CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ကရင်နီပြည်နယ် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေ ခံဥပဒေ ရေးဆွဲရေးကော်မတီ ဖွဲ့စည်းကြောင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

အဆိုပါ ကော်မတီတွင် အောင်ဆန်းမြင့်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ နော်ဖောဝါးက အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ခူးပိုးရယ်၊ ဦးဋ္ဌေးအောင်၊ မူအန်းဂျလာ၊ မော်သဲမာ၊ မော်ငါးမယ်၊ ရိုစီ၊ ခွန်းဘား နဒ်ဘုတ်၊ ဘိုဘို၊ နော်ဆလေ၊ ခူးကိုရယ်၊ ရယ်ဆောင်းဦး၊ ခွန်းဘီထူး၊ ဇူးပဒုမ္မာတို့က အသီးသီး တာဝန်ယူကြ မည်ဖြစ်သည်။

ကော်မတီသည် ကရင်နီပြည်နယ်၊ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဖွဲ့ စည်းခြင်းဆိုင်ရာ စည်းမျဉ်းနှင့် လုပ်ငန်းလမ်းညွှန်ကို လိုက်နာဆောင်ရွက်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ကယား(ကရင်နီ)ပြည်နယ်သည် မြန်မာ့တပ်မတော်နှင့် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသား ကာကွယ် ရေးတပ်ဖွဲ့(KNDO)၊ ဒေသခံ PDF များဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။