- By CNI
- Category: နိုင်ငံရေး
- Hits: 1212
CNI International News
ဘေဂျင်း၊ ဇူလိုင် ၁၇
မဟာဗျူဟာကျသည့် ရေလမ်းကြောင်းများ လုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်သည့် စစ်ရေးလေ့ကျင့်မှု တစ်ခု အနေဖြင့် ဂျပန်ပင်လယ်တွင် ရုရှား ရေတပ်၊ လေတပ်များနှင့် ပူးပေါင်းရန် တရုတ်ရေတပ်သင်္ဘောစုမှာ ဇူလိုင် ၁၆ ရက်နေ့က ထွက်ခွာသွားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
နာမည်ဝှက် Northern/Interaction-2023 ဟု ပေးထားသည့် ထိုစစ်ရေး လေ့ကျင့်မှုမှာ မော်စကိုက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်းတွင် တရုတ်နှင့် ရုရှားကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာသည့် လက္ခဏာပင် ဖြစ်သည်။
ထို့နောက် စစ်ဖက်ဆက်ဆံရေးများ ပြန်စရန် အမေရိကန်၏ ကမ်းလှမ်းမှုကို ဘေဂျင်းက ငြင်းဆန်နေသည့် အတောအတွင်းတွင် ရုရှားနှင့်ပူးတွဲ စစ်ရေးလေ့ကျင့်ရန် ဖြစ်တည်လာခြင်း ဖြစ်သည်။

ရုရှား-တရုတ် စစ်ဘက် ခေါင်းဆောင် နှစ်ဦးကိုတွေ့ရစဉ်
စစ်သင်္ဘော ၅ စင်းနှင့် ရဟတ်ယာဉ် ၄ စင်း တင်ဆောင်လာသော သင်္ဘောပါဝင်သည့် တရုတ်ရေတပ် သင်္ဘောစုမှာ အရှေ့ပိုင်း ကျင်းတောင်းဆိပ်ကမ်းမှ ထွက်ခွာလာပြီး သတ်မှတ်ထားသည့် နေရာတွင် ရုရှားတပ်ဖွဲ့များနှင့် တွေ့ဆုံ ပူးပေါင်းမည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၆ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၁၅ ရက်နေ့ ကတည်းကပင် ဂျပန်ပင်လယ်တွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှု၌ ရုရှားရေတပ်နှင့် လေတပ် များ ပါဝင်လိမ့်မည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
Global Times သတင်းစာက စစ်ရေးလေ့လာသူများကို ကိုးကားဖော်ပြချက်အရ ရုရှား ရေတပ်နှင့် လေတပ် နှစ်ခု စလုံး ပါဝင်လာသည့် ပထမဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

ရုရှား-တရုတ် စစ်သားများကိုတွေ့ရစဉ်
ဂျပန်ပင်လယ် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် ရုရှားစစ်သင်္ဘော ၂ စင်းမှာ ယခုလ အစောပိုင်းကလည်း ရှန်ဟိုင်း ၌ တရုတ်ရေတပ်နှင့် ဆက်သွယ်ရေး၊ ကယ်ဆယ်ရေး စသည့် သီးခြား လေ့ကျင့်မှုများ ပြုလုပ်ခဲ့သေးသည်။
စီးပွားရေးမြို့တော် ရှန်ဟိုင်းသို့ မဆိုက်ကပ်မီ အဆိုပါ သင်္ဘောများမှာ ထိုင်ဝမ်နှင့် ဂျပန်ကို ဖြတ်သန်းသွားရာ တိုင်ပေနှင့် တိုကျိုက စောင့်ကြည့် နေခဲ့ကြရသည်။
ရုရှားက ယူကရိန်းကို မကျူးကျော်မီ ရက်ပိုင်းအလိုတွင် ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က အကန့်အသတ်မရှိသည့် မိတ်ဖက်များအဖြစ် ကြေညာခဲ့သည်။
ထိုကြေညာချက်က အမေရိကန်၏ သြဇာကို တွန်းလှန်ရန် ရည်ရွယ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1051
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၇
Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်(Pita Limjaroenrat)အနေဖြင့် ဝန်ကြီးချုပ်ရွေးချယ်ခံခြင်းကို ဒုတိယအကြိမ် အရွေးမခံရပါက တိုင်းပြည် ဆုံးရှုံးနစ်နာမှုများ မရှိစေရေး စွန့်လွှတ်ရနိုင်သည်ဟု ဖြူးထိုင်းပါတီ ဒုခေါင်းဆောင် ဖန်သန် ဝီချာယာချိုင်း (Phumtham Wechayachai)က ပြောသည်။
ဇူလိုင် ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ်ရွေးချယ်မည့် ဒုတိယအကြိမ် အောက်နှင့်အထက် ပူးတွဲလွှတ်တော်မှာ ဝန်ကြီး ချုပ်အဖြစ် အရွေးခံရရေး Move Forward(MFP)ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်၏ နောက်ဆုံး ကြိုးစားမှု ဖြစ်သင့်သည်ဟု ဖြူးထိုင်းပါတီ ဒုခေါင်းဆောင် ဖန်သန်က ပြောကြောင်း Thai PBS သတင်းမှ ဖော်ပြခဲ့သည်။
ပီတာနှင့် MFP ပါတီအနေဖြင့် တိုင်းပြည် ရှေ့ဆက်ပြီး စီးပွားရေးလည်း ပြန်မတ်လာအောင် စွန့်လွှတ်မှု လုပ်ရနိုင် ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အချိန်အကြာကြီး အစိုးရမရှိဘဲ မနေနိုင်သလို ပရာယွတ်ချန်အိုချာ၏ အိမ်စောင့် အစိုးရကို နောက်နှစ်အထိ ဆက်နေရန် ခွင့်ပြုရတော့မလို ဖြစ်သွားနိုင်ကြောင်း ဖန်သန်က ပြောသည်။

Move Forward ပါတီခေါင်းဆောင် ပီတာကိုတွေ့ရစဉ်
MFP ပါတီ၏ ဖွဲ့စည်းပုံဥပဒေပါ အပိုဒ် ၂၇၂ ကို ပြင်ဆင်ရန် အစီအစဉ်နှင့် အထက်လွှတ်တော် အမတ်များကို ဝန်ကြီးချုပ် ရွေးချယ်ပိုင်ခွင့် လျှော့ချပစ်မည့် အစီအစဉ်များမှာ ညွန့််ပေါင်း(၈)ပါတီက လက်မှတ်ထိုးထားသည့် နားလည်မှု စာချွန်လွှာထဲတွင် မပါဝင်ကြောင်း ဖန်သန်က Suthihai Yoon နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထို့နောက် MFP ပါတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုမှာ မဖြစ်နိုင်သလောက် နီးပါးပင်ဖြစ်သည်ဟု ဖန်သန်က သုံးသပ်ပြသည်။
အပိုဒ် ၂၇၂ ကို ပြင်ဆင်ဖို့ အထက်လွှတ်တော် အမတ်များ၏ ထောက်ခံမဲ ၈၆ မဲအထိ လိုအပ်ကြောင်း၊ လက်ရှိတွင် ပါတီမှာ ပီတာကို ဝန်ကြီးချုပ်အဖြစ် သဘောတူဖို့ အထက်လွှတ်တော်မှ ထောက်ခံမဲ ၆၄ မဲကိုမျှ မရနိုင်ဖြစ်နေ သည်ဟု ၎င်းက ထောက်ပြသည်။
ပီတာ ဝန်ကြီးချုပ်အဖြစ် အရွေးမခံရမချင်း ပါတီက ဆက်လက် တိုက်ပွဲဝင်သွားမည်ဆိုသည့် ပီတာ၏ ပြောဆိုချက် နှင့် ပတ်သက်၍လည်း ဖန်သန်က သူတို့မှာ နိုင်စရာအကြောင်း မရှိဘူးဆိုတာ သဘောပေါက်လာဖို့ ဘယ်လောက် ကြာဦးမှာလဲဟု မေးခွန်းထုတ်လိုက်သည်။

၈ ပါတီညွန်ပေါင်းကိုတွေ့ရစဉ်
“နောက်နှစ်အထိ မဲပေးပြီးရင်း မဲပေးနေရတော့မှာလား။ အထက်လွှတ်တော် အမတ်တွေရဲ့ ဝန်ကြီးချုပ် ရွေးချယ် ပိုင်ခွင့်တောင် သက်တမ်းကုန်သွားလိမ့်မယ်။ ကျနော်တို့ အဲဒီလောက် အကြာကြီး မစောင့်နိုင်ဘူး။ နိုင်ငံနဲ့ ပြည်သူ တွေရဲ့ အကျိုးကိုပဲ ဦးစားပေးရမယ်”ဟု ဖြူးထိုင်းပါတီ ဒုခေါင်းဆောင် ဖန်သန်က ပြောသည်။
ဇူလိုင် ၁၉ ရက်နေ့ ဒုတိယအကြိမ် မဲပေးမှုနှင့် ပတ်သက်၍လည်း MFP ပါတီအနေဖြင့် နောက်ထပ် အမတ် ဘယ်လောက်များများကို ပီတာအား မဲပေးဖို့ ဆွဲဆောင်နိုင်မည်လဲ မသိရသော်လည်း ဘုရင်အား စော်ကားမှုကို တားမြစ်သည့် ဥပဒေအပေါ် အထက်လွှတ်တော် အမတ်များ၏ ရပ်တည်ချက်မှာ သိသာထင်ရှားနေပါသည်ဟု ဖန်သန်က ပြောသည်။
ထိုအခြေအနေတွင် ဖြူးထိုင်းပါတီအနေဖြင့် ပီတာကို ဝန်ကြီးချုပ်လောင်းအဖြစ် ထောက်ခံဆဲ ဖြစ်သော်လည်း ဒုတိယအကြိမ်မှာလည်း ပထမအကြိမ်လိုပဲ ရလဒ်ထွက်လာခဲ့ရင်တော့ ခက်ခဲသည်ဆိုသော အမှန်တရားကို လက်ခံရမည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
Source: The PBS
- By CNI
- Category: နိုင်ငံရေး
- Hits: 676
CNI International News
ဆိုးလ်၊ ဇူလိုင် ၁၇
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk-yeol)သည် ယူကရိန်းသို့ ရုတ်တရက် သွားရောက်ခဲ့ပြီး ရုရှားကို တွန်းလှန်နေသည့် စစ်ပွဲတွင် ယူကရိန်းကို ထောက်ခံကြောင်း ပြသခဲ့သလို ကန်ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့ကူ ညီပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း အယ်ဂျာဇီးလ်ယားသတင်းမှ ဖော်ပြခဲ့သည်။
နေတိုးညီလာခံ တက်ရောက်ရန် လစ်သူရေးနီးယားသို့ သွားရောက်ခဲ့ပြီးနောက် ပိုလန်သို့ သွားရောက်ခဲ့သည်။ ထို့ နောက် ဇနီးသည် ကင်ကွန်ဟီးနှင့်အတူ ယူကရိန်းသို့ ဆက်လက် သွားရောက်ခဲ့သည်ဟု ယွန်း၏ ရုံးအဖွဲ့က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ယွန်းဆော့ရွဲနဲ့ ပိုလန်၀န်ကြီးချုပ်ကိုတွေ့ရစဉ်
အဆိုပါ ခရီးစဉ်သည် လွန်ခဲ့သည့် ၁၇ လက ရုရှားမှ ယူကရိန်းသို့ ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်ခြင်း ဖြစ်သည်။
ယွန်းက တောင်ကိုရီးယားနိုင်ငံက ယူကရိန်းသို့ ပေးနေသည့် စစ်ရေးမှအပဖြစ်သည့် အကူအညီ ပမာဏကို တိုးမြှင့်သွားဖို့ လည်း ကတိပြုခဲ့သည်။
လူသားချင်းစာနာမှု အကူအညီကို ယမန်နှစ် ကန်ဒေါ်လာ သန်း ၁၀၀ မှ ၂၀၂၃ တွင် သန်း ၁၅၀ အထိ တိုးပေး သွားမည်ဟု ယွန်းက ပြောခဲ့သည်။

နေတိုး ညီလာခံမှာ တွေ့ရတဲ့ ယွန်းဆော့ရွဲ
ယူကရိန်းတွင် စစ်ပွဲအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူ ခဲ့ကြသည်ဟု ဆိုသည်။
ပညာတော်သင် ရံပုံငွေတစ်ခုကိုလည်း မတည်ထူထောင်ပြီး တောင်ကိုရီးယားတွင် ယူကရိန်းကျောင်းသားများ ပညာသင်နိုင်အောင် ပံ့ပိုးပေးသွားမည်ဟု ယွန်းက ပြောသည်။
ယမန်နှစ်က ရုရှားစစ်သားများ မြို့တော်အဝန်းအဝိုင်းမှ ဆုတ်ခွာသွားတော့ လမ်းများထဲတွင် အစုလိုက် အပြုံလိုက် အလောင်းများ ကျန်ရစ်ခဲ့ရာ ကိယက်ဗ်မြို့အနီးက မြို့ငယ်နှစ်မြို့သို့လည်း ယွန်းဆော့ရွဲ သွားရောက်ခဲ့သလို စစ် အတွင်း သေဆုံးခဲ့သူများအတွက် ဂူဗိမာန်တွင် ပန်းစည်းချခဲ့သေးသည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1129
အပြန်အလှန် ဝေဖန်ပြစ်တင်မှုများနှင့် ပွဲဆူခဲ့သော အာဆီယံဖိုရမ်
CNI International News
ဂျကာတာ၊ ဇူလိုင် ၁၅
ဇူလိုင် ၁၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် အရှေ့တောင်အာရှ နှစ်ပတ်လည် လုံခြုံရေးဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ကန်-တရုတ် ပြိုင်ဆိုင်မှု၊ ယူကရိန်း စစ်ပွဲနှင့် မြောက်ကိုရီးယားဒုံးကျည် အကြောင်းအရာများက လွှမ်းမိုးခဲ့သည်ဟု ဘန်ကောက်ပို့စ်က ရေးသားခဲ့သည်။
ထို့နောက် ဇူလိုင် ၁၄ ရက်နေ့က အာဆီယံဒေသဖိုရမ် (ARF)ကို တရုတ်၊ အမေရိကန်နှင့် ရုရှားတို့မှ ထိပ်တန်း သံတမန်များ တက်ရောက်ခဲ့ကြရာ ပထဝီနိုင်ငံရေးဆိုင်ရာ ပေါက်ကွဲမှုများ၊ ပြင်းထန်သည့် ဝေဖန်ပြစ်တင်မှုများ၊ အင်အားကြီးများကြား ဆူညံသည့် ရန်စောင်မှုများ၊ အခန်းထဲမှ ဒေါသတကြီး ထွက်ခွာသွားမှုများနှင့် ပွဲဆူခဲ့သည်။
အဖွင့်စကား ပြောကြားရာတွင် အိမ်ရှင်ဖြစ်သည့် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ (Retno Marsudi)က ဖိုရမ်အနေဖြင့် နောက်တစ်ဆင့်ဖြစ်သည့် ပဋိပက္ခများကို တားဆီးသော သံခင်းတမန်ခင်းဟုသာ ရှေ့ရှုသင့်သည်ဟု တိုက်တွန်းခဲ့သည်။
“ပြိုင်ဆိုင်မှုကို ပိုဖြစ်အောင်လုပ်နေရင် ဒေသကြီးဟာ ဆက်ပြီး ကွဲပြားနေဦးမှာပါပဲ။ ကျမတို့ ဒေသကြီးဟာ ပေါက်ကွဲနိုင်ခြေရှိတဲ့ ပြဿနာတွေ အများကြီးနဲ့ပါ။ ပြဿနာတွေက ပိုပိုပြီး ရှုပ်ထွေးလာပါတယ်”ဟု သူမက ပြောသည်။

ဘလင်ကင်နဲ့ ဝမ်ယိတို့ကို တွေ့ရစဉ်
“ပြဿနာတွေက ပိုရှုပ်ထွေးလာလို့လည်း ပဋိပက္ခဖြစ်နိုင်ခြေကို ကောင်းကောင်း ကိုင်တွယ်တတ်ဖို့ လိုအပ်လာ ပါတယ်။ အာဆီယံဖိုရမ်ဆိုတာက ငြိမ်းချမ်းရေးကို မရမက အကောင်အထည်ဖော်ဖို့၊ ဒေသတွင်းမှာ ပဋိပက္ခ ဖြစ်ပေါ်လာနိုင်ခြေကို တားဆီးဖို့ ယာဉ်သဖွယ် အသုံးပြုဖို့ပါ”ဟု သူမက ဆက်ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken)က အင်ဒို-ပစိဖိတ်ဒေသ၊ ထိုင်ဝမ် ရေလတ်ကြားနှင့် ယူကရိန်းတွင် ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် တိုက်တွန်းသွားခဲ့သည်။
ယခုရက်သတ္တပတ်တွင် မြောက်ကိုရီးယားက ၎င်း၏ ဝါဆောင်း-၁၈(Hwasong-18) တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်ခဲ့သည့် အတွက်လည်း ဘလင်ကင်က ပြစ်တင်ရှုတ်ချခဲ့သည်။
“ဒေသကြီးကိုရော ကမ္ဘာလုံးဆိုင်ရာ မပျံ့ပွားရေးမူကိုပါ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားရဲ့ တရားမဝင်တဲ့ အဖျက်လက်နက် စီမံကိန်းနဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေကို ရပ်တန်းကရပ်ဖို့ ကျနော်တို့ လက်တွဲ အလုပ်လုပ် ကြဖို့ လိုအပ်တယ်တယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထို့အပြင် ဘလင်ကင်က တရုတ်သံတမန် ဝမ်ယိနှင့်လည်း အပေါင်းလက္ခဏာဆောင်သည့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ အင်အားကြီးနှစ်ခုကြား ကွဲပြားခြားနားမှုများကို ပြေပြစ်သွားစေရန် ဆက်ဆံမှုများတွင် လတ်တလော အကျဆုံးပင် ဖြစ်သည်ဟု ပြောသည်။
ဝမ်ယိက နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်းမှန်ပေါ် ရောက်ရန် အမြော်အမြင်ရှိရှိ လက်တွေ့ကျရန် အရေးကြီး သည်ဟု ဘလင်ကင်အား ပြောကြားခဲ့သည်။

လာဗရော့ဗ်ကို တွေ့ရစဉ်
ယမန်နှစ်က အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi)က ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ကျင်းပခဲ့သည့် အာဆီယံဖိုရမ်တွင် ကန်-တရုတ် ပဋိပက္ခကြောင့် ပျက်သလို ဖြစ်သွား ခဲ့ရသည်။
တရုတ်ကလည်း အမေရိကန်၏ လုပ်ရပ်ကို ဆန့်ကျင်သည့် အနေဖြင့် ကိုယ့်မင်းကိုယ့်ချင်း ထိုင်ဝမ်ကျွန်း တစ်ဝိုက်တွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သလို ဝါရှင်တန်နှင့် အဆက်အသွယ် လမ်းကြောင်းများကိုလည်း ဖြတ်တောက်ပစ်ခဲ့သည်။
အာဆီယံဖိုရမ်သို့ တက်ရောက်လာသူများထဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ် (Sergei Lavrov)လည်း ပါဝင်သည်။
လာဗရော့ဗ်သည် ဂျကာတာတွင် အမေရိကန်အရာရှိများနှင့် တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း သူ၏ ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခါရိုဗာက ပြောကြားခဲ့သည်။
တရုတ်သံတမန် ဝမ်ယိက လာဗရော့ဗ်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။
ယခုရက်သတ္တပတ် အင်တာဗျူးတွင်မူ လာဗရော့ဗ်က အနောက်က ၎င်း၏ သြဇာကို ထိန်းသိမ်းထားမည့် အစီအစဉ်များကို မစွန့်လွှတ်သေးသရွေ့ သို့မဟုတ် ရုရှားကို ရှုံးနိမ့်စေလိုစိတ် အားကြီးနေသရွေ့ ယူကရိန်းစစ်ပွဲ သည် အဆုံးသတ်ဦးမည် မဟုတ်ဟု ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 962
CNI International News
မော်စကို၊ ဇူလိုင် ၁၅
ပြီးခဲ့သည့်လက မော်စကို စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ခဲ့သော်လည်း ဝဂ်နာကြေးစား စစ်သားများကို ရုရှားမှာပဲ ဆက်လက် စစ်မှုထမ်းရန် ကမ်းလှမ်းထားကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်ဟု အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။
ဇူလိုင် ၁၃ ရက်နေ့က ရုရှားနေ့စဉ် သတင်းစာ Kommersant နှင့် အင်တာဗျူးတွင် ပြီးခဲ့သည့်လက ဝဂ်နာတပ်ဖွဲ့ များက ပုန်ကန်ခဲ့ကြပြီး ၅ ရက်အကြာတွင် ဝဂ်နာစစ်သားများ၊ ခေါင်းဆောင် ယက်ဂျီနီ ပရီဂေါ့ဇ်ဟင် (Yevgeny Prigozhin)တို့နှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု ပူတင်က ပြောသည်။
ပူတင်၏ ကမ်းလှမ်းချက်အရ ကြေးစားစစ်သားများသည် လက်ရှိတပ်မှူး လက်အောက်တွင်ပင် ဆက်လက် တာဝန် ထမ်းဆောင်နိုင်သည်ဟု သတင်းစာက ဖော်ပြသော်လည်း ထိုတပ်မှူးမှာ မည်သူမည်ဝါ ဖြစ်သည်ကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

ယက်ဂျီနီ ပရီဂေါ့ဇ်ဟင်ကို တွေ့ရစဉ်
“သူတို့အားလုံး တစ်နေရာတည်းမှာတင် စုနေပြီး ဆက်အမှုထမ်းနိုင်ပါတယ်”ဟု ပူတင်က ပြောကြားခဲ့ကြောင်း Kommensant က ဖော်ပြထားသည်။
“ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ သူတို့ကို တစ်ချိန်လုံး အုပ်ချုပ်ခဲ့တဲ့ တပ်မှူးအောက်မှာပဲ ရှိနေမှာပါ” ဟု ပူတင်က ဆက်ပြောခဲ့သည်။
ရုရှားစစ်တပ်၏ ဦးစီးချုပ်လည်းဖြစ်သူ ပူတင်က ကြေးစားစစ်သားများကို ရုရှားစစ်တပ် အတွင်းမှာပဲ ဆက်ရှိ နေစေလိုသည့် သဘောဟု ယူဆရသော်လည်း အသေးစိတ်ကိုတော့ ပြောကြားခြင်းမရှိပေ။
“သူတို့ အတော်များများ ကျနော်ပြောတာကို သဘောတူကြပါတယ်”ဟု ပူတင်က ပြောသည်။
သို့သော် ပရီဂေါ့ဇ်ဟင်ကတော့ သဘောမတူဟု ပြောကြောင်း အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။

ရုရှားစစ်တပ်ကိုတွေ့ရစဉ်
“ပရီဂေါ့ဇ်ဟင်က နားထောင်အပြီးမှာ ကောင်လေးတွေက ဒီလိုဆုံးဖြတ်ချက်မျိုးကို သဘောတူမှာ မဟုတ်ဘူး”ဟု ပြောကြောင်း Kommersant ကိုကား၍ အယ်ဂျာဇီးလ်ယားက ဖော်ပြခဲ့သည်။
ထိုအခြေအနေများက ရုရှားအစိုးရမှာ ရုရှားဥပဒေ အဝန်းအဝိုင်း၏ အပြင်ဖက်တွင် အလုပ်လုပ်နေသည့် ပုဂ္ဂလိက စစ်တပ် အဖွဲ့အစည်း တစ်ခုအပေါ် မှီခိုနေရသည်ကို ပူတင်က သွယ်ဝိုက်ဝန်ခံရာ ရောက်နေသည်။
ထို့နောက် ဝဂ်နာ အနေနှင့် လက်ရှိပုံစံဖြင့် ဆက်လက်ရပ်တည်ဖို့တော့ မဖြစ်နိုင်တော့ဟုလည်း ပူတင်က Kommersant သတင်းစာကို ပြောကြားခဲ့သည်ဟု အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1066
CNI International News
တိုကျို၊ ဇူလိုင် ၁၅
တရုတ်နှင့် မြောက်ကိုရီးယား၏ ရန်လိုမှုကို ကာကွယ်ရန်အတွက် ဂျပန်၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှု အား အမေရိကန်စစ်ဦးစီးချုပ် အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ်မီလေး (Mark Milley)က ထောက်ခံအား ပေးကြောင်း ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် ဒုံးကျည် ကာကွယ်ရေးစနစ်နှင့် လေကြောင်း စွမ်းရည်များ တိုးတက်ကောင်းမွန်လာဖို့ လိုအပ်နေကြောင်း ဗိုလ်ချုပ်ကြီး မာ့ခ်မီလေး (Mark Milley)က ပြောသည်။
ထို့နောက် ဂျပန်၏ ကာကွယ်အသုံးစရိတ် တိုးမြှင့်မှုက အမေရိကန်အထိ ထိမှန်နိုင်သည့် နျူကလီးယား ဒုံးကျည်များ ထုတ်လုပ်ရန် ကြိုးစားနေသည့် မြောက်ကိုရီးယားနှင့် ထိုင်ဝမ်ကို သူပိုင်ဟုဆိုကာ ရန်စောင်လာမှုများ တိုးလာသည့် တရုတ်ကို တွန်းလှန်နိုင်ဖို့ မျှော်လင့်ထားသော အမေရိကန်အတွက် အကူအညီ ဖြစ်လိမ့်မည်ဟု ၎င်းက ပြောသည်။

ဂျပန်ကာကွယ်ရေး၀န်ကြီးကို တွေ့ရစဉ်
တရုတ်က စစ်ဖက်တွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပြီး နောင် ၁၀-၁၅ နှစ်အတွင်း အာရှ၏ အထွတ်အထိပ် ဥသျှောင်ဖြစ်လာဖို့ ရည်မှန်းထားသည်ဟုလည်း ဗိုလ်ချုပ်ကြီး မာ့ခ်မီလေးက ပြောသည်။
“အဲဒီလိုဆိုရင် မတည်မငြိမ်ဖြစ်လာနိုင်သလို အလွန်လည်း အန္တရာယ်ကြီး လာလိမ့်မယ်။ အင်အားကြီးတဲ့ ဂျပန် ဖြစ်လာဖို့၊ စစ်ရေးစွမ်းရည်လည်း မြင့်မား၊ အမေရိကန်၊ တခြားနိုင်ငံတွေနဲ့လည်း မဟာမိတ်ဖွဲ့ထားတဲ့ ဂျပန်ဖြစ်လာ ဖို့က ခရီးရှည်သွားရမယ်” ဟု ၎င်းက ပြောသည်။
ဂျပန်နှင့် တောင်ကိုရီးယားတွင် အမေရိကန်စစ်သား ၈၀,၀၀၀ ကျော် ရှိသော်လည်း မြောက်ကိုရီးယားနှင့် တရုတ် တို့က စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင် လာနေသောကြောင့် ဒေသတွင်း စစ်ဖြစ်လာမည့် အလား အလာကို တိုး၍ စိုးရိမ်နေရကြောင်း၊ ဝါရှင်တန်က မဟာမိတ်များအနက် တိုကျိုနှင့် ဆိုးလ်ကို ယခုထက် ပိုမို စွမ်းရည်ရှိလာစေလိုကြောင်း မီလေးက ပြောသည်။
ဂျပန်သည် ပြည်တွင်းနှင့် ဒေသတွင်းက ရန်လိုလွန်းသည်ဟု အမြင်ခံရနိုင်သည့်အပေါ် သတိထားနေရသည့်ကြား ကပင် စစ်တပ်ကို ပိုမိုတောင့်တင်းလာဖို့ လိုအပ်ချက်နှင့်လည်း ကာလအတော်ကြာ အချိန်ကုန်ခဲ့သည်

မြောက်ကိုရီးယား ခေါင်းဆောင်ကို တွေ့ရစဉ်
ဂျပန်သည် ဒုတိယကမ္ဘာစစ် မတိုင်မီက အာရှတစ်ခွင်သို့ ကျူးကျော်ခဲ့ဖူးသည်။ ထို့ကြောင့် အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများ၏ အမျက်ဒေါသဖြင့် ကြည့်မြင်ခြင်း ခံနေရဆဲပင် ဖြစ်သည်။
“မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ရာ ယင်းမှာ လောင်စာအခဲသုံး တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် (ICBM)ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်နိုင်သည့် စွမ်းရည်ကို တီထွင်နေသည်မှာ ထင်ရှားသော ကြောင့် ကျုပ်တို့ သတိထားနေရတယ်”ဟု ဗိုလ်ချုပ်ကြီး မာ့ခ်မီလေးက ပြောသည်။
လာမည့် ဘဏ္ဍာနှစ်အတွက် ဂျပန်နိုင်ငံ၏ ဘတ်ဂျက်က ကာကွယ်ရေး အသုံးစရိတ်အဖြစ် ကန်ဒေါ်လာ ၅၀ ဘီလျံ ခွင့်ပြုထားခြင်းကြောင့် အစောပိုင်း နှစ်ကထက် ၂၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
အဆိုပါ အသုံးစရိတ်ထဲတွင် ကန်ဒေါ်လာ ၁.၅၅ ဘီလျံဖိုး အမေရိကန်လုပ် တာဝေးပစ် တိုမာဟော့ ခရုဇ်ဒုံးကျည် များ ဖြန့်ချထားရေး ပါဝင်သည်။
ထိုဒုံးကျည်များမှာ စစ်သင်္ဘောများပေါ်မှနေ၍ မိုင် ၁၀၀၀ နှင့်အထက် အကွာအဝေးအထိ ပစ်ခတ်နိုင်သည်။
လက်ရှိ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုမှာ ဒီဇင်ဘာလက ကြေညာခဲ့သည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာ ၏ အစိတ်အပိုင်းအနေနှင့် ကန်ဒေါ်လာ ၃၁၅ ဘီလျံအထိ သုံးစွဲမည့် ၅ နှစ် စီမံကိန်း၏ ပထမအရစ် ဖြစ်သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 850
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၅
Move Forward (MFP)ပါတီအနေဖြင့် အစိုးရဖွဲ့စည်းနိုင်ရေးနှင့် ဝန်ကြီးချုပ်ရာထူး လက်ခံရရှိနိုင်ရေးအတွက် ဘုရင်အား စော်ကားမှုကို တားမြစ်သည့်ဥပဒေ(lese Maheste)ဟု လူသိများသည့် ပုဒ်မ ၁၁၂ ပြင်ဆင်ရေး ရပ် တည်ချက်ကို နောက်ဆုတ်သင့်ကြောင်း နိုင်ငံရေးသမားဟောင်းကြီး ချူဗစ် ကာမိုဗီဆစ် (Chuwit Kamolvisit)က ပြောသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဇူလိုင် ၁၃ ရက်နေ့က ဝန်ကြီးချုပ်ရွေးချယ်သည့် လွှတ်တော်မဲပေးပွဲအပြီးတွင် မစ္စတာချူဗစ်က သူ၏ သဘောထား ကို ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားထုတ်လွှင့်ခဲ့သည်။
မဲပေးပွဲတွင် Move Forward ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ်လောင်း မစ္စတာပီတာလင်ဂျာရိုရတ်(Pita Limjaroenrat)သည် ထောက်ခံမဲ ၃၂၄ မဲသာ ရရှိခဲ့ကြောင်း၊ လိုအပ်သည့် မဲအရေအတွက်မှာ လွှတ်တော်အမတ် ၇၅၀ အနက် ၃၇၆ မဲဖြစ်ကြောင်း၊ ထိုအရေအတွက်ကို ပြည့်မှီခြင်းမရှိ၍ ဝန်ကြီးချုပ်အဖြစ် အရွေးချယ်မခံခဲ့ရပေ။
ထို့နောက် ဇူလိုင် ၁၉ ရက်နေ့တွင် ဒုတိယအကြိမ် မဲပေး ရွေးချယ်ကြမည်ဖြစ်သည်။ မဲရလဒ်ကို လက်ခံသော်လည်း အရှုံးပေးမည်မဟုတ်ကြောင်း မစ္စတာပီတာက ပြောထားသည်။

ထိုင်းဘုရင်နဲ့ မိဖုရားကိုတွေ့ရစဉ်
မစ္စတာချူဗစ်က ဒုတိယအချီ မဲပေးလျှင်လည်း ရလဒ်မှာ အတူတူပင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ MFP ပါတီ အနေ ဖြင့် ပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို ဆက်လက် တွန်းအားပေးမည်လား သို့မဟုတ် လုံးဝကျောခိုင်း စွန့်လွှတ်မည်လား ဆုံးဖြတ်ရတော့မည်ဟု ထောက်ပြသည်။
အစိုးရအဖွဲ့ပြီးလျှင် တခြားလုပ်စရာများ အမြောက်အများ ရှိနေသောကြောင့် တော်ဝင်အဖွဲ့အစည်းအား ပြုပြင် ပြောင်းလဲရေး တစ်ခုတည်းကိုသာ အာရုံစိုက်နေဖို့ မလိုအပ်ကြောင်းလည်း ချူဗစ်က ပြောသည်။

ဝန်ကြီးချုပ်လောင်း မစ္စတာပီတာလင်ဂျာရိုရတ်ကို တွေ့ရစဉ်
“Move Forward ပါတီဟာ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲက တစ်ပါတီသာ ဖြစ်တယ်။ တစ်ပါတီအစိုးရလည်း မဟုတ် ဘူး။ ပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို အခြားပါတီတစ်ခုက သဘောမတူနိုင်တာမျိုးလည်း ရှိမှာပဲ။ နောက်ရွေးကောက်ပွဲ မှာ အောက်လွှတ်တော် အမတ်တွေရဲ့ တစ်ဝက်ကျော်ကျော်က ထောက်ခံမှပဲ ပြင်ဆင်နိုင်လိမ့်မယ်”ဟု မစ္စတာ ချူဗစ်က ပြောသည်။
MFP ပါတီမှာ ရွေးကောက်ပွဲတွင် ၁၅၂ နေရာ အနိုင်ရခဲ့ခြင်းမှာ မဲဆန္ဒရှင်များက ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် ပါတီ ၏ ရပ်တည်ချက်ထက် စစ်တပ်ကို ပြုပြင်ပြောင်းလဲပြီး အာဏာရှင်ဆန်သည့် ဥပဒေများအား ဖယ်ရှားပစ်လိုသော ရည်ရွယ်ချက်ကို သဘောတူကြ၍ဖြစ်သည်ဟု ယုံကြည်မိကြောင်း မစ္စတာချူဗစ်က ပြောသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 886
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၄
ဘုရင်အား စော်ကားမှုကို တားမြစ်သည့်ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေးမှာ အစိုးရကဆုံးဖြတ်မှာ မဟုတ်ဘဲ လွှတ်တော်က ဆုံးဖြတ်ရမှာဟု တိုက်ခိုက်လာသူများကို Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ် (Pita Limjaroenrat)က တုံ့ပြန်ခဲ့သည်။
ဇူလိုင် ၁၃ ရက်နေ့က ဝန်ကြီးချုပ်ရာထူး မဲပေးရွေးချယ်ပွဲ မတိုင်ခင်မှာ ပထမဆုံး စကားပြောခွင့်ရသည့် ဘွန်ဂျာထိုင်းအမတ် ချာဒါထိုင်းဆတ်(Chada Thaised)က စတင် ဝေဖန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ချာဒါက သူ၏ ဘွန်ဂျာထိုင်းပါတီသည် ပီတာကို ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အနေဖြင့် မဲမပေးနိုင် ကြောင်း၊ ဘုရင်စနစ်ကို ကာကွယ်ရန် မပြောင်းမလဲ တည်မြဲနေရမည့် ပုဒ်မ ၁၁၂ ကို ပီတာနှင့် သူ၏ Move Forward ပါတီက ပြင်ဆင်ရန် ဆုံးဖြတ်ထားခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။

လွှတ်တော်အမတ် ချာဒါထိုင်းဆတ်ကိုတွေ့ရစဉ် (chada thaised-fb)
ပြင်ဆင်ရန် တွန်းအားပေးရေးမှာ ရှေ့သို့ချီပါတီက ဦးဆောင်သည့် ၈ပါတီညွန့်ပေါင်းအဖွဲ့က လက်မှတ်ထိုးထားသည့် နားလည်မှုစာချွန်လွှာထဲတွင် မပါဝင်သော်လည်း ပီတာက အောက်လွှတ်တော်သို့ ပြင်ဆင်ရန် အဆိုပြုလိုက်သည်နှင့် ကျန် ၇ပါတီကပါ ထောက်ခံကြလိမ့်မည်ဟု ချာဒါက ပြောကြားသည်။
“နားလည်မှု စာချွန်လွှာထဲ မပါဘဲနဲ့တောင် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကြိုးစားလာခဲ့ရင် ၇ ပါတီက ဘာပြောမလဲလို့ မေးချင်ပါတယ်” ဟု ချာဒါက ပြောသည်။
ပီတာကတော့ သူ၏ ချေပပိုင်ခွင့်ကို အသုံးချပြီး စာချွန်လွှာထဲတွင် နောက်အစိုးရ၏ မူဝါဒများသာ ပါဝင်ကြောင်း၊ ထို့ကြောင့် ဘုရင်အား စော်ကားမှုအား တားမြစ်သည့်ဥပဒေကို ပြင်ဆင်ရန်ဆိုသည့် အချက်ကို ချန်ထားခဲ့ရခြင်း ဖြစ်ကြောင်း ပြန်လည် ထောက်ပြခဲ့သည်။
ပီတာက “ဥပဒေပြင်ဆင်ချက်မှန်သမျှက လွှတ်တော်အပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့က ဥပေဒတစ်ခုကို ပြင်ဆင်ဖို့ အဆိုကြမ်း တင်သွင်းလိုက်တဲ့အခါမှာ သဘောထားအမြင်တွေကို ဘယ်သူမှ လက်ဝါးကြီး အုပ်ထားလို့ မရပါဘူး။ ကျနော့်ထက် ကြီးတဲ့သူတွေက အမြင်တစ်မျိုးရှိမယ်။ ကျနော်နဲ့ ရွယ်တူတွေက တခြား အမြင်တစ်မျိုး ရှိမယ်။ ကျနော်တို့ထက် ငယ်တဲ့သူတွေကတော့ မတူခြားနားစွာ စဉ်းစားမှာပါပဲ။ အမတ်တွေရဲ့ တာဝန်ကိုက သဘော တရားရေး အငြင်းပွားမှုတွေကို ဖြေရှင်းဖို့၊ နိုင်ငံအတွက် အဖြေရှာဖို့ပါပဲ”ဟု ပြောသည်။
“အခုက ဝန်ကြီးချုပ် မဲပေးရေး ငြင်းခုန်ပွဲပါ။ ဥပဒေပြင်ဆင်ချက်အကြောင်း ငြင်းခုန်နေကြတာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

ပီတာနဲ့ သူရဲ့ပါတီ၀င် အမတ်များကိုတွေ့ရစဉ်
ထို့အပြင် သူသည် သတ်မှတ်ချက်နှင့် ညီညွတ်ပြီး ဝန်ကြီးချုပ်တစ်ယောက် ဖြစ်လာရန်လည်း အပြည့်အဝ တရားဝင်သည်ဟု ပီတာက အမတ်များကို ပြောကြားခဲ့သည်။
ပီတာက သူဝန်ကြီးချုပ်ဖြစ်လာလျှင် အပြုအမူ စရိုက်အနေဖြင့် နည်းနည်းသာပြောပြီး များများနားထောင်ရန် ကြိုးစားမည်ဟုလည်း ကတိပြုသွားသည်။
ဇူလိုင် ၁၃ ရက်နေ့က ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ် တင်မြှောက်ရေး မဲပေးရွေးချယ်ရာမှာ ပီတာသည် လိုအပ်သည့် ၃၇၆ မဲထက် ၃၂၀ ကျော်သာ ရရှိခဲ့ခြင်းကြောင့် အရွေးချယ်မခံရဘဲ အစည်းအဝေးကို အဆုံး သတ်ခဲ့ရသည်။
ထို့နောက် ဒုတိယအကြိမ် ထပ်မံ ရွေးချယ်မှု ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။
Source: National Thailand
- By CNI
- Category: နိုင်ငံရေး
- Hits: 913
CNI International News
ပါရီ၊ ဇူလိုင် ၁၄
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီ (Narendra Modi)သည် ဇူလိုင် ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံသို့ နှစ်ရက်တာ ခရီးစဉ် အလည်အပတ် ရောက်ရှိခဲ့ပြီးနောက် စစ်ဖက်ဆိုင်ရာ စာချုပ်သစ်များ ကိစ္စကိုလည်း ဆွေးနွေးသွားဖွယ် ရှိသည်။
မိုဒီသည် ပြင်သစ်နိုင်ငံမှာ ကျင်းပသည့် ဘာစတီးနေ့ စစ်ရေးပြပွဲကို အထူးဧည့်သည်တော်အဖြစ် တက်ရောက်မည် ဖြစ်သည်။
ပြင်သစ်သည် ယခင်က မိုဒီကို ရှောင်ဖယ်နေရာကနေ ဝါရှင်တန်က အိမ်ဖြူတော် ညစာစားပွဲဖြင့် အထူးတည်ခင်း ဧည့်ခံခဲ့ပြီး နောက် ယခုကဲ့သို့ ပြင်သစ်သမ္မတ မက်ခရွန်(Emmanuel Macron)က ဟိန္ဒူအမျိုးသားရေးဝါဒီ ခေါင်းဆောင် မိုဒီအား ကောဇောနီဖြင့် ကြိုဆိုခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းစစ်ပွဲအပေါ် သဘောထား ကွဲလွဲမှုများနှင့် အိန္ဒိယ၏ လူ့အခွင့်အရေး အခြေအနေများအပေါ် တင်းမာမှု များ ရှိနေသည့် အခြေအနေမှာပဲ နှစ်ဖက်စလုံးက တရုတ်နှင့်ပတ်သက်၍ စိုးရိမ်မှုကြောင့် နယူးဒေလီနှင့် အနောက် ဒီမိုကရေစီ နိုင်ငံများ ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံဖို့ စိတ်အားထက်သန်နေကြသည်။
“ကျနော်တို့ရဲ့ အာရှ-ပစိဖိတ် မဟာဗျူဟာအတွက် အိန္ဒိယဟာ အဓိက ဒေါက်တိုင်တစ်ခုဖြစ်တယ်” ဟု မက်ခရွန် ၏ လက်ထောက်တစ်ယောက်က သတင်းထောက်များကို ပြောကြားခဲ့သော်လည်း အမည်ဖော်ပြခြင်းတော့ မရှိခဲ့ ပေ။

မိုဒီကိုတွေ့ရစဉ်
မက်ခရွန်က ဇူလိုင် ၁၄ ရက်နေ့ အမျိုးသားနေ့ အခမ်းအနား စစ်ရေးပြပွဲတွင် မိုဒီကို အထူးဧည့်သည်တော်အဖြစ် တက်ရောက်စေခဲ့သည်။
ထို့နောက် အိန္ဒိယတပ်ဖွဲ့များ၊ အိန္ဒိယလေယာဉ်မှူးများ မောင်းနှင်သည့် ပြင်သစ်လုပ် ဂျက်တိုက်လေယာဉ်များ လည်း ပါဝင်ပြသခဲ့ပြီး နှစ်နိုင်ငံ ရင်းနှီးသည့် စစ်ဖက်ဆက်ဆံရေးကို ဖော်ပြခဲ့သည်။
အန္ဒိယမှာ ပြင်သစ်လက်နက်များကို အများဆုံးဝယ်ယူသည့် နိုင်ငံများထဲမှ နိုင်ငံတစ်နိုင်ငံဖြစ်သည်။

မိုဒီ ပြင်သစ်ကို ရောက်လာစဉ်
၂၀၁၅ ခုနှစ်က ပြင်သစ်ခရီးစဉ်တွင် ရာဖေးဂျက်တိုက်လေယာဉ် ၃၆ စင်း ဝယ်ယူမည့် သမိုင်းဝင် စာချုပ်ကို မိုဒီက ကြေညာခဲ့ကြောင်း၊ ထိုအချိန်က ကာလတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄.၂၄ ဘီလျံတန်ဖိုး ရှိသည်။
ယခုခရီးစဉ်တွင် ရေတပ်သုံး နောက်ဆုံးပေါ် လေယာဉ် ၂၆ စင်း ဝယ်ယူမည့် အစီအစဉ်အပြင်၊ စကောပင်း အမျိုးအစား ရေငုပ်သင်္ဘော ၃ စင်းလည်း ဝယ်ယူရန်ရှိသည်ဟု ပြင်သစ်သတင်းစာနှင့် အိန္ဒိယမှ Hindustan Times သတင်းစာတို့တွင် ဖော်ပြထားသည်။
ဟိမဝန္တာနယ်စပ်တလျှောက် ပိုင်နက်အငြင်းပွားမှုမှာ ပိုမိုဆိုးရွားလာနေခြင်းနှင့်အတူ တရုတ်၏ ပို၍ နေရာ ယူလာမှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာနေသောကြောင့် နယူးဒေလီသည် သူ၏စစ်တပ်ကို ခေတ်မှီအောင် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲနေသည်။
Source: ဘန်ကောက်ပို့စ်
