- By CNI
- Category: နိုင်ငံရေး
- Hits: 731
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅
မိမိတို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်မှာ နှစ်ပေါင်း (၇၇)နှစ်ကျော်ပြီဖြစ်သော်လည်း မည်သည့် အသီးအပွင့် များ ခံစားရပြီးလဲ ပြန်ကြည့်ရန် လိုအပ်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်ပြည့် အခမ်းအနားမှာ ၎င်းက မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ကျနော်တို့ လွတ်လပ်ရေးရတာ (၇၇)နှစ်ကျော်ပြီ ဖြစ်ပြီးတော့ လာမယ့် ၂၀၂၈ ဆိုရင် နှစ် (၈၀)ပြည့်ပါပြီ။ ကျနော် တို့ လွတ်လပ်ရေးရတာ ဘာများပြည့်ပြည့်ဝဝ ခံစားရလဲ။ ဒါ ကျနော်တို့ ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်။ လွတ်လပ်ရေး ရကတည်းက ပယောဂ အမျိုးမျိုးတွေကြောင့် ဒီတိုင်းပြည်မှာ တိုင်းရင်း သား ပြည်သူတွေ ဒုက္ခဆင်းရဲ မျိုးစုံနဲ့ ကြုံ တွေ့နေရတာ ဖြစ်ပါတယ်။ ကျနော်တို့ အိမ်နီးနားချင်း နိုင်ငံတွေ အပါအဝင် တည်ငြိမ်ပြီးတော့ တိုးတက်နေတဲ့ နိုင်ငံများနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ကိုယ်နဲ့ အင်အားတူညီတဲ့ တနည်းအားဖြင့် လူဦးရေ တူညီတဲ့၊ နိုင်ငံအကျယ်အဝန်းအားဖြင့် တူညီတဲ့၊ စီးပွားရေးအားဖြင့် တူညီတဲ့ နိုင်ငံတွေ နဲ့ နှိုင်းယှဉ်ကြည့်လို့ရှိရင် ကျနော်တို့ နောက်ကျ ကျန်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဒါ ဘာလဲဆိုရင် စောစောက ကျနော့် မိန့်ခွန်းမှာလည်း ပါပါတယ်။ ပြည်တွင်းပြည်ပ ပယောဂအမျိုးမျိုးကြောင့် ကျနော်တို့ ဒီလို ဖြစ်လာခဲ့ တယ်ဆိုတာကို တွေ့ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က ဗြိတိန်သျှလက်အောက်ကနေ လွတ်လပ်ရေး ရယူခဲ့သည်။

သို့သော် လွတ်လပ်ရေး ယူပြီးနောက် ၃ လအကြာ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)က လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့ပြီး ၁၉၄၉ ခုနှစ်မှာတော့ ကရင်လူမျိုးများက လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများသည် တန်းတူညီမျှရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး ဆိုသော မူဝါဒများဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများ ဖွဲ့စည်း၍ မြန်မာ့တပ်မတော်ကို တော်လှန်တိုက်ခိုက်နေ သည်မှာ ယနေ့ထိပင် ဖြစ်သည်။
သို့သော် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် မြန်မာ့တပ်မတော်၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံ တော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့ကြောင့် မြန်မာ့တပ်မတော်အား ဆန့်ကျင်ကန့်ကွက်ခဲ့ကြသလို လက်နက်ကိုင် တိုက်ခိုက်မှုဖြင့် ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 526
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်မှာ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သလို နိုင်ငံတကာသံတမန်များနှင့် တိုင်းရင်းသား လက်နက်ကိုင် များဘက်ကလည်း မိန့်ခွန်းများ ပြောကြားခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်ထိ “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” ခေါင်းစဉ် ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 503
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅
နွားကွဲရင် ကျားဆွဲတတ်သည်ဆိုခြင်းကို သိပါလျက် “ငါ့လှေငါထိုး ပဲခူးရောက်ရောက်စိတ်မျိုး မမွေးကြရန်” လိုအပ် သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ထိုးခြင်း (၁၀)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ မိန့်ခွန်း ပြောကြားစဉ် ၎င်းက ပြော ကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီနေ့ မျက်မှောက်ကာလအထိ တိုင်းရင်းသား ညီအစ်ကိုတွေ သင့်တင့် မြတ်မြတ် စည်းစည်းလုံးလုံး ဖြစ်လာမှာကို မလိုလားတဲ့ ပြည်တွင်း ပြည်ပ အဖျက်အမှောက် အုပ်စုတွေကလည်း နည်းလမ်းပေါင်းစုံအသုံးပြုပြီး နှောင့်ယှက်မှု ပေါင်းစုံကို နည်းလမ်းပေါင်းစုံနဲ့ ပြုလုပ်နေတာကိုလည်း သတိကြီးစွာ ထားကြရဖို့လိုအပ်ပါတယ်။ နွားကွဲရင် ကျား ဆွဲတတ်တယ် ဆိုတာကို သိပါလျက် ငါ့လှေငါထိုး ပဲခူးရောက်ရောက် စိတ်မျိုး မမွေးကြဖို့လည်း လိုပါတယ်။ ပြည်အင်အားသည် ပြည်တွင်းမှာရှိသည်ဆိုသည့် ဆိုစကားဟာ အဓိပ္ပာယ်အားဖြင့် လွန်စွာလေးနက်လှပြီး အမြဲ ထာဝရ မှန်ကန်နေမယ့် အမှန်တကယ်ဖြစ်တယ်ဆိုတာကို အလေးထား လိုက်နာကြဖို့လည်း လိုအပ်လှပါတယ်" ဟု ပြောသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ သံတမန်များ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ မီဒီယာများ တက်ရောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 516
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာကိုယ်စားလှယ်များ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ တက်ရောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 580
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၄
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြ သည်။
မစ္စတာ တိန့်ရှီကျွင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ခြင်း (၁၀)နှစ်ပြည့် အခမ်းအနား တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်က ကော်မရှင်ဥက္ကဋ္ဌအား လာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်း ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် အလေးထား လျက်ရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် NCA အခမ်းအနား ကျင်းပမည့် အခြေအနေများ၊ NCA လက်မှတ်ထိုးရာတွင် တရုတ် အပါအဝင် နိုင်ငံတကာ အသိသက်သေများ ပါဝင်ခဲ့မှု အခြေအနေများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် အေးအတူ ပူအမျှ မဟာဗျူဟာမြောက် ဆက်ဆံရေး ရှိသည့် အခြေအနေများတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာတွင် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန်အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရှိမှု အခြေအနေများနှင့် ရွေးကောက်ပွဲ ကျင်းပမည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အားပေး ထောက်ခံလျက်ရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပရာတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး မြန်မာအီလက်ထရောနစ်မဲပေးစက်(MECM)များဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း ကာ/လုံကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အလားတူ ရွေးကောက်ပွဲ ကျင်းပချိန်တွင် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာစောင့် ကြည့်ရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှု အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကော်မရှင်ဥက္ကဋ္ဌနှင့် မစ္စတာတိန့်ရှီကျွင်းတို့ တွေ့ဆုံမှုတွင် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး တို့လည်း တက်ရောက်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4174
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေဖြင့် စကားများ ကျွံကုန်သည့်အတွက် မြန်မာ့ တပ်မတော်နှင့် ညှိနှိုင်းရန် ခက်သွားပြီဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
TNLA အနေဖြင့် လက်ရှိအနေအထားမှာ နောက်ဆုတ်ရန် ခက်ခဲသွားပြီး မြန်မာ့တပ်မတော် ဘက်ကလည်း တိုက်ခိုက်ပြီးမှ ရှင်းမည့်သဘောမျိုးရှိကြောင်း၊ TNLA အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲသို့ ပြန်ဆုတ် သွားမည်ဆိုပါက သက်သာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “တအာင်းနဲ့တော့ မရတော့ဘူး။ နောက်ဆုတ်ဖို့လည်း ခက်သွားပြီ။ တိုက်ပြီးတော့ပဲ ရှင်းမယ့်သဘောမျိုး ရှိပါတယ်။ တအာင်းကတော့ သူ့ရဲ့ မူလ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကို ပြန်ဆုတ်သွားရင်တော့ သက်သာမယ်။ မဆုတ်ဘူးဆိုရင်တော့ တိုက်ခိုက်မှုကို ခံရမှာပဲ။ ညှိဖို့တော့ ခက်သွားပြီ တအာင်းက။ စကားတွေ ကျွံကုန်ပြီ။ MNDAA ကတော့ သူက နဂိုကတည်းက ညှိထားပြီ၊ အပစ်ရပ်ထားတယ်၊ သူတို့ လားရှိုးမှာတောင်မှ လိုအပ်ရင် လိုအပ်သလို သွားရောက်တွေ့ဆုံ စကားပြောနေကြတော့ ကိုးကန့်ကတော့ အနုနည်းနဲ့ပဲ ညှိနှိုင်းသွား မယ်ထင်တယ်။ တရုတ် ပါမယ်ဆိုရင်လည်း တရုတ်က အာမခံ ခိုင်လုံအောင်တော့ လုပ်ပေးရမှာပေါ့။ တပ်က အာမခံတယ်၊ တရုတ်ကလည်း အာမခံရင်တော့ သူတို့စဉ်းစားမှာပေါ့။ ပလောင်ကတော့ နည်းနည်း ခက်တယ် အနေအထား။ ကိုးကန့်နဲ့ မတူနိုင်တော့ဘူး” ဟု ပြောသည်။
TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ကိုးကန့်တပ် (MNDAA)၊ အာရက္ခတပ်တော် (AA)၊ KNDF၊ BNRA၊ BPLA၊ MDY-PDF၊ DPLA၊ PLA စသည့် လက်နက်ကိုင် အင်အားစုများဖြင့် စုဖွဲ့ကာ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖော်ဆောင်ခဲ့သည်။

မြောက်ပိုင်းသုံးဖွဲ့ ခေါင်းဆောင်တွေကို တွေ့ရစဉ်
အဆိုပါ စစ်ဆင်ရေးအတွင်းမှာ TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်တို့ကို သိမ်းပိုက်ခဲ့သည်။
ထို့ပြင် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ် ကြီး ကိုကိုဦး ဦးဆောင်သည့်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆၊ ၁၇ ရက်များတွင် ဆွေးနွေးခဲ့ရာ အဆင်မပြေဖြစ်ခဲ့ကြသည်။
ထို့နောက် ဒုတိယအကြိမ်အနေဖြင့် TNLA နှင့် မြန်မာ့တပ်မတော်တို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဆက်လက် ဆွေးနွေးခဲ့သလို တတိယအကြိမ်မြောက်ကိုတော့ ဩဂုတ်လကုန်ပိုင်းတွင် ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ဘဲ ယနေ့အထိ သဘောတူညီမှု မရှိသေးခြင်းဖြစ်သည်။
သို့သော် MNDAA နှင့် မြန်မာ့တပ်မတော်တို့အကြား တရုတ်၏ ကြားဝင်မှုဖြင့် အပစ်ရပ် လက်မှတ်ထိုးထားကြကာ လားရှိုးမြို့ကိုလည်း ပြန်လည်လွှဲပြောင်း ပေးအပ်ထားသည်။

TNLA နဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ် ၂ ဦးကိုတွေ့ရစဉ်
MNDAA သည် တရုတ်ဖြစ်သောကြောင့် ပြောရဆိုရ လွယ်ကူစေသဖြင့် တိုက်ခိုက်ပြီး ရှင်းမည့်ပုံ မရှိကြောင်း၊ TNLA သည် အပစ်မရပ်ထားသဖြင့် အတိုက်အခိုက် ပိုဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်ကတော့ ကိုးကန့်လည်း တရုတ်ပဲ တရုတ်နယ်၊ တရုတ်လူမျိုး၊ တရုတ်စကားပဲ ပြောတော့ ကိုးကန့် နဲ့ တရုတ်နဲ့က ညှိဖို့လွယ်တယ်။ ဘာကြောင့်လဲဆိုတော့ နဂိုကတည်းက ကိုးကန့်တွေက အင်္ဂလိပ်လက်ထက်မှာမှ မြန်မာပြည်ထဲ ပါသွားတာပါ။ အရင်တုန်းက တရုတ်ပြည်ပါပဲ။ ဒါကြောင့် ကိုးကန့်ကတော့ တရုတ်နဲ့ကတော့ သားအဖလို ဖြစ်နေတော့ ပြောလို့ဆိုလို့ လွယ်တော့ တိုက်ခိုက်ပြီးမှ ရှင်းမယ့်ပုံလည်း မဖြစ်တော့ဘူး၊ မရှိတော့ ဘူး။ အပစ်ရပ်ထားတာလည်း ခိုင်သွားပြီ။ ပလောင်ကတော့ အပစ်မရပ်ထားဘူးဆိုတော့ နည်းနည်း အတိုက် အခိုက် ပိုဖြစ်နိုင်တာပေါ့” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ TNLA ထိန်းချုပ်ထားသော ကျောက်မဲနှင့် နောင်ချိုမြို့များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် အောက်တိုဘာလများက ပြန်လည်သိမ်းပိုက်ထား ပြီးနောက် သီပေါမြို့ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
အလားတူ မိုးကုတ်မြို့ကိုလည်း ပြန်လည် သိမ်းပိုက်နိုင်ရေး မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1029
CNI News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၃
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှား၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဟာဆန်နှင့် ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အောက်တိုဘာ ၉ ရက်က တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံအတွက် မည်ကဲ့သို့သော အကျိုးသက်ရောက်မှုများ ရှိလာနိုင်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက စောင့်ကြည့်နေကြသည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည့် အတွက် ရွေးကောက်ပွဲအား နိုင်ငံတကာက အသိအမှတ် ပြုပြီးသွားလျှင် နောက်တက်လာမည့် အစိုးရသည်လည်း နိုင်ငံတကာမှ အာရုံစူးစိုက်မှု ခံရနိုင်သည့် အစိုးရတစ်ရပ် ဖြစ်လာနိုင်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ ကျနော့် အမြင်ကတော့ ဒီရွေးကောက်ပွဲကို သူက ကူညီမယ်ဆိုတဲ့ အခါကျတော့ မြန်မာ နိုင်ငံ ဒီရွေးကောက်ပွဲက နိုင်ငံတကာ အသိအမှတ်ပြုပြီးသွားရင် နောက်တက်လာမယ့် အစိုးရလည်း ဒါနိုင်ငံတကာ အသိအမှတ်ပြုပြီးသား ဖြစ်သွားတာပေါ့နော်။ ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် အစိုးရကလည်း နိုင်ငံတကာ ကနေပြီးမှ အာရုံစူးစိုက်မှုကို ခံရနိုင်တဲ့ အစိုးရတစ်ရပ် ဖြစ်သွားတာပေါ့နော်။ အကောင်းဘက်ကို ပြောင်းလဲသွား နိုင်ပါတယ်၊ ကျနော့်ရဲ့အမြင်ပေါ့။ အခုတစ်ကြိမ်တွက်ကတော့ ရွေးကောက်ပွဲ ပြီးသွားမယ်။ နောက် အစိုးရလည်း ပေါ်လာမယ် ပြည်သူရွေးချယ်တဲ့ အစိုးရတွေ ပေါ်လာပြီဆိုလို့ရှိရင် နောက်လွှတ်တော်တွေ ပေါ်လာမယ်။ လွှတ်တော်တွေလည်း ပေါ်လာပြီဆိုရင်တော့ ပြည်သူ့အသံတွေကို လွှတ်တော်မှာ ပြောလို့ဆိုလို့ရလာမယ်။ အဲအတွက်ကြောင့် အခုတစ်ကြိမ်မှာ ပြည်သူ့အသံက ပြောပေးတဲ့ အဖွဲ့အစည်းလည်း မရှိဘူးဆိုတော့ ပြည်သူ့အသံ ပျောက်နေတယ်ပေါ့။ ပြည်သူ့အသံက ပေါ်လာပြီဆိုရင်တော့ နိုင်ငံရေးက အကောင်းဘက်ကိုတော့ လျင်လျင်မြန် မြန် ရွေ့သွားမယ်လို့တော့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဟာဆန်ကို တွေ့ရစဉ်
ထို့နောက် လက်နက်ကိုင်တော်လှန်ရေးသည် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ နစ်နာသလို ပြည်သူများလည်း ဒုက္ခရောက်လာကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ထောက်ပြသည်။
၎င်းက “ကျနော့် အမြင်ကတော့ လက်နက်ကိုင် တော်လှန်ရေးက နှစ်ပေါင်း ၇၀ ကျော်လာပြီ ပြည်သူတွေ ဒုက္ခ ရောက်ပြီးမှ နိုင်ငံပဲ နာတာဖြစ်တယ်။ အဲအတွက်ကြောင့်မို့လို့ နိုင်ငံရေး လုပ်ချင်တယ် နိုင်ငံကို ချစ်တယ်ဆိုရင် တော့ စားပွဲဝိုင်းမှာ ဖြေရှင်းလိုက်တာ ကောင်းပါတယ်။ စားပွဲဝိုင်းမှာ ဖြေရှင်းကြမယ်ဆိုရင်တော့ အမုန်းတရားတွေ ကို ဖယ်ရှားပေးခဲ့ဖို့တော့ လိုတာပေါ့နော်။ အဲတာအခု အမုန်းတရားတွေနဲ့ကတော့ စားပွဲဝိုင်းမှာ မဖြေရှင်းနိုင်သ၍ အခုကော်မရှင်ကနေ ဖိတ်ကြားထားတာကတော့ ကျနော့် အနေနဲ့က လာစေချင်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးကြီးက မြန်မာနိုင်ငံမှာ ဖြစ်လာတာ နိုင်ငံလည်းနာတယ်။ ပြည်သူလည်း ဒုက္ခရောက်တယ်။ ပြည်သူ ကို ချစ်တယ်၊ နိုင်ငံကိုချစ်တယ် ဆိုလို့ရှိရင်တော့ လာပြီးမှ စားပွဲဝိုင်းမှာ ဝိုင်းပြီး အဖြေရှာပြီးမှ သွားကြမယ်ဆိုရင် တော့ နိုင်ငံတိုးတက်ရေးတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ ကျနော် မြင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲသို့ အာဆီယံကနေ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ပေးသွားမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဟာဆန်က ပြော ကြားခဲ့သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံက တာဝန်ယူခဲ့သည့် အခါတွင် မြန်မာနိုင်ငံနှင့် အာဆီယံကြား ဆက်ဆံရေး ယိုယွင်းနေမှုကနေ ပြန်လည် ကောင်းမွန်လာသလို မလေးရှားနိုင်ငံနှင့်မြန်မာနိုင်ငံကြား သံတမန် ဆက်ဆံရေး အားနည်းမှုကလည်း ပြန်လည် အားကောင်းလာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 484
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခဲ့ခြင်း (၁၀)နှစ် ပြည့် အခမ်းအနား သို့ မတက်ရောက်ရန် UN, ASEAN နှင့် နိုင်ငံတကာ သံတမန်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)တချို့က ပူးတွဲ၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန် တိုက်တွန်းခဲ့သည်။
အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် NCA ထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ နှစ်ခြမ်းကွဲသွားသည့် မွန်ပြည်သစ် ပါတီ-ခွဲထွက်အဖွဲ့(NMSP-AD)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ဖြစ်ကြသည်။
NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်စဉ်ကာလအတွင်း မြန်မာ့တပ်မတော်သည် လုပ်ငန်းစဉ်အား လွှမ်းမိုး ထိန်းချုပ်ခြင်း၊ ၎င်းတို့၏ စစ်တပ်ကြီးစိုးရေး မူဝါဒများဖြင့် တဖက်သတ် ပိတ်ဆို့ပြီး NCA သဘောတူညီချက်များကို အကောင်အထည် မဖော်နိုင်ရန် တားဆီးခြင်း ပြုလုပ်ခဲ့သလို စာချုပ်ပါ သဘောတူညီချက်များအား အကြိမ်ကြိမ် ချိုးဖောက်ခြင်းများ ရှိခဲ့သော်လည်း မိမိတို့သည် ငြိမ်းချမ်းရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်းချက်ဖြင့် စိတ်ရှည်သည်းခံ၊ နည်းလမ်းရှာဖွေကာ တစိုက်မတ်မတ် ကြိုးစားခဲ့မှုကြောင့် သဘောတူညီချက် အချို့ရရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်ဟု အထက်ပါ EAO များ၏ ပူးတွဲထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

EAOs တွေ ပူးပေါင်း ထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းတို့က “ သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ အနှစ်သာရ၊ အခြေခံမူ များနှင့် ရည်မှန်းချက်ကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီဖြစ်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်း စဉ်လည်း ရပ်ဆိုင်းသွားကာ စက္ကူစုတ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားစေပါသည်”ဟု ပြောသည်။
ပြည်သူလူထုကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်၊ လူငယ်များကို အဓမ္မ စစ်မှုထမ်းစေခိုင်းခြင်း ပြုလုပ်နေသည့် စစ်အုပ်စု၏ ဟန်ပြလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းသည် မြန်မာနိုင်ငံနှင့် ဒေသတွင်း မတည်ငြိမ်မှုကို ဖန်တီးနေသည့် မြန်မာ့ တပ်မတော်ကို ထောက်ခံရာကျသည့်အတွက် NCA လက်မှတ်ရေးထိုးခဲ့ခြင်း (၁၀)နှစ် ပြည့် အခမ်းအနားသို့ မတက် ရောက်ခြင်းဖြင့် ပြည်သူလူထုနှင့် အတူ ရပ်တည်ကြောင်း ပြသကြရန် ကုလသမဂ္ဂ(UN)၊ အာဆီယံ(ASEAN)နှင့် နိုင်ငံတကာ သံတမန်များအား မိမိတို့ NCA ကို ကိုယ်တိုင် လက်မှတ်ထိုးခဲ့သည့် အဖွဲ့အစည်းများက တိုက်တွန်း အပ်ပါသည်ဟု ပူးတွဲထုတ်ပြန်ခဲ့သည်။
NCA စာချုပ်ကို KNU, CNF, ABSDF, PNLO, ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS), ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP), ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA), ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)တို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

NCA လက်မှတ်ထိုး ၇ ဖွဲ့နဲ့ NSPNC ဆွေးနွေးကြစဉ်
ထို့နောက် NMSP, LDU တို့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အစိုးရက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွား မှုအား မဖြေရှင်ဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းနေသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချလိုက်ပြီး နိုင်ငံ တော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့ကြောင့် မြန်မာ့တပ်မတော်ကို ဆန့်ကျင်ကန့်ကွက်မှုများနှင့် လက်နက်ကိုင် တော်လှန်မှုများ နိုင်ငံတစ်ဝန်း ပေါ် ပေါက်ခဲ့သည်။
ထိုအထဲတွင် NCA ထိုးထားသည့် ABSDF, KNU, CNF တို့က NCA ကနေ နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်ကို လက်နက်ကိုင် တိုက်ခိုက်နေသလို PNLO,NMSP,LDU,ALP ထဲမှာလည်း နှစ်ခြမ်းကွဲကာ မြန်မာ့တပ်မတော်အား လက်နက်ကိုင် တိုက်ခိုက်သော အဖွဲ့နှင့် NCA အပေါ် ဆက်လက် ရပ်တည်နေသူဆိုကာ ဖြစ်တည်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 763
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေး အကျပ်အတည်းနှင့် လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး အတွက် ကြိုးပမ်းကြရာမှာ ခေါင်းဆောင်မှု ပျောက်ဆုံးနေခြင်းကြောင့် အကွဲကွဲအပြားပြား ဖြစ်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် အကျပ်အတည်းများ ပိုပြီး မကြုံရစေရန်နှင့် အရပ်သား ဆုံးရှုံးမှုများ ကြိုတင် တားဆီးနိုင်ရန် နိုင်ငံ တကာ တာဝန်ခံမှုနှင့် ကာကွယ်မှုတို့ကို အရေးပေါ် လိုအပ်နေကြောင်း၊ ထို့ပြင် အာဆီယံ တစ်ဖွဲ့တည်းအနေဖြင့် ယခုလို ကြီးလေးသည့် တာဝန်ကို ပုခုံးထမ်းနိုင်မှာ မဟုတ်ကြောင်း ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောကြား ခဲ့သည်။
လူထုလည်း ဒုက္ခရောက်နေသလို အတိုက်အခံလုပ်နေသည့် နိုင်ငံရေးအင်းအားစုများမှာလည်း အကွဲကွဲအပြဲပြဲ ဖြစ်ပြီး ခေါင်းဆောင်မှု ပျောက်နေကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

BPLA,TNLA,NUG ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “လူထုအတွက် အာမခံချက် ပေးတယ်ဆိုတာထက် အခုလူထုကတော့ တာဝန်ကျေတယ်လို့တော့ ပြောလို့ ရတယ်၊ ဒါပေမယ့် လူထုလည်း အခုဒုက္ခရောက်နေသလို အတိုက်အခံလုပ်နေတဲ့ ဒီဘက် နိုင်ငံရေး အင်းအားစု တွေမှာလဲ အကွဲကွဲအပြဲပြဲ ကနေပြီးတော့ စုစည်းမှုအား တော်တော်လေးနည်းနေတယ် နောက်တစ်ခါ ခေါင်း ဆောင်မှု ပျောက်နေတယ်ပေါ့။ ဒါဒီဘက်မှာ အဲ့ဒါကြောင့် လူထုကိုယ်က ဘယ်သူတွေကနေပြီး အာမခံချက်ပေး နိုင်လဲ ဆိုတဲ့ဟာမျိုးပေါ့၊ ကျနော်တို့တွေကတော့ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ရပ်တည်ပြီး ပြောနေတယ်ဆိုပေ မယ့် မလုံလောက် သေးဘူးလို့တော့ မြင်တယ်၊ အဲတော့ လူထုအတွက် အာမခံချက်ပေးဖို့ အတွက်ကတော့ အခုလို မီဒီယာမှာ ပြောနေတာ တစ်ပိုင်းရှိသလို တစ်ဖက်မှာလည်း ဘုံသဘောတူညီချက်ကနေ စုစည်းပြီးတော့ အား ကောင်းတဲ့ မဟာမိတ်ပုံစံတစ်ခု ဖြစ်လာဖို့တော့လိုတယ်။ အဲဒီအဖွဲ့အစည်း၊ အဲဒီအစုအဖွဲ့တွေကမှတဆင့် ပြည်သူ လူထုကနေပြီးတော့ စကားပြောလို့ ရလိမ့်မယ်လိုထင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံ တော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့နောက် နိုင်ငံတစ်ဝန်း ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသလို လက်နက်ကိုင် တော်လှန်မှုများ ပေါ်ပေါက်လာ သည်မှာ လက်ရှိအချိန်ထိ မဖြေရှင်းနိုင်ဘဲ ဖြစ်ပေါ်နေသည်။
လက်ရှိအချိန်တွင် အားလုံး၌ သူ့ခေါင်းဆောင်၊ ကိုယ့်ခေါင်းဆောင်ရှိနေကြကြောင်း၊ အားလုံးကို ဦးဆောင်နိုင်သည့် ခေါင်းဆောင်မျိုးကတော့ လေဟာနယ် ဖြစ်နေသည့်သဘောရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံတကာ, EAO နဲ့ တပ်မတော် ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ခေါင်းဆောင်မှုတွေကတော့ အသီးသီးရှိကြတာပဲလေ။ ဒါပေမယ့် တစ်ခုရှိတာက အားလုံးလက်ခံနိုင်သော ခေါင်းဆောင်ဖြစ်မှာပေါ့ အဓိက,ကတော့ အားလုံးသူ့ခေါင်းဆောင် ကိုယ့်ခေါင်းဆောင်တွေတော့ ဖြစ်နေကြတာ ပေါ့။ သို့ပေမယ့် အားလုံး သိမ်းကျုံးပြီးတော့မှ အားလုံးလက်ခံနိုင်တဲ့ ခေါင်းဆောင်မျိုးကတော့ လောလောဆယ် လေဟာနယ် ဖြစ်နေတဲ့ သဘောတော့ ရှိတာပေါ့။ ရွေးကောက်ပွဲကိစ္စတွေနဲ့ ပြောတဲ့လူကြလို့ရှိရင် ရွေးကောက်ပွဲ ရှိတာနဲ့ မရှိတာနဲ့ ဘယ်ဟာပိုကောင်းလဲပေါ့။ ရွေးကောက်ပွဲရှိတာ ပိုကောင်းတယ် လွှတ်တော်ရှိတာနဲ့ မရှိတာ ဘယ်ဟာပိုကောင်းလဲ လွှတ်တော်ရှိတာ ပိုကောင်းတယ်ပေါ့။ ဒါပြည်သူအားလုံး သိပြီးသား လက်ခံပြီးသားပဲလေ အဲဒီအပေါ်မှာ အတုယောင်တွေ အစစ်အမှန်တွေဆိုတဲ့ဟာက ဘာနဲ့တိုင်းတာလဲပေါ့ အဲဒီဟာကို လက်မခံဘူး ဆိုလို့ရှိရင် ကျနော်တို့က ဘာလုပ်ကြမှာလဲပေါ့။ အခု ကဲ ၅ နှစ်ရှိသွားပြီလေ၊ ဘာဖြစ်လာလို့လဲပေါ့၊ ဆိုတဲ့အခါကြ တော့ ကျနော်တို့ ချိန်ထိုးတဲ့ ပေတံကတော့ ဒါပဲ”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး သဘောတူညီချက် တစ်စုံတစ်ရာ မရယူနိုင်သေးဘဲ ဖြစ်နေကြောင်း၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်မှာလည်း ရှေ့မတိုးနိုင်ပဲ ဖြစ်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အလားတူ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအတွက် မြန်မာ့တပ်မတော်သည် အထိုင်တစ်ခု အနေဖြင့် ရှိနေ သော်လည်း အတိုက်အခံများနှင့် တော်လှန်ရေး အင်အားစုများဘက်ကတော့ မည်သူ သို့မဟုတ် မည်သည့်အဖွဲ့ အစည်းက ဦးဆောင် ဆွေးနွေးခွင့် ရှိသည်ဆိုသော ဘုံသဘောတူညီချက် မရှိဘဲ ဖြစ်နေသည်။
