- By CNI
- Category: နိုင်ငံရေး
- Hits: 832
CNI International News
မော်စကို၊ အောက်တိုဘာ ၂၆
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရုရှားတပ်ဖွဲ့များသည် ယူကရိန်းစစ်လေယာဉ် ၂၄ စင်းကို ပစ်ချနိုင်ခဲ့သည့် လက်နက် စနစ်များအား ရရှိခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရွိူင်ဂူ (Sergei Shoigu)က အရှေ့ပိုင်း တိုက်ခိုက် ရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်ဆုများ ပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်း ဌာနမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းလေတပ်သည် တိုက်ခိုက်ရေး လေယာဉ်များ ပစ်ချခံခဲ့ရမှုနှင့်အတူ ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်ဟု တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် အခမ်းအနားတွင် ရွိူင်ဂူက ပြောသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ တိုက်လေယာဉ်တစ်စီးကို တွေ့ရစဉ်
"ငါးရက်အတွင်းမှာပဲ ယူကရိန်းလေယာဉ် ၂၄ စင်းကို ပစ်ချနိုင်ခဲ့တဲ့ လက်နက်စနစ်တွေကို ကျနော်တို့ ရရှိခဲ့ပါ တယ်"ဟု ရုရှားကာကွယ်ရေးဝန်ကြီးက ပြောသည်။
ထို့ပြင် ရုရှားစစ်မှုထမ်းများ ဂုဏ်ထူးဆောင်ဆုများ ရရှိခဲ့မှုကိုလည်း ရွိူင်ဂူက ချီးကျူးဂုဏ်ပြုခဲ့သည်။
"သင်တို့ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။ သင်တို့ဟာ တန်ဖိုးကြီးမားစွာ တိုက်ပွဲဝင်နေတာပါ" ဟု ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထိုအခမ်းအနားအတွင်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်းစစ်ဆင်ရေးတွင် အမေရိကန်လုပ် M777 ဟောင်ဝပ်ဇာ (Howitzers) အမြောက်များကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ရွိူင်ဂူက ရုရှားစစ်မှုထမ်းများကို ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 850
CNI International News
ဟောင်ကောင်၊ အောက်တိုဘာ ၂၆
အမေရိကန်နှင့် ရုရှားကို တရုတ်က ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော ရေငုပ်သင်္ဘောများ ထုတ်လုပ်ခြင်းဖြင့် အမီ လိုက်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
တရုတ်သည် ၎င်း၏ ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောများ ကို ရေချခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ တရုတ်စစ်တပ်နှင့် ပတ်သက်သည့် နှစ်ပတ်လည် အစီအရင်ခံစာတွင် ရေးသားခဲ့သည်။
အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ခဲ့သည့် ပင်တဂွန် (အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန) ၏ ထုတ်ပြန်ချက် တွင် လွန်ခဲ့သည့် ၁၈ လအတွင်း တရုတ်၏ သင်္ဘောကျင်းများ၌ အဆင့်မြှင့်တင်နေသည့် ရေငုပ်သင်္ဘောများသည် Type 093B ပဲ့ထိန်းစနစ်တပ် ရေငုပ်သင်္ဘောများ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
တရုတ်၏ အရှေ့မြောက်ဘက် ဟူလူတောင်း (Huludao) သင်္ဘောကျင်းကို ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံ များတွင် ရေငုပ်သင်္ဘော အသစ်များနှင့် ရှိရင်းစွဲ ရေငုပ်သင်္ဘောများအား အဆင့်မြှင့်တင်နေပုံများကို ရိုက်တာ သတင်းဌာနက ၂၀၂၂ ခုနှစ်၊ မေလက ထုတ်ပြန်ခဲ့သည်။
တရုတ်ရေတပ်သည် ရေငုပ်သင်္ဘောများမှတစ်ဆင့် မြေပြင်ပေါ်ရှိ တာဝေးပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင် သည့် စွမ်းဆောင်ရည်နှင့် မြေပြင်တိုက်ခိုက်ရေး ခရုစ်ဒုံးကျည်များအား အသုံးပြုသည့် စစ်သင်္ဘောအင်အားကို ပိုင်ဆိုင်လာတော့မည် ဖြစ်ကြောင်း ပင်တဂွန်၏ အစီရင်ခံစာထဲတွင် ဖော်ပြခဲ့သည်။
SSGN ဟု လူသိများသည့် သမားရိုးကျ ဒုံးကျည်များ တပ်ဆင်ထားသော ထိုရေငုပ်သင်္ဘောများကို စစ်အေးကာလ တွင်း အမေရိကန် လေယာဉ်တင် သင်္ဘောများအား ပစ်မှတ်ထားရန် ဆိုဗီယက်ယူနီယံက တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
အမေရိကန် ရေတပ်ကလည်း အရွယ်အစား ကြီးမားသည့် တိုမဟော့ခ် ဒုံးကျည်များ (Tomohawk Missile) ကို တင်ဆောင်နိုင်ရန်အတွက် ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်သည့် ရေငုပ်သင်္ဘောများကို တီထွင်ထုတ်လုပ်ခဲ့သည်။
ခရုစ်ဒုံးကျည်များသည် ပုံမှန်အားဖြင့် တာဝေးပစ် ဒုံးကျည်များဖြစ်ပြီး ပစ်မှတ်ကို တိကျစွာ ထိမှန်သည့် ဒုံးကျည်များ ဖြစ်သည်။
ပဲ့ထိန်းဒုံးကျည်များ၏ မတူသည့်အချက်မှာ ခရုစ်ဒုံးကျည်များသည် အမြင့်ပေ အနိမ့်တွင် သို့မဟုတ် ပင်လယ် ရေမျက်နှာပြင်ပေါ်တွင် လျှပ်တိုက်ပြီး ပျံသန်းသည့် ဒုံးကျည်အမျိုးအစား ဖြစ်သည်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) သည် လေယာဉ်တင်သင်္ဘောများ၊ မြေပြင်ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် စစ်သင်္ဘောများကို ပိုမိုထုတ်လုပ်ရန် ရည်မှန်းချက် ပြင်းပြနေဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများ က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 887
CNI International News
ခိုဟီမာ၊ အောက်တိုဘာ ၂၅
ကသည်းနှင့် တန်ကူလ်နာဂ လူမျိုးစုသည် ညီအစ်ကိုများဖြစ်သည်ဟု မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အန် ဘိုင်ရန်ဆင်း (N Biren Singh)က ပြောကြားခဲ့သည့်အပေါ် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်/ ဗွီးဗာ (NSCN-IM)မှ ပြန်လည်တုန့်ပြန်ခဲ့သည်ဟု Northeast Now မှ ဖော်ပြခဲ့သည်။
"ဟွန်ဒေါင်း (Hundung) တော်ဝင် မိသားစုနဲ့ ကသည်းတွေအကြား သွေးသားနှီးနွှယ်မှုကို လျော့ပါးသွားအောင် မလုပ်နိုင်သလို နောက်တစ်နည်း ပြောရရင် ဒါက အဓိပ္ပာယ်မှားပြီး ဖွင့်ဆိုလို့မရပါဘူး"ဟု NSCN-IM ခေါင်းဆောင် ဗွီးဗာက ပြောသည်။

ကသည်းလူမျိုးများကိုတွေ့ရစဉ်
"နာဂတွေ၊ ကသည်းတွေနဲ့ ကူကီးတွေဟာ ဘုံတူညီတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ သူတို့တွေဟာ မွန်ဂို မိသားစုဝင် ညီရင်းအစ်ကိုတွေ ဖြစ်ကြပါတယ်။ ဒါဟာ လူတိုင်းသိတဲ့အရာပါ"ဟု NSCM-IM က ထုတ်ပြန်ခဲ့သည်။
"တန်ကူလ်နဲ့ ကသည်း ညီအစ်ကိုကိစ္စ ပြောရမယ်ဆိုရင် သမိုင်းကြောင်းကတော့ ရှင်းလင်းနေပါတယ်။ ဘာပဲဖြစ် ဖြစ် ဒါက ဟွမ်ဒေါင်း ကျေးရွာနဲ့ပဲ တွက်ပြီးပြောဖြစ်တယ်။ တန်ကူလ်တွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး" ဟု NSCN-IM ခေါင်းဆောင် ဗွီးဗာက ပြောသည်။
Source: Northeast Now
- By CNI
- Category: နိုင်ငံရေး
- Hits: 905
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၅
အီရတ်နှင့် ဆီးရီးယားနိုင်ငံများရှိ အမေရိကန်တပ်ဖွဲ့များကို အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် လက်နက်ကိုင်အဖွဲ့များက ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများအား အဆင်ပြေချောမွေ့စေရန် အီရန်က တက်ကြွစွာ ကူညီပေးခဲ့သည်ဟု အမေရိကန်မှ စွပ်စွဲခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ပြီးခဲ့သည့် သီတင်းပတ်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများအပေါ် တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ကြောင်းနှင့် အမေရိကန် အနေဖြင့် ထိုခြိမ်းခြောက်မှုများကို ခွင့်ပြုမည်မဟုတ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိ သူ ဂျွန်ကာဘီ (John Kirby)က အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော စစ်ပွဲ အတွင်း အမေရိကန်သည် အစ္စရေးကို ကူညီထောက်ပံ့ရန် အရှေ့အလယ်ပိုင်းဒေသတွင် စစ်အင်အားများကို တိုးမြှင့် ချထားခဲ့သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကို တွေ့ရစဉ်
ထို့ပြင် အမေရိကန်သည် အစ္စရေး-ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရန် တောင်းဆိုမှုများကို ငြင်းပယ်ခဲ့ပြီး အစ္စရေးအနေဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။
"အီရန်က ဟားမာ့စ်နဲ့ ဟစ်ဇ်ဘိုလာကို ဆက်လက် ထောက်ပံ့နေပါတယ်။ ပြီးတော့ ဒီအခြေအနေကို အီရန်က အနီးကပ် စောင့်ကြည့် နေတယ်ဆိုတာလည်း ကျနော်တို့ သိပါတယ်။ တစ်ချို့ ဖြစ်စဉ်တွေမှာဆိုရင် အီရန်ဟာ အစ္စရေးအပေါ် တိုက်ခိုက်တဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကို အဆင်ပြေချောမွေ့စေဖို့ ပါဝင် ဆောင်ရွက် ပေးနေတယ်ဆိုတာကိုလည်း ကျနော်တို့ သိထားပါတယ်"ဟု ဂျွန်ကာဘီက အိမ်ဖြူတော်တွင် သတင်းထောက်များ ကို ပြောကြားခဲ့သည်။
ထို့ပြင် အီရန်သည် အစ္စရေး-ဟားမာ့စ် ပဋိပက္ခတွင် ၎င်း ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းပယ်နိုင်သည့် အခန်းကဏ္ဍ၌ ဆက်လက် ထိန်းသိမ်းထားရန် ရည်ရွယ်သော်လည်း မိမိတို့အနေနှင့် အီရန်၏ သဘောဆန္ဒအတိုင်း ဖြစ်ပွားခွင့်ပြုမည် မဟုတ်ကြောင်း၊ အမေရိကန်သည် အစ္စရေးသို့ အတွေ့အကြုံ ရင့််ကျက်သည့် စစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ စေလွှတ်ထားကြောင်း ဂျွန်ကာဘီက ပြောသည်။
ဂျွန်ကာဘီ၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး အီရန်အစိုးရက မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

အီရန်တပ်ဖွဲ့ကို တွေ့ရစဉ်
အီရန်သည် ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာ အဖွဲ့အပြင် အီရတ်ရှိ ရှီးယိုက် (Shia) အုပ်စုများကို နိုင်ငံရေးအရ ထောက်ခံ ထားသော်လည်း စစ်ရေးအကူအညီများ မပေးကြောင်း ငြင်းဆိုခဲ့သည်။
သို့သော် မကြာသေးမီ ရက်များအတွင်း အီရန်ခေါင်းဆောင်များက အစ္စရေးအနေဖြင့် ဂါဇာဒေသကို မြေပြင် ထိုးစစ် ဆင်နွှဲမည်ဆိုပါက အခြား စစ်မျက်နှာများမှ တုန့်ပြန်မှုများနှင့်ပါ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 973
CNI International News
တဲလ်အဗစ်၊ အောက်တိုဘာ ၂၅
အစ္စရေးသည် ၂၀၁၁ ခုနှစ်က Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်ကို စတင်အသုံးပြုခဲ့ချိန်ကစပြီး ဂါဇာ ကမ်းမြောင် ဒေသအတွင်းမှ ပစ်လွှတ်သည့် ထောင်သောင်းချီသည့် ဒုံးကျည်များကို ကြားဖြတ် ပစ်ချနိုင်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုဒုံးကျည် ကာကွယ်ရေးစနစ်သည် အစ္စရေးပြည်သူများကို လုံခြုံမှုရရှိစေသည့် စိတ်ခံစားချက်များကို ပေးစွမ်း နိုင်ခဲ့ပြီး အစ္စရေး၏ ကောင်းကင်ယံတွင် ပျံဝဲလာသော ဒုံးကျည်များအား Iron Dome စနစ်က ကြားဖြတ် ပစ်ချ နိုင်ခဲ့သည့် မြင်ကွင်းများကိုလည်း မကြာခဏ မြင်တွေ့ခဲ့ရသည်။
သို့သော် လက်ရှိ ဟားမာ့စ် စစ်သွေးကြွအဖွဲ့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲတွင်မူ အစ္စရေး၏ Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်အပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
ဟားမာ့စ်တို့သည် သီတင်းနှစ်ပတ်အတွင်း အစ္စရေးကို ဒုံးကျည်အစင်းရေ ၇၀၀၀ ခန့် ပစ်ခတ်ခဲ့သည်ဟု အစ္စရေး စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဟားမာ့စ်က အစ္စရေးကို ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်နေစဉ်
ထိုဒုံးကျည် အရေအတွက်သည် ၂၀၀၇ ခုနှစ်က ဂါဇာတွင် ဟားမာ့စ်တို့ အာဏာရလာပြီးနောက်ပိုင်း အစ္စရေးနှင့် ဟားမာ့စ်အကြား ဖြစ်ပွားခဲ့သည့် ယခင်စစ်ပွဲ ၄ ပွဲတွင် ပစ်လွှတ်ခဲ့သော ဒုံးကျည် အရေအတွက်ထက် ပိုမိုများပြား ခဲ့သည်။
စစ်ပွဲစတင်သည့်် ပထမဆုံးနေ့ဖြစ်သော အောက်တိုဘာ ၇ ရက်နေ့မှာပင် ဟားမာ့စ်အဖွဲ့သည် ဒုံးကျည်ပေါင်း ၂၀၀၀ ခန့် ပစ်လွှတ်ခဲ့ပြီး လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့ကလည်း အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်လျက်ရှိသည်။
ထိုဒုံးကျည်အများစုကို Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်ဖြင့် ကြားဖြတ်ပစ်ချ နိုင်ခဲ့သော်လည်း ဒုံးကျည် အချို့သည် ကာကွယ်ရေးစနစ်ကို ဖြတ်သန်းနိုင်ခဲ့ကာ အစ္စရေးမြေပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူ ၁၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်ဟု အစ္စရေး အရာရှိများက ပြောကြားခဲ့သည်။
ထို့ကြောင့် Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်၏ ထိရောက်မှုအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ် သည်။

အစ္စရေးရဲ့ Iron Dome က ဒုံးကျည်များကို ပစ်ချနေစဉ်
စင်စစ်မှာမူ Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်တွင် ရေဒါများကို အသုံးပြုသည့် အမြောက်အုပ်စုများပါဝင်ပြီး တာတိုပစ် ဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်စွမ်းရှိသည်။
အမြောက်အုပ်စု တစ်စုချင်းစီတွင် ရေဒါတစ်ခုနှင့်အတူ ဒုံးပစ်လောင်ချာ သုံးခုမှ လေးခုအထိ ပါဝင်ပြီး ဒုံးကျည် ၂၀ ကို ပစ်ခတ်နိုင်စွမ်းရှိသည်ဟု Iron Dome စနစ်ကို အစ္စရေး၏ Rafael Defense Systems ကုမ္ပဏီနှင့်အတူ ပူးတွဲ ထုတ်လုပ်သည့် အမေရိကန်ကာကွယ်ရေးကုမ္ပဏီမှ Raytheon က ပြောကြားခဲ့သည်။
သို့သော် ဟားမာ့စ်တို့သည် ဒုံးကျည်အများအပြားကို တစ်ပြိုင်နက်တည်း ပစ်လွှတ်ခဲ့ချိန်တွင် ဟားမာ့စ်တို့၏ ဒုံးကျည်များသည် Iron Dome စနစ်က ကြားဖြတ်ပစ်ချနိုင်သည့် အရေအတွက်ထက် ပိုမိုများပြားခဲ့သဖြင့် ဒုံးကျည်အချို့သည် ကြားဖြတ်ပစ်ချခြင်း မခံရဘဲ အစ္စရေးနယ်မြေများအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။
အစ္စရေးစစ်တပ်ကမူ လက်ရှိအချိန်အထိ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ် မည်မျှ ဖြန့်ကြက် ချထားသည် ဆိုခြင်းကိုမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 643
CNI International News
ဆိုးလ်၊ အောက်တိုဘာ ၂၅
တောင်ကိုရီးယား ရေပြင်များအတွင်း မြောက်ကိုရီးယား နိုင်ငံသားလေးဦး လိုက်ပါလာသည့် အသေးစား သစ်သား လှေတစ်စင်းကို အောက်တိုဘာ ၂၄ ရက်က တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားအရာရှိများက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုဖြစ်စဉ်အရ မြောက်ကိုရီးယား နိုင်ငံသားများသည် တောင်ကိုရီးယားသို့ အန္တရာယ်များသော ရေကြောင်း ခရီးစဉ် မှတစ်ဆင့် ဝင်ရောက်ခိုလှုံသည့် ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်နိုင်သည်ဟုလည်း တောင်ကိုရီးယား အရာရှိများက ပြော သည်။
၁၉၉၀ ပြည့် နှစ်ကုန်ပိုင်းကတည်းက မြောက်ကိုရီးယားတွင် ဆင်းရဲမွဲတွေမှု၊ နိုင်ငံရေး ဖိနှိပ်မှုတို့ကို ရှောင်လွှဲရန် မြောက်ကိုရီးယားနိုင်ငံသား ၃၀၀၀၀ ကျော်သည် တောင်ကိုရီးယားသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။
မြောက်ကိုရီးယားမှ ထွက်ပြေးခဲ့သူ အများစုသည် တရုတ်နိုင်ငံမှ တစ်ဆင့် အခြား အရှေ့တောင်အာရှနိုင်ငံများသို့ ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ရေလမ်းခရီးမှ ထွက်ပြေးတိမ်းရှောင်မှုသည် အန္တရာယ်များလွန်းသဖြင့် ရှားပါးဖြစ်စဉ် များ ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံသား ၄ ဉီးလိုက်ပါလာသည့် လှေတစ်စင်းကို တွေ့ရစဉ်
အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက တောင်နှင့််မြောက် ကိုရီးယားနှစ်နိုင်ငံ၏ အရှေ့ပိုင်း ပင်လယ်ပြင် နယ်စပ် တွင် တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့သည် သစ်သားလှေတစ်စင်းကို တွေ့ရှိခဲ့ပြီး ထိုလှေပေါ်တွင် မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးအား တွေ့ရှိခဲ့သည်ဟု တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့၏ အရာရှိများက ပြောကြားခဲ့သည်။
တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့သည် ပင်လယ်ပြင် နယ်စပ်တစ်လျှောက် ထိုသစ်သားလှေကို လိုက်လံဖ မ်းဆီးပြီး လှေပေါ်တွင် လိုက်ပါလာသည့် မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ခဲ့သည်။
ထိုမြောက်ကိုရီးယား နိုင်ငံသားများသည် တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံရန် ကြိုးပမ်းခဲ့သည်ဟု သံသယ ရှိရကြောင်း တောင်ကိုရီးယားစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သော်လည်း အသေးစိတ် အချက်အလက် များကို ပြောကြားခဲ့ခြင်း မရှိပေ။
လှေပေါ်တွင် လိုက်ပါလာသည့် မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်ကာ မိသားစုဝင်များ ဖြစ်သည်ဟု တောင်ကိုရီးယား၏ KBS ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန် ခဲ့ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 632
CNI International News
အင်ဖာ၊ အောက်တိုဘာ ၂၄
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့သည် အင်ဖာ အနောက်ခရိုင် (Imphal-West)တွင် မြေအောက်လှုပ်ရှားရေး တနည်းအားဖြင့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင် အမျိုးသားတစ်ဦးကို လက်နက်ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်း အများအပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု Northeast Now သတင်းမှ ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့သည် ၄၀ မမ Lathode ခဲယမ်း (UBGL)၊ ကျည်ဆန် ၆၈ တောင့်၊ ၇ ဒသမ ၆၂ ကျည်ဆန် ၅၇၃ တောင့်၊ ၅ ဒသမ ၅၆ ကျည်ဆန် ၂၉၄ တောင့်၊ ၇ ဒသမ ၆၂ ကျည်ဆန် ၃၇၉ တောင့်ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိ သူနှင့်အတူ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများကို အင်ဖာအနောက်ခရိုင် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ပြီး ရဲအချုပ်တွင် ရမန်ဖြင့် ချုပ်ထားခဲ့သည်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်
သတင်းပေးသူများ၏ အချက်အလက်များကို အခြေခံပြီး သံသယရှိသူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း သံသယရှိသူ၏ အမည်နှင့် မည်သည့် အဖွဲ့အစည်းက ဖြစ်သည်ဆိုခြင်းကိုမူ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
မဏိပူရ်ပြည်နယ်တွင် မကြာသေးမီက လူမျိုးစုပဋိပက္ခ ဖြစ်ပွားခဲ့သဖြင့် သံသယရှိသူသည် ထိုပဋိပက္ခနှင့် ပတ်သက်ဖွယ် ရှိနိုင်သည်ဟု ယူဆချက်များ ထွက်ပေါ်ခဲ့သည်။

မဏိပူရ်ပြည်နယ်အတွင်းက လူမျိုးစုပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်လာကြသူများကို တွေ့ရစဉ်
မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးစုပဋိပက္ခများကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးကာ ၆၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
လက်ရှိတွင် မဏိပူရ်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များသည် ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိစေရန် ကြိုးပမ်း နေမှုနှင့်အတူ လူမျိုးစုပြဿနာသည် တဖြည်းဖြည်း ပြန်လည် တိုးတက်ကောင်းမွန် လာခဲ့သည်။
Source: Northeast Now
- By CNI
- Category: နိုင်ငံရေး
- Hits: 775
CNI International News
ဂူဝါဟတီ၊ အောက်တိုဘာ ၂၄
တားမြစ်ပိတ်ပင်ခံထားရသည့် စစ်သွေးကြွအဖွဲ့ဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ- ကပ္ပလန်/ ယုံးအောင် (NSCN-K/YA)မှ ကေဒါတစ်ဦးသည် အောက်တိုဘာ ၂၂ ရက်က အာရုနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်ရှိ တီရစ်ပါ (Tirap) ခရိုင် ရဲတပ်ဖွဲ့ထံတွင် လက်နက်ချ အဖမ်းခံခဲ့သည်ဟု Northeast Now သတင်းမှ ဖော်ပြခဲ့သည်။
ဗိုလ် ဝန်ဟွန် နွတ်ပါး (Lieutenant- Wanghong Nokpa) အမည်ရှိ ထိုကေဒါသည် လာဇူ (Lazu)မြို့ ရဲစခန်းသို့ လာရောက်ကာ စခန်းမှူး အက်စ်အိုင် အယ်လ် ကင်ဆင်း (SI L Kimsing) နှင့် အမှတ် ၆ အာသံရိုင်ဖယ် တပ်ဖွဲ့ (Assam Rifles -AR Team) ထံတွင် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။
သူသည် ၉ မမ ပစ္စတိုလ်တစ်လက်၊ ကျည်ဆံ ၃ တောင့်နှင့်အတူ လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူ့ကို တီရစ်ပါ ခရိုင်ရဲတပ်ဖွဲ့နှင့် အမှတ် ၆ အာသံရိုင်ဖယ်တပ်ဖွဲ့က လက်နက်ချသည့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့သည်။

နန်းယွန်းမြို့နယ် မြေပုံကိုတွေ့ရစဉ်
နွတ်ပါးက သူသည် ဘာရက် (Barap) အလယ်တန်းကျောင်းတွင် ဆဋ္ဌမတန်းတက်ရောက်နေချိန် ၁၉၉၉ ခုနှစ်တွင် သူနှင့် အသက် ၁၈ နှစ်အရွယ် တခြား လူငယ်များကို NSCN-K မှ ဗိုလ်ကြီး ကီဝမ် ဒီအိုဆာ (Kewang Diotsa) က အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့၏အဖွဲ့ထဲသို့ ဝင်ရောက်ခိုင်းခဲ့ကြောင်း ပြောသည်။
ထို့နောက် ၎င်းတို့ကို ၃ လကြာ အခြေခံ သင်တန်းပေးခဲ့ပြီး သင်တန်းပြီးဆုံးချိန်တွင် သူသည် ဗိုလ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ထိုအဖွဲ့အစည်းအတွင်း နေထိုင်ခဲ့သည့် အချိန်အတွင်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု နွတ်ပါးက ပြောသည်။
မိမိသည် တခြားစစ်သွေးကြွများ၏ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရပြီး စခန်းတွင်လည်း လစာငွေ တစ်ကြိမ်တစ်ခါမှ မရရှိခဲ့သဖြင့် မြန်မာနိုင်ငံ Ngaimong (ငိုင်မောင်းရွာ-နန်းယွန်းမြို့နယ်) ဒေသမှတဆင့် CHQ Lahong(လဟောင်)သို့ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် လာဇူမြို့ ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ပြီး မိသားစုနှင့် အတူ နေထိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
သူသည် စစ်သွေးကြွစခန်း ခေါင်းဆောင်များ၏ မှားယွင်းသည့် ဆုံးဖြတ်ချက်များအောက်တွင် နေထိုင်ခဲ့ရကာ လူငယ်များအနေနှင့် ထိုကဲ့သို့ နိုင်ငံကို ဆန့်ကျင်သည့် အုပ်စုများနှင့် ခပ်ကင်းကင်းနေရန် တိုက်တွန်းခဲ့သည်။
NSCN-K/YA သည် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN)၏ အဖွဲ့ခွဲဖြစ်သည်။ NSCN-K/YA သည် NSCN-IM(အိုက်ဇက်/ဗွီးဗာ)နှင့် အိန္ဒိယဗဟိုအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆန့်ကျင်သည့် အဖွဲ့ဖြစ်သည်။
NSCN-K/YA သည် မြန်မာနိုင်ငံအတွင်းရှိ နာဂဒေသများနှင့် အိန္ဒိယအတွင်းက နာဂဒေသများကို စုစည်း၍ နာဂ နိုင်ငံထူထောင်ရေး ကြိုးပမ်းနေသော နာဂလက်နက်ကိုင်ဖြစ်သည်။ သို့သော် NSCN-K/YA သည် မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်မှု မရှိဘဲ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်လျက်ရှိသည်။
Source: Northeast Now
- By CNI
- Category: နိုင်ငံရေး
- Hits: 817
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၄
အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် အမေရိကန်စစ်မှုထမ်းများ သို့မဟုတ် တပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်လာပါက အမေရိကန်အနေနှင့် တုန့်ပြန်ရန် ပြင်ဆင်ထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin)တို့က ပြောကြားခဲ့ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထို့ပြင် အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် အီရန်၏ ပါဝင်မှုနှင့်အတူ ပဋိပက္ခသည် အရှိန်မြင့် လာလိမ့်မည်ဟု ခန့်မှန်းရ ကြောင်း ဘလင်ကင်နှင့် လွိုက်အော်စတင်တို့က ပြောသည်။
"အဲဒီအခြေအနေမျိုးကို ကျနော်တို့ မလိုချင်ပါဘူး။ တင်းမာမှုတွေကို မမြင့်တက်စေချင်ပါဘူး။ ကျနော်တို့ စစ်မှုထမ်းတွေ တိုက်ခိုက်ခံတာကို မမြင်ချင်ပါဘူး။ ဒါပေမယ့် တိုက်ခိုက်ခံရမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ တုန့်ပြန်ဖို့ အသင့်ပြင်ထားပါတယ်" ဟု ဘလင်ကင်က ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးကို တွေ့ရစဉ်
လွိုက်အော်စတင်ကလည်း ဒေသတွင်းရှိ မိမိတို့ စစ်သားများနှင့် မိမိတို့ ပြည်သူများအပေါ် တိုက်ခိုက်မှုများ မြင့်တက်လာမည့်် အလားအလာကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်အနေနှင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိပြီး သင့်တော်သလို ပြန်လည်လုပ်ဆောင်ရန် တွန့်ဆုတ် နေမည် မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောသည်။
အောက်တိုဘာ ၇ ရက်ကစပြီး ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံတောင်ပိုင်းရှိ လူနေရပ်ကွက်များတွင် အရပ်သား များကို တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးစစ်တပ်က ဂါဇာတွင် လေကြောင်း တိုက်ခိုက်မှုများနှင့် တုန့်ပြန် တိုက်ခိုက်နေ ချိန်တွင် အမေရိကန် ထိပ်သီးအရာရှိနှစ်ဦး၏ သတိပေးချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်စစ်တပ်ကိုတွေ့ရစဉ်
အောက်တိုဘာ ၂၁ ရက် ညသန်းခေါင်တွင်လည်း အစ္စရေး စစ်လေယာဉ်များသည် ဂါဇာဒေသကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဆီးရီးယားရှိ လေဆိပ်နှစ်ခုနှင့် အနောက်ဘက်ကမ်း (West Bank) ဒေသရှိ စစ်သွေး ကြွများ အသုံးပြုနေသည်ဟု စွပ်စွဲထားသည့် ဗလီတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့ပြင် စစ်ပွဲ စတင်ဖြစ်ပွားချိန်ကတည်းက အစ္စရေးသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် နေ့စဉ်နီးပါး နယ်စပ် ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
အီရတ်ရှိ အမေရိကန်သံရုံးမှ သံရုံးဝန်ထမ်းများကို အီရတ်မှ ထွက်ခွာသင့်ကြောင်း အမေရိကန်က အောက်တိုဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။
Source: အေပီ
