CNI International News

မော်စကို၊ အောက်တိုဘာ ၂၆

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရုရှားတပ်ဖွဲ့များသည် ယူကရိန်းစစ်လေယာဉ် ၂၄ စင်းကို ပစ်ချနိုင်ခဲ့သည့် လက်နက် စနစ်များအား ရရှိခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရွိူင်ဂူ (Sergei Shoigu)က အရှေ့ပိုင်း တိုက်ခိုက် ရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်ဆုများ ပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်း ဌာနမှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းလေတပ်သည် တိုက်ခိုက်ရေး လေယာဉ်များ ပစ်ချခံခဲ့ရမှုနှင့်အတူ ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်ဟု တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် အခမ်းအနားတွင် ရွိူင်ဂူက ပြောသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ တိုက်လေယာဉ်တစ်စီးကို တွေ့ရစဉ်

"ငါးရက်အတွင်းမှာပဲ ယူကရိန်းလေယာဉ် ၂၄ စင်းကို ပစ်ချနိုင်ခဲ့တဲ့ လက်နက်စနစ်တွေကို ကျနော်တို့ ရရှိခဲ့ပါ တယ်"ဟု ရုရှားကာကွယ်ရေးဝန်ကြီးက ပြောသည်။

ထို့ပြင် ရုရှားစစ်မှုထမ်းများ ဂုဏ်ထူးဆောင်ဆုများ ရရှိခဲ့မှုကိုလည်း ရွိူင်ဂူက ချီးကျူးဂုဏ်ပြုခဲ့သည်။

"သင်တို့ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။ သင်တို့ဟာ တန်ဖိုးကြီးမားစွာ တိုက်ပွဲဝင်နေတာပါ" ဟု ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထိုအခမ်းအနားအတွင်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်းစစ်ဆင်ရေးတွင် အမေရိကန်လုပ် M777 ဟောင်ဝပ်ဇာ (Howitzers) အမြောက်များကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ရွိူင်ဂူက ရုရှားစစ်မှုထမ်းများကို ပြောကြားခဲ့သည်။ 

Source: တာ့စ်