CNI News

၂၀၂၄ ခုနှစ်၊ မေလ ၇

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(၇)၏ မဟာမိတ်အဖွဲ့ ၁/၂၀၂၄ ဦးဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့မှ  ၈ ရက်နေ့အထိ Video Conferencing ဖြင့် ကျင်းပနေသည်။

အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှု အခြေအနေ၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

မဟာမိတ် ၇ ဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအ ရုံး(LDU)တို့ဖြစ်သည်။