CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်က သူဟာ ယူနိုက်တက်အသင်းမှာ နည်းပြမဟုတ်ဘဲ မန်နေဂျာဖြစ်ကြောင်းနဲ့ ကလပ်ရဲ့ ကင်းထောက်ဌာနနဲ့ အားကစားဒါရိုက်တာအနေနဲ့ သူတို့ရဲ့အလုပ်ကို သူတို့လုပ်ဖို့ လိဒ်စ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော်ဟာ ယူနိုက်တက်အသင်းကို မန်နေဂျာအဖြစ် လာခဲ့တာပါ၊ နည်းပြ မဟုတ်ပါဘူး။ ဒါက ရှင်းပါတယ်။ ဒီအတိုင်း ၁၈ လသွားမယ် ဒါမှမဟုတ် ဘုတ်အဖွဲ့က အပြောင်းအလဲပြုလုပ်ဖို့ ဆုံးဖြတ်တဲ့ အချိန် အထိပေါ့။ ကျနော်က ကျနော့်အလုပ်လုပ်မှာဖြစ်ပြီး ဌာနတိုင်း၊ ကင်းထောက်ဌာနနဲ့ အားကစား ဒါရိုက်တာတို့က သူတို့အလုပ် သူတို့လုပ်မှာပါ။ ကျနော်နုတ်ထွက်မှာမဟုတ်ပါဘူး။ ကျနော့်နေရာကို အစားထိုးမယ့်သူ ရောက်လာ တဲ့အထိ ကျနော့်ရဲ့ အလုပ်ကို လုပ်သွားမယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်နဲ့ အသင်းရဲ့ ဘောလုံးဒါရိုက်တာ ဝီလ်ကော့စ်တို့ အကြားမှာ တင်းမာမှုတွေ ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေ အများအပြားက ဖော်ပြထားပါတယ်။
အာမိုရင်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းဘက်က ကစားသမားသစ်တွေ ထပ်မံခေါ်ယူပေးဖွယ် မရှိတဲ့ အပေါ် စိတ်ပျက်နေတာပါ။

ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက်အသင်းဟာ အဓိက ကစားသမား အများအပြားကို ဒဏ်ရာကြောင့် အနားပေးထားရသလို အာဖရိကဖလားပြိုင်ပွဲထံ စေလွှတ်ထားရတာကြောင့် ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် သရေကျခဲ့ပြီး ရမှတ်တွေ ဆုံးရှုံးနေတာပါ။
နည်းပြအာမိုရင်ဟာ လက်ရှိအချိန်မှာ သူ့ရဲ့ မှတ်ချက်တွေကြောင့် ယူနိုက်တက်အသင်းမှာ သူ့ရဲ့ အနာဂတ်အပေါ် သံသယတွေ ပိုပြီးတိုးလာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာက စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ အာမိုရင်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့်လိဂ်ပွဲ အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
