
- By CNI
- Category: အားကစား
- Hits: 892
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁
ဘတ်ပီဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အသင်းအတွက် ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း အကြီးအကဲထံ ပေးခဲ့တဲ့ ကစားသမား ၄ ဦးစာရင်းမှာ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းနဲ့ ၃ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာပါ။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်နေခဲ့တာကြောင့် ကလပ်အသင်းရဲ့ အားကစားဆိုင်ရာ ဆုံးဖြတ်ချက်တွေ မှာ သူပါဝင်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်သစ်သတင်းဌာန RMC Sport ကတော့ ဘတ်ပီဟာ သူနဲ့အတူ တွဲဖက်ကစားနိုင်ဖို့အတွက် တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ် အပါအဝင် ဘတ်ပီ ခေါ်ယူချင်တဲ့ ကစားသမား ၄ ဦးထဲမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီနဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်
ဘာစီလိုနာအသင်းနဲ့ နောက်ပိုင်းမှာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တဲ့ ဒမ်ဘီလီလည်း ပါဝင်ခဲ့သလို နောက်ထပ် တစ်ဦးကတော့ ဝက်စ်ဟမ်းကို ပြောင်းရွှေ့သွားတဲ့ အီတလီတိုက်စစ်မှူး ဆကာမာကာလည်း ပါဝင်ခဲ့တယ်လို့ သတင်း ဖော်ပြချက်အရ သိရပါတယ်။
ဘတ်ပီက ဒီကစားသမားတွေကို ခေါ်ယူဖို့ တောင်းဆိုခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ တစ်ဦးမှကို ခေါ်ယူနိုင်ခဲ့ ခြင်း မရှိခဲ့ပါဘူး။ ပြင်သစ်ကလပ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဖာဘီယန်ရုဇ်၊ ရီနာတိုဆန်းချက်စ်၊ ကားလို့စ် ဆိုလာ၊ ဗီတင်ဟာ၊ မူကီလီနဲ့ အီကီတီကီတို့ကို ခေါ်ယူခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်းပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အခုဆိုရင် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်ရကာ အုပ်စု တွင်းကို ဦးဆောင် နေတာပါ။
ဒီနောက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ် လီဂူးဝမ်းပွဲစဉ်အဖြစ် နိုက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။
Source: Sportbible

- By CNI
- Category: အားကစား
- Hits: 781
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁
ရီးရယ်လ်ဂန္တဝင် ကာဆီးလတ်စ်က ပေါ့စတား ရှာကီရာနဲ့ တွဲနေတယ်ဆိုတဲ့ ကောလာဟလတွေကို ဒေါသတကြီးနဲ့ ငြင်းဆန်လိုက်ပါတယ်။
ရှာကီရာဟာ မကြာသေးခင်ကမှ ကာဆီးလတ်စ်ရဲ့ ကာလကြာရှည် စပိန်အသင်းဖော် ပီကေးနဲ့ လမ်းခွဲမှုပြုလုပ် ခဲ့တာပါ။ပီကေးနဲ့ ဂရမ်မီဆုရ အဆိုတော်တို့ဟာ သူတို့ရဲ့ ၁၂ နှစ်ကြာရှိခဲ့တဲ့ ဆက်ဆံရေးကို ပြီးခဲ့တဲ့ ဇွန်လက အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။သူတို့ ၂ ဦးဟာ မင်္ဂလာမဆောင်ရသေးပေမယ့် ၉ နှစ်အရွယ်ရှိ မီလန်နဲ့ ၇ နှစ်အရွယ်ရှိ ဆာရှာဆိုတဲ့ သားသမီး ၂ ဦးရှိတာပါ။ကာဆီးလတ်စ်ကလည်း အားကစားဂျာနယ်လစ်ဖြစ်သူ ဆာရာနဲ့ လက်ထပ် ပြီး ကလေး ၂ ဦးရှိခဲ့ပေမယ့် ၅ နှစ်အကြာမှာ ကွာရှင်းပြတ်စဲခဲ့တာ ဖြစ်ပါတယ်။
ကာဆီးလတ်စ်နဲ့ ရှာကီရာတို့ဟာ အင်စတာဂရမ်မှာ တစ်ဦးနဲ့တစ်ဦး Follow လုပ်ခဲ့ပြီးနောက် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကောလာဟလတွေ စတင်ခဲ့တာပါ။ဒါပေမယ့် ကာဆီးလတ်စ်ကတော့ သူတို့နှစ်ဦး တွဲနေပြီဆိုပြီး ရေးသားထားတဲ့ သတင်းတွေကို သူ့ရဲ့ အင်စတာဂရမ် Story မှာတင်ကာ ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ “ခင်ဗျား နှာခေါင်းကို ထိကြည့်လိုက်ပါ။ဘုရားသခင်ရေ” ဆိုတဲ့ စာသားနဲ့ အီမိုဂျီကို ကာဆီးလတ်စ်က ရေးသားခဲ့တာပါ။
ပီကေးနဲ့ ရှာကီရာတို့ဟာ ကမ္ဘာ့ဖလား သီချင်းဖြစ်တဲ့ Waka Waka ကို ရိုက်ကူးနေချိန် ၂၀၁၀ မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ရှာကီရာဟာ အဆိုပါသီချင်းကို စပိန်က နယ်သာလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ တောင်အာဖရိကကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဖျော်ဖြေခဲ့တာပါ။ပီကေးနဲ့ ကာဆီးလတ်စ်တို့ဟာ စပိန်အသင်းရဲ့ ရွှေရောင်မျိုးဆက်ဖြစ်တဲ့ ယူရို ၂၀၀၈၊ယူရို ၂၀၁၂ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားရခဲ့စဉ် အသင်းမှာ အတူတွဲ ကစားခဲ့ ကြတာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၀၀ ခုနှစ်နှောင်းပိုင်းနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ အယ်လ်ကလက်ဆီကို ပြိုင်ဘက်တွေအဖြစ် ရှိခဲ့ကြတာပါ။ကာဆီးလတ်စ်ဟာ လက်ရှိအချိန်မှာ ကစားသမားဘဝက အနားယူခဲ့ပြီဖြစ်ပြီး ပီကေးကတော့ ဘာစီလိုနာအသင်းမှာ ကစားနေတာဖြစ်ပါတယ်။
Source:The Sun

- By CNI
- Category: အားကစား
- Hits: 620
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က သူတို့ဟာ မန်စီးတီးနဲ့ ကစားရမှာဖြစ်ပြီး ဟာလန်းတစ်ဦးတည်းနဲ့ မဟုတ် ဘူးလို့ မန်ချက်စတာဒါဘီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့က မန်စီးတီးနဲ့ ကစားရမှာ၊ဟာလန်းနဲ့ မဟုတ်ပါဘူး။ကျနော်တို့ရဲ့ စွမ်းဆောင်ရည် ကို ယုံကြည်ပါတယ်။အသင်းလိုက်စွမ်းဆောင်နိုင်ရင် ပြိုင်ဘက်တွေကို အနိုင်ယူလို့ ရပါတယ်။အဲဒါက ကျနော်တို့ လိုအပ်နေတဲ့ ယုံကြည်မှုဖြစ်ပြီး တနင်္ဂနွေနေ့မှာ ဒါမျိုးကို ပိုပြီးလိုအပ်ပါတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ တာပါ။
ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၇ ပွဲအထိ ကစားအပြီးမှာ ၁၁ ဂိုးအထိ သွင်းယူထားကာ စွမ်းဆောင် ရည်ကောင်းတွေကို ပြသနေတာဖြစ်ပေမယ့် နည်းပြကတော့ နော်ဝေတိုက်စစ်မှူးထက် တစ်သင်းလုံးကို အာရုံ စိုက်သွားမှာလို့ ပြောခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည် နေတဲ့ ယူနိုက်တက်အသင်းဟာ အဆင့် ၂ နေရာက မန်စီးတီးထက် ၁ ပွဲလျော့ကစားထားပြီး ရမှတ် ၅ မှတ် ကွာဟ နေတာပါ။နယ်သာလန်လူမျိုးနည်းပြ အဲရစ်တန်ဟတ်အတွက်တော့ ပထမဆုံးမန်ချက်စတာဒါဘီပွဲစဉ်ကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်ဒါဘီပွဲစဉ်တွေ အများကြီးကို ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ဒီပွဲတွေက ဘယ်လိုမျိုးလဲဆိုတာ ကျနော်ကောင်းကောင်းသိပါတယ်။ဒီပွဲက မန်ချက်စတာဧရိယာမှာ အရေးကြီးဆုံးပွဲဆိုတာလည်း သိပါတယ်။ဒီပွဲက ကျနော့်ကို စိတ်လှုပ်ရှားစေပါတယ်။ဒီပွဲကို အနိုင်ရဖို့အတွက် ကျနော်တို့ အရာအားလုံးကို လုပ်ဆောင်ရမှာပါ” လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းဘက်က အသင်းခေါင်းဆောင် မက်ဂွဲယားဟာ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ် ပေမယ့် ရက်ရှ်ဖိုဒ့်နဲ့ မာရှယ်တို့က အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောပါတယ်။ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်လက်ထက် ပထမဆုံး ပရီးမီးယားလိဂ် ၂ ပွဲမှာ အရေးနိမ့် ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ ၄ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် အဲရစ်တန်ဟတ်ဟာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရယူနိုင်ခဲ့ပါတယ်။တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်ကလည်း ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ပွဲတွေမှာ ၂ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးခဲ့လို့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။
Source:Eurosport

- By CNI
- Category: အားကစား
- Hits: 861
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁
အီရန်အမျိုးသမီးတွေကို ၎င်းတို့နိုင်ငံအတွင်းက ကစားပွဲများကို တက်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ပြီးနောက် အီရန်အသင်းကိုပါ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မပြုဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က တောင်းဆိုလိုက် ပါတယ်။
အမျိုးသမီးတွေကို လှပတဲ့ အားကစားပွဲတွေမှာ တာဝန်ရှိသူတွေက ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ပြီးနောက် လက်ရွေးစင်အသင်းကိုကျ ဘာကြောင့် ယှဉ်ပြိုင်ခွင့်ပြုသလဲဆိုပြီး Open Stadiums အမည်ရှိ လူ့အခွင့်အရေး အဖွဲ့က မေးခွန်းထုတ်ခဲ့တာပါ။အီရန်နိုင်ငံဟာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမျိုးသမီးတွေကို ပြည်တွင်းပြိုင်ပွဲတွေမှာ တက်ရောက်ကြည့်ရှုခွင့်ပေးခဲ့တာဖြစ်ပေမယ့်လည်း ယခုရက်သတ္တပတ်အကြာမှာ ဒီလိုတောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့တာပါ။
“ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒီဇင်ဘာလ ၁၈ ရက်မှာ ပြီးဆုံးပြီးနောက် အဇာဒီအားကစားကွင်းကို သူတို့အတွက် ဆက်ပြီးဖွင့်ထားပေးဖို့ အီရန်အာဏာပိုင်တွေနဲ့ အီရန်ဘောလုံးအဖွဲ့ချုပ်တို့ကို အီရန်အမျိုးသမီးတွေက ယုံကြည်မှု မရှိဘူး”လို့ Open Stadiums က ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုထံပေးတဲ့ အိတ်ဖွင့်စာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲသွားရောက်ကြည့်ရှုမယ့် အမျိုးသမီးတွေကို အီရန်အာဏာပိုင်တွေက အရေးယူမှာ ကိုလည်း စိုးရိမ်မှုတွေရှိနေကြတာပါ။
အမျိုးသမီးတွေကို ဝင်ရောက်ကြည့်ရှုခွင့်ပေးတာဟာ နိုင်ငံတကာဘောလုံးစည်းမျဉ်းနဲ့ ကိုက်ညီတာကြောင့် ဖီဖာအနေနဲ့ အီရန်ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ Open Stadiums က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ဖီဖာဟာ အမျိုးသမီးတွေကို အားကစားကွင်းထဲဝင်ရောက်ခွင့်ပြုဖို့ အီရန်အာဏာပိုင်တွေကို ပြောခဲ့ပြီးနောက် သြဂုတ်လမှာ အမျိုးသမီးတွေကို ကြည့်ရှုခွင့်ပြုခဲ့တာပါ။
အီရန်အမျိုးသမီးတွေဟာ မတ်လက ကျင်းပခဲ့တဲ့ ပွဲအပါအဝင် နိုင်ငံတကာပွဲအနည်းငယ်ကို တက်ရောက်ကြည့်ရှု ခွင့်ရခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားတာပါ။မကြာသေးခင်က မာရှာအာမီနီအမည်ရှိ အီရန် အမျိုးသမီး ငယ်တစ်ဦးဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက် အချုပ်ခန်းအတွင်းမှာ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။အဲဒါကြောင့် အီရန်နိုင်ငံအတွင်းမှာ ဆန္ဒပြမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့တာပါ။
အီရန်လက်ရွေးစင်အမျိုးသားကစားသမားတွေဟာ ပြီးခဲ့တဲ့ ခြေစမ်းပွဲမှာ နိုင်ငံတော်သီချင်းသီဆိုချိန် နိုင်ငံရဲ့ တံဆိပ်မပေါ်အောင် အနက်ရောင်ဂျက်ကတ်ဝတ်ဆင်ပြီး ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပါတယ်။Open Stadiums ရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ရိုက်တာက မှတ်ချက်ပေးဖို့ ပြောတာကို ဖီဖာနဲ့ အီရန်ဘောလုံးအဖွဲ့ချုပ်တို့က တုံ့ပြန်ခြင်းမရှိဘူးလို့ သိရပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 758
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀
ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက ဂျူဗင်တပ်စ် ပရိသတ်တွေဟာ ယူနိုက်တက် ပရိသတ်တွေထက် ပိုပြီးကောင်းတယ်လို့ ပြောလိုက်ပါတယ်။
ပေါ့ဘာက “ကျနော်ထွက်ခွာခဲ့တုန်းက သူတို့နဲ့ အတူတူရှိခဲ့တဲ့ နှစ်တွေအတွက် အလွန်ကျေးဇူးတင်ပါတယ်။ ကျနော် ငယ်ရွယ်တဲ့ အချိန်မှာ သူတို့ဟာ အားကစားကွင်းထဲ ရောက်အောင် အမြဲတွန်းပို့ခဲ့ပါတယ်။ သူတို့က ကျနော့် အနောက်မှာ အမြဲရှိခဲ့တယ်၊ ပြီးတော့ ပရိသတ်တွေရဲ့ ချစ်မြတ်နိုးမှုကို ခံစားခဲ့ရပါတယ်။ ဒါက အမှန်တရား ပါ။ မန်ချက်စတာမှာ ဒီလောက်ကြီးကျယ် ခမ်းနားတဲ့ အသံကို ကျနော်တစ်ခါမှ မကြားဖူးပါဘူး”လို့ GQ ကို ပြောခဲ့ တာပါ။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ပထမဆုံးအကြိမ် ကစားတဲ့ ၂၀၁၂ ကနေ ၂၀၁၆ အထိ ၄ နှစ်အတွင်း ပရိသတ် တွေဆီကနေ ချစ်ခြင်းမေတ္တာကို ရခဲ့လို့ တူရင်ကို ပြန်လာရတာကို ပျော်ရွှင်နေတာ ဖြစ်ပါတယ်။
ဒီလိုချစ်ခြင်းမေတ္တာကို ယူနိုက်တက် ပရိသတ်တွေက မပြသခဲ့ဘူးလို့ ပြင်သစ်ကစားသမားက ပြောခဲ့တာပါ။ ပေါ့ဘာဟာ ယူနိုက်တက်အသင်းမှာ ၆ ရာသီကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အလွတ်နဲ့ အီတလီကလပ်ကို ပြန်လည် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ပေါ့ဘာ မန်ယူမှာ ကစားစဉ် (Futbol)
ဂျူဗင်တပ်စ်ကို ပြန်လာဖို့ သူ့ရဲ့ နှလုံးသားက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ ကစားနေချိန်အတွင်း နည်းပြ အယ်လီဂရီနဲ့ အဆက်အသွယ် ရှိခဲ့ကြောင်းလည်း ပေါ့ဘာက ပြောခဲ့တာပါ။
“ကျနော်က နည်းပြနဲ့ အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။ သူဟာ ကျနော့် အကြောင်းကိုသိပြီး ဒီမှာ အတူရှိခဲ့တဲ့ အချိန်တုန်းကလည်း အမြဲတမ်း တွန်းအားပေးပါတယ်။ မန်ချက်စတာမှာ ရှိခဲ့တဲ့ အချိန်ကတောင် ကျနော်တို့ ဆက်သွယ်ခဲ့ကြပြီး စကားတွေအများကြီး ပြောဖြစ်ခဲ့တယ်”လို့ ပေါ့ဘာက ပြောပါတယ်။
ပြင်သစ်ကွင်းလယ်လူဟာ ယူနိုက်တက်အသင်းမှာ ဒဏ်ရာတွေကြောင့် ပွဲပေါင်း ၁၀၀ လွဲချော်ခဲ့တယ်လို့ အချက် အလက်တွေအရ သိရပါတယ်။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်ကို ရောက်ရှိလာချိန်မှာ ဒဏ်ရာကြောင့် ဒူးခွဲစိတ်မှု ခံယူထားပြီး ရာသီအစပွဲတွေမှာ ပါဝင် ကစားထားနိုင်ခြင်း မရှိပါဘူး။ ယူနိုက်တက် ကစားသမားဟောင်းဟာ ကြံ့ခိုင်မှုပိုင်း ကောင်းမွန်အောင် လုပ်ဆောင် နေပြီး အောက်တိုဘာလအကုန်မှာ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေပြီး ၇ ပွဲ ကစားအပြီးမှာ အဆင့် ၈ နေရာမှာ ရပ်တည်ကာ ထိပ်ဆုံးနေရာက နာပိုလီအသင်းနဲ့ ၇ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Source: The Sun

- By CNI
- Category: အားကစား
- Hits: 644
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀
ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို တက်ရောက်ကြည့်ရှုမယ့် ပရိသတ်တွေအနေနဲ့ ကာကွယ် ဆေးထိုးထားတဲ့အခြေအနေနဲ့ မသက်ဆိုင်ဘဲ ကိုဗစ်မရှိကြောင်း စစ်ဆေးမှုကို ပြသရမယ်လို့ ပြိုင်ပွဲ ကျင်းပရေးက ပြောပါတယ်။
အသက် ၆ နှစ်နဲ့အထက် လာရောက်ကြည့်ရှုသူအားလုံးဟာ ၄၈ နာရီအတွင်း PCR စမ်းသပ်စစ်ဆေးမှု ကနေ ကိုဗစ်မရှိကြောင်း ပြသရမှာပါ။ပရိသတ်တွေအနေနဲ့ ကိုဗစ်လက္ခဏာတွေ မပြသဘူးဆိုရင် ကာတာနိုင်ငံမှာ နောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။
အသက် ၁၈ နှစ်နဲ့ အထက် ဧည့်သည်တွေကတော့ အစိုးရက ခြေရာခံမယ့် Ehteraz app ကို ဖုန်းထဲမှာ ထည့်သွင်းဖို့ လိုတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
ပရိသတ်တွေအနေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ နှာခေါင်းစည်းတွေ တပ်ဆင်ထားဖို့ လိုအပ် ပေမယ့် ကာကွယ်ဆေးထိုးဖို့တော့ မလိုအပ်ပါဘူး။ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံ အတွင်းကို ဧည့်သည်အရေအတွက် ၁.၂ သန်း ဝင်ရောက်လာမယ်လို့ မျှော်လင့်ထားကြတာပါ။
“ကာတာမှာ ရှိနေတဲ့အချိန် ကိုဗစ်ရှိတဲ့သူ ဘယ်သူမဆို ပြည့်သူကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက် နဲ့အညီ သီးခြားခွဲထားဖို့ လိုအပ်တယ်”လို့ ပြိုင်ပွဲကျင်းပရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ကာတာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၄၄၀,၀၀၀(လေးသိန်းလေးသောင်း)ကျော်နဲ့ သေဆုံးသူ ၆၉၂ ဦး အထိ ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ သိရပါတယ်။နိုင်ငံအတွင်းမှာ လူဦးရေ ၂.၈ သန်းရှိပြီး ကာတာနိုင်ငံသားတွေက ၃၈၀,၀၀၀(သုံးသိန်းရှစ်သောင်း) သာ ရှိပါတယ်။
ကာတာနိုင်ငံအတွင်းမှာ အခုအချိန်ထိ စုစုပေါင်း ကာကွယ်ဆေး ၇,၄၈၇,၆၁၆ လုံးကို ထိုးနှံပေးထားပြီး ဖြစ်တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 662
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀
ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လူးဝစ်ကမ်ပို့စ်က ပီအက်စ်ဂျီအသင်းဟာ နေမာနဲ့ ဘတ်ပီကို ခေါ်ယူခဲ့တာမှာ အမှားပြုလုပ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။
လူးဝစ်ကမ်ပို့စ်က “ ကျနော်တို့ဟာ နေရာအတူမှာ ကစားတဲ့ ကစားသမား ၂ ဦးကို ခေါ်ယူပြီး အတိတ်မှာ အမှား ပြုလုပ်ခဲ့ပါတယ်။ အပြောင်းအရွှေ့ ကာလက မကောင်းခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ဟာ အဓိကကျတဲ့ နေရာတွေမှာ ကစားသမားတွေ နည်းပါးခဲ့ပြီး၊ တခြားနေရာတွေမှာ ကစားသမားတွေဟာ ထပ်နေပါတယ်”လို့ ပြောပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းက ဥရောပအသင်းတွေထဲမှာ ငွေကြေးသုံးစွဲမှု အများဆုံး အသင်း တွေထဲက ၁ သင်းအဖြစ် ရှိခဲ့ပါတယ်။
သူတို့ဟာ ၂၀၁၇ က နေမာကို ဘာစီလိုနာအသင်းဆီကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၉၀ နဲ့ ခေါ်ယူခဲ့တာပါ။ ဒါ့အပြင် အဆိုပါနှစ်မှာပဲ ဘတ်ပီကို မိုနာကိုကနေ ကနဦးအငှားနဲ့ ခေါ်ယူခဲ့ပြီး နောက်တစ်ရာသီမှာ ပေါင်သန်း ၁၆၀ နီးပါးနဲ့ အပြီးသတ် ခေါ်ယူခဲ့တာပါ။
လူးဝစ်ကမ်ပို့စ်နဲ့ ဘတ်ပီကိုတွေ့ရစဉ်
ပီအက်စ်ဂျီအသင်းဟာ ပြောင်းရွှေ့ကြေး အများအပြား သုံးစွဲခဲ့ပေမယ့် အဆိုပါနှစ်တွေအတွင်းမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၁ ကြိမ်သာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နေမာနဲ့ ဘတ်ပီတို့ရဲ့ ဆက်ဆံရေးဟာလည်း တင်းမာနေတယ်လို့ ပြင်သစ်သတင်းတွေက ဖော်ပြ ထားပါတယ်။ နေမာဟာ ဘရာဇီးလ်အတွက် ပွဲကစားအပြီးမှာ ဘတ်ပီနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မေးမြန်း ခဲ့တာကို ငြင်းဆန်သွားခဲ့ပါတယ်။
နေမာဟာ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာပြီးကတည်းက ၁၁၅ ပွဲမှာ ၁၁၁ ဂိုး သွင်းယူထားပြီး ဒီရာသီမှာ ၁၁ ဂိုး အထိ သွင်းယူကာ ခြေစွမ်းပြသနေတာပါ။
ဘတ်ပီကတော့ ပြင်သစ်ကလပ်အတွက် ၂၂၆ ပွဲ ပါဝင်ကစားထားပြီး ၁၈၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင်ဟာ ပီအက်စ်ဂျီအသင်းအတွက် ဒီရာသီမှာ ၁၀ ဂိုး သွင်းယူထားတာပါ။ ဘတ်ပီဟာ ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ ၃ နှစ်စာချုပ် သက်တမ်းတိုးကာ ဆက်ရှိခဲ့တာ ဖြစ်ပါ တယ်။
ဒီရာသီ ပြင်သစ်လီဂူးဝမ်း အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ်မှာတော့ နိုက်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Mirror

- By CNI
- Category: အားကစား
- Hits: 793
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀
ယူနိုက်တက်နောက်ခံလူ ဗာရန်းက အသင်းပရိသတ်တွေပျော်ရွှင်ဖို့အတွက် မန်စီးတီးနဲ့ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ အနိုင်ရအောင်ကစားမယ်လို့ ပြောလိုက်ပါတယ်။
ဗာရန်းက “ပြိုင်ဆိုင်မှုတွေမှာ အဓိကကတော့ အားပေးတဲ့ ပရိသတ်တွေပါ။သူတို့အတွက် အလွန် အရေးကြီးပါတယ်။ဒါကို ကျနော်တို့ လေးစားရပါမယ်။ကျနော်တို့က သူတို့ကို ပျော်ရွှင်စေချင်ပါတယ်။ ဒါကြောင့် ကျနော်တို့က မန်စီးတီးနဲ့ လီဗာပူးလ်တို့ကို တိုက်ပွဲဝင်ပြီး အနိုင်ရယူချင်ပါတယ်။ ပရိသတ် တွေက ဘာတွေကိုလိုချင်လဲ၊ သူတို့လိုချင်တာကို ခံစားနိုင်ရပါမယ်။ဒါက အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အီးတီဟတ်ကွင်းကို သွားရောက်ပြီး မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲစဉ် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ဘရန်ဖိုဒ့် အသင်း ကို အရေးနိမ့်တဲ့ ပွဲစဉ်ပြီးကတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်နေပြီး ဒီထဲမှာ လီဗာပူးလ်၊ အာဆင် နယ်စတဲ့ အသင်းကြီးတွေ တောင်ပါဝင်ခဲ့တာပါ။မန်စီးတီးအသင်းကလည်း ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ ဖြတ်သန်းနေပြီး အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်စလုံးမှာ မန်စီးတီးအသင်းကပဲ အနိုင်ရလဒ် ရယူနိုင်ခဲ့တာပါ။ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ဗာရန်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာ ကင်းစင်နေပြီး လီဆန်ဒရိုမာတီးနတ်စ်နဲ့ ဗဟိုခံစစ်မှာ အတွဲညီစွာ ကစားနေခဲ့တာလည်း ဖြစ်ပါတယ်။
သူတို့ ၂ ဦးအတွဲအဖက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲနဲ့ ယူရိုပါလိဂ် ၁ ပွဲမှာ ပေးဂိုး ၂ ဂိုးသာ ခွင့်ပြုထားခဲ့ရတာပါ။
ဒီပွဲမှာ မန်စီးတီးအသင်းက အနိုင်ရဖို့ ရေပန်းစားနေပြီး ယူနိုက်တက်အသင်းအတွက် အလွန်ကောင်းမွန် တဲ့ စမ်းသပ်မှုလို့ မန်စီးတီးနောက်ခံလူဟောင်း အိုနူအိုဟာက ပြောခဲ့ပါတယ်။
အိုနူအိုဟာက “ယူနိုက်တက်အသင်းအနေနဲ့ မန်စီးတီးနဲ့ ကစားတဲ့အချိန်မှာ ရလဒ်ကောင်းရဖို့အတွက် သူတို့ ကောင်းမွန်စွာ ကစားဖို့ မလိုအပ်ပါဘူး။မန်စီးတီးအသင်းက ဒီပွဲအတွက် ရေပန်းစားနေပြီး ယူနိုက်တက်အတွက်တော့ ကောင်းမွန်တဲ့ စမ်းသပ်မှုဖြစ်မှာပါ။အာဆင်နယ်ကို အနိုင်ရခဲ့တာက သူတို့ အတွက်ကောင်းပါတယ်။ဒီအရှိန်ကို အီးတီဟတ်ဆီ ယူဆောင်နိုင်မလားဆိုတာ ကြည့်ရပါမယ်” လို့ ESPN ကို ပြောခဲ့ပါတယ်။
Source:Metro

- By CNI
- Category: အားကစား
- Hits: 728
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉
အာဂျင်တီးနား အသင်းနည်းပြ စကာလိုနီက မက်ဆီကို တင်းနစ်အကျော်အမော် ဖက်ဒဲရားနဲ့ နှိုင်းယှဉ်ပြီး သူတို့ရဲ့ သက်ဆိုင်ရာ အားကစားနည်းတွေမှာ ပျော်ရွှင်မှုတွေ ရစေခဲ့တယ်လို့ ပြောလိုက်ပါတယ်။
စကာလိုနီက “ဖက်ဒဲရား အနားယူချိန်မှာ ကျနော်တို့ ဘာဖြစ်သွားခဲ့ကြလဲ။ လူတိုင်းက စိတ်ခံစားမှုရှိပြီး၊ လူတိုင်း က တွေးတက်ကြပါတယ်။ သူဒီမှာ မရှိတော့ဘူး။ သူ မကစားတော့ဘူး ဆိုပြီးတော့ပေ့ါ။ ဖက်ဒဲရား တင်းနစ် ကစား တာကို ကျနော်တို့ အားလုံး သဘောကျခဲ့ကြပါတယ်။ သူကစားတာကို ကြည့်ရတာ အလွန် အံ့သြစရာ ကောင်းပါ တယ်။ မက်ဆီ အနားယူသွားချိန်မှာလည်း ကျနော်တို့ ဒီလိုပဲ ဖြစ်မှာပါ”လို့ ပြောပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိ ဖက်ဒဲရားနဲ့ ၃၅ နှစ်အရွယ်ရှိ မက်ဆီတို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ အားကစား နည်းတွေ မှာ ၁၀ စုနှစ်ကျော်ကြာအောင် လွှမ်းမိုးထားတာ ဖြစ်ပါတယ်။ ဖက်ဒဲရားဟာ မကြာသေးခင်က ကစားခဲ့တဲ့ Laver Cup ပြိုင်ပွဲအပြီးမှာ ပရော်ဖက်ရှင်နယ် တင်းနစ် ကစားသမားဘဝကို နှုတ်ဆက်ခဲ့တာပါ။
မက်ဆီကိုတွေ့ရစဉ် (Goal)
ဆွစ်ဇာလန် တင်းနစ်အကျော်အမော်ဟာ သူ့ရဲ့နောက်ဆုံးပွဲအပြီးမှာ ကာလကြာရှည် ပြိုင်ဘက် ရာဖေးလ် နာဒယ်လ်နဲ့ ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ သူ့ရဲ့ နိုင်ငံလက်ရွေးစင် အနာဂတ် အပါအဝင် ကစားသမားဘဝကို ပြန်လည် သုံးသပ်သွားမယ်လို့ ပြောထားပါတယ်။ အဲ့ဒါကြောင့် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လက်ရွေးစင် ကစားသမားဘဝက အနားယူဖွယ်ရှိတယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ကလပ်အသင်းအနေနဲ့ဆိုရင် မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ ကစားနေတာဖြစ်ပြီးတော့ အကောင်းဆုံးပုံစံ ရရှိနေပါတယ်။ ဒါကြောင့် ၂၀၂၂ အတွင်းမှာ နိုင်ငံလက်ရွေးစင် အသင်းဖြစ်တဲ့ အာဂျင်တီးနားအတွက် ၁၀ ဂိုး သွင်းယူထားနိုင်ခဲ့တာပါ။
ဒါ့အပြင် ပီအက်စ်ဂျီ အသင်းအတွက်လည်း မက်ဆီဟာ လီဂူးဝမ်းပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ သွင်းဂိုး အပါအဝင် ဂိုးဖန်တီးမှု ၁၁ ဂိုးအထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 991
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉
အီရန်လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းက ကစားသမားတွေဟာ နိုင်ငံတော်သီချင်း သီဆိုချိန်မှာ နိုင်ငံရဲ့ တံဆိပ်ကို မပြသဖို့ ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလိုလှုပ်ရှားမှုဟာ သူတို့နိုင်ငံအတွင်းက အမျိုးသမီးတွေကို ဖိနှိပ်မှု ဆန့်ကျင်တဲ့အနေနဲ့ ပြင်းထန်တဲ့ ဆန္ဒပြမှုတစ်ခု ဖြစ်ခဲ့ပါတယ်။
ဆီနီဂေါနဲ့ ပွဲမစတင်ခင် နိုင်ငံတော်သီချင်း သီဆိုချိန်မှာ အီရန်ကစားသမားတွေဟာ သူတို့ရဲ့ တံဆိပ်ကို မပြသဖို့ အတွက် အနက်ရောင် ဂျက်ကတ်တွေနဲ့ ဖုံးအုပ်ထားတာ ဖြစ်ပါတယ်။ ကစားသမား အနည်းစုသာ နိုင်ငံတော် သီချင်းကို သီဆိုခဲ့ကြပေမယ့် အများစုကတော့ သီဆိုခြင်း မရှိခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဒီလိုမျိုးတွေ ဖြစ်လာမယ့် အခြေအနေကြောင့် ဒီခြေစမ်းပွဲကို တံခါးပိတ်ပြီး ကျင်းပခဲ့တာလို့ သတင်းဖော်ပြချက် အရ သိရပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ကျောင်းဆရာမ မာရှာအာမီနီ သေဆုံးပြီးနောက် နိုင်ငံအတွင်း ပျံ့နှံနေတဲ့ ဆန္ဒပြမှုတွေမှာ ကစားသမားတွေလည်း ပါဝင်လာခဲ့တာပါ။ နိုင်ငံရဲ့ ထိပ်တန်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေဟာ ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးနဲ့အတူ သံပြိုင်ပါဝင်လာခဲ့ပြီး ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သူတို့ရဲ့ ခံစားချက်ကို ထုတ်ဖော်ပြသ ခဲ့တာ ဖြစ်ပါတယ်။
အီရန် ဘောလုံးကစားသမားများကိုတွေ့ရစဉ်
ရာနဲ့ ချီတဲ့ ဆန္ဒပြသူတွေဟာ အားကစားကွင်း အပြင်ဘက်မှာ စုရုံးကာ သူမနာမည် ပြောပြပါဆိုပြီး ကြွေးကြော်ခဲ့ ကြတယ်လို့ သတင်းအများအပြားမှာ ဖော်ပြခဲ့ပါတယ်။
လေဗာကူဆင် တိုက်စစ်မှူး အက်ဇ်မွန် အပါအဝင် အီရန်နိုင်ငံရှိ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်အများအပြားဟာ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို အသုံးပြုခဲ့ကြပါတယ်။
အက်ဇ်မွန်က “ အဆိုးဆုံးက ကျနော်ဟာ နိုင်ငံအသင်းကနေ ထုတ်ပယ်ခံရမှာပါ။ ဒါက ပြဿနာမရှိပါဘူး။ အီရန် အမျိုးသမီးတွေရဲ့ ဦးခေါင်းပေါ်က ဆံပင်တစ်ချောင်းအတွက် ကျနော် စတေးချင်ပါတယ်။ ဒီအကြောင်းကို ကျနော် ပယ်ဖျက်သွားမှာ မဟုတ်ပါဘူး။ သူတို့ လုပ်ချင်တာကို လုပ်နိုင်ပါတယ်။ အလွယ်တကူ သတ်ဖြတ်လိုက်တာ ရှက်ဖို့ ကောင်းပါတယ်။ အီရန်အမျိုးသမီးတွေ အသက်ရှည်ပါစေ”လို့ ပြောပါတယ်။
အီရန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Sportbible