
- By CNI
- Category: အားကစား
- Hits: 440
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇
အင်္ဂလန်အသင်းဟာ နွေရာသီမှာကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက်ပြင်ဆင်မှုအဖြစ် ဘရာဇီးလ်၊ ဘယ်လ်ဂျီယံ အသင်းတို့နဲ့ မတ်လမှာ ခြေစမ်းပွဲကစားသွားမှာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ အောက်တိုဘာလက ကစားခဲ့တဲ့ခြေစစ်ပွဲမှာ အီတလီအသင်းကို အနိုင်ရပြီးနောက် ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာပါ။ အဲဒါကြောင့် အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ထိပ်ဆုံး ၅ သင်းထဲက ၂ သင်းနဲ့ ဝင်ဘာလေကွင်းမှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က “ယူရိုပြိုင်ပွဲမတိုင်ခင်မှာ အင်အားကြီး ၂ သင်းနဲ့ ယှဉ်ပြိုင်ခွင့်ရမှာဖြစ်လို့ ကျနော်ပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ ထိပ်တန်းပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အခွင့်အရေးတိုင်း ကို ရအောင်ယူဖို့ အရေးကြီးပါတယ်”လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ အင်္ဂလန်အသင်းဟာ မတ်လ ၂၃ ရက်မှာ ဘရာဇီးလ်၊ ၂၆ ရက်မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာပါ။ အင်္ဂလန်နဲ့ ဘရာဇီးလ်အသင်းတို့ဟာ ဝင်ဘာလေကွင်းမှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက နောက်ဆုံးကစားခဲ့တာမှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပြီး အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ အသင်း တို့ကတော့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာက နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တာမှာ အင်္ဂလန်အသင်းက ၂ ဂိုး- ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၆ ပွဲကစားအပြီးမှာ ၅ ပွဲနိုင်၊ ၁ ပွဲ သရေရလဒ်ထွက်ပေါ်ထားကာ နိုဝင်ဘာလထဲမှာ လက်ကျန် ၂ ပွဲကစားရမှာပါ။ ဒီပွဲတွေကတော့ နိုဝင်ဘာ ၁၇ ရက်မှာ မော်လ်တာနဲ့ အိမ်ကွင်း၊ ၂၀ ရက်မှာ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ဒီပွဲ တွေပြီးရင်တော့ မတ်လရောက်မှသာ ယူရိုခြေစစ်ပွဲအတွက်ပြင်ဆင်ဖို့ ခြေစမ်းပွဲကစားသွားမှာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲကို ဂျာမနီနိုင်ငံမှာ ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အသင်းပေါင်း ၂၄ သင်းနဲ့ ကျင်းပ သွားမှာဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 478
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူး ဟာလန်းဟာ ကြံ့ခိုင်မှုပိုင်း သံသယရှိနေဆဲ ဖြစ်တဲ့အတွက် ယန်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာဘူးလို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ဟာလန်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျနော်ဆရာဝန်နဲ့ စကားပြောရပါမယ်၊ ကျနော်ကတော့ မသိသေးပါဘူး။ ဆရာဝန်တွေရဲ့ စကားကို နားထောင်သွားမှာဖြစ်ပြီး သူတို့ဘက်က ပွဲကစားဖို့ အဆင်သင့် ဖြစ်နေ ပြီ၊ နာကျင်မှု မရှိတော့ဘူးလို့ ပြောရင်တော့ ကျနော် ဟာလန်းကို အသုံးပြုသွားဖို့ စဉ်းစားရပါလိမ့်မယ်။ ဟာလန်း ကတော့ သူဟာ အများကြီး ပိုကောင်းတယ်လို့ ခံစားရကြောင်း ကျနော့်ကို ပြောထားပါတယ်”လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဟာလန်းဟာ မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါ တယ်။
မန်စီးတီးအသင်းကတော့ ဒီရာသီမှာ အသင်းအတွက် ၁၃ ဂိုး သွင်းယူထားတဲ့ ဟာလန်း မပါဝင်နိုင်ဘူးဆိုရင် ယန်းဘွိုင်းစ် အသင်းနဲ့ပွဲမှာ အယ်လ်ဗားရက်ဇ်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုသွားဖို့ ရှိနေပါတယ်။
ဂွာဒီယိုလာကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲစလုံး အနိုင်ရထားပြီး ယန်းဘွိုင်းစ် အသင်း နဲ့ ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့ရင် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူတို့ဟာ စောစီးစွာ နောက်တစ်ဆင့် တက်နိုင်ဖို့အတွက် အနိုင်ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဖေဖော်ဝါရီနဲ့ နောက်တစ်ဆင့်အတွက် နိုင်ပွဲရယူနိုင်ဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ။ ဒါက ကလပ် အတွက် အဓိပ္ပါယ်တွေ အများကြီးရှိပါတယ်။ ကျနော်တို့ဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်ပြီဆိုရင် ပရီးမီးယားလိဂ်နဲ့ အခြားအရာတွေကို အာရုံစိုက်နိုင်မှာ ဖြစ်တာကြောင့် ဒါက အရေးကြီးပါတယ်”လို့ ပြောခဲ့ပါ တယ်။
ယန်းဘွိုင်းစ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၁ မှတ်သာ ရရှိထားတာကြောင့် သူတို့အနေ နဲ့ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်အုပ်စု အဆင့်ကနေ ထွက်ခွာရဖို့ သေချာသလောက် ရှိသွားမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 439
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇
စပါးအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းအနိုင်ရဖို့ ထိုက်တန်တယ်လို့ နည်းပြ ပိုချက်တီနိုက ပြောလိုက်ပါတယ်။
ပိုချက်တီနိုက “ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်တယ်လို့ ကျနော်ထင်ပါတယ်။ စပါးအသင်းက ပထမပိုင်း ၁၅ မိနစ် မှာ ပိုပြီးကောင်းမွန်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ကျနော်တို့ ပွဲကိုကြီးစိုးထားနိုင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပြီး သူတို့ကို အမှားတွေလုပ်ခိုင်းစေခဲ့ပါတယ်။ ပွဲအတွင်းမှာ မြင်ခဲ့တဲ့အရာ တွေကိုကြည့်လိုက်မယ်ဆိုရင် မျှတတယ်လို့ ထင်ပါတယ်။ စပါးအသင်းနဲ့ပွဲမှာ ကောင်းမွန်စွာကစားပြီး နိုင်ပွဲ ရယူနိုင်ခဲ့တာက အရေးကြီးပါတယ်။ ဒီ ၃ မှတ်က အမှတ်ပေးဇယားအထက်ကို တက်ဖို့ ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့တာပါ။
စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာ VAR က လူကျွံဘော၊လက်ထိဘောတွေကြောင့် သွင်းဂိုး ၅ ဂိုးကို ပယ်ဖျက်ခဲ့ပြီး စပါးအသင်းရဲ့ နောက်ခံလူ ရိုမဲရိုးက တိုက်ရိုက်အနီကတ်၊ အူဒိုဂီက ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ ရပါတယ်။ ဒီပွဲမှာ ကူလူဆက်ဗ်စကီးက စပါးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် အနီကတ် တွေကြောင့် ချယ်လ်ဆီးအသင်းအတွက် ပယ်လ်မာက ချေပဂိုးနဲ့ ဂျက်ဆန်က ဟက်ထရစ်သွင်းယူခဲ့တာပါ။ အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ စပါးအသင်းကို ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဒီပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျက်ဆန်အတွက် ပျော်ရွှင် မိတယ်လို့ ပြောခဲ့ပါတယ်။
ပိုချက်တီနိုက “တိုက်စစ်မှူးတွေဟာ ဂိုးမသွင်းရင် သူတို့ အခက်အခဲဖြစ်တယ်ဆိုတာ သိတဲ့အတွက် သူဂိုးသွင်း နိုင်တာကြောင့် ကျနော်ပျော်ရွှင်ပါတယ်။ သူဟာ ငယ်ရွယ်ပြီး နွေရာသီကမှ ရောက်လာတာဖြစ်တဲ့အတွက် ချယ်လ်ဆီးအတွက် ကစားပေးရတာ မလွယ်ကူပါဘူး။ ဒီလိုဟက်ထရစ်သွင်းယူနိုင်တာက သူ့ကို လိုအပ်နေတဲ့ ယုံကြည်မှုတွေကို ရှာဖွေပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း” ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ စပါးအသင်းကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၀ နေရာ အထိ ရောက်ရှိလာခဲ့ပြီး လာမယ့်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Chelseafc

- By CNI
- Category: အားကစား
- Hits: 520
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆
မန်စီးတီး ကစားသမားတွေအနေနဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရတာကို ဒေါသထွက်ခဲ့မယ်ဆိုရင် ဒါက ကောင်းမွန်တဲ့ လက္ခဏာလို့ နည်းပြ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ကျနော်ဟာ ဂရီလစ်ရှ်ကို ဒေါသထွက်စေချင်ပြီး သူ့ကို ကောင်းမွန်စွာ ကစားစေချင်ပါတယ်။ ဒီလိုပဲ ဒိုကူလည်း နောက်ဆုံး ၂ ပွဲ မကစားလိုက်ရလို့ ဒေါသထွက်လိုက်ပါ။ ဒါက ဒီလိုအဆင့်မှာ တသမတ်တည်းရှိတာကို ထိန်းသိမ်းဖို့ နည်းလမ်းပါပဲ။ ဒိုကူနဲ့ ဂရီလစ်ရှ်တို့သာ စွမ်းဆောင်ရည် ပိုကောင်းမယ်ဆိုရင် သူတို့နှစ်ဦးစလုံးကို တစ်ချိန်တည်းမှာ အသုံးပြုလို့ရပါတယ်။ ကျနော်တို့ဟာ လူတိုင်းကို လိုအပ်ပါတယ်။ ကစားရမယ့်ပွဲတွေ အများကြီး ရှိတဲ့အတွက် လူတိုင်းက ယှဉ်ပြိုင်နေရမှာပါ”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ဘယ်တောင်ပံမှာ ဂရီလစ်ရှ်နဲ့ ဒိုကူတို့ကို တစ်လှည့်စီ ပွဲထွက်လူစာရင်းမှာ အသုံးပြုနေတာပါ။
ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ဒိုကူဟာ မန်စီးတီးအသင်းအတွက် ၁ ဂိုးသွင်းယူခဲ့သလို ၄ ဂိုး ဖန်တီးမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒိုကူကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာတော့ ဂရီလစ်ရှ်က ပွဲထွက်ခွင့်ရပြီး မန်စီးတီးအသင်း အတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
ဒိုကူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ရန်းနက်စ် အသင်းကနေ ပေါင် ၅၅.၄ သန်းနဲ့ ပြောင်းရွှေ့လာ ခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းမှာ လျင်မြန်စွာ အသားကျခဲ့ကာ ပြိုင်ပွဲစုံ ၃ ဂိုး သွင်းယူပေးထားပါတယ်။
ဂရီလစ်ရှ်ကတော့ ဒီရာသီမှာ သွင်းဂိုး မရရှိထားပေမယ့် ဒိုကူနဲ့ ပွဲထွက်ခွင့်နေရာ ရဖို့အတွက် အပြိုင်တိုက်ပွဲဝင် နေရတာဖြစ်ပြီး ဒါကို နည်းပြ ဂွာဒီယိုလာက သဘောကျနေတာပါ။
စပိန်လူမျိုးနည်းပြရဲ့ အလှည့်ကျ ပွဲထွက်ခွင့်ပေးတဲ့ ပုံစံအရ ဂရီလစ်ရှ်ဟာ ယန်းဘွိုင်းစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ရဖွယ်ရှိနေပါတယ်။
လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ဒီရာသီချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၃ ပွဲစလုံးနိုင်ပွဲ ရရှိထားပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 463
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆
အာဆင်နယ်နဲ့ မန်စီးတီးအသင်း ကစားသမားဟောင်း နာဆရီက တိုက်စစ်မှူး ဘတ်ပီအနေနဲ့ လာမယ့်နွေရာသီမှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့မယ့်အစား ပီအက်စ်ဂျီမှာသာ ဆက်နေဖို့ ပြောလိုက်ပါတယ်။
နာဆရီက “ဘတ်ပီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ လွန်ခဲ့တဲ့ ၂ နှစ်က ပြောခဲ့ဖူးပြီး အခုလည်း ဒီလိုပဲ ကျနော် ထင်နေပါတယ်။ သူဟာ ပဲရစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒါဟာ သူ့ရဲ့နေရာပါ။ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံ လိဂ်ဖလားရယူဖို့ မက်ဒရစ်ကိုသွားမယ့်အစား ကျနော်ကတော့ သူ့ကို ပီအက်စ်ဂျီမှာပဲ ဆက်ပြီး ရှိနေစေချင်ပါ တယ်။ ကျနော်သာ မာဆေးလ်မှာရှိတုန်းက ကာတာပိုင်ဆိုင်နေခဲ့မယ်ဆိုရင် ထွက်ခွာမှာမဟုတ်ပါဘူး။ မင်းရဲ့ရွာမှာ ဘုရင်ဖြစ်ရတာ ပိုကောင်းတယ်လို့ ကျနော်ထင်ကြောင်း”ပြောခဲ့ပါတယ်။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အခုရာသီအကုန်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ချင်နေ တာကြောင့် နာဆရီက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစား စေချင်နေတာ ဖြစ်ပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ လက်ရှိအချိန်ထိ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု မရသေးတာကြောင့် ကစားသမားဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရှိနေပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီကို ခေါ်ယူဖို့ ရီးရယ်လ်အသင်းက စိတ်ဝင်စားနေပေမယ့် ကစားသမားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ် ဆိုတဲ့ သတင်းတွေကို စပိန်ကလပ်က ငြင်းဆန်ထားပါတယ်။
AS သတင်းမှာတော့ ဘတ်ပီဟာ ၂၀၂၄ ခုနှစ်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့အတွက် ပီအက်စ်ဂျီအသင်း ကနေ ရရှိမယ့် သစ္စာရှိတဲ့ ဆုကြေးငွေကို စွန့်လွှတ်ဖို့အထိ ဆုံးဖြတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုသတင်းတွေ ထွက်ပေါ်နေပေမယ့် ဘတ်ပီဟာ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေအပေါ် ဘာမှတုန့်ပြန် ခြင်း မရှိဘဲ ပီအက်စ်ဂျီအသင်းနဲ့ ဒီရာသီမှာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့ကိုသာ အာရုံစိုက်နေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်းပွဲစဉ် ၁၁ ပွဲ ကစားအပြီးမှာ ရမှတ် ၂၄ မှတ်နဲ့ ထိပ်ဆုံးနေရာက နိုက်စ် အသင်းနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ဘတ်ပီကတော့ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 727
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆
လူတန်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အဖိုးတန်ချေပဂိုး သွင်းယူပေးခဲ့တဲ့ လူးဝစ်ဒီယက်ဇ်က ပြန်ပေးဆွဲခံထားရတဲ့ ဖခင်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆို သွားခဲ့ ပါတယ်။
လူးဝစ်ဒီယက်ဇ်က “အဖေ့ကို ချက်ချင်းပြန်လွှတ်ပေးပါလို့ ELN အဖွဲ့ကို တောင်းဆိုပါတယ်။ အဖေလွတ်မြောက်ဖို့ အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း လက်တွဲလုပ်ဆောင်ပေးဖို့ ကျနော်တောင်းဆိုပါတယ်။ စက္ကန့် တိုင်း၊ မိနစ်တိုင်းမှာ ကျနော်တို့ရဲ့ စိတ်ပူပန်မှုတွေက ကြီးထွားလာနေပါတယ်။
ကျနော့် အမေ၊ ကျနော့် ညီအစ်ကို တွေဟာ အလွန်စိတ်ဆင်းရဲနေကြပြီး သူတို့ခံစားနေရတာတွေကို စကားလုံးနဲ့တောင် ဖော်ပြလို့မရပါဘူး။ အဖေ အိမ်ပြန်ရောက်မှ ခံစားနေရတဲ့ အရာတွေဟာ အဆုံးသတ်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။
လူးဝစ်ဒီယက်ဇ်ရဲ့ မိဘတွေဟာ အောက်တိုဘာ ၂၈ ရက်က ကိုလံဘီယာနိုင်ငံက လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ELN အဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပြီး မိခင်က ပြန်လည်လွှတ်မြောက် လာခဲ့ပေမယ့် ဖခင် ကတော့ အခုအချိန်ထိ ရှာမတွေ့သေးပါဘူး။
လူးဝစ်ဒီယက်ဇ်ဟာ ဒီအဖြစ်အပျက်ပြီးနောက် လီဗာပူးလ်အသင်းအတွက် ပထမဆုံးပွဲအဖြစ် လူတန်အသင်းနဲ့ပွဲမှာ လူစားဝင် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ကိုလံဘီယာ ကစားသမားဟာ ပွဲချိန် ၉၅ မိနစ်မှာ လီဗာပူးလ်အသင်းအတွက် ချေပဂိုး သွင်းယူပြီးနောက် သူ့ရဲ့ အင်္ကျီအောက်မှာ အဖေ့ကို ပြန်လွှတ်ပေးပါဆိုပြီး ရေးသားထားတဲ့ စာသားကို ပြသခဲ့တာပါ။
လူးဝစ်ဒီယက်ဇ် ခေါင်းတိုက် ဂိုးသွင်းနေစဉ်
ပြီးခဲ့တဲ့ရက်ပိုင်းက ကိုလံဘီယာအစိုးရအဖွဲ့နဲ့ ELN အဖွဲ့အစည်းက တာဝန်ရှိသူတွေဟာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် လူးဝစ်ဒီယက်ဇ်ရဲ့ ဖခင်ဟာ အမြန်ဆုံး ပြန်လွှတ်တော့မယ်လို့ ပြောခဲ့ပေမယ့် အခုအချိန်ထိ မလွှတ်မြောက်သေးတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က “ဒါက အံ့သြဖွယ်ကောင်းမွန်တဲ့ အခိုက်အတန့်ပါ။ ဒါပေမယ့် အခြေအနေ တွေက ပြောင်းလဲမှု မရှိသေးပါဘူး။ အရေးကြီးဆုံး အရာကတော့ သူ့ရဲ့ဖခင် အမြန်ဆုံး ပြန်လွှတ်ဖို့ပါ။ ကျနော်တို့ ကြားချင်တဲ့အရာက မဖြစ်သေးတဲ့အတွက် သတင်းအမှန်ကို စောင့်ဆိုင်းနေပါတယ်”လို့ လူတန်အသင်းနဲ့ ပွဲအပြီး မှာ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လူတန်အသင်းနဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားအပြီးမှာ ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 567
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဘယ်လင်ဂမ်ရဲ့ ဒဏ်ရာအခြေအနေကို အကဲဖြတ်ရမှာဖြစ်ပေမယ့် ပြင်းထန်တယ်လို့ မထင်ကြောင်း ဗယ်လက်ကာနိုအသင်းနဲ့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။
အန်ဆယ်လော့တီက “ဘယ်လင်ဂမ်ဟာ ပခုံးမှာဒဏ်ရာပြဿနာရှိခဲ့ပါတယ်။ မနက်ဖြန်မှာ ဆေးစစ်မှု ခံယူရမှာ ဖြစ်ပြီး ပြင်းထန်တယ်လို့ မထင်ပါဘူး။ အဲဒါကြောင့် ဘရာဂါအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ သူပါဝင် နိုင်မယ်လို့ မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။
အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်နဲ့ ဗယ်လက်ကာနိုအသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ လာလီဂါ ပွဲစဉ်ရဲ့ ပထမပိုင်းမှာကတည်းက ပခုံးဒဏ်ရာရရှိခဲ့တာဖြစ်ပေမယ့် ဆေးကုသမှုခံယူပြီး ဆက်ကစားဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ ပွဲချိန်အပြည့်အထိ ပါဝင်ကစားခဲ့ပေမယ့် ပွဲအပြီးမှာ ပခုံးနာကျင်နေတာကို ခံစား ခဲ့ရတာပါ။ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ဒဏ်ရာဟာ အသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။
အသက် ၂၀ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းအတွက် ၁၄ ပွဲကစားထားတာမှာ ၁၃ ဂိုးသွင်းယူ ထားပြီး လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို ၂ ကြိမ်ရယူထားတာပါ။ ရီးရယ်လ်အသင်းဟာ ဗယ်လက်ကာနိုအသင်းနဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၅ ကြိမ်အထိရှိခဲ့ပေမယ့် သွင်းဂိုး မရရှိခဲ့တာဖြစ်ပါတယ်။ ရီးရယ်လ်အသင်းဟာ ဗယ်လက်ကာနိုအသင်းနဲ့ သရေကျခဲ့တာကြောင့် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဂျီရိုနာအသင်းထံ လွှဲပြောင်းပေးခဲ့ရတာပါ။
လာလီဂါပွဲစဉ် ၁၂ ပွဲကစားအပြီးမှာ ဂျီရိုနာအသင်းက ၃၁ မှတ်နဲ့ အဆင့် ၁ ၊ ရီးရယ်လ်အသင်းက ၂၉ မှတ်နဲ့ အဆင့် ၂ ၊ ဘာစီလိုနာအသင်းက ၂၇ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 475
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅
ယူနိုက်တက်နဲ့ အဗာတန်အသင်း ကွင်းလယ်ကစားသမားဟောင်း ဖယ်လိုင်နီဟာ ဘောလုံးကစားသမားဘဝကနေ အနားယူတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး ၂၀၁၉ ခုနှစ်က တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းတိုင်ရှန်အသင်းကို ပြောင်းခဲ့တဲ့ ဖယ်လိုင်နီဟာ အခုနှစ် တရုတ်လိဂ်ပြိုင်ပွဲ ရာသီကုန်ဆုံးချိန်မှာ အနားယူတော့မှာပါ။
ရှန်ဒေါင်းတိုင်ရှန်အသင်း နည်းပြကန်ဟီးက ဟီနန်အသင်းနဲ့ ကစားမယ့်ပွဲ မတိုင်ခင်မှာ ဖယ်လိုင်နီဟာ ရာသီကုန် ရင် အနားယူတော့မှာဖြစ်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားတယ်လို့ ပြောခဲ့ပါတယ်။
ရှန်ဒေါင်းတိုင်ရှန်အသင်းက ဖယ်လိုင်နီဟာ စူပါစတားတစ်ဦးလို ရောက်လာခဲ့ပြီး ဂန္ထဝင် တစ်ဦးအဖြစ် ထွက်ခွာ သွားမှာပါလို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
ရှန်ဒေါင်းတိုင်ရှန်အသင်းဟာ တရုတ်စူပါလိဂ် ပြိုင်ပွဲအပြီး နိုဝင်ဘာ ၂၅ ရက်မှာ FA ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ ဖယ်လိုင်နီအနေနဲ့ နောက်ထပ် ဆုဖလားရယူနိုင်မယ့် အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ ဖယ်လိုင်နီဟာ ရှန်ဒေါင်းတိုင်ရှန် အသင်းနဲ့အတူ တရုတ်စူပါလိဂ် ၁ ကြိမ်နဲ့ FA ဖလား ၃ ကြိမ် ရယူထားတာပါ။
စတန်းဒတ်လီဂီအသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ဖယ်လိုင်နီဟာ ဘယ်လ်ဂျီယံကလပ်မှာ ၂ ရာသီကြာကစားပြီး ၂၀၀၈ ခုနှစ်မှာ အဲဗာတန်အသင်းထံ ပြောင်းရွှေ့ကာ ၅ ရာသီကြာ ကစားခဲ့တာ ဖြစ်ပါတယ်။
ဖယ်လိုင်နီဟာ ၂၀၁၃ ခုနှစ်မှာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၁၇၇ ပွဲ ပါဝင်ကစားခဲ့ကာ FA ဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်တို့ကို ရယူနိုင်ခဲ့တာပါ။
ဖယ်လိုင်နီဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းအတွက် ၂၀၀၇ ကနေ ၂၀၁၈ ခုနှစ်အထိ ၈၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာ ရရှိခဲ့ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 560
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅
မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ESPN က ဖော်ပြထားပါတယ်။
ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းမှာ ကစားနေတဲ့ ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီ အသင်းနဲ့ ၁ နှစ် စာချူပ် ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် ပါဝင်မယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီအသင်းမှာ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဘတ်စ်ကွက်၊ အယ်လ်ဘာတို့နဲ့ ပြန်လည်တွဲဖက်ပြီး ကစားရတော့မှာပါ။
ဂရီမီယိုအသင်းနည်းပြ ရီနာတိုက ဆွာရက်ဇ်ဟာ အခုနှစ် ဘရာဇီးလ်စီးရီးအေ ဘောလုံးရာသီအပြီး ဒီဇင်ဘာလမှာ အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုထားပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဆွာရက်ဇ်ကို ခေါ်ယူဖို့ အခုနှစ် အလယ်ပိုင်းကလည်းက ဂရီမီယိုအသင်းထံ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဆွာရက်ဇ်ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ဂရီမီယိုအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် စာချုပ်ကို ၁ နှစ်စောပြီးအဆုံးသတ်ဖို့ ရှိနေတာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ တိုက်စစ်မှူး မာတီးနက်ဇ်ကို ထွက်ခွာခွင့်ပေးပြီးနောက် သူ့နေရာမှာ အစားထိုးဖို့ ဆွာရက်ဇ်ကို ကြိုးပမ်းလာခဲ့တာပါ။
ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ၆ ရာသီကြာလက်တွဲခဲ့တဲ့ မက်ဆီနဲ့အတူ အင်တာမိုင်ယာမီအသင်း တိုက်စစ် ကို ဦးဆောင်ပေးရတော့မှာ ဖြစ်ပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာ ဂရီမီယိုအသင်းအတွက် ၃၇ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုး သွင်းယူထားတာကြောင့် သူ့ရဲ့ ဂိုးသွင်းနှုန်းဟာ အခုအချိန်ထိ ကောင်းမွန်နေသေးတာပါ။
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဖလား ရယူနိုင်ခဲ့ပေမယ့် မေဂျာလိဂ်ရာသီမှာ ပလေးအော့ဖ် ဝင်ခွင့် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လာမယ့်ရာသီသစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အင်တာမိုင်ယာမီ အသင်းဟာ အခု ကတည်းက ကစားသမားသစ်တွေ အားဖြည့်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 649
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄
တိုက်စစ်မှူး ဟာလန်းဟာ ၂၀၂၃ ခုနှစ်ရဲ့ ဘောလွန်းဒီအောဆုနဲ့ လွဲခဲ့ပေမယ့် ပျော်ရွှင်နေတယ်လို့ မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ဟာလန်းဟာ မက်ဆီ၊ ဘတ်ပီ၊ တခြား ကစားသမားတွေနဲ့ ပြိုင်ဆိုင်ရတာကို အလွန်ပျော်ရွှင်နေ တာ ကျနော်မြင်တွေ့ခဲ့ရပါတယ်။ ဟာလန်းဟာ ကစားသမားဘဝ အများကြီးကို လျှောက်လှမ်းရဖို့ ရှိနေသေးလို့ နောက်ရာသီမှာ ရယူနိုင်တယ်လို့ တွေးလို့ရပါတယ်။ ဒါက သူ့ရဲ့ ပစ်မှတ်ဖြစ်ရမှာ ဖြစ်ပေမယ့် သူဟာ ဒီဆုပေးပွဲမှာ ရှိနေရတာကို ပျော်ရွှင်နေပါတယ်”လို့ ပြောခဲ့ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ၅၂ ဂိုး သွင်းယူပြီး ဆုဖလား ၃ လုံး ရရှိအောင် ကူညီပေး နိုင်ခဲ့ပေမယ့် ဘောလွန်းဒီအောဆုပေးပွဲမှာ မက်ဆီရဲ့နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် နော်ဝေတိုက်စစ်မှူးဟာ အကောင်းဆုံး တိုက်စစ်မှူးဆုဖြစ်တဲ့ ဂတ်မူလာဆုကိုတော့ ရယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆု ပေးပွဲရဲ့ အဆင့်ရပ်တည်မှု ထိပ်ဆုံး ၁၀ ဦးထဲမှာ မန်စီးတီးအသင်းက ကစားသမား ၅ ဦးအထိ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာက “ဒါက မန်စီးတီးအတွက် ကောင်းမွန်တဲ့ညပါပဲ။ ဆုပေးပွဲစင်မြင့်ထက်မှာ မန်စီးတီး ကစားသမားတွေ ရှိနေတာက ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ အရင်တုန်းက ဒီလိုမျိုးမရှိခဲ့ဖူးလို့ပါ”လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက စပါးအသင်းနဲ့ ၂ မှတ်ကွာ ဟနေတဲ့ မန်စီးတီးအသင်းဟာ ဒီနေ့ညမှာ ဘုန်းမောက်အသင်းနဲ့ လိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: besoccer