CNI International News

မော်စကို၊ ဇူလိုင် ၃

နျူကလီးယား မျှဝေရေး အစီအစဉ်၏ မူဘောင်များနှင့်အညီ နိုင်ငံတွင်း နျူကလီးယား လက်နက်များ တပ်ဆင်ရန် လိုအပ်သည့် အချိန်နှင့်ပတ်သက်၍ နေတိုးအဖွဲ့ဝင်များကို ပိုလန်အာဏာပိုင်များက စည်းရုံးမှုများ လုပ်ဆောင်သွား မည်ဟု ပိုလန်ဝန်ကြီးချုပ် မားတက်ဇ်မော်ရာဝပ်ခ်စကီ (Mateusz Morawiecki )က ပြောသည်။  

မဆုတ်မနစ် ကြိုးစားမှုသည် အောင်မြင်မှုကို ရရှိစေသည်ဟု ဝန်ကြီးချုပ်က ပြောသည်။ 

ပိုလန်သို့ နျူကလီးယား လက်နက်များ ဖြန့်ကျက်ရေးအတွက် အမေရိကန်ဘက်က ဆွေးနွေးမှုများကို အတည် မပြုရသေးကြောင်း မေးခွန်းများကို ဖြေဆိုရာတွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုရှားဘက်က ဘယ်လာရုစ်သို့ ၎င်းတို့၏ နျူကလီးယား လက်နက်များ ဖြန့်ကျက်သွားမည့် အစီအစဉ်ကို ကြေညာခဲ့သည့် အခြေအနေတွင် ပိုလန်အနေဖြင့် အမြင့်ဆုံး လုံခြုံရေး အခြေအနေကို ရယူလိုသည်ဟု မော်ရာဝပ်ခ်စကီက ပြောသည်။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနဲ့ ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်

လုံခြုံရေးကို မြှင့်တင်ရန်အတွက် မဖြစ်မနေ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ နျူကလီးယား မျှဝေရေးဟု ခေါ်သော နျူကလီးယား လက်နက် ခွဲဝေသုံးစွဲရေး အစီအစဉ်သည် ပိုလန်၏ လုံခြုံရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် မည် ဖြစ်သည်ဟု ၎င်းက ပြောသည်။

ထိုကိစ္စကို မဟာမိတ်များနှင့် ဆွေးနွေးသွားမည်ဟု ပိုလန်ဝန်ကြီးချုပ် မားတက်ဇ်မော်ရာဝပ်ခ်စကီက ပြောသည်။ 

ပိုလန်နိုင်ငံသည် ရုရှားက ယူကရိန်းအား ကျူးကျော်တိုက်ခိုက်မှု စစ်ပွဲအတွင်းမှာ ယူကရိန်းဘက်က ရပ်တည်ပြီး စစ်လက်နက်များ ကူညီပေးလျက်ရှိနေသည်။ ထို့ကြောင့် အိမ်နီးချင်း ရုရှားနှင့် ဆက်ဆံရေး တင်းမာလျက်ရှိနေ သည်။

Source: တာ့စ်