- By CNI
- Category: နိုင်ငံရေး
- Hits: 863
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မဟာ ၇ ခုရှိသည့်အနက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အသိအမှတ် ပြုသူနှင့် မပြုသူဆိုကာ ကွဲပြားနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
KNU သည် တပ်မဟာ ၇ ခုရှိသည့်အနက် တပ်မဟာ ၅ ခုလောက်က NCA ကို အသိအမှတ် မပြုတော့ကြောင်း၊ သို့သော် တပ်မဟာ ၂ ခုလောက်က NCA ကို ဆက်လက် လျှောက်လှမ်းလိုနေကြောင်း ၎င်းက ပြောသည်။
ဦးသန်းစိုးနိုင်က “ဒါက အဲဒီလို သဘောထားရှိတဲ့ လူတချို့လည်း ကျန်သေးတာကိုး၊ KNU ရဲ့ ၉၀ ရာခိုင်နှုန်း ကတော့ အခု တပ်မဟာ ၇ ခု ရှိတဲ့အထဲမှာ တပ်မဟာ ငါးခုလုံးက တက်တက်ကြွကြွ နွေဦးတော်လှန်ရေးထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ကျန်တဲ့ တပ်မဟာ တစ်ခုလောက်ပဲ၊ တွေဝေယိမ်းယိုင်တဲ့ သဘောတွေ့ရပါတယ်၊ အဲဒီ တော့ KNU တစ်ခုလုံး အနေနဲ့တော့ NCA ကို အသိအမှတ် မပြုတော့ပါဘူး။ အဲဒီလမ်းကြောင်းကိုလည်း မလျှောက် တော့ဘူး။ နွေဦးတော်လှန်ရေးအတွက် NUG နဲ့ ပူးပေါင်းပြီးတော့ ပြည်သူ့လှုပ်ရှားမှု ပြည်သူ့တော်လှန်ရေးကို ကူးဆက်ပြီးတော့ လုပ်ဆောင်သွားမယ့် အနေအထားရှိတယ်လို့ ကျနော်တော့ သုံးသပ်ပါတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

KNU တပ်မဟာတစ်ခုကို တွေ့ရစဉ်
NCA စာချုပ်ကို KNU မှ တရားဝင် ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိသည့်အပြင် နယ်မြေဒေသ တည်ငြိမ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာသွားမည်ဟု KNU တပ်မဟာ(၇)က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးတို့ စက်တင်ဘာ ၃၀ ရက်က တွေ့ဆုံခဲ့ပြီး ဒေသတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံမှုမှာ KNU တပ်ဖွဲ့အတွင်း ရှုပ်ထွေးမှုဖြစ်စေကာ မိမိတို့ အဖွဲ့အစည်းဖြင့် မပတ်သက်ကြောင်း KNU က အောက်တိုဘာ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
KNU တပ်မဟာများ၏ သဘောထားမှာ တစ်ခုနှင့် တစ်ခု မတူညီကြကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုကို မြင်တွေ့ရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနကို ပြောသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က KNU အပါအ၀င် လက်နက်ကိုင် ၈ ဖွဲ့ NCA လက်မှတ်ထိုးနေစဉ်
၎င်းက “အခု ဒီကိုလာတွေ့တာဟာ KNU ကို ကိုယ်စားပြုခြင်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ KNU ထဲမှာ ငြိမ်းချမ်းရေး ကို လိုလားတဲ့သူတွေဟာ အကြီးအကျယ် ထုနဲ့ထည်နဲ့ ရှိနေပြီဆိုတာ ဒါက ပြလိုက်တာပဲ။ တစ်ပိုင်းပြောရလို့ရှိရင် တော့ KNU မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ သဘောထားပိုင်းမှာ အကြီးအကျယ် ကွဲပြဲနေတယ်လို့ ကျနော် တို့ ယူဆနိုင်တယ်၊ သေချာတာက တပ်မဟာ ၂ ဘက်မှာလည်းပဲ၊ သိပ်ပြီးတော့ သဲသဲကွဲကွဲကို တပ်မတော်ကို တိုက်မယ်ခိုက်မယ်ဆိုတဲ့ သိပ်မတွေ့ရသလို ၇ မှာတော့ လုံးဝနီးနီး ငြိမ်သက်နေတယ်၊ နောက်ပြီးတော့ တပ်မဟာ ၄ ထားဝယ်ဘက်က လူတွေဟာလည်း သိပ်ပြီးတော့ ကော်သူလေးအာမီနဲ့ PDF တွေဆိုတဲ့ လူတွေကပဲ လုပ်နေ တာ သူတို့ကတော့ အေးအေးဆေးဆေး နေတာကိုပဲ သွားပြီးတော့ တွေ့တယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် KNU မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ သဘောထား ကွဲနေတယ်ဆိုတာလည်း ပေါ်လွင်တယ်၊ ဂိုဏ်းကြီးကလည်း တပ်မဟာ ၁ ထဲမှာလည်း ရှိမှာပဲ၊ အခု ၆ တို့ဘာတို့ကတော့ တက်ကြွနေတာပေါ့နော်၊ ၅ တို့ အဆိုးဆုံးကတော့ ၅ ပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် KNU ၏ သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ့တပ်မတော်မှ အာဏာရယူလိုက်ခြင်းကြောင့် NCA မှာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောကြားထားသည်။
လက်ရှိတွင်လည်း NCA လက်မှတ် ရေးထိုးထားသည့် KNU၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့မှာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နစက-က ကျင်းပသွားမည်ဖြစ် ကြောင်း၊ NCA ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသော အဖွဲ့များကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1434
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ စာရင်းမှာ ၅၆.၂ သန်းရှိကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယနေ့ (အောက်တိုဘာ ၂ ရက်) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အမျိုးသား ၂၆.၈ သန်း၊ အမျိုးသမီး ၂၉.၄ သန်း စုစုပေါင်း ၅၆. ၂ သန်းရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ စာရင်းမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ နှစ်လယ်ဖြစ်သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ရှိသည့် လူဦးရေ စာရင်းဖြစ်ကြောင်း၊ ထိုစာရင်းများကို ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကို အခြေခံ၍ ခန့်မှန်းတွက်ချက်ထားကြောင်း လဝက၏ ထုတ်ပြန် ချက်မှာ ဖော်ပြထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1101
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုမှတဆင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် မျှော်လင့်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ တွေ့ဆုံမှုမှာ ငြိမ်းချမ်းရေးအတွက် သက်ရောက်မှုရှိမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သာမက တစ်တိုင်းပြည်လုံးကလည်း ငြိမ်းချမ်းရေးကို မျှော်လင့်ကြောင်း ၎င်းက ပြောသည်။
မန်းအောင်ပြည်စိုးက “ကျနော်တို့ကတော့ အကောင်းမြင်တယ်ဗျာ၊ ဖြစ်စေချင်တယ်၊ ဒီငြိမ်းချမ်းရေးကတော့ တစ်စုံတစ်ခုသော အတိုင်းအတာအထိကတော့ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ မျှော်လင့်တယ်လေ၊ ငြိမ်းချမ်းရေးရရှိဖို့ ကျနော်တို့ မျှော်လင့်တယ်၊ သူတို့နှစ်ယောက် တွေ့ဆုံတာကနေတဆင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ငြိမ်းချမ်းရေးတွေ ရရှိဖို့အတွက်က ကျနော်တို့ကြီးပဲ မကဘူးလေ၊ တစ်ပြည်လုံးကလည်း မျှော်လင့်နေပါတယ်။ ကျနော်တို့ အဲဒီလောက်ပဲ ပြောနိုင်မှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စောမူတူးစေးဖိုး တွေ့ဆုံစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ KNU ဗဟိုကော်မတီဝင်ဟောင်း စောရောဂျာခင်၊ KNU တပ်မဟာ ၆ ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့သည့် စက်တင်ဘာ ၃၀ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။
အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ဒေသတွင်း တည်ငြိမ်အေးချမ်မှု ရရှိရေးအပြင် တပ်မတော် အနေဖြင့်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် အမြဲတံခါးဖွင့် ကြိုဆိုလျက် ရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
နစကနှင့် KNU ဥက္ကဋ္ဌဟောင်းတို့ တွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး၊ တော်လှန်ရေးအပေါ် သက်ရောက်မှုရှိမှာ မဟုတ် ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်မှ စောလေးကပေါက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စောမူတူးစေးဖိုး တွေ့ဆုံစဉ်
၎င်းက “သူတို့က KNU ရဲ့ တရားဝင်ခွင့်ပြုတဲ့ တရားဝင်စေလွှတ်တဲ့ ကိုယ်စားလှယ်တွေလည်း မဟုတ်တော့ ကျနော်တို့က ပြောရခက်တယ်၊ ပြောရခက်တယ်ဆိုတာ အကျိုးသက်ရောက်မှုက အများကြီးရှိမှာ မဟုတ်ဘူး။ ဒါကတော့ စကစကတော့ သူတို့ရဲ့ နိုင်ငံတကာနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကို မျက်နှာပြရင်လည်း သူတို့ ငြိမ်းချမ်းရေးအတွက် KNU နဲ့ စကားပြောနေတယ်လို့ ကြားချင်လို့ပဲ ကျနော်ယူဆတယ်၊ နည်းလမ်းကို သုံးတယ် လို့ပဲ ကျနော်တို့ မြင်တယ်၊ အမှန်တကယ်တော့ အခုသူတို့ လက်ရှိသွားတဲ့လူတွေ တစ်ယောက်မှ KNU ရဲ့ အဖွဲ့ဝင် ဟောင်းတွေ ဖြစ်ပြီးတော့မှ တကယ့်လက်ရှိမှာ Active ဖြစ်နေတဲ့လူတွေ မဟုတ်တာကြောင့်မို့လို့ ငြိမ်းချမ်းရေး တော်လှန်ရေးအပေါ်မှာကတော့ အများကြီး အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ တွေကလည်း အဲဒီကိစ္စအပေါ်မှာ ထောက်ခံခြင်း အလျင်းမှ မရှိတာ” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း KNU နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သလို နိုင်ငံတစ်ဝှမ်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ပဋိပက္ခဖြစ်ပွားခဲ့သော ၂ နှစ်ကျော် ကာလအတွင်း နေအိမ်၊ အဆောက်အအုံ ၈၆၀၀၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1310
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁
စမ်းသပ်သန်းခေါင်စာရင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည် ဖြစ်ကြောင်း နစက-က ထုတ်ပြန် ပြောကြားလိုက်သည်။
အဆိုပါ စမ်းသပ်သန်းခေါင်စာရင်းကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ နမူနာ ရွေးချယ်ထားသည့် မြို့နယ် ၂၀ မှာ တပြိုင်နက်တည်း စာရင်း ကောက်ယူသွားမှာဖြစ်ကြောင်း၊ စမ်းသပ် သန်းခေါင်စာရင်းကို တွေ့ရှိ ရာ အရပ်တွင် ကောက်ယူသည့်မူ (De Facto)ဖြင့် ကောက်ယူသွားမှာဖြစ်ကြောင်း သိရသည်။
မြို့နယ် ၂၀ တွင် တပြိုင်နက်တည်း ကောက်မည်ဖြစ်သော်လည်း မည်သည့် မြို့နယ်များဖြစ်သည်ကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

စမ်းသပ်သန်းခေါင်စာရင်းကို နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော Computer Assisted Personel Interviewing(CAPI)နည်းစနစ်ဖြင့် Mobile Tablet များအသုံးပြုပြီး ကောက်ယူသွားမှာဖြစ်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိရာ နောက်ဆုံး အနေဖြင့် ၂၀၁၄ ခုနှစ် ကောက်ယူထားသည်။
ထို့နောက် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပြန်လည် ကောက်ယူမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူပြီးပါက အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 780
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး (ဗိုလ်ချုပ်ကြီး)တို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ကြသည်။
KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

သို့သော် လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1197
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀
နိုင်ငံတော်တာဝန် ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်(ကြည်း၊ရေ၊လေ)ဝန်ထမ်းများအား လက်ရှိလစာအပြင် တစ်လလျှင် အပိုထောက်ပံ့ကြေး သုံးသောင်း(၃၀၀၀၀)ကျပ်အား လစဥ်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုသို့ အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခဲ့ရခြင်းမှာ ဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1084
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀
နိုင်ငံတော်နှင့် ပြည်သူတို့၏ ကောင်းကျိုးကို ဖော်ဆောင်၍ ယုံကြည်မှုရရှိအောင် တည်ဆောက်နိုင်ရမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကကောင်စီ အစည်းအဝေး ၄/၂၀၂၃ ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့စဉ် အထက်ပါ အတိုင်း ၎င်းက ပြောကြားသွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို တာဝန်ယူရသည့် နိုင်ငံ၏ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စံနမူနာပြ လုပ်ဆောင် ကြရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ ကောင်းကျိုးကို ဖော်ဆောင်၍ ယုံကြည်မှု ရရှိအောင် တည်ဆောက်နိုင်ရမည်”ဟု ပြောသည်။
နစကသည် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ် ၂ ရပ် အဖြစ် ချမှတ် ဆောင်ရွက်လျက်ရှိသလို စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ် အဖြစ် ချမှတ် ဆောင်ရွက်လျက်ရှိသည်။

ထမင်းနဲ့ဟင်း အလှူကို တွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့ နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး မျှော်မှန်းချက်များ၊ ဦးတည် ချက်များကို မှန်မှန်ကန်ကန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်အနည်းငယ်အတွင်း ဒေသ တွင်း နိုင်ငံများအကြား၌ အလယ်အလတ်အဆင့်၌ ရပ်တည်နိုင်မည်”ဟု ပြောသည်။
ထို့နောက် မိမိအနေဖြင့် ဒေသ၏ အခြေအနေမှန်ကို သိလိုကြောင်း၊ ပြည်သူလူထု၏ သဘောထား အမှန်ကို သိလို ကြောင်း၊ ပြည်သူလူထု၏ စိတ်နေစိတ်ထား လိုအပ်ချက်ကို သိလိုကြောင်း ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံသူ/သားများသည် အလုပ်အကိုင် ရှားပါးမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကိုခံနေရသလို ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် အသက်၊ အိုးအိမ်စည်စိမ်များ ပျက်စီးဆုံးရှုံးမှုများခံနေရကြောင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် ခိုးဆိုးလုနှိုက် အန္တရာယ်ကို ကြုံတွေ့နေရကြောင်း တွေ့ရသည်။
အလားတူ ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင်လည်း လာဘ်ပေးလာဘ်ယူမှုများ ကြောင့် ဖွံ့ဖြိုးမှုများ နိမ့်ကျမှုဒဏ်ကို ခံနေကြရကြောင်း၊ မြေပြင်တွင် အာဏာအလွှဲသုံးစားမှု ပြုလုပ်ကာ ဝင်ငွေ ရှာဖွေမှုများ ကြုံတွေ့နေရကြောင်း ပြည်သူလူထုများက ထောက်ပြကြသည်။
အဆိုပါ အခြေအနေများကို နစကမှ ကိုင်တွယ် ဖြေရှင်းပေးနိုင်မှသာလျှင် ပြည်သူလူထု၏ ယုံကြည်မှုကို ရနိုင် မည်ဖြစ်ကြောင်း နိုင်ငံရေးသမားများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1291
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေထားသော ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများကို ဖျက်သိမ်း လိုက်သည်ဆိုသော ထုတ်ပြန်ချက်အတုများ ထွက်ပေါ်နေသည်ကို တွေ့ရသည်။
အဆိုပါ ထုတ်ပြန်ချက်အတုတွင် နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ထိုး ထားပြီး အမိန့်အမှတ်(၁/၂၀၂၃)ဟုဆိုကာ စက်တင်ဘာ ၂၉ ရက်နေ့စွဲဖြင့် ထွက်ပေါ်နေသည်ကို တွေ့ရသည်။
ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် အမိန့်ကြေညာစာများ ထုတ်ပြန်သည့်အခါ လက်မှတ်ထိုးလေ့မရှိသ လို လက်ရှိ နစက၏ အမိန့်အမှတ်စဉ်မှာ ၈၀ ကျော်နေပြီးဖြစ်၍ ယခုထွက်ပေါ်နေသော ၅၀ ကျပ်နှင့် ၁၀၀ ကျပ် တန် ငွေစက္ကူများကို ရပ်စဲသည့် ထုတ်ပြန်ချက်မှာ အတုသာဖြစ်သည်။

ထုတ်ပြန်ချက်အတုကိုတွေ့ရစဉ်
နစကနှင့် နီးစပ်သူ တစ်ဦးက “ အတုပါ၊ အတုတွေလုပ်၊ ကောလဟာလဖြန့် ငွေဈေး ကမောက်ကမ ဖြစ်အောင် လုပ်နေတယ်ဆိုတာ သိသာပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
နစကနှင့် ဗဟိုဘဏ်ကလည်း ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူ ဖျက်သိမ်း ကြောင်း ထုတ်ပြန်ချက်သည် အတုသာ ဖြစ်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ ပုဒ်မ ၃၆ (င)တွင် တရားဝင် ထုတ်ဝေထားသော ငွေကြေးကို တရားမဝင် ငွေကြေး အဖြစ် သတ်မှတ်ခြင်း မပြုဟု ပြဋ္ဌာန်းထားသည်။
ရွှေဈေးနှင့် ဒေါ်လာဈေး ကစားလိုသူများ အပါအဝင် ကုန်ဈေးနှုန်း ကစားလိုသူများသည် ထုတ်ပြန်ချက် အတုများ ထုတ်ပြန်ချက် မြန်မာနိုင်ငံ၏ စီးပွားရေး ကမောက်ကမဖြစ်အောင် လုပ်ဆောင်နေကြကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ထိုအခြေအနေများကို နစကဘက်က သတင်းအချက်အလက် မြန်ဆန်စွာဖြင့် ပြန်လည် တည်ဆောက်သင့် ကြောင်း ၎င်းတို့က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 825
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)က ယနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက်ပိုင်းက ရွှေပြည်အေးမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများက ပြောသည်။
ဟုမ္မလင်း PDF သည် ရွှေပြည်အေးမြို့၊ ဆေးရုံအောက်ကုန်း ရေကံကြီးအနီးမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးကို ထိမှန်သွားခဲ့သည်။
အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ် G-11 တက်နေသူ ကျောင်းသူ မစုမေ၏ ညာဖက် လက်မောင်းနှင့် ကျောဘက်တွင် ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း၊ ထို့နောက် ဟုမ္မလင်းဆေးရုံသို့ အပေါ်သယ် ဆောင်၍ ဆေးကုသနေရကြောင်း ဒေသခံများက ပြောသည်။

ဟုမ္မလင်း HPDF-124 တပ်ဖွဲ့၀င်များကို တွေ့ရစဉ်(HPDF-124 /fb)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့အနီးရှိ ရွှေပြည်အေးမြို့ နယ်နိမိတ်အတွင်းမှာ ဟုမ္မလင်း PDF ၊ ရှမ်းနီ အမျိုးသားများတပ်မတော်(SNA)၊ မြန်မာ့တပ်မတော်တို့ စစ်ရေးလှုပ်ရှားလျက်ရှိနေသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်အတွင်းကလည်း ရွှေပြည်အေးမြို့အနီးမှာ PDF နှင့် မြန်မာ့တပ်မတော် တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သေးသည်။
လက်ရှိတွင် ဟုမ္မလင်းမြို့နယ်နှင့် ရွှေပြည်အေးမြို့ နယ်မြေအတွင်းမှာ ဟုမ္မလင်း PDF (HPDF)၊ HPDF-124၊ ခန္တီးခရိုင် တပ်ရင်း(၁)၊ မိုးကြိုးအဖွဲ့တို့ ပူးပေါင်း၍ လှုပ်ရှားလျက်ရှိနေသည်။
