- By CNI
- Category: နိုင်ငံရေး
- Hits: 489
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉
နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးခဲ့ပြီးနောက် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့များကနေ တအာင်းတပ်ဖွဲ့ များ ဆုတ်ခွာမည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကူမင်းမြို့မှာ မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့်အဖွဲ့နှင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သောအဖွဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုသည် ၉ ကြိမ်မြောက်ဖြစ်ပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာ ၂၉ ရက် တွင် စတင် အသက်ဝင်ကြောင်း သဘောတူညီခဲ့ကြသည်။

TNLA က “ တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီး၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နှစ်ဖက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပြီး၊ သဘောတူ သတ်မှတ်ထားသည့် ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ် တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီး တအာင်းဒေသကိုလည်း မြန်မာစစ်တပ်မှ လေယာဉ်ဗုံးကြဲ ခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုဘဲ။ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှစတင်၍ နှစ်ဖက် ရောက်ရှိ သည့် နေရာတွင် တပ်များ ရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ကြကြောင်း” ထုတ်ပြန် ပြောကြားခဲ့သည်။
TNLA သည် မိုးကုတ်နှင့်မိုးမိတ်မြို့နယ်ကနေ ဘယ်အချိန် ကာလတွင် အပြီးဆုတ်မည်ကိုတော့ ဖော်ပြထားခြင်း မရှိသေးပေ။
TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွက် မြို့နယ် ၁၂ မြို့နယ်ကို တိုက်ခိုက် ထိန်းချုပ်ခဲ့ပြီးနောက် မြန်မာ့တပ်မတော် က နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့် မြို့နယ်များကို ၂၀၂၅ ခုနှစ်၊ ဇွန်-ဇူလိုင်လမှ စတင်ကာ ပြန်လည် သိမ်းပိုက်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 580
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉
လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီ(PP)သည် ၎င်းတို့၏ ရပ်တည်ချက် ရွေးကော်ပွဲဆိုင်ရာ စာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ကြေညာစာတမ်းသည် မည်သည့် အရေးကိစ္စများ ပါဝင်သလဲ လေ့လာနိုင်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 556
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉
လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နာဂအမျိုးသားပါတီ(NNP)သည် ၎င်းတို့၏ ရပ်တည်ချက် ရွေးကော်ပွဲဆိုင်ရာ စာတမ်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ကြေညာစာတမ်းသည် မည်သည့် အရေးကိစ္စများ ပါဝင်သလဲ လေ့လာနိုင်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 726
CNI New
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉
မြန်မာနိုင်ငံ လက်နက်ကိုင် ချုပ်ငြိမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)နှင့် ထပ်ပေါင်း NCA+ ကိုလည်း လက်ခံကြောင်း မြန်မာ့တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်များ ကြား ပြောဆိုနေသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘာကိုဆိုလိုသလဲဟု မေးခွန်းထုတ်မှုများရှိနေသည်။
NCA+ ဆိုသည်က နိုင်ငံရေးဆွေးနွေးပွဲများအား NCA မထိုးနိုင်သေးသည့် တိုင်အောင် လက်ရှိ အကျပ်အတည်းကို ကျော်လွှားရန် မပါမဖြစ် ပါသင့်ပါထိုက်သည့် အဖွဲ့အစည်းများ ပါဝင်နိုင်အောင် ဖိတ်ခေါ်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားလာခဲ့သည်မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကတည်းကနေ ယနေ့အချိန်ထိ ဖြစ်နေသည်။
ထိုသို့ တည်ဆောက်ခဲ့သည့်အခါတွင် လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခြင်း၊ လက်နက်နှင့် စီးပွားရေး လဲလှယ် ခြင်း၊ လက်နက်ကိုင်ထားခြင်းဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း စသည့် ပုံစံအမျိုးမျိုးနှင့် တည်ဆောက်ခဲ့ကြ သည်။

NCA နှစ်ပတ်လည် အခမ်းအနားမှာ ဗိုလ်မှူးကြီးစောကျော်ညွန့်ကို တွေ့ရစဉ်
သို့သော်လည်း လက်နက်ကိုင် ပဋိပက္ခများ ရပ်စဲခြင်းနှင့် နိုင်ငံရေးပြဿနာကို အဖြေရှာခြင်းကို သွားနိုင်သည့် စာချုပ်မျိုးကိုတော့ မလုပ်နိုင်ခဲ့ပါချေ။
နိုင်ငံရေးဆွေးနွေးပွဲများကို NCA မထိုးနိုင်သေးသည့် တိုင်အောင် လက်ရှိ အကျပ်အတည်းအား ကျော်လွှားရန် မပါ မဖြစ် ပါသင့်ပါထိုက်သော အဖွဲ့အစည်းများ ပါဝင်နိုင်အောင် NCA + ဆိုပြီး အတိုကောက်ခေါ် သုံးနှုန်းခဲ့ကြောင်း 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ NCA မှာပါတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ရပ်တန့်သွားတာ ဒီနေ့ထိ ပဲလေ ဆိုတော့က ဒီလိုမျိုး နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်လည် စတင်နိုင်အောင် စဥ်းစားတဲ့အခါမှာ ကျနော်တို့က သမားရိုးကျ သွားနေတဲ့ NCA လမ်းကြောင်းထက်ပေါ့။ NCA လက်မှတ် မရေးထိုးပဲနဲ့ ပါဝင်ဆွေးနွေးနိုင်တဲ့ ပလက်ဖောင်းပေါ့။ အဲ့လို ဆိုလို့ရှိရင် ဒါကတော့ နိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းကို ကျော်လွှားဖို့ ကြိုးပမ်း ဆောင်ရွက်တဲ့ နေရာမှာ အဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲတွေကို NCA ထိုးတဲ့လူ အပြင်ပေါ့။ NCA မထိုးနိုင်သေးသည့် တိုင် အောင် လက်ရှိ အကျပ်အတည်းကို ကျော်လွှားဖို့ မပါမဖြစ် ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်းတွေလည်း ပါဝင် နိုင် အောင် ဆိုပြီးတော့ ကျနော်တို့ အနေနဲ့ NCA + ဆိုပြီးတော့ ကျနော်တို့ အတိုကောက်ခေါ်ပြီးတော့ သုံးနှုန်းခဲ့တာ ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ အခမ်းအနားမှာ ဆိုရင်လည်း NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့က တက်တယ်၊ နောက် ဟို “ဝ”တို့ မိုင်းလားတို့ စသဖြင့်ပေါ့ SSPP တို့ အဲ့ဒီ ပုဂ္ဂိုလ်တွေကတော့ သူတို့က NCA မထိုးသော်လည်းပဲ ကျနော်တို့ တက်နေတဲ့ ညီလာခံကို အတူတူ တက်ရောက် ပါဝင်ခွင့်ရတယ်။ အတူတူ တိုင်ပင်ဆွေးနွေးခွင့် ရတယ်ဆိုတဲ့ ပလက်ဖောင်းမျိုးကို စဥ်းစားကြည့်ပြီးတော့မှ ကျနော်တို့က ယူဆလို့ရမယ် ထင်ပါတယ်၊ ကျနော်တို့ နားလည်မှု အရကတော့ NCA+ ဆိုတာ NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အပြင် NCA လက်မှတ် မရေးထိုးနိုင်သေးတဲ့ အဖွဲ့တွေကိုလည်းပဲ လက်ရှိ နိုင်ငံရဲ့ အကျပ်အတည်းကို ဆွေးနွေးပြောဆိုတဲ့ နေရာမှာ ပါဝင်နိုင်တဲ့ ပလက်ဖောင်းတစ်ခုကို ကြိုးပမ်း ဖော်ဆောင်ဖို့ အဲ့လိုမျိုးပဲ နားလည်ပါတယ်”ဟု ပြောသည်။
NCA စာချုပ်သည် အခန်း (၇) ခန်း၊ အပိုဒ်ခွဲပေါင်း ၃၃ ပိုဒ်ပါဝင်သည်။ ထိုစာချုပ်သည် မြန်မာနိုင်ငံတွင် ပြင်ဆင်ရန် မလွယ်တော့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်သည့် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေသလို ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရေးအတွက်လည်း ဆွေးနွေး အဖြေရှာနိုင်သည့် စာချုပ် ဖြစ်သည်။

NCA နှစ်ပတ်လည် အခမ်းအနားမှာ စိုင်းဋ္ဌေးအောင်ကို တွေ့ရစဉ်
NCA+ က စာချုပ်ပြင်ပမှ ဆွေးနွေး၍ရကြောင်း ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး NCA လမ်းကြောင်းက နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NCA+ က စာချုပ်အသစ်ဆွဲတာ မဟုတ်ပါဘူး။ ဒီ NCA စာချုပ်ကို ကျနော် သဘောမတူဘူး သဘော မကျဘူး။ NC A စာချုပ် ပြင်ပကနေ ဆွေးနွေးလို့ရတယ်ဆိုတဲ့အကြောင်း ဖိတ်ခေါ်ထားတာပါ။ အဲ့ NCA+ ဆိုတာကတော့လေ အရှေ့မှာသူ ပြောထားပါတယ်။ တချို့အဖွဲ့အစည်းတွေက NCA ကို လက်ခံတယ်။ တချို့တွေက လက်မခံဘူး လက်မခံဘူးဆိုတဲ့ သူတွေကလည်း NCA+ အနေနဲ့ ကျနော် ဆွေးနွေးရပါတယ်ဆိုတဲ့ အကြောင်းတွေ သူပြောတာ ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ NCA လမ်းကြောင်းပေါ်မှာက ဒါနိုင်ငံတော် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး လမ်းကြောင်းလို့တော့ ယူဆတယ်။ ဒါပေမယ့် တချို့လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ NCA ပြင်မယ်ပြုမယ် ပြင်လို့ရတယ်၊ တချို့အချက်တွေလည်း ခွင့်ပြုထားပြီးသား အခု “ဝ” လိုမျိုးကြတော့လည်း NCA ကို လမ်းကြောင်း တိုင်း မသွားဘူး သူတို့ သီးသန့်ပဲ ရပ်တည်ကြတော့ ဆွေးနွေးတဲ့ အဖွဲ့ထဲမှာပါတယ်။ အခု NCA လက်မှတ်ထိုးတာ ကတော့ ၁၀ ဖွဲ့ဖြစ်သွားပြီး အခု ၃ ဖွဲ့ကပြန်ပြီးမှ ထွက်သွားတဲ့ အခါကြတော့ ၇ ဖွဲ့တော့ လက်ရှိကျန်တာ နာဂ အဖွဲ့က တိုင်းထိတော့ လက်မှတ် ထိုးထားတယ်လို့တော့ သိရပါတယ် ဒီပြည်ထောင်စုအဆင့်ထိတော့ မရောက် လာ သေးဘူးလို့ ကြားသိရပါတယ်”ဟု ပြောသည်။
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်ကမူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပေါ်ပေါက်လာခဲ့ကြောင်း၊ ထိုစာချုပ်သည် မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုများထဲတွင် လက်ရှိအချိန် ထိ အကောင်းဆုံး စာချုပ်ဖြစ်သလို ဂုဏ်သိက္ခာရှိသည့် စာချုပ်လည်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 522
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) အား “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ပြည်နယ်အဆင့်ကို သတ်မှတ် ပေးသင့်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထား သည်။
UWSA အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ပြည်နယ် လိုချင်ပါက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် ထဲ၌ တောင်းဆိုရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ၏ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က အောက်တိုဘာ ၁၇ ရက်နေ့က ပြုလုပ်သည့် ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲ ၌ ပြောကြားခဲ့သည်။
“ဝ” တပ်ဖွဲ့တွင် ပြည်နယ် အင်္ဂါရပ်နှင့်ညီသည့် ယန္တရားများ ရှိနေသောကြောင့် တောင်းဆိုသော ပြည်နယ်အဆင့် ကို ပေးသင့်ကြောင်း၊ သို့သော် ပြည်နယ်ရရှိရေးအတွက် လွှတ်တော်ထဲတွင် ကြိမ်ဖန်များစွာ ဆွေးနွေးရမည့် အနေ အထားရှိကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

UWSA ကိုတွေ့ရစဉ်
၎င်းက “ဘာကြောင့်မို့လို့လဲဆိုရင် သူက လွတ်လပ်ရေး မရခင်အထိက Shan Federation State ထဲမှာ မပါဘူး “ဝ” ကလေ။ လွတ်လပ်ရေးရတဲ့အခါမှ ရှမ်းပြည်နယ်ထဲကို ထည့်သွင်းခံလိုက်ရတာကို “ဝ”ဒေသတစ်ခုလုံးက။ အဲဒီအချိန်တုန်းကဆိုရင် “ဝ”က ဖွံ့ဖြိုးမှု အရမ်းနောက်ကျတဲ့ အခါကြတော့ အဲဒါတွေ ထောက်ပံ့တာတွေဘာတွေ လုပ်ရမှာစိုးလို့လားတော့ မပြောတတ်ဘူး။ “ဝ” ဒေသကို သီးသန့်ထားခဲ့တာ မြန်မာပြည် လွတ်လပ်ရေး မရခင် အထိပေါ့။ “ဝ”ဒေသ ဖွံ့ဖြိုးရေးကိစ္စဆိုရင်တော့ ဗမာပြည်ကွန်မြူနစ်ပါတီက ပဲခူးရိုးမမှာ ပြုတ်ပြီးမှ အရှေ့မြောက် ဌာနချုပ် ဖွင့်လိုက်တဲ့အခါမှာ “ဝ” ဒေသ စပြီးဖွံ့ဖြိုးလာတာကို ကျနော် လေ့လာတွေ့ရှိရတာပေါ့။ ဒါကြောင့်မို့လို့ “ဝ”က အခု ပြည်နယ်တောင်းတယ်၊ ပြည်နယ်စတဲ့ အင်္ဂါရပ်တွေ အားလုံးကို သူ့ဆီမှာ ရှိထားပြီးသား ဆိုတဲ့အခါကြ တော့ လွှတ်တော်ထဲမှာပဲ ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်ကြရင်တော့ သွေးထွက်သံယိုမှု မရှိဘဲနဲ့ ရသွားနိုင်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်မို့လို့လဲဆိုတော့ ပြည်ထောင်စုအစိုးရ ဆိုတာထက်ကို ၂၁ ရာစုပင်လုံမှာလည်း ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်မည်လို့ ကျနော်တို့တွေက သဘောတူထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖက်ဒရယ်စနစ်အရတော့ ဖွဲ့စည်းပုံထဲမှာ ပြည်နယ်သစ်အတွက် မူဘောင်တွေ ထည့် သွင်းပြီးမှ “ဝ”ကလည်း ပြည်နယ်ရသင့်တယ်လို့ ကျနော့် အနေနဲ့ ပြောချင်ပါတယ်” ဟု ပြောသည်။
UWSA သည် ပြည်နယ်အဆင့် ရယူလိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်နယ်အဆင့်အတန်း မျိုးသာ ရရှိမည်ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာများကို ဗဟိုအစိုးရက ထိန်းချုပ်ထားသည့်အတွက် လက်ရှိတွင် UWSA သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာများကို ကျင့်သုံးနေခြင်းကြောင့် ၂၀၀၈ ထက် ကျော်လွန်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြ သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် “ဝ” တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ဗကပထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီကို ထူထောင်ကာ အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။

မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
UWSP ၏ လက်နက်ကိုင်တပ်ဖွဲ့မှာ UWSA ဖြစ်ပြီး လက်ရှိ ပြည်တွင်း လက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အား အကြီးဆုံး ဖြစ်သည်။
“ဝ” တောင်းဆိုသည့် ပြည်နယ်အဆင့် သတ်မှတ်ပေးရေး ကိစ္စသည် ရှမ်းပြည်နယ်၏ ကိစ္စသာမက ပြည်ထောင်စု တစ်ခုလုံး၏ ကိစ္စဖြစ်သည်ကို မေ့၍မရကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလောလောဆယ်အရ ပြောမယ်ဆိုရင် “ဝ”က စံစားနေရတဲ့ အခွင့်အရေး၊ နောက်ပြီးတော့ မိုင်းလားတို့ စံစားနေရတဲ့ အခွင့်အရေးတွေဟာ ရှမ်းပြည်နယ်ထက် အဆပေါင်းများစွာ သာတယ်လို့ပဲ ပြောလို့ရမယ်။ ဒီ အဆ ပေါင်းများစွာ သာနေတဲ့အတွက် လျော့ပြီးတော့မှ ယူနိုင်မလား၊ မယူနိုင်ဘူးလားဆိုတာ ရှမ်းပြည်သား အချင်းချင်း လည်း ပြောဖို့လိုတယ်။ ရှမ်းပြည် အပြင်ဘက်က ပြည်ထောင်စုတစ်ဝန်းလုံးက လူမျိုးတွေနဲ့လည်း ပြောဖို့လိုတယ်။ အဲဒီလို မပြောဘဲနဲ့ အခုလောလောဆယ် နဂိုအနေအထားကို ထိန်းမယ်ဆိုရင် ရှမ်းပြည်နယ်အတွင်းမှာ ရှိနေကြတဲ့ အခြားလူမျိုးစုတွေကလည်းဟာ ငါတို့ကလည်း “ဝ”လိုမျိုး လိုချင်တယ်ဆိုတာ ဖြစ်လာမယ်။ ပြည်ထောင်စု တစ်ဝန်းလုံးမှာရှိနေတဲ့ အခြားပြည်နယ်တွေ၊ တိုင်းတွေမှာရှိနေတဲ့ လူမျိုးတွေကလည်း ငါတို့လည်း “ဝ”လိုဖြစ်ချင် တယ်ဆိုတာတွေ ဖြစ်လာမယ်။ ဒီလိုမျိုးဖြစ်လာရင် ပြည်ထောင်စုသားတွေ အားလုံးက ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲ။ ဒါတွေကို ဝိုင်းဝန်းစဉ်းစားဖို့ လိုပါတယ်။ ဒါကြောင့် အခု “ဝ”တောင်းတဲ့ ကိစ္စဟာ ရှမ်းပြည်နယ်ရဲ့ ကိစ္စတင်မကဘူး။ ပြည်ထောင်စု တစ်ခုလုံးရဲ့ ကိစ္စဖြစ်တယ်ဆိုတာ ကျနော်တို့ မေ့လို့မရပါဘူး” ဟု ပြောသည်။
လက်ရှိ UWSA ထိန်းချုပ် ဒေသများတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် အခြေအနေများမှာ ဗဟိုအစိုးရထိန်းချုပ်မှုအောက် မရှိဘဲ UWSA ၏ ထိန်းချုပ်မှု အောက်မှာသာ ရှိနေခြင်းဖြစ်သည်။
သို့သော် UWSA သည် အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ပြည်ထောင်စုအဆင့် ချုပ်ဆိုထားသော်လည်း NCA တွင် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသလို ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် တပ်မတော်မှ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအရ တွေ့ဆုံဆွေးနွေးခဲ့ကာ ငြိမ်းချမ်းရေးဖိုရမ်များတွင်လည်း UWSA ၏ ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1172
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင်တို့တွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ၏ တိုက်ခိုက်မှုများ ပိုမိုကျယ်ပြန့်လာမှုကြောင့် ရခိုင်မြောက်ပိုင်း၌ ၎င်းအဖွဲ့ ဘာကြောင့် ခေါင်းထောင်လာ သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။
ARSA အဖွဲ့သည် အခြားဒေသများ၌ ဖြိုခွဲခံရမှုများ ရှိခဲ့သောကြောင့် ရခိုင်ဘက်သို့ ပြန်လှည့်လာခြင်းဟု ပြောဆို နိုင်ပြီး ရခိုင်ပြည်နယ် ထက်ဝက်ကျော်ကို အာရက္ခတပ်တော်(AA)မှ ထိန်းချုပ်ထားခြင်းက ၎င်းတို့အတွက် အလားအလာ မကောင်းနိုင်ဘူးဟု တွက်ဆကာ ခေါင်းထောင်လာခြင်း ဖြစ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီအစ္စလာမ်မစ်နိုင်ငံတွေရဲ့ ဘက် နောက်ကွယ်က အထောက်အပံ့တွေ သူတို့ရကြတယ်။ ကမ္ဘာကြီးမှာ Islam migration က အရမ်းကြီးတယ်။ သူတို့က တစ်နေရာမဟုတ် တစ်နေရာမှာ ပြဿနာတွေက ရှိနေကြတယ်။ ဒါပေမယ့် တခြားတခြားသော ဒေသတွေမှာ သူတို့တွေဟာ ဖြိုခွဲမှုခံရတယ်ဆိုတဲ့အခါမှာ အခု ရခိုင်ဘက်ကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရခိုင်ဘက်ကို သူတို့က ပြန်ပြီးတော့ မြှားဦးတစ်ဖန် ပြန်လှည့်လာတယ်လို့ ပြောရမယ် ပေါ့။ ဒီအရင်တုန်းကတော့ ဒီဘက်မှာ သံတမန်ရေးရာကိစ္စ၊ နိုင်ငံတကာ အခွင့်အရေး၊ လူသားချင်း စာနာမှုကိစ္စ တွေ ဖုံးထားတဲ့အခါမှာ စစ်ရေးအရ မလိုဘဲနဲ့ သူတို့ရပ်တည်လို့ရတယ်။ အခုအခါ ရခိုင်မှာကတော့ အာရက္ခ တပ်တော်ရဲ့ ထိန်းချုပ်မှုကလည်း ရခိုင်တစ်ပြည်လုံးလိုလို ဖြစ်လာတယ်ဆိုတဲ့အချိန်မှာ သူတို့ ဒီပွဲမှာ ကျန်ခဲ့ရင် တော့ ရေရှည်အလားအလာ မကောင်းဘူးဆိုတဲ့ဟာမျိုး သူတို့တွက်ကောင်း တွက်နိုင်တယ်။ အဲဒါကြောင့်မို့ အခုဆို တစ်ဖက်မှာ အာဏာရှင်စစ်တပ်ကို ရခိုင်တပ်တွေက တိုက်နေရတယ်။ နောက်တစ်ဖက်မှာလည်း ရခိုင်ရဲ့နောက် ကျောကို ARSA/ARSO တွေဟာ နောက်ကျောကို ဝင်ထိုးတယ်ဆိုတဲ့ဟာမျိုး တစ်နည်းအားဖြင့် စစ်နှစ်ဖက် မျှပြီး တော့ ရခိုင်ကို ရခိုင့်တော်လှန်ရေးကို မှေးမှိန်အောင် ပျောက်ကွယ်အောင်လုပ်ပြီး သူတို့နေရာ ယူမယ်ဆိုတဲ့ အနေအထားမျိုး သုံးသပ်မိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော ဒေသများတွင် ၂၀၂၅ ခုနှစ်၊ မေလမှ အောက်တိုဘာလအတွင်း ARSA အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၅၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း ရခိုင်ဒေသဌာနများက ဖော်ပြထား သည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြိုယုကျေးရွာအနီးမှာ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာက ဈေးဝယ်ပြီး ပြန်လာသည့် ခရီးသည်တင် ကားတစ်စီးကို အောက်တိုဘာ ၂၂ ရက်တွင် ARSA မှ ချုံခို တိုက်ခိုက်ခဲ့ကြောင်း၊ ခရီးသည် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ARSA အဖွဲ့သည် ရခိုင်ပြည်နယ်၌ ယခု ၂၀၂၅ ခုနှစ်အတွင်း ယခင်ကထက် ပိုမို လှုပ်ရှားလာနေခြင်းဖြစ်ပြီး အရပ်သားတွေကိုသာ အဓိကပစ်မှတ်ထား တိုက်ခိုက်နေကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ARSA၊ ARSO တို့သည် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)၏ အကူအညီကို အပြည့်အဝရယူပြီး နတ်မြစ်နှင့် မယူတောင်တန်း လမ်းကြောင်းများမှတဆင့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းကို စိမ့်ဝင်ရောက်နေကြောင်း သုံးသပ်မှုများလည်းရှိသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ARSA လှုပ်ရှားနေသည့် နယ်မြေဒေသသည် AA မှ ထိန်းချုပ်ထား ခြင်းဖြစ်ပြီး ဗဟိုအစိုးရ၏ ထိန်းချုပ်ကွပ်ကွဲမှုအောက်၌ မရှိသောကြောင့် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပေါ်လာကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ARSA ခေါင်းဆောင်ကို တွေ့ရစဉ်
၎င်းက “အဓိက,ကတော့ နဂိုကတည်းက ရခိုင်မြောက်ပိုင်းက ၂၀၁၈ လောက်မှာ ပြဿနာဖြစ်ကတည်းက ဒီကိစ္စ က ဘယ်လိုပြောမလဲ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှု၊ ဗဟိုအစိုးရ ကွပ်ကဲပြီးတော့ စီမံဆောင်ရွက်တဲ့ လုပ်ငန်းစဉ် တစ်ခုခုသာ ပျောက်သွားခဲ့ရင် ဒီလိုမျိုး ပဋိပက္ခတွေ ကြီးလာနိုင်တယ်လို့ သုံးသပ်ချက်ထားခဲ့တာတွေ ရှိပါတယ်။ အခုဘာကြောင့် ဖြစ်လာလဲဆိုရင် ရှင်းရှင်းလေးပါ။ AA က အဲဒီမြောက်ပိုင်းဒေသတွေမှာ သူထိန်းချုပ်ထားတယ် ဆိုပေမယ့် တကယ်တမ်းက AA သည် ဗဟိုအစိုးရတစ်ရပ်ကဲ့သို့ အာဏာရှိတဲ့သူ မဟုတ်ဘူး။ အဲဒီတော့ သူ့လိုပဲ အင်အားရှိလာတဲ့ တခြား လက်နက်ကိုင်တစ်ဖွဲ့က ပြန်ပြီးတော့ သာတူဖြစ်လာတဲ့အချိန်မှာ ဒါမျိုးပြဿနာတွေ ဖြစ်လာတယ်လို့ပဲ သုံးသပ်လို့ရပါတယ်” ဟု ပြောသည်။
အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ ARSA၊ ARSO လက်နက်ကိုင် အဖွဲ့ဝင်များသည် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေသဖြင့် နယ်စပ်ရှိ ပြည်သူများ တောတောင်ထဲနှင့် လူပြတ်သည့် နေရာများသို့ သွားလာချိန် တစ်ဦးတည်း (သို့မဟုတ်) လူအနည်းစု ဖြင့် သွားလာမှုကို တတ်နိုင်သမျှ မပြုလုပ်ကြရန် အာရက္ခတပ်တော်(AA)က သတိပေးထားသည်။
ကျန်းမာရေးကိစ္စ အပါအဝင် မဖြစ်မနေ သွားလာရမည်ဆိုပါက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာ အနီးစပ်ဆုံး နေရာများ၌ သတင်းပေးပို့ပြီးမှ သွားလာကြရန်လည်း ၎င်းက သတိပေးထားသည်။
ARSA၊ ARSO တို့၏ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အနေဖြင့် နှစ်ဖက်ပြေလည်မှု ရရှိစေရန် နည်းလမ်းများအား ရှာဖွေပြီး ပူးပေါင်းဆောင်ရွက်မှုမျိုးကို ဦးစားပေး လုပ်ဆောင်သင့်ကြောင်းလည်း ပြီးခဲ့သည့် လပိုင်းက အာရက္ခတပ်တော်မှ အကြံပြုတိုက်တွန်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 443
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈
လူငယ်များကို လျစ်လျူရှုထားပါက Demographic Burden နှင့်အတူ တည်ငြိမ်အေးချမ်းမှု လျော့နည်းလာနိုင် သလို အဆိုးဆုံး အခြေအနေအဖြစ် Demographic Disaster(လူဦးရေ လျော့နည်းလာခြင်း ဘေးအန္တရာယ်) ဖြစ်သွားနိုင်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် နေပြည်တော်မှာ ကျင်းပသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီအရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ကမ္ဘာ့နိုင်ငံ တော်တော်များတွင် လူငယ်များကို မြေတောင်မြှောက် ပြုစုပျိုး ထောင်ပေးပြီး အခွင့်အလမ်းများ၊ မျှော်လင့်ချက်များ ဖန်တီးပေးသည့်အခါတွင် ၎င်းတို့သည့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ၏ မောင်းနှင်အားများ ဖြစ်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယနေ့မိမိတို့ လူငယ်များကို အကျိုးရှိရှိ ရင်းနှီးမြှုပ် နှံပေးခြင်းဖြင့် အနာဂတ်တွင် လူဦးရေ ဆုလာဘ်၏ ကောင်းကျိုးများကို ဖမ်းဆုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ဘဲ လူငယ်များကို လျစ်လျူရှုထားပါက Demographic Burden နှင့်အတူ တည်ငြိမ်အေးချမ်းမှု လျော့နည်း လာနိုင်သလို အဆိုးဆုံး အခြေအနေအဖြစ် Demographic Disaster(လူဦးရေ လျော့နည်းလာခြင်း ဘေးအန္တရာယ်) ဖြစ်သွားနိုင်တယ်”ဟု ပြောသည်။

မြန်မာလူငယ်တွေကို တွေ့ရစဉ်
ထို့ကြောင့် မိမိတို့နိုင်ငံတွင် မြေအရင်းအမြစ်၊ ရေအရင်းအမြစ်၊ သယံဇာတ အရင်းအမြစ်များနှင့် လိုက်လျောညီ ထွေဖြစ်မည့် ရှိသင့်ရှိထိုက်သည့် လူဦးရေဖြစ်ပေါ်လာစေရန် မိမိနိုင်ငံနှင့် ကိုက်ညီသည့် လူဦးရေ မူဝါဒများကို ရေးဆွဲချမှတ်ပြီး မျိုးဆက်တစ်ခုစာ ကြိုတင်မျှော်တွေးကာ ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခု ရေတွင်း တူ ယခုရေကြည် သောက်ချင်၍ မရနိုင်ကြောင်း ၎င်းက ပြောသည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ မိမိတို့နိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်များအတွင်း ပထမ ဆုံးအကြိမ်အဖြစ် အနည်းငယ်လျောကျလာသည်ကို တွေ့ရှိရကြောင်း၊ ယင်းသည် မွေးဖွားနှုန်းကျဆင်ခြင်း၊ ရွှေ့ ပြောင်းသွားလာမှု မြင့်မားလာခြင်းနှင့် မိသားစုပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် စိန်ခေါ်မှုတစ်ခုဖြစ်သလို အခွင့်အလမ်း တစ်ခုဟုလည်း မှတ်ယူနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ပြည်ပရွှေ့ပြောင်းခြင်းကလည်း မိမိတို့နိုင်ငံ၏ လူမှုစီးပွားရေး အခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းတွင်ရှိ သည့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ် တည်မှီနေခြင်း ကြောင့် မိမိတို့နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်ထိန်းညှိနိုင်မည့် စီမံချက်များ ချမှတ်ဆောင်ရွက်သွားရမည် ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သန်းခေါင်စာရင်း အခမ်းအနား တက်ရောက်စဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့နိုင်ငံ၏ လူငယ်များကြားတွင် ပြည်ပရွှေ့ပြောင်းသွားလာမှုများ မြင့်မား နေသော်လည်း တစ်ချိန်က မွေးနှုန်းမြင့်မားခဲ့သည့် အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်သည် လူငယ်လူရွယ် ဦးရေ သည်လည်း ယခုတွင် များပြားနေဆဲဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် Demographic Bonus ဟုခေါ်သည့် လူဦးရေ ဆုလာဘ်ရရှိနေဆဲ ကာလဖြစ်ကြောင်း၊ ထို့ကြောင့် လူဦးရေ ဆုလာဘ်ရရှိနိုင်သည့် အချိန်ကာလ မကုန်ဆုံးမီ ၎င်း လူငယ် လူရွယ်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် မှန်ကန်ထိရောက်စွာ အကျိုးရှိရှိ ဆောင် ရွက်နိုင်ရန် စီမံပေးရန် အရေးကြီးတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို လွတ်လပ်ရေး မရမီ ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း သန်းခေါင်စာရင်း (၈) ကြိမ် ကောက်ယူခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့နောက် ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ကောက်ယူ ခဲ့ပြီး ၂၀၂၄ ခုနှစ်တို့တွင် ကောက်ယူခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 695
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော လာမည့် ရွေးကောက်ပွဲ၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်မှ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်ကနေ မိမိအနေဖြင့် ဝင်ပြိုင်မည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ်သည်။
စိုင်းအိုက်ပေါင်းက “အန်ကယ်က အမျိုးသားလွှတ်တော် ဝင်ပြိုင်မယ်လေ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် အမျိုးသား လွှတ်တော်။ ရက်/ကျေးတွေ ဖွဲ့နေတယ်။ ပဲခူးကတော့ အခြေအနေ အရမ်းကောင်းတယ်။ slogan က ဘာလဲဆို တော့ ငြိမ်းချမ်းတိုးတက်ဖို့ ကျားဖြူပါတီကို မဲပေးကြပါစို့ဆိုတဲ့ slogan ရှိတယ်။ ငြိမ်းချမ်းချင်တယ်၊ ဖွံ့ဖြိုးတိုးတက် ချင်တယ်ဆိုလို့ရှိရင် ပြည်သူတွေက ကျားဖြူပါတီကို မဲပေးပါ။ ဒါမှ ငြိမ်းချမ်းမယ် ဖွံ့ဖြိုးတိုးတက်မယ်။ မကြာခင် မဲပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လိုစည်းရုံးရမလဲ ဘာညာ သင်တန်းလည်းပေးမှာ။ အခြေခံဥပဒေ ကိစ္စရော မဲဆွယ်စည်းရုံးရေးကိစ္စရော သင်တန်းတွေပေးမှာ နှစ်ပိုင်းပေါ့။ အခြေခံဥပဒေကို သိသင့်သိထိုက်တဲ့ဟာ ရယ် နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဆောင်ရန်ရှောင်ရန် နောက်ထပ် ပြည်သူတွေကို ဘယ်လိုစည်းရုံးရမလဲ ကိုယ်ပါတီထဲက လူတွေကို သင်တန်းပေးမှာ”ဟု ပြောသည်။

စိုင်းအိုက်ပေါင်းနဲ့ ကျားဖြူပါတီဝင်တွေကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ပြည်သူလူထုက စိတ်ဝင်စားမှုနည်းပါးနေ သလို မဲစာရင်း ကြေညာထားမှုအား လာရောက်ကြည့်ရှုမှုလည်း နည်းပါးနေကြောင်း နိုင်ငံရေးပါတီများက ပြော သည်။
လာမည့် ရွေးကောက်ပွဲတွင် မဲမပေးဘဲ မနေကြရန်၊ မဲမပေး၍ မကြိုက်သည့် ပါတီနိုင်ပြီး အစိုးရဖြစ်သွားလျှင် မိမိအတွက် အများကြီး နစ်နာမည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက် ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တချို့က ရွေးကောက်ပွဲမှာ မဲမပေးဘူး ဘာညာဆိုတာ အဲ့ဒီလို မလုပ်ပါနဲ့ မဲပေးပါ။ ရခဲလှတဲ့ အခွင့်အရေး ကို လက်မလွှတ်ပါနဲ့ အသက် ၁၈ နှစ်ပြည့်တဲ့ သူတိုင်း ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီကို ဆက်ပြီးတော့ မဲပေးပါ။ ဒါမှ ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီက အစိုးရ ဖြစ်သွားမယ်လေ။ မဲမပေးရင် ကိုယ်မကြိုက်နှစ်သက်တဲ့ ပါတီက နိုင်သွားလို့ အစိုးရဖြစ်သွားရင် အဲ့တာ ကိုယ့်အတွက် အများကြီး နစ်နာမယ်လေနော်။ အသက် ၁၈ နှစ်ပြည့်တဲ့ သူတိုင်း မိဘပြည်သူတိုင်း ရွေးကောက်ပွဲ နေ့ကျရင် လာပြီးတော့ မဲပေးကြ။ ခုက လွယ်လွယ်လေး ခလုတ်လေး နှိပ်လိုက်ရုံပဲလေ ၅ နှစ်မှ တစ်ခါသွားကြည့်တာ ဘာဖြစ်လဲ ၅ နှစ်လုံးလုံးဗျာ ရက်ပေါင်းက ဘယ်နှစ်ထောင်လဲ တစ်နှစ်မှာ ၃၆၅၊ ၅ နှစ် ဆို ဘယ်လောက်လဲ ရက်ပေါင်း ၁၈၀၀၊ ၂၀၀၀ လောက်နီးပါး တစ်ရက်ထဲသွားကြည့်တာ ဘာဖြစ်လို့လဲ သွားကြည့်ပါ”ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို တွေ့ရစဉ်
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)သည် ပြည်ထောင်စုအဆင့် ပါတီဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၅၈၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ယခင် အရပ်သားအစိုးရ လက်ထက် ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲစာရင်းကို ပြည်သူများက စိတ်ဝင်တစား လာရောက်ကြည့်ရှုပြီး မဲစာရင်း မှားယွင်းမှုများ ရှိခဲ့လျှင်လည်း ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ဖြည့်စွက်မှုများ ရှိခဲ့ သည်။
သို့သော်လည်း ရွေးကောက်ပွဲရလဒ်အား မဲစာရင်း အငြင်းပွားမှုများကို အကြောင်းပြကာ ဖျက်သိမ်းခဲ့ခြင်းကြောင့် လာမည့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု အားနည်းပြီး စိတ်ဝင်စားမှုမရှိဘဲ ဖြစ်နေကြသည်ဟု လေ့လာစောင့် ကြည့်သူများက ထောက်ပြလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 647
CNI News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၂၇
မြန်မာနိုင်ငံအတွင်းနေ တိုင်းရင်းသား လူမျိုးများ အားလုံး We are Myanmar(ငါတို့အားလုံး မြန်မာ)ဆိုသော စိတ်ဓာတ်မွေးမြူလာရန်အတွက် ဘာတွေ ပြင်ဆင်ရန် လိုအပ်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များကြား သုံးသပ်လျက်ရှိနေကြသည်။
တိုင်းရင်းသားများသည် မြန်မာစိတ်မွေးပြီး ငါတို့အားလုံးသည် မြန်မာ(We are Myanmar)ဆိုသည့်စိတ်၊ တစ်သွေး တစ်သားတည်း စည်းလုံးညီညွတ်သည့် အမျိုးသားစိတ်ဓာတ်များဖြင့် နိုင်ငံတော်အေးချမ်းသာယာရေး ဖွံ့ဖြိုးတိုး တက်ရေးကို လက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုသည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
We are Myanmar ဆိုသည့် စိတ်မျိုးဖြစ်ဖို့ရာတွင် နိုင်ငံသူ/နိုင်ငံသားများအနေဖြင့် ပထမဦးစွာ နိုင်ငံ့ချစ်စိတ် အပြည့်အဝ ရှိရန်လိုအပ်ပြီး ထိုသို့ ရှိလာမည်ဆိုပါက ပြည်ထောင်စု စည်းလုံးရေးညီညွတ်မှုများ တည်ဆောက်၍ ရနိုင်သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဌေးအောင်မှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ မြန်မာနိုင်ငံကြီးကို ချစ်ကြတယ်ဆိုရင်တော့ ဒီနိုင်ငံကြီးကို တိုးတက်အောင် လုပ်သွား မယ် ဆိုရင်တော့ နောက်ဆက်တွဲ အနေနဲ့ တိုင်းရင်းသားပြဿနာတွေလည်း ဖြေရှင်းပေးသွားနိုင်မယ်လို့ ယူဆပါ တယ်။ ဒါဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ဂျပန်နိုင်ငံပေါ့နော်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့ အခါကျတော့ ဖိနှိပ်ခံရတာ တွေရှိတယ် ပြီးတော့ သူက သူ့နိုင်ငံ တည်ထောင်ရေးအတွက်ကို ခက်ခက်ခဲခဲ တကုပ်တခဲ ကြိုးစားတာပေါ့။ အဲ့တာကို ပြန်လည်ထူထောင်ရေး လုပ်တဲ့အခါမှာ ငါတို့ဟာ ဂျပန်တွေ ဖြစ်တယ်။ ဂျပန်နိုင်ငံကို ချစ်စိတ်နဲ့ အားကြိုးမာန်တက် ကြိုးစားတဲ့အခါကျတော့ နောက်ပိုင်း ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံး နိုင်ငံထိတောင် တက်လှမ်းနိုင်ခဲ့တယ်။ ထိုနည်းလည်းကောင်းပဲ အခုလည်း ကျနော်တို့ နိုင်ငံကို ချစ်တယ်ဆိုရင်တော့ ဒီနိုင်ငံကြီး ပျက်စီးအောင် မလုပ်ဘဲ နိုင်ငံတိုးတက်အောင် လုပ်ကြပါပေါ့”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လူမျိုးပေါင်းစုံလူငယ်များကိုတွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပင်လုံစာချုပ်ကို အခြေတည်၍ ပြည်တွင်းစစ် ဖြစ်ပွား လာခဲ့ပြီး တိုင်းပြည်အား စုစည်းရန် ခက်ခဲလျက်ရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
စိုင်းဋ္ဌေးအောင်က “အခု ယနေ့အချိန်ကတော့ ပင်လုံစာချုပ် လွတ်လပ်ရေး ရရင်းနဲ့ ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ် တွေကတော့ နံပါတ်တစ်ကတော့ ဝါဒစွဲနဲ့ ဖြစ်လာတယ်။ နောက်ပိုင်းကျ လူမျိုးစွဲ ဖြစ်လာတာပေါ့။ ဒါပေမယ့် အဲ့တာ လူမျိုးစွဲဖြစ်ရင်းနဲ့ သူတို့ကလည်း အာဏာရှင်ကို တော်လှန်ရန် ခေါင်းစဥ်တွေနဲ့စပြီးမှ သူတို့ကိုယ်တိုင်လည်း အာဏာရှင်တွေ ဖြစ်နေကြတယ်။ ဒါကြောင့်မို့ ကိုယ့်နိုင်ငံကို ချစ်ကြတယ်ဆိုရင် ဒီကိစ္စတွေက ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းနဲ့ ကျနော်တို့ သွားကြမယ်ဆိုရင်တော့ ဒီနိုင်ငံဟာ တည်ငြိမ်အေးချမ်းပြီးတော့ တိုးတက်လာမယ်လို့ ကျနော့် အနေနဲ့ပြောချင်တယ်” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့် We are Myanmar ဆိုသည်က မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့သည် မြန်မာဆိုသည်ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခိုင်မာစွာရပ်တည်ပြီး မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်ကို ပိုမိုမြှင့်တင်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လူမျိုးပေါင်းစုံလူငယ်များကိုတွေ့ရစဉ်
၎င်းက “ကျနော့်အမြင် ပြောရရင်တော့ သူက မျိုးချစ်စိတ်ဓာတ်ကို ပိုမိုမြှင့်တင်စေဖို့ဟာ အတွက်ကို ဒီလို ပြောကြားတယ်လို့ မြင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသား အားလုံးကနေပြီးတော့ ငါတို့သည် မြန်မာဆိုတဲ့ဟာ ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရပ်တည်ပြီးတော့ မျိုးချစ်စိတ်ဓာတ်ကို ရှင်သန်ထက်မြက်ပြီးတော့ အမျိုးသားရေး စိတ်ဓာတ်ကို ပိုမိုမြှင့်တင်စေဖို့ ရည်ရွယ်ပြီးတော့ ပြောဆိုတယ်လို့ ကျနော်မြင်ပါတယ်။ တကယ်တမ်းတော့ မြန်မာဆိုတဲ့ နေရာမှာ ဗမာလူမျိုး အပါအဝင် မြန်မာက Country နိုင်ငံကို ဆိုလိုတာဖြစ်တယ်။ ကျနော်တို့ရဲ့ နိုင်ငံတော်ကြီးက မြန်မာနိုင်ငံတော်ကြီး။ အဲ့နိုင်ငံတော်ကြီးမှာ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတယ်၊ တကယ် တမ်းတော့ မြန်မာနဲ့ဗမာနဲ့ သိပ်မကွဲကြတာလို့ ဒါနံပါတ်တစ် အချက် ကျနော် ပြောကြားလိုတယ်။ အဲ့တော့ မြန်မာဆိုရင် ဗမာဆိုတဲ့ဟာနဲ့ သွားတွေးတာ တကယ်တမ်းတော့တိုင်းရင်းသားတွေထဲမှာ ဗမာဆိုတာ လူမျိုးတမျိုးပဲ။ အဲတော့ မြန်မာနိုင်ငံအတွင်းမှာ အခြားသော တိုင်းရင်းသား များနည်းတူ ဗမာလူမျိုးများလည်း ရှိတယ်ပေါ့။ ဒါလေးက မြန်မာနဲ့ဗမာ ကွဲပြားသွားတယ် ဆိုလို့ရှိရင် ဒီအမြင်လေး သည် စောတုန်းက တန်းတူညီမျှ အခွင့်ရေးတို့၊ တန်းတူညီမျှ ဥပဒေရှိရေးတို့ တန်းတူညီမျှ အုပ်ချုပ်ရေးတို့ ဆိုတဲ့ အပိုင်းမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဒီအမြင်လေးမှာ တစ်ချက် ကျနော် ပြောကြားလို တယ်”ဟု ပြော သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံသူ နိုင်ငံသား အားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စု အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ထိန်းသိမ်းသွားကြရန် လိုအပ်သည်ဟု အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ဒီမိုကရေစီနိုင်ငံ ဖြစ်တည်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင် ရေး စသည့် အရင်းခံ အကြောင်းတရားများကို မဖြေရှင်းနိုင်သည့်အတွက် ပြည်တွင်းစစ် ဖြစ်ပွားလာသည်မှာ ယနေ့ထိဖြစ်သည်။
ထို့ကြောင့် လူမျိုးရေး အမြင်များ တည်ရှိလာပြီး “We are Myanmar”ဆိုသည့် အခြေအနေကို တည်ဆောက်ရန် ခက်ခဲလျက်ရှိနေသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၀ တွင် မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ပြဋ္ဌာန်းချက်အရဆိုလျှင် မြန်မာစာနှင့် မြန်မာစကားသည် ဗမာစာနှင့်ဗမာစကား ဖြစ်နေသည့်အတွက် “မြန်မာ”သည် “ဗမာ”ဖြစ်သည်ဟု ယူဆစရာဖြစ်သွားကြောင်း၊ ထိုသို့ ယူဆချက်များကြောင့် ဗမာမဟုတ်သော လူမျိုးများသည် “We are Myanmar”ဆိုသော အခြေအနေကို လက်ခံရန် ခက်ခဲသွားနိုင်သလား စဉ်းစားရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
