CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၌ အမှတ်(၇၇၁) နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့က ဗန်းမောက်မြို့မ ပြည်သူ့စစ်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့က လက်နက်တပ်ဆင်ပေး ခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်သည် ဗန်းမောက်မြို့မ ပြည်သူ့စစ်အဖွဲ့ကို စစ်အခြေခံသင်တန်းပေးခဲ့ပြီးနောက် သင်တန်း ဆင်းပွဲနှင့် လက်နက် အပ်နှံခြင်း အခမ်းအနားကို အောက်တိုဘာ ၂ ရက်နေ့က ကျင်းပခဲ့သည်။

ဗန်းမာက်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ လှုပ်ရှားလျက်ရှိသည်။

 ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့က ဗန်းမောက်မြို့မ ပြည်သူ့စစ်ကို တပ်မတော်က လက်နက် ပေးအပ်နေစဉ်

ထို့နောက် KIA- PDF ပူးပေါင်း တပ်ဖွဲ့သည် ဗန်းမောက်မြို့နယ်အတွင်းရှိ မြန်မာ့တပ်မတော်၊ ရှမ်းနီ (SNA)တပ် စခန်းများကို မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိ နေသည်။

အလားတူ ဒေသခံများ၏ နေအိမ်များ မီးရှို့ဖျက်စီးခံရသလို ဖမ်းဆီး သတ်ဖြတ်ခံရမှုများလည်း ရှိသည့်အတွက် ဒေသခံများသည် ရပ်ရွာ-ဒေသ လုံခြုံရေးအတွက် ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်း၍ လုံခြုံရေး ဆောင်ရွက်လာ ကြကြောင်း ဗန်းမောက်မြို့ဒေသခံများက ပြောသည်။