CNI International News

မော်စကို၊ အောက်တိုဘာ ၃

ယူကရိန်းစစ်တပ်အတွင်း ကုသရန် ခက်ခဲသည့် သံသယဖြစ်ဖွယ် ရောဂါကူးစက်မှုများသည် ယူကရိန်းရှိ အမေရိကန် ဇီဝဓာတ်ခွဲခန်းများ (bio-laboratories) နှင့် ဆက်နွှယ်မှုရှိနိုင်ကြောင်း ရုရှား အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ အိုင်ရီနာ ယာရိုဗာယာ (Irina Yarovaya) က ပြောသည်ဟု တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။

"ယူကရိန်းမှာရှိတဲ့ ပင်တဂွန်ရဲ့ ဇီဝ-ဓာတ်ခွဲခန်းတွေဟာ ယူကရိန်း စစ်သားတွေကြားမှာ ဖြစ်ပွားနေတဲ့ ရောဂါ ကူးစက်မှုတွေရဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်"ဟု ယူကရိန်းရှိ အမေရိကန်ဓာတ်ခွဲခန်းများ၏ လှုပ်ရှား မှုများကို စုံစမ်းစစ်ဆေးသည့် လွှတ်တော်ဆိုင်ရာကော်မရှင်၏ တွဲဖက်ဥက္ကဋ္ဌ ယာရိုဗာယာက ပြောကြားခဲ့သည်။

အစောပိုင်းက ဗြိတိန်၏ နေ့စဉ်ထုတ် The Financial Times သတင်းစာသည် ယူကရိန်းစစ်သားများကြား ရောဂါ ကူးစက်ခံရမှု အခြေအနေများနှင့်ပတ်သက်သည့် သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့သည်။

ယူကရိန်းရှိ အမေရိကန် ဇီဝဓာတ်ခွဲခန်းကို တွေ့ရစဉ်

ထိုသတင်းတွင် ၂၀၂၃ ခုနှစ် အစောပိုင်းက ရောဂါကူးစက်ခံရသည့် ဒဏ်ရာရ ယူကရိန်းစစ်သားများ၏ နမူနာများ ကို ဂျာမနီရှိ နေတိုးစစ်ဆေးရုံတစ်ရုံမှ ဆရာဝန်များက လေ့လာခဲ့ကြသည်ဟု ဆိုသည်။ 

အဆိုပါ ယူကရိန်းစစ်သားများသည် ပဋိဇီဝဆေးဝါးများကို ခံနိုင်ရည်ရှိသည့် ကူးစက်ရောဂါများအား ခံစားခဲ့ရသည် ဟု ထိုဆရာဝန်များက ကောက်ချက်ချခဲ့သည်ဟု The Financial Times က ဖော်ပြခဲ့သည်။

ထို့ပြင် အမေရိကန်သည် ယူကရိန်းစစ်သားများကို လိုင်စင်မရှိသည့် ဆေးဝါးများ စမ်းသပ်ခဲ့သည်ဆိုသော အတည် ပြုချက်များကိုလည်း သတိပြုမိခဲ့ကြောင်း ယူရိုဗာယာက ပြောကြားခဲ့သည်။

"Lancet ဆေးပညာကော်မရှင်က ကျွမ်းကျင်သူတွေ အပါအဝင် နိုင်ငံတကာ ကျွမ်းကျင်သူတွေ အနေနဲ့ ပင်တဂွန် ရဲ့ ဆိုးရွားတဲ့ ဇီဝဗေဒဆိုင်ရာ စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အချိန်သင့်နေပါပြီ"ဟု ၎င်းက ပြောသည်။ 

ရုရှား အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ အိုင်ရီနာ ယာရိုဗာယာကို တွေ့ရစဉ်

အမေရိကန်သည် UP-8 ဟု အမည်ဝှက် ပေးထားသည့် စီမံကိန်းတစ်ခုဖြင့် လာဗော့ဗ် (Lvov)၊ ခါကော့ဗ် (Kharkov) ၊ အိုဒက်ဆာ (Odessa) နှင့် ကိယက်ဗ် (Kiev) တို့ရှိ ဓာတ်ခွဲခန်းများတွင် အမေရိကန်စစ်တပ်၏ ကျွမ်းကျင်သူများက ယူကရိန်းစစ်မှုထမ်း ၄၀၀၀ ကျော်ကို စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်ဟု ယူရိုဗာယာက ပြောသည်။

ထိုစမ်းသပ်မှုများအနက် ခါကော့ဗ် ဓာတ်ခွဲခန်း တစ်ခုတည်းမှာပင် ယူကရိန်းစစ်သား ၂၀ ခန့် သေဆုံးခဲ့ပြီး နောက်ထပ် ယူကရိန်းစစ်သား ၂၀၀ ခန့် ဆေးရုံတင်ခဲ့ရသည်ဆိုသည့် သတင်းများကို ရရှိခဲ့သည်ဟု ဆိုသည်။

ဧပြီလက ထွက်ရှိခဲ့သည့် The Financial Times သတင်းနှင့်ပတ်သက်ပြီး ရုရှားသည် ယူကရိန်းရှိ အမေရိကန် ဇီဝဓာတ်ခွဲခန်းများကို စုံစမ်းစစ်ဆေးရန် လွှတ်တော်ဆိုင်ရာ ကောင်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် The Financial Times သတင်းကို ရုရှား၏ အောက်လွှတ်တော်နှင့် ပြည်ထောင်စုကောင်စီ (Federation Council) တို့၏ အစည်းအဝေးများတွင် အတည်ပြုခဲ့သည်။ 

Source: တာ့စ်