုတစ်စုလုံး ကဘူးလ်မြို့တော်ရှိ လုံခြုံစိတ်ချရာ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ မှာ ဇနီးသည်၊ သမီးနှင့် မြေးများပါ ပါလာခဲ့ကြသည်။ နောက်ပိုင်းတွင် အမေရိကန် ထောက်လှမ်းရေးက ဇာဝါဟာရီ၏ တည်နေရာကို အတိအကျ ဖော်ထုတ်နိုင်ခဲ့သည်။
လပေါင်း အတန်ကြာလာသည်နှင့်အမျှ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) အရာရှိများသည် ကဘူးလ်မြို့ရှိ နေအိမ် တစ်လုံးတွင် ဇာဝါဟာရီ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း ပိုမိုယုံကြည်လာခဲ့ပြီး ၎င်းတို့ အထက်အရာရှိများထံသို့ အစီရင်ခံ တင်ပြခဲ့ကြသည်။ ထိုအစီရင်ခံစာများကို စုစည်းအနှစ်ချုပ်၍ သမ္မတ ဘိုင်ဒန်ကို ဒိုင်ခံတင်ပြရသူကတော့ အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန် ဖြစ်သည်။
အမေရိကန်သမ္မတ ဘိုင်ဒန် (Reuters)
“အခုစစ်ဆင်ရေးကို လုပ်ဆောင်နိုင်ဖို့ သီးခြားလွတ်လပ်တဲ့ သတင်းရင်းမြစ်တွေ ကနေတစ်ဆင့် သူရဲ့လူမှုဘဝ နေထိုင်ပုံ တစ်ခုလုံးကို သတင်း တည်ဆောက်နိုင်ခဲ့ပါတယ်” ဟု အမေရိကန် တာဝန်ရှိသူတစ်ဦးက ရိုက်တာသို့ ရှင်းပြသည်။
ဇာဝါဟာရီသည် ကဘူးလ်မြို့တော်ရှိ ဘေးကင်းရာအိမ်သို့ စတင် ရောက်ရှိပြီး နောက်ပိုင်း အပြင်ဘက်ထွက်သည်ကို သိပ် မတွေ့ရသည်မှာ ယခုနောက်ဆုံး လသာဆောင်တွင် ရှိနေစဉ် ဒရုန်းလွှတ် တိုက်ခိုက်ချိန်အထိ ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။
အမေရိကန် ထောက်လှမ်းရေးသည် ၎င်းနေထိုင်ရာ အိမ်ပုံစံ တည်ဆောက်ပုံနှင့် ကြံ့ခိုင်ပုံတို့ကို သေချာစေ့စပ်စွာ စူးစမ်းနေခဲ့ ကြသည်။ အရပ်သားများနှင့် ဇာဝါဟာရီ မိသားစုကို အန္တရာယ် အနည်းဆုံးဖြစ်အောင်အတွက် ဇာဝါဟာရီကို သတ်မည့် စစ် ဆင်ရေးတွင် အိမ်တည်ဆောက်ထားပုံနှင့် သွားလာလှုပ်ရှားပုံ သဘောသဘာဝများကို ကြိုတင်စုံစမ်းခဲ့ကြသည်။
မကြာသေးမီ ရက်သတ္တပတ်များ အတွင်းတွင် အမေရိကန်သမ္မတသည် ထောက်လှမ်းရေး အစီရင်ခံစာများကို ဆန်းစစ်ကာ အကောင်းဆုံး စစ်ဆင်ရေး လမ်းကြောင်းကို စဉ်းစား အကဲဖြတ်ရန် အဓိကအကြံပေး ပုဂ္ဂိုလ်များနှင့် အစိုးရအဖွဲ့ဝင်များကို အစည်းအဝေး ခေါ်ယူခဲ့သည်။
တာလီဘန်စစ်သားတစ်ဦး (Reuters)
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်တွင် စီအိုင်အေညွှန်ကြားရေး ဝီလျံဘန့်စ် အပါအဝင် အမေရိကန်အစိုးရ အဖွဲ့ဝင်များက အိမ်ဖြူတော် ရုံးခန်းတွင် အဆိုပြုထားသည့် စစ်ဆင်ရေးနှင့်ပတ်သက်၍ ဘိုင်ဒန်ကို အကျဉ်းချုံး တင်ပြခဲ့ကြသည်။
“ဘိုင်ဒန်က ကျနော်တို့သိထားတဲ့ အချက်အလက်တွေကို ဘယ်လိုရတာလဲဆိုတဲ့ အသေးစိတ် မေးခွန်းတွေ မေးခဲ့ပါတယ်” ဟု အမည်မဖော်လိုသူ အမေရိကန် ထောက်လှမ်းရေးအရာရှိက ပြောသည်။
ထို့နောက် သမ္မတဘိုင်ဒန်သည် ထောက်လှမ်းရေး အသိုက်အဝန်း၏ ဆက်စပ် သတင်းတည်ဆောက်ထားပြီး အစည်းအဝေး ခန်းမသို့ ယူဆောင်ချပြလာသည့် ဘေးကင်းလုံခြုံသော ဇာဝါဟာရီ၏ အိမ်ပုံစံကို အနီးကပ်စစ်ဆေးခဲ့သည်။
အလင်းရောင်၊ ရာသီဥတု၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် စစ်ဆင်ရေး အောင်မြင်နိုင်ခြေနှင့် အခြား သက်ရောက် မှု ရှိနိုင်သည့်အကြောင်း ဘိုင်ဒန်က စစ်စစ်ပေါက်ပေါက် မေးမြန်းခဲ့ကြောင်း အဆိုပါအရာရှိက ပြောသည်။
ကဘူးလ်မြိုတွင် ဂယက်ရိုက်ခတ်မှု ဖြစ်နိုင်ခြေ အလားအလာများကိုလည်း လေ့လာသုံးသပ်ဖို့ သမ္မတက ညွှန်ကြားခဲ့ပါတယ်။
ထောက်လှမ်းရေးအေဂျင်စီ အချင်းချင်း တင်းတင်းကျပ်ကျပ် ဝိုင်းဖွဲ့ထား၍ ရရှိသမျှ ထောက်လှမ်းရေး သတင်းများကို စစ်ဆေး ခဲ့ကြသည်။
တာလီဘန်တပ်ဖွဲ့များ (Reuters)
ထို့နောက် ဇာဟီရီသည် ၎င်း၏ အယ်လ်ကိုင်းဒါ ကွန်ရက် ဆက်လက် ဦးဆောင်နေမှုကို အခြေခံ၍ တရားဝင် ပစ်မှတ်ဖြစ် ကြောင်း အတည်ပြုခဲ့သည်။
ဇူလိုင်လ ၂၅ ရက်တွင် သမ္မတသည် ၎င်း၏ အဓိက အကြံပေးများနှင့် အစိုးရအဖွဲ့ဝင်များကို ခေါ်ယူခဲ့ပြီး ဇာဝါဟာရီကို သတ်ဖြတ်ခဲ့လျှင် တာလီဘန်များနှင့် အမေရိကန် ဆက်ဆံရေးကို မည်ကဲ့သို့ ထိခိုက်မည်ကို ဆွေးနွေးခဲ့သည်။
အစည်းအဝေး ခန်းမအတွင်းသို့ ရောက်ရှိလာသူထံမှ အမြင်များကို တောင်းခံပြီးနောက်၊ အရပ်သား သေဆုံးမှု အန္တရာယ်ကို နည်းပါးစေမည့် အခြေအနေနှင့် ပတ်သက်၍ ဘိုင်ဒန်က "တိကျ၍ အံဝင်ခွင်ကျဖြစ်သော မောင်းသူမဲ့လေယာဉ် (ဒရုန်း)ဖြင့် လေကြောင်းတိုက်ခိုက်မှု" ကို ခွင့်ပြုခဲ့သည်။
စစ်ဆင်ရေးနေ့က အသင့်ပြင်ဆင်မှု အနေအထား လုပ်ဆောင်ချက် အားလုံးသည် ည ၉ နာရီ ၄၈ မိနစ်တွင် အပြီးသတ်ခဲ့သည်။
ဇူလိုင်လ ၃၀ ရက်၊ ဂရင်းနစ် စံတော်ချိန် နံနက် ၁ နာရီ၊ ၄၈ မိနစ်တွင် ဒရုန်းဖြင့် ပူးတွဲ တပ်ဆင်ပေးလိုက်သော ‘ငရဲမီး’ အမည် ရှိ ဒုံးကျည်များ ဇာဝါဟာရီထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားတော့၏ ။ ။
Source: Reuters

- By CNI
- Category: နိုင်ငံရေး
- Hits: 823
CNI International News
ကိယက်ဗ်၊ ဩဂုတ် ၂
ယူကရိန်း၏ အကြီးဆုံး နျူကလီးယားသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ရုရှားတပ်ဖွဲ့ဝင်များ ချထားခြင်းဖြင့် အဏုမြူ (အကာအရံ) ဒိုင်းသဘောမျိုး မော်စကို အသုံးချနေကြောင်း အမေရိကန်အစိုးရက စွပ်စွဲခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ဇာပိုရေဇီးယားမြို့တွင် တည်ရှိသည့် အဆိုပါစက်ရုံကို ယခုအခါ ရုရှားတို့က စစ်အခြေစိုက် စခန်းတစ်ခုအဖြစ် တပ်စွဲထားပြီး ယူကရိန်းတပ်ဖွဲ့များကို ခြေကုပ်ယူ တိုက်ခိုက်နေ၍ အမေရိကန်အနေဖြင့် အလွန်အမင်း စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြားခဲ့သည်။
အဆိုပါ စက်ရုံအနီးတဝိုက် ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်ခြင်း မပြုနိုင်ဘဲ ဆိုးရွားလာနိုင်သည့် နျူကလီးယား မတော်တဆ အန္တရာယ်ကိုလည်း သတိကြီးကြီးဖြင့် တားဆီးနေရသည်။
ဩဂုတ် ၁ ရက်တွင် ပင်လယ်နက်ဆိပ်ကမ်းမှ အိုဒက်ဆာမြို့သို့ ခုတ်မောင်း ထွက်ခွာသွားသော ပထမဆုံး ဂျုံစပါးတင် သင်္ဘောဖြင့် တင်ပို့ခဲ့မှုကို ချီးကျူးရန် စောလွန်နေသေးကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (AP)
ထိုသင်္ဘောသည် လက်ဘနွန်နိုင်ငံ၊ ထရီပိုလီမြို့ရှိ ဆိပ်ကမ်းသို့ မကပ်သေးမီ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် ဆိပ်ကမ်းတွင် စစ်ဆေးမှု ခံယူရန် ရပ်တန့်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယခု ရက်ပိုင်းအတွင်း ယူကရိန်းတို့ အသည်းအသန် လိုအပ်နေသော ဒုံးပစ် လောင်ချာများနှင့် အမြောက်များအတွက် ခဲယမ်းမီးကျောက်များ အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ဖိုး စစ်ရေး အကူအညီသစ် ပေးအပ်ရန် အမေရိကန်က ကြေညာခဲ့သည်။
ထိုအကူအညီသစ်တွင် ဟိမာ့စ် (HIMARS) ဟု လူသိများသော ရွှေ့လျားနိုင်သည့် အဆင့်မြင့် ဒုံးကျည် စနစ်များနှင့် ၁၅၅ မီလီမီတာ အမြောက်သုံး ကျည်ဆန်အတောင့်ရေ ၇၅,၀၀၀ ထည့်သွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီမှ ပြောခွင့်ရသူ ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားခဲ့သည်။
ယူကရိန်းတောင်ပိုင်းရှိ မာလ်ကိုလိုင်ဗ်မြို့တွင် ညဘက် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ၎င်းမြို့တော်ဝန် အလက်ဇန္ဒား စိုင်ယန်ရှက်ဗ်က လူမှုကွန်ရက်မီဒီယာတွင် ကြေညာခဲ့သည်။
“မာလ်ကိုလိုင်ဗ်မှာ မနက် ၄ နာရီလောက်က မြို့နယ်ခရိုင် အတော်များများမှာ အားပြင်းတဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး လူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Source: Aljazeera

- By CNI
- Category: နိုင်ငံရေး
- Hits: 2380
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၂
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တွင် အမေရိကန်၏ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟာရီ သေဆုံးသွားပြီဟု သမ္မတ ဂျိုးဘိုင်ဒန်က ဩဂုတ် ၁ ရက်တွင် ကြေညာခဲ့ကြောင်း အေပီသတင်းဌာနမှ ရေးသားဖော်ပြသည်။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် အမေရိကန်နိုင်ငံရှိ World Trade Centre အမြွှာညီနောင်မျှော်စင် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူများ၏ မိသားစုများအတွက် တရားမျှတအောင် နောက်ဆုံး လုပ်ရပ်အဖြစ် ယခုဒရုန်းဖြင့် တုံ့ပြန်ခဲ့ခြင်း ဖြစ် ကြောင်း ဘိုင်ဒန်က ဆက်လက် ပြောကြားခဲ့သည်။
အိမ်ဖြူတော်မှ ညနေခင်း ပြောကြားခဲ့သော မိန့်ခွန်းထဲတွင် ၎င်းက “အမေရိကန် ထောက်လှမ်းရေးသည် အယ်လ်ဇာဝါဟာရီ ကို ၎င်း၏ မိသားစုနှင့်အတူ ပုန်းအောင်းနေသည့် ကဘူးလ်မြို့နယ်ရှိ နေအိမ်သို့ ခြေရာခံမိခဲ့ကြောင်း” ထုတ်ဖော် ပြောကြားခဲ့ သည်။
အဆိုပါ စစ်ဆင်ရေးကို အမေရိကန်သမ္မတ၏ လုပ်ပိုင်ခွင့်ထဲမှ ယခင်သီတင်းပတ်တွင် အတည်ပြု ပေးခဲ့ပြီးနောက် ဇူလိုင် ၃၁ ရက်တွင် စတင်လုပ်ဆောင်ခဲ့သည်။
သေဆုံးသွားသည့် အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟာရီ (AP)
ဇာဝါဟာရီနှင့် အိုစမာဘင်လာဒင်တို့သည် သာမန် အမေရိကန် နိုင်ငံသားပေါင်း မြောက်မြားစွာတို့ကို ၎င်းတို့၏ အယ်လ်ကိုင်း ဒါး အစွမ်း သိသာစေဖို့ 9/11 တိုက်ခိုက်မှုကို ကြံစည် အကောင်အထည်ဖော်ခဲ့ကြသည်။
ဘင်လာဒင်ကို အမေရိကန်က ဆယ်စုနှစ် တစ်ခုနီးပါးကြာ ပိုက်စိတ်တိုက် ရှာဖွေပြီးနောက် အမေရိကန် နေဗီဆီးလ် အထူး တပ်ဖွဲ့၏ စစ်ဆင်ရေးဖြင့် ၂၀၁၁ ခုနှစ်၊ မေလ ၂ ရက်တွင် ပါကစ္စတန်နိုင်ငံထဲ၌ သုတ်သင် ရှင်းလင်းခဲ့သည်။
ယခု ဇာဝါဟာရီနှင့် ပတ်သက်၍ ဘိုင်ဒန်က “သူဟာ အာဖဂန်နစ္စတန်ကို ဘယ်တော့မှ နောက်တစ်ခါ ခြေချနိုင်တော့မှာ မဟုတ်ပါဘူး။ သူ မရှိတော့တဲ့အတွက် အာဖဂန်ဟာ အကြမ်းဖက်သမားတို့ရဲ့ ဘေးရန်ကင်းတဲ့နေရာ ဖြစ်လာမှာပါ။ နောက် ထပ် ဘာမှထပ်မဖြစ်အောင် ကျနော်တို့ ဆောင်ရွက်ပေးသွားမယ်” ဟု ပြောကြားခဲ့သည်။
“အခုဆိုရင် ဒီလို အကြမ်းဖက် ခေါင်းဆောင်ဆိုတာ ထပ်မပေါ်လာတော့ပါဘူး” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
ယခု ဇာဝါဟာရီကို သုတ်သင်ဖို့ စစ်ဆင်ရေးသည် အာဖဂန်ထဲတွင် ဆယ်စုနှစ် ၂ ခုကြာ အမေရိကန်တို့ ရှိခဲ့ပြီးနောက် ပြန်လည် ဆုတ်ခွာခဲ့သည့် ၁၁ လအကြာ ဘိုင်ဒန်အစိုးရလက်ထက် သိသာထင်ရှားသော အကြမ်းဖက်ဝါဒ တန်ပြန်ရေး အောင်ပွဲ တစ်ခု လည်း ဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 1009
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ခဲ့ကြောင်း NUG Japan Office က ထုတ်ပြန်ခဲ့ သည်။
အဆိုပါ ကိုယ်စားလှယ်ရုံး ဖွင့်ပွဲကို NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ အမျိုးသမီး လူငယ်နှင့် ကလေးငယ်သူများဆိုင်ရာဝန်ကြီး ဒေါ်စူစန်နာလှလှစိုးတို့က အွန်လိုင်းကနေ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကြားကာလ လွှတ်တော်အမတ်များ၊ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကူညီစောင့်ရှောက်ပေးနေသော ရဲတာဝန်ခံများ၊ မီဒီယာများ တက်ရောက်ကြသည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
NUG ၏ ကိုယ်စားလှယ်ရုံးများကို တောင်ကိုရီးယား၊ ဩစတြေလျ၊ ချက် စသည့်နိုင်ငံများတွင်လည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 957
CNI International News
မနီလာ၊ ဩဂုတ် ၂
ဖိလစ်ပိုင်သည် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) သို့ ပြန်လည်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း မကြာသေးမီက ရွေးကောက်တင်မြှောက်ခံသမ္မတသစ် ဖာဒီနန်မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr)မှ ပြောကြားခဲ့သည်။
၎င်း(မားကို့စ်ဂျူနီယာ)သည် ယခင်သမ္မတဟောင်း(ဒူတာတေး)၏ ရပ်တည်ချက်ကို ထောက်ခံသော်လည်း လူ့အခွင့်အရေး လှုပ်ရှားသူများ၏ တောင်းဆိုချက်ကို ပယ်ချထားကြောင်း ဆက်လက် ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။
သမ္မတဟောင်း ရိုဒရီဂိုဒူတာတေး (Rodrigo Duterte) သည် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ (The Hague) မြို့အခြေစိုက် ICC မှ ၂၀၁၉ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။ ဒူတာတေးသည် တရားမဝင် မူးယစ်နှိမ်နင်းရေး လုပ်ငန်းစဉ်၌ လူပေါင်း ထောင်နှင့် ချီ၍ သတ်ဖြတ်ခဲ့ကြောင်း စွဲချက်ဖြင့် ယမန်နှစ်က ICC တရားရုံး၏ စုံစမ်းစစ်ဆေးမှု ခံခဲ့ရသည်။
“ဖိလစ်ပိုင်ဟာ ICC ကို ပြန်ဝင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဟု သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် မားကို့စ်ဂျူနီယာက ဖြေကြားခဲ့သည်။
ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် အာဏာရလာခဲ့သော သမ္မတ မားကို့စ်သည် မကြာသေးမီက ၎င်း၏ တရားရေးဆိုင်ရာ အတွင်း ဝန်နှင့် အခြားဥပဒေ အကြံပေးများကို တွေ့ဆုံခဲ့ပြီး မူးယစ်နှိမ်နင်းရေး လုပ်ငန်းစဉ်ကြောင့် သတ်ဖြတ်မှုများအပေါ် ICC ၏ စုံစမ်း စစ်ဆေးမှု ဖြစ်နိုင်ခြေကို ဆွေးနွေးခဲ့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တဆက်တည်း ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ အထိ ဒူတာတေး၏ မူးယစ်နှိမ်နင်းရေး လုပ်ငန်းစဉ်အတွင်း သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့်ရရှေ့နေ ကာရင်ခန်း (Karim Khan) ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ICC တရားသူကြီးများက ခွင့်ပြုခဲ့သည်။
သို့သော် ICC အနေဖြင့် တရားစီရင်ပိုင်ခွင့် မရှိသောကြောင့် ဖိလစ်ပိုင်အစိုးရက ကာရင်ခန်းထံသို့ ပေးစာ တစ်စောင်ပို့၍ စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့စေခဲ့သည်။
“ကျနော်တို့ဒီမှာ စုံစမ်းစစ်ဆေး နေပါတယ်လို့ ပြောပြီး တကယ်လည်း ဆက်လုပ်ပေးနေသားပဲ။ ဘာကြောင့် ဒီလိုဖြစ်ရ တာလဲ” ဟု ICC စုံစမ်းစစ်ဆေးမှု ပြန်လည်စတင်နိုင်ခြေကို မားကို့စ်ဂျူနီယာက မေးခွန်းထုတ်ခဲ့သည်။
အမှုစစ်ဆေးလိုသည့် ကာရင်ခန်း
တကယ်တမ်းတွင် ICC သည် တရားစွဲဆိုရန် မလိုလားသော (သို့မဟုတ်) ဆောင်ရွက်နိုင်စွမ်းမရှိသော နိုင်ငံများအတွက် နောက်ဆုံး အားကိုးအားထားပြုရာ နိုင်ငံတကာတရားရေး မျက်နှာစာ ဖြစ်သည်။
အဆိုပါ တရားရုံး၏ စည်းမျဉ်းစည်ကမ်းအရ နိုင်ငံတစ်နိုင်ငံသည် အမှုစွဲချက် တစ်ခုအပေါ် ပြည်တွင်း၌ စုံစမ်းစစ်ဆေးနေပြီဆို ပါက ICC ၏ စုံစမ်းစစ်ဆေးမှု ဆိုင်းငံ့ပေးရန် တောင်းဆိုနိုင်သည်။
သို့သော် ရှေ့နေ ကာရင်ခန်းသည် ပြီးခဲ့သည့် ဇွန်လ၌ ၎င်း၏ စုံစမ်းစစ်ဆေးမှုများကို ပြန်လည်စတင်ရန် ကြိုးပမ်းခဲ့ပြီး “ဖိလစ်ပိုင်အစိုးရထံမှ တောင်းဆိုထားသော ဆိုင်းငံ့မှုသည် အာမခံချက်ပေး၍ မရကြောင်း၊ စုံစမ်းစစ်ဆေးမှုကို တတ်နိုင်သမျှ အဆောတလျင် ပြန်စသင့်ကြောင်း မိမိ ကောက်ချက်ချသည်” ဟု ပြောကြားခဲ့သည်။
ဒူတာတေး၏ နှိမ်နင်းမှုတွင် မူးယစ်ဆေးဝါး အမှုများနှင့်ပတ်သက်၍ သံသယရှိသူ ၆ ထောင်ကျော် သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ စာရင်းဇယားများကို အခြေခံ၍ အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။
Source: Aljazeera

- By CNI News
- Category: နိုင်ငံရေး
- Hits: 1835
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၁
ရုရှားနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကမ်းလှမ်းလိုက်ပြီး နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်သစ် ဖြစ်ပေါ်လာဖို့ တရုတ်အနေဖြင့်လည်း စေ့စပ်ညှိနှိုင်းသင့်သည်ဟု ပြောကြားခဲ့သည်။
New START (သို့မဟုတ်) မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ်ကို အစားထိုး ပြင်ဆင်ချုပ်ဆိုရန် ရုရှားနှင့် ညှိနှိုင်းဖို့ အသင့်ရှိကြောင်း ဒသမကြိမ်မြောက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) ပြန်လည်သုံးသပ်ရေး ညီလာခံမတိုင်မီ ဩဂုတ် ၁ ရက်တွင် ဘိုင်ဒန်က အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။
"၂၀၂၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် New START နေရာတွင် အစားထိုးရန် လက်နက်ထိန်းချုပ်မှု မူဘောင်အသစ်ကို အမြန် စေ့စပ်ညှိနှိုင်းရန် အသင့်ဖြစ်နေကြောင်း၊ သို့သော် စေ့စပ်ညှိနှိုင်းရေးတွင် သစ္စာရှိရှိ လုပ်ဆောင်မည့် မိတ်ဖက်တစ်ဦး လိုအပ်ကြောင်း" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
“ဒီအခြေအနေမှာ ရုရှားဟာ အမေရိကန်နဲ့အတူ နျူကလီးယား လက်နက် ထိန်းချုပ်ရေး လုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာကို ပြသသင့်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ရန် ဘေဂျင်းကိုလည်း ဘိုင်ဒန်က တောင်းဆိုခဲ့သည်။
Source: အာရ်တီသတင်းဌာန