CNI International News

အင်ဖာ၊ အောက်တိုဘာ ၂၄

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့သည် အင်ဖာ အနောက်ခရိုင် (Imphal-West)တွင် မြေအောက်လှုပ်ရှားရေး တနည်းအားဖြင့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင် အမျိုးသားတစ်ဦးကို လက်နက်ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်း အများအပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု Northeast Now သတင်းမှ ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့သည် ၄၀ မမ Lathode ခဲယမ်း (UBGL)၊ ကျည်ဆန် ၆၈ တောင့်၊ ၇ ဒသမ ၆၂ ကျည်ဆန် ၅၇၃ တောင့်၊ ၅ ဒသမ ၅၆ ကျည်ဆန် ၂၉၄ တောင့်၊ ၇ ဒသမ ၆၂ ကျည်ဆန် ၃၇၉ တောင့်ကို သိမ်းဆည်းရမိခဲ့သည်။ 

အဆိုပါ ဖမ်းဆီးရမိ သူနှင့်အတူ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများကို အင်ဖာအနောက်ခရိုင် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ပြီး ရဲအချုပ်တွင် ရမန်ဖြင့် ချုပ်ထားခဲ့သည်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်

သတင်းပေးသူများ၏ အချက်အလက်များကို အခြေခံပြီး သံသယရှိသူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း သံသယရှိသူ၏ အမည်နှင့် မည်သည့် အဖွဲ့အစည်းက ဖြစ်သည်ဆိုခြင်းကိုမူ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

မဏိပူရ်ပြည်နယ်တွင် မကြာသေးမီက လူမျိုးစုပဋိပက္ခ ဖြစ်ပွားခဲ့သဖြင့် သံသယရှိသူသည် ထိုပဋိပက္ခနှင့် ပတ်သက်ဖွယ် ရှိနိုင်သည်ဟု ယူဆချက်များ ထွက်ပေါ်ခဲ့သည်။ 

မဏိပူရ်ပြည်နယ်အတွင်းက လူမျိုးစုပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်လာကြသူများကို တွေ့ရစဉ်

မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးစုပဋိပက္ခများကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးကာ ၆၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ 

လက်ရှိတွင် မဏိပူရ်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များသည် ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိစေရန် ကြိုးပမ်း နေမှုနှင့်အတူ လူမျိုးစုပြဿနာသည် တဖြည်းဖြည်း ပြန်လည် တိုးတက်ကောင်းမွန် လာခဲ့သည်။

Source: Northeast Now