CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်မှာ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သလို နိုင်ငံတကာသံတမန်များနှင့် တိုင်းရင်းသား လက်နက်ကိုင် များဘက်ကလည်း မိန့်ခွန်းများ ပြောကြားခဲ့သည်။
ထို့နောက် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်ထိ “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” ခေါင်းစဉ် ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြမည်ဖြစ်သည်။