CNI International News

ဝါဆော၊ ဖေဖော်ဝါရီ ၂၈

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့ တပ်ဖွဲ့များကို ယူကရိန်းသို့ စေလွှတ်ရန် သဘောမတူခဲ့ကြကြောင်း ပိုလန်သမ္မတ အန်ဇေ ဒူဒါ(Andrzej Duda)က ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနမှ ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂ (EU) နှင့် နေတိုးနိုင်ငံအချို့သည် နှစ်နိုင်ငံသဘောတူညီချက်များကို အခြေခံပြီး ယူကရိန်းသို့ ၎င်းတို့၏ စစ်တပ်များ စေလွှတ်မည့် အလားအလာနှင့်ပတ်သက်ပြီး စဉ်းစားနေသည်ဟု  စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကို (Robert Fico) က ပြောကြားခဲ့သည်။

ပိုလန်သမ္မတ အန်ဇေ ဒူဒါကို တွေ့ရစဉ်

“ယူကရိန်းကို ကျနော်တို့က ကူညီထောက်ပံ့ပေးမယ့် အခြေအနေကို ဆွေးနွေးနေတယ်ဆိုရင် နောက်ပိုင်းမှာ သက်ဆိုင်ရာ EU တစ်နိုင်ငံချင်းစီက ယူကရိန်းကို ဘယ်လိုထောက်ပံ့မှုတွေ ပေးကြမလဲဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ယူကရိန်းကို စစ်သားတွေ စေလွှတ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး အချေအတင် ဆွေးနွေးမှုတွေ ရှိခဲ့ပြီး တိကျတဲ့ သဘောတူညီချက် မရခဲ့ပါဘူး။ မတူကွဲပြားတဲ့ ရွေးချယ်စရာတွေရှိခဲ့ပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက်မျိုး မရရှိခဲ့ပါဘူး”ဟု ဒူဒါက ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင် ပြုလုပ်သည့် ယူကရိန်းအား အကူအညီပေးရေး ညီလာခံ အပြီးမှာ သတင်းထောက်များကို ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ  မက်ခရွန် (Emmanuel Macron) ကမူ ယူကရိန်းသို့ နေတိုးတပ်များ စေလွှတ်နိုင် ခြေနှင့်ပတ်သက်ပြီး ဘာကိုမျှ ယတိပြတ် မပြောနိုင်သေးကြောင်း ပြောကြားခဲ့သည်။

Source: Sputnik