CNI International News

မော်စကို၊ စက်တင်ဘာ ၂၉

မြေပြင်တွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် ရုရှား၏ လုံခြုံရေးအကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားပြီး ယူကရိန်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ရုရှားက အသင့်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) က ပြောသည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

"ကျနော်တို့ရဲ့ သဘောထားက မပြောင်းလဲပါဘူး။ ကျနော်တို့ရဲ့ လုံခြုံရေး အကျိုးစီးပွားတွေအပေါ် ထားရှိတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်နဲ့ မြေပြင်မှာ ဖြစ်ပွားနေတဲ့ လက်ရှိ အခြေအနေတွေကို ထည့်သွင်းစဉ်စားပြီး ယူကရိန်း နဲ့ သဘောတူညီမှုတွေ ပြုလုပ်ဖို့ ကျနော်တို့ဘက်က အသင့်ရှိပါတယ်"ဟု လာဗရော့ဗ်က တာ့စ်နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြေကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်စကီးကို တွေ့ရစဉ်

ခရိုင်းမီးယား(Crimea) နှင့် နိုဗိုရော့စီယာ (Novorossiya) ဒေသများရှိ ရုရှား၏ ပိုင်ဆိုင်မှုအားလုံးကို ဖျက်ဆီးရန် ကြေညာခဲ့သည့် ရုရှားနယ်စပ်အနီးရှိ ရန်လိုသော နာဇီစနစ်ဖန်တီးမှုအား တားဆီးရန်လည်း ပါဝင်သည်ဟု လာဗရော့ဗ်က ပြောသည်။ 

ယူကရိန်းနှင့် ရုရှားအကြား ဆွေးနွေးမှုများ နှောင့်နှေးကြန့်ကြာလေလေ၊ သဘောတူညီမှုတစ်စုံတစ်ရာ ရရှိရန် ခက်ခဲလေလေဖြစ်ကြောင်း လာဗရော့က ပြောသည်။ 

ထို့ပြင် ရုရှားနှင့် ဆွေးနွေးမှုများကို တားမြစ်ထားသည့် ယူကရိန်းသမ္မတ ဇာလန်စကီး (Volodymyr Zelensky) ၏ တားမြစ်ချက်ကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်းနှင့် ဆွေးနွေးမှုများပြုလုပ်ရန် လမ်းဖွင့်ပေးသင့်ကြောင်းလည်း လာဗရော့ဗ်က ပြောကြားခဲ့သည်။

Source: တာ့စ်