- By CNI
- Category: နိုင်ငံရေး
- Hits: 434
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃
ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော် အစီအစဉ် (BIMSTEC) အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံတကာ ခေါင်းဆောင်များကို ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ညစာစားပွဲဖြင့် ဧည့်ခံခဲ့သည်။
အဆိုပါ ညစာစားပွဲကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။
BIMSTES ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဘန်ကောက်မြို့မှာ ဧပြီ ၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက် BIMSTEC ခေါင်းဆောင်များ အစည်းအဝေး ညစာစားပွဲမှာ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
အဆိုပါ အစည်းအဝေးကို တက်ရောက်ရန် နစကဥက္ကဋ္ဌသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ဧပြီ ၃ ရက်နေ့ ညနေ ပိုင်းက ရောက်ရှိလာခဲ့သည်။
BIMSTEC အဖွဲ့ထဲတွင် ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနှင့် ဘူတန်နိုင်ငံတို့ ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အစည်းအဝေးများ ပြုလုပ်လေ့ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 786
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော် အစီအစဉ် (BIMSTEC) အစည်းအဝေးကို တက်ရောက်ရန် မြန်မာနစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ရောက်ရှိ လာခဲ့သည်။
အဆိုပါ BIMSTEC အစည်းအဝေးကို မြန်မာကိုယ်စားလှယ် အနေဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က တက်ရောက်ခြင်းဖြစ်သည်။

ထို့နောက် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် သီးသန့် တွေ့ဆုံဆွေးနွေး သွားရန်ရှိကြောင်း သိရသည်။
BIMSTEC အဖွဲ့ထဲတွင် ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနှင့် ဘူတန်နိုင်ငံတို့ ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အစည်းအဝေးများ ပြုလုပ်လေ့ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 687
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော် အစီအစဉ် (BIMSTEC) အစည်းအဝေးကို တက်ရောက်ရန် အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ရောက်ရှိလာခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် မိုဒီနှင့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ BIMSTEC အစည်းအဝေးကို မြန်မာကိုယ်စားလှယ် အနေဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လည်း တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားပြီးဖြစ်ပြီ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် သီးသန့် တွေ့ဆုံ ဆွေးနွေး သွားရန် ရှိကြောင်း သိရသည်။
BIMSTEC အဖွဲ့ထဲတွင် ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနှင့် ဘူတန်နိုင်ငံတို့ ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အစည်းအဝေးများ ပြုလုပ်လေ့ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 675
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃
ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော် အစီအစဉ် (BIMSTEC) အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဘန်ကောက်မြို့မှာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက်တွင် စတင်ကျင်းပနေပြီး ဖြစ်သည်။
ဧပြီ ၃ ရက်တွင် စတင်ခဲ့သော BIMSTEC အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးများက ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း၊ မြန်မာကိုယ်စားလှယ် အနေဖြင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက် လျက်ရှိသည်။
ထို့နောက် ဘန်ကောက်မြို့မှာ ကျင်းပနေသည့် BIMSTEC အစည်းအဝေးကို တက်ရောက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေ့လယ် ၂ နာရီက မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားပြီး ဖြစ်သည်။

BIMSTEC အစည်းအဝေးကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး တက်ရောက် ဆွေးနွေးနေစဉ်
BIMSTEC အစည်းအဝေးကို အိန္ဒိယဝန်ကြီးချုပ် မိုဒီလည်း တက်ရောက်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ကနေ တက်ရောက် ဆွေးနွေးလျက်ရှိသည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးကြ ကြောင်း သိရသည်။
BIMSTEC အဖွဲ့ထဲတွင် ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနှင့် ဘူတန်နိုင်ငံတို့ ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အစည်းအဝေးများ ပြုလုပ်လေ့ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1058
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃
မြန်မာငလျင်ဘေးဒဏ်သင့် ပြည်သူလူထုများကို အိန္ဒိယက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပိတ်မိနေသူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ပေးနေကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဘေးသင့်ခဲ့သော မြန်မာနိုင်ငံကို အိန္ဒိယ အစိုးရ၏ ကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ထောက်ပံ့ရေးပစ္စည်းများ ပထမဦးဆုံး ရောက်ရှိလာပြီး မန္တလေးမြို့မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ လေယာဉ်ကွင်းအဟောင်းတွင် India Medical team က ယာယီဆေးရုံ ဖွင့်လှစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေသည်။
အဆိုပါ ယာယီဆေးရုံသည် လူနာ ၁၀၄ ဦးကို ခွဲစိတ်ကုသမှုများ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးထားပြီဖြစ်သလို အိန္ဒိယ၏ အမျိုးသားသဘာဝဘေးအန္တရာယ် တုန့်ပြန်ရေးတပ်ဖွဲ့ကလည်း မန္တလေးမြို့ရှိ ဦးလှသိန်းဗိမာန်နှင့် Gangaghat Mandir တို့မှာ ပိတ်မိနေသော ပြည်သူလူထုနှင့် စာဖြေသံဃာတော်များကို ကူညီကယ်ဆယ်ရေး လုပ်ပေးလျက်ရှိသည်။

ထို့အပြင် မစိုးရိမ်တိုက်သစ်ကျောင်းတိုက်၌ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် အရှင်ဘဒ္ဒန္တ ဝါသေဋ္ဌဘိဝံသထံသို့ ကယ်ဆယ်ရေးပစ္စည်းများ လှူုဒါန်းခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယအစိုးရသည် မြန်မာငလျင်ဘေးသင့် ပြည်သူများ ကူညီထောက်ပံ့ရေးအတွက် ဗြဟ္မာစီမံချက်ဖြစ် ဆောင် ရွက်နေပြီး ပထမအသုတ်အဖြစ် NDRF နှင့် ကျန်းမာရေးနှင့်မိသားစု လူမှုဖူလုံရေးဝန်ကြီးဌာနတို့မှ ပေးပို့ ထောက် ပံ့သော တဲများ၊ စောင်များ၊ မရှိမဖြစ်လိုအပ်သော ဆေးဝါးများနှင့် အစားအစာများ အပါအဝင် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၅ တန်ကို C-130J လေယာဉ်ဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက် နံနက် ၇ နာရီခွဲတွင် ပို့ဆောင်ပေးခဲ့သည်။
ထို့နောက် ဒုတိယအသုတ်တွင် IAF C-130J လေယာဉ် ၂ စီးဖြင့် NDRF ၏ ရှာဖွေကယ်ဆယ်ရေး ကျွမ်းကျင်သူ ၈၀ ဦး၊ စက်ကိရိယာများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ပို့ဆောင်ခဲ့သည်။
ထိုဒုတိယအသုတ်မှာပဲ လေယာဉ်တစ်စီးတွင် တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းများ၊ ရှာဖွေရေးနှင့် ဆက်သွယ် ရေးကိရိယာများ၊ ကယ်ဆယ်ရေးပစ္စည်းများ အပါအဝင် တန်ချိန် ၁၇ တန်ကို သယ်ဆောင်လာပြီး အခြားတစ်စီး တွင် မီးစက်များ၊ သန့်ရှင်းရေပစ္စည်းများ၊ စားနပ်ရိက္ခာအထုပ်များ၊ မရှိမဖြစ် လိုအပ်သော ဆေးဝါးများ၊ မီးဖိုချောင် သုံးပစ္စည်းများ၊ စောင်များ စသည့် HADR ပစ္စည်းများ ၅ တန်ခန့် ပါဝင်ပြီး လေယာဉ်များသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်က နေပြည်တော်သို့ ပို့ဆောင်ပေးခဲ့သည်။

အလားတူ တတိယမြောက် အကူအညီအနေဖြင့် ထောက်ပံ့ရေး တန်ချိန် ၆၀ ကျော်နှင့်အတူ အိန္ဒိယတပ်မတော်၏ စစ်မြေပြင် ယာယီဆေးရုံအဖွဲ့၏ အဖွဲ့ဝင် ၁၁၈ ဦးတို့ကို ပို့ဆောင်ပေးခဲ့ရာ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ ယာယီဆေးရုံအဖွဲ့သည် မန္တလေးမြို့မှာ ခုတင် ၂၀၀ ဆံ့ ယာယီဆေးရုံကို တည်ဆောက်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိသည်။
ထို့ပြင် အိန္ဒိယရေတပ်သင်္ဘောများဖြစ်သည့် Satpura နှင့် Savitri တို့သည် HADR ပစ္စည်းတန်ချိန် ၄၀ တင်ဆောင် ၍ ရန်ကုန်မြို့သို့ ထွက်လာခဲ့ပြီး မတ်လ ၃၁ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်သို့ လွှဲပြောင်းပေးအပ်ခဲ့သလို အိန္ဒိယရေတပ်သင်္ဘောများဖြစ်သော Karmuk နှင့် LCU 52 တို့သည် သောက်ရေ၊ အစားအသောက်၊ ဆေးဝါးများ နှင့် အရေးပေါ် လိုအပ်သည့်စ္စည်းများ ပါဝင်သော HADR ပစ္စည်းများ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၃၀ ကို တင်ဆောင်လာကာ ဧပြီ ၁ ရက်တွင် ရန်ကုန်သို့ရောက်ရှိခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် “အိမ်နီးချင်း ပထမ” (Neighbourhood First)နှင့် “အရှေ့နှင့်ထိတွေ့ဆက်ဆံရေး မူဝါဒ” (Act East Policy)တို့၏ အဓိကမိတ်ဖက်ဖြစ်သော မြန်မာနိုင်ငံနှင့်အတူ ရပ်တည်လျက်ရှိသည်ဟု မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယသံရုံးကထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 902
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃
သဘာဝဘေး ဖြစ်လေ့ဖြစ်ထရှိတတ်သည့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားခဲ့သည့် ငလျင်ဘေးကို အခြေခံပြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး နိုင်ငံတကာအဆင့်မီ ကယ်ဆယ်ရေးအဖွဲ့များဖြစ်ရန် အာရုံစိုက်သင့်ပြီဟု အရပ်ဖက်အဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
သဘာဝဘေးအန္တရာယ် တစ်ခုခု ဖြစ်ပွားပြီးချိန်တွင် အစိုးရအဖွဲ့အစည်းများထက် ပရဟိတအဖွဲ့အစည်းများ၊ လူငယ်များက ဦးစွာရောက်ရှိကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးကြ သဖြင့် အချို့နေရာများတွင် ထိရောက်မှုများရှိခဲ့သည်။
နာဂစ်ပြီးနောက် ၁၆ နှစ်အကြာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ၇.၇ ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် နိုင်ငံတကာ အဆင့်အတန်းမီသော ကူညီ ကယ်ဆယ်ရေးအဖွဲ့များကို မွေးထုတ်ထားရန်မှာ အင်မတန်အရေးကြီးကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်နေကြစဉ်
၎င်းက “ဒီဟာတွေနဲ့ပတ်သက်ပြီးတော့က အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းမီတဲ့ ပရဟိတကယ်ဆယ်ရေး လုပ်သားတွေ မွေးထုတ်ထားဖို့ အရမ်းအရေးကြီးတယ်။ မြန်မာနိုင်ငံလူငယ်ထုက အရေးကြုံရင် ဆင်းပြီးတော့ မြေပြင်ကို ဆင်းပြီး ကူညီတာ။ ဒါက ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရအဖွဲ့အစည်းတွေထက် ပိုမြန်ပြီးတော့ တချို့နေရာတွေမှာ ထိရောက်မှု ပိုပြီးတော့ရှိတယ်ပေါ့။ အဲဒီလို ပရဟိတအသင်းတွေကလည်း ဖြတ်ကနဲဆိုလို့ရှိရင် ရောက်သွားတာပဲလေ။ ဒါပေမယ့် သူတို့ရဲ့အခက်အခဲက လက်တွေ့မှာ နိုင်ငံတကာ အဆင့်အတန်းမီတဲ့ equipment တွေ၊ ကျွမ်းကျင်မှုတွေ အများကြီး လိုအပ်နေသေးတာပေါ့။ ဆိုတော့ အဲဒီဟာတွေက ဒီအချိန်ကစပြီး တော့ အဲဒီဘက်မှာ အားစိုက်တာကောင်းတယ်ပေါ့။ အခုဆိုရင် အနီးဆုံးတရုတ်နိုင်ငံနဲ့ ယှဉ်ရင်ကို အရမ်းကို ကွာသွားပြီလေ။ အနည်းဆုံးတော့ တရုတ်နိုင်ငံလောက်ကို လွှတ်ပြီးတော့ မြန်မာနိုင်ငံက ပရဟိတ အသင်းတွေကို လေ့ကျင့်ပေးတာမျိုး အခုကစပြီး လုပ်ရတော့မယ်။ နောက်ပြီးတော့ အခုလာနေတဲ့ အပြည်ပြည်ဆိုင်ရာ team တွေက လိုအပ်ချက်တွေကိုလည်း အစိုးရဘက်က အမြန်မဆိုင်း ဆောင်ရွက်ပေးဖို့ လိုတယ်။ အဲဒီနေရာမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိရင်ရှိသလို နောက်ထပ် စိုးရိမ်စရာကောင်းတဲ့ ကပ်တွေကလာနိုင်တယ်” ဟု ပြော သည်။
မြန်မာနိုင်ငံသည် သဘာဝဘေးနှင့်ပတ်သက်၍ အခြားအိမ်နီးချင်း နိုင်ငံများဖြင့် နှိုင်းယှဉ်ပါက အင်မတန် နောက်ကျနေသည့်အတွက် ယခုကဲ့သို့ မဖြစ်သင့် မဖြစ်ထိုက်သည်များ ဖြစ်ပေါ်နေရကြောင်း၊ မြန်မာနိုင်ငံရှိ ပရဟိတအဖွဲ့အစည်းများ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် လေ့ကျင့်မှု၊ စက်ပစ္စည်းနည်းပညာ များအား ထောက်ပံ့ပေးရန် တရုတ်သံရုံးသို့ ပြောပြနေကြောင်း ရန်ကုန်စောင့်ကြည့် အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောသည်။
မတ်လ ၂၈ ရက်နေ့တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိသည့် ငလျင်တစ်ခု မြန်မာနိုင်ငံ၌ လှုပ်ခတ်သွားသဖြင့် ပြိုကျပျက်စီးမှုများအောက်၌ ပိတ်မိနေသော ဒေသခံလူထုများအား ယနေ့အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေကြသည်။

ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်နေကြစဉ်
ထိုသို့ ကူညီရာတွင် မြန်မာဘက်မှ စက်ပစ္စည်းနည်းပညာ မရှိသည့်အတွက် ပြည်ပမှကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာမှသာ စနစ်တကျ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်သည်။
ရေဘေးနှင့် ငလျင်ဘေးမှာ မတူညီသည့်အတွက် သဘာဝဘေးနှင့်ပတ်သက်၍ နည်းပညာအသုံးပြုမှုပိုင်းသာမက ကယ်ဆယ်ရေး လုပ်ငန်းများအတွက်ပါ ပညာရှင်များဖိတ်ခေါ်၍ လေ့ကျင့်ရေး သင်တန်းများ ပေးသင့်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစကတည်းက သဘာဝဆိုတော့ ဖြစ်မှာပဲလေ။ ပြဿနာက ဘာလဲဆိုတော့ သိသာတာက ငလျင်နဲ့ ပတ်သက်တဲ့ Technology နည်းပညာမရှိဘူး။ နောက်တစ်ခါ ငလျင်နဲ့ပတ်သက်တဲ့ ကယ်ဆယ်ရေးနည်းပညာ ကျနော်တို့မှာ မရှိဘူး။ လူတွေကလည်း ပညာအကြောင်း ပြောလွန်းအားကြီးလို့ အမြင်ကပ်ချင်ကပ်မှာပေါ့။ ဒါက အမှန်ပဲလေ။ အစကတည်းက စနစ်တွေ စဉ်းစားမှုတွေက ချို့ယွင်းတာပေါ့။ သူတို့က ယန္တရားအပေါဆုံးပဲ ပိုက်ဆံ လည်း ရှိနေတယ်။ ဒါပေမယ့် ဒေသခံတွေကို မေးကြည့်တော့ ၂၈ ရက်နေ့ဖြစ်တယ် ၃၀ ရက်နေ့လောက်မှာ ရောက်လာတယ်။ ဒီလောက် ငွေရေးကြေးရေး တောင့်တင်းပြီး ယန္တရားလည်း တောင့်တင်းတဲ့ အဖွဲ့အစည်းက ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ကြာရလဲ။ ဒါကတော့ ဒီအဖွဲ့အစည်းအနေနဲ့ စဉ်းစားစရာပေါ့။ ရေဘေးကယ်တဲ့ သဘောတရားနဲ့ ငလျင်ဘေးကယ်တဲ့ သဘောတရားသည် သဘာဝဘေးတော့ သဘာဝဘေးပဲ မတူဘူးလေ။ ငလျင်သည်မှမဟုတ်ဘူး ရေဘေးဆိုရင်လည်း ဘယ်လို စသဖြင့်ပေါ့။ ဒီဥစ္စာက ကျနော်တို့ဆီမှာ ကျနော် သိသလောက်ကတော့ ထရိန်နင် ဘာညာရှိခဲ့ရင်တောင် နည်းနည်းပဲရှိမှာပေါ့” ဟု ပြောသည်။
ငလျင်ဘေးဒဏ်ကြောင့် ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီအထိ နစကမှ ထုတ်ပြန်သည့် အချက်အလက်များအရ သေဆုံးသူ ၃၀၈၅ ဦး၊ ဒဏ်ရာရသူ ၄၇၁၅ ဦးနှင့် ပျောက်ဆုံးနေသူ ၃၄၁ ဦးရှိကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 633
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃
လက်နက်ကိုင် ပဋိပက္ခအတွင်း ပါဝင်နေသော အဖွဲ့အစည်းများက အပစ်ရပ်စဲကြောင်း ကြေညာခဲ့ခြင်းက ငလျင် ဘေးသင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နိုင်ရေး ခြေလှမ်းတစ်ရပ် ဖြစ်သည်ဟု ဥရောပသမဂ္ဂ(EU)မှ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အခြားသော အဖွဲ့အစည်းများ၏ ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ကြိုဆိုကြောင်း ဥရောပသမဂ္ဂ(EU)မှ ထုတ်ပြန်ခဲ့သည်။
EU က “အပစ်အခတ်ရပ်စဲရေးသည် မြေငလျင်ဘေးသင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ အလျင်အမြန် ဘေးကင်းလုံခြုံပြီး အဟန့်အတားမရှိ ရရှိစေရေးအတွက် အလွန်လိုအပ် သည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်”ဟု ပြောသည်။

ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်နေကြစဉ်
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ မတ်လ ၂၈ ရက်မှ ဧပြီ ၃ ရက်ထိ လှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်မှ ဧပြီ ၃ ရက်နေ့ နံနက် ၈ နာရီအထိ စာရင်း အရ သေဆုံးသူ ၃၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄၇၁၅ ဦး၊ ပျောက်ဆုံးနေသူ ၃၄၁ ဦးရှိသည်။
ထို့ပြင် လူနေအိမ်၊ ဟိုတယ်၊ ဘာသာရေး အဆောက်အအုံ၊ ကန်ဒါရိုက် တိုက်များ ထောင်နှင့်ချီ ပြိုကျပျက်စီးခဲ့သလို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် တံတားများလည်း ပြိုကျပျက်စီးလျက်ရှိနေသည်။
ထို့နောက် မြန်မာ့တပ်မတော်၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့က ဧပြီလကို ယာယီအပစ်ရပ်စဲကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 705
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃
မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေကြရသည့်အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ တိုးဂိတ်များအနေဖြင့် ဖြတ်သန်းခ ငွေကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်း ထားပေးစေလိုကြောင်း သံတမန်အရေးကျွမ်းကျင်သူ ဦးညိုအုန်းမြင့်က ပြောသည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အလွန်အားပြင်းသော ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှာ သေဆုံးထိခိုက် ဒဏ်ရာရရှိသူများနှင့် အဆောက်အအုံများ ပြိုကျပျက်စီးမှုများ ကြုံတွေ့နေရသည်။
ထို့နောက် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ကူညီကယ်ဆယ်ရေးအဖွဲ့များ အပါအဝင် ပြည်သူလူထုများက ကူညီကယ် ဆယ်ရေးနှင့် လိုအပ်သော ပစ္စည်းများ အပါအဝင် စားနပ်ရိက္ခာများ ထောက်ပံ့ရေးအတွက် ဆောင်ရွက်နေကြ သည်။

ငလျင်ကယ်ဆယ်ရေးလုပ်နေသူများကို တွေ့ရစဉ်
သံတမန်အရေးကျွမ်းကျင်သူ ဦးညိုအုန်းမြင့်က “ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တိုးဂိတ်များတွင် ဖြတ်သန်းခ ငွေကောက်ခံခြင်းကို အရေးပေါ်ကာလ ရက် ၃၀ ဖြစ်စေ ခေတ္တ ရပ်ဆိုင်းထားပေးစေလိုပါသည်။ ပရဟိတများ၊ အစိုးရကိစ္စ၊ ထောက်ပို့ကားများ၊ ကယ်ဆယ်ရေးကားများ အပါအဝင် ခရီသွားများအားလုံး မလိုအပ်ဘဲ စောင့်ဆိုင်း ရသည့်အတွက် ဖြစ်ပါသည်။ စောင့်ဆိုင်းနေရသည့် အချိန်တွင် ကားစက်နိုးထားရသောကြောင့် ဒေါ်လာကို မဖြစ်မနေ ရှာဖွေတင်သွင်းနေရသော ဒီဇယ်နဲ့ ဓါတ်ဆီကို အလဟဿ မီးရှို့ နေသလိုလည်း ဖြစ်နေပါသည်”ဟု ပြောသည်။
ထို့နောက် အရေးပေါ်ကာလလွန်မှ အလှူခံပေးရမည်ဆိုပါက ကူညီအလှူခံပေးပါမည် ကုမ္ပဏီပိုင်ရှင်များဟု တိုက်တွန်းတောင်းဆိုခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်မှ ဧပြီ ၃ ရက်နေ့ နံနက် ၈ နာရီအထိ စာရင်းအရ သေဆုံးသူ ၃၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄၇၁၅ ဦး၊ ပျောက်ဆုံးနေသူ ၃၄၁ ဦးရှိသည်။
ထို့ပြင် လူနေအိမ်၊ ဟိုတယ်၊ ဘာသာရေး အဆောက်အအုံ၊ ကန်ဒါရိုက် တိုက်များ ထောင်နှင့်ချီ ပြိုကျပျက်စီးခဲ့သလို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် တံတားများလည်း ပြိုကျပျက်စီးလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 665
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂
ငလျင်ဒဏ် ထိခိုက်ခံစားနေရခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တည်ငြိမ် အေးချမ်းမှုကို ရှေးရှုပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
မတ် ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန် ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ရှားမှုကြောင့် ငလျင်ဒဏ်သင့် ဒေသများ၌ လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသလို ပြည်သူများ အသက် သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများဖြစ်ပေါ်ခဲ့ရသည်။
ထိုသို့ ထိခိုက် ပျက်စီးခဲ့ရမှုများနှင့် ပျက်စီးဆုံးရှုံး ခဲ့ရမှုများကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင် ရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ တပ်မတော်က ထုတ်ပြန်ခဲ့သည်။
မြန်မာ့တပ်မတော်က “ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာ ထောက်ထား နားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်းကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ အဖြစ် ထုတ်ပြန်လိုက်သည်”ဟု ကြေညာခဲ့သည်။

ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင် အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေး လမ်း ကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေး ကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကို မပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအား ကာကွယ်သောအားဖြင့် လိုအပ်သည့် အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာ့တပ်မတော်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း(၂၂)ကြိမ် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် နစက-က နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။
မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-TNLA-MNDAA)တို့ကလည်း ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန် ကြေညာထားသည်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ယာယီအပစ်ရပ်စဲကြောင်း ထုတ်ပြန်ထားသည်။
