CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်က အသင်းဟာ အတိတ်မှာ အမှားတွေ ပြုလုပ်ခဲ့တယ်လို့ ဝန်ခံကာ ရော်နယ်လ်ဒိုရဲ့ ယူနိုက်တက်အပေါ် ဝေဖန်မှုကို တုန့်ပြန်ခဲ့ပေမယ့် အနာဂတ်ကို ကြည့်ဖို့လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ရော်နယ်လ်ဒို ပြောတဲ့အရာအားလုံးမှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိတယ်ဆိုတာ သူသိပါတယ်။ ကျနော်တို့ အာရုံစိုက်ရမယ့် အရာက အနာဂတ်ပါ။ ကလပ်ဟာ အတိတ်တုန်းက အမှားတွေ အများကြီး လုပ်ခဲ့ တယ်ဆိုတာ ကျနော်တို့ သိပေမယ့် ကျနော်တို့ဟာ ဒါကိုပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ ဖြစ်ပြီးခဲ့တာတွေကို အာရုံမစိုက်ဘဲ အခုလုပ်နေတဲ့ အရာတွေကို အာရုံစိုက်ရမှာပါ။ ကျနော်တို့ဟာ ပိုပြီးကောင်းမွန်အောင် ပြောင်းလဲမှု တွေ လုပ်နေပြီး ဒါကို ဆက်လုပ်သွားကြမှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက် ကစားသမားဟောင်း ရော်နယ်လ်ဒိုဟာ ဒီရက်သတ္တပတ်ထဲမှာ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူး ပြုလုပ် ခဲ့ပြီး အာမိုရင်ဟာ အကောင်းဆုံး လုပ်နေပေမယ့် အံ့ဖွယ်ကောင်းတဲ့ အရာတွေ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါ တယ်။
ဒါ့အပြင် ရော်နယ်လ်ဒိုက လက်ရှိ ယူနိုက်တက်အသင်းမှာ ရှိနေတဲ့ ကစားသမားအချို့ရဲ့ အတွေးအခေါ်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

ယူနိုက်တက်နဲ့အာမိုရင်ကို တွေ့ရစဉ်
အာမိုရင်ကတော့ ရော်နယ်လ်ဒိုဟာ အသင်းရဲ့ အတိတ်က အကြောင်းအရာတွေကို ပြန်ပြောနေတယ်လို့ ယူဆနေ ပြီး သူတို့ဟာ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကိုသာ အာရုံစိုက်ဖို့ ပြောခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းအတွက် ဒုတိယအကြိမ်မြောက် ကစားပြီးနောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာမှာ စာချုပ် မဖျက်သိမ်းမီ အသင်းကို ဝေဖန်ခဲ့သလို နည်းပြ အဲရစ်တန်ဟတ်ကိုလည်း လေးစားမှာ မဟုတ်ဘူးလို့ ပီယာ့စ်မော်ဂန်နဲ့ အရင်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ရော်နယ်လ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ ထပ်မံ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ယူနိုက်တက်အသင်းဟာ သူ့ရဲ့နှလုံးသား ထဲမှာ ရှိနေတဲ့ အသင်းဖြစ်တဲ့အတွက် အသင်းရဲ့ လက်ရှိ အခြေအနေတွေကို ဝမ်းနည်းမိတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ အလားအလာ ကောင်းတွေ ရှိနေတာကြောင့် လက်ရှိနဲ့ အနာဂတ်မှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ပြောခဲ့ပါတယ်။
Source: Dailymail
