- By CNI
- Category: အားကစား
- Hits: 887
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀
ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ရိုးရာအသက် ရေတွက်မှု နည်းလမ်းဥပဒေကို ပြောင်းလဲပြီးနောက် အသက်တစ်နှစ် ပြန်ငယ်သွားခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ဒီဥပဒေကို အတည်ပြုခဲ့ပေမယ့် ဇွန်လ ၂၈ ရက်မှ ဒီဥပဒေဟာ အသက်ဝင်ခဲ့တာပါ။
တောင်ကိုရီးယားနိုင်ငံရဲ့ ရိုးရာအသက်ရေတွက်မှုကို ကလေးတိုင်း ကိုယ်ဝန်ရှိချိန်ကစပြီး ရေတွက်တာဖြစ်တဲ့ အတွက် မွေးဖွားပြီးချိန်မှာ အသက်တစ်နှစ်လို့ မှတ်ယူတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာလ မွေးဖွားတဲ့သူတွေဟာ ဇန်နဝါရီလ ၁ ရက်ရောက်ရင် အသက်တစ်နှစ် ပိုပြီး ကြီးလာတယ်လို့လည်း သိရပါတယ်။
အခုအချိန်မှာတော့ တောင်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ အသက်ရေတွက်မှုတွေကို နိုင်ငံတကာနည်းလမ်းတွေ အတိုင်း လုပ်ဆောင်သွားမှာဖြစ်လို့ ဆွန်ဟောင်မင် အပါအဝင် နိုင်ငံအတွင်းရှိ သူတွေဟာ သူတို့ရဲ့ နိုင်ငံအတွင်းမှာ အသက်တစ်နှစ် ပြန်ငယ်သွားပြီလည်း ဖြစ်ပါတယ်။
၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်မှာ မွေးဖွားခဲ့တဲ့ ဆွန်ဟောင်မင်ကို ဗြိတိန်မှာတော့ နိုင်ငံတကာပုံစံအတိုင်းပဲ ပြုလုပ် ထားတဲ့အတွက် အသက် ၃၀ အဖြစ် ဆက်လက်ရှိနေမှာပါ။

ဆွန်ဟောင်မင်ကို တွေ့ရစဉ်
တောင်ကိုရီးယားနိုင်ငံက ဥပဒေပြောင်းလဲခဲ့ပေမယ့် စပါးအသင်းဟာ နိုင်ငံတကာပုံစံအတိုင်းပဲ ကစားသမားရဲ့ မွေးသက္ကရာဇ်အတိုင်း စာရင်းသွင်း မှတ်ပုံတင်ထားတာကြောင့် လန်ဒန်ကလပ်မှာတော့ သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။
စပါးအသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၅ အထိ သက်တမ်းရှိနေတဲ့ ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ ဆော်ဒီကလပ် အယ်လ်အီးတီဟတ်အသင်းက ပေါင် ၅၁ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားပေမယ့် ကစားသမားကတော့ ဒါကို ငြင်းပယ်ခဲ့ပါတယ်။
ဆွန်ဟောင်မင်က “ပရီးမီးယားလိဂ်မှာ ကျနော်လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ငွေကြေးက ကျနော့် အတွက် အရေးမပါပါဘူး။ ဘောလုံးကစားရတာကို ဂုဏ်ယူပြီး ကျနော် အနှစ်သက်ဆုံးလိဂ်မှာ ကစားရဖို့က အရေးကြီးပါတယ်”လို့ ပြောခဲ့ပါတယ်။
၂၀၁၅ က လေဗာကူဆင်ကနေ ရောက်ရှိလာတဲ့ ဆွန်ဟောင်မင်ဟာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁၀၀ ကျော် အပါအဝင် ပြိုင်ပွဲစုံ ၃၇၂ ပွဲ ပါဝင်ကစားထားပြီး ၁၄၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရွှေဖိနပ်ဆုရယူနိုင်တဲ့ ပထမဆုံး အာရှကစားသမားအဖြစ်လည်း စံချိန်မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 768
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈
ဂျာမနီ လက်ရွေးစင်အသင်း တိုက်စစ်မှူး ကိုင်ဟာဗတ်ဇ်ဟာ အသင်းသစ် အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၂၉ ဂျာစီ ဝတ်ဆင်ဖို့ ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။
ဟာဗတ်ဇ်က “ဒီနံပါတ်ကို ကျနော်ဝတ်ဆင်တာ နှစ်တွေ အများကြီးရှိပါပြီ။ ကျနော် ဂျာမနီမှာ ပရော်ဖက်ရှင်နယ် တစ်ဦး ဖြစ်လာချိန်တုန်းကလည်း အဲဒီနံပါတ်ကိုပဲ ရွေးချယ်ခဲ့ပြီး ဒါဟာ ကျနော့်ကို အမြဲတမ်း ကံကောင်းစေခဲ့ပါ တယ်။ ကျနော်ဟာ ပရော်ဖက်ရှင်နယ် တစ်ဦးဖြစ်လာတဲ့ အချိန်မှာလည်း ဒီနံပတ်ကိုပဲ ယူခဲ့ပြီး ဘာဖြစ်လို့လဲဆိုရင် ကျနော့်အစ်ကိုနဲ့ သမိုင်းကြောင်းတွေရှိလို့ပါ။ ကျနော်တို့အတူတူ ဗွီဒီယိုဂိမ်းတွေ ကစားတဲ့ အချိန်မှာလည်း ဒီနံပါတ်ကို ယူခဲ့ပါတယ်။ ဒါဟာ ကျနော့်အတွက်တော့ ပြီးပြည့်စုံတဲ့ နံပတ်ပါပဲ”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အသက် ၂၄ နှစ်အရွယ်ရှိ ကိုင်ဟာဗတ်ဇ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ ကြေး ပေါင် ၆၅ သန်းနဲ့ သဘောတူညီမှု ရရှိထားတာဖြစ်ပြီး ကစားသမားကလည်း ပြီးခဲ့တဲ့အပတ်က စပိန်မှာ ဆေးစစ်မှု ပြီးမြောက်ခဲ့ပါတယ်။

ဟာဗတ်ဇ်ကိုတွေ့ရစဉ်
ဒီအပြောင်းအရွှေ့ကို တရားဝင် မကြေညာခင်ကတည်းက ဟာဗတ်ဇ်နဲ့ အာဆင်နယ်အသင်းတို့ အင်တာဗျူး ထားတဲ့ ဗွီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ ပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီလက်ရွေးစင် ကစားသမားဟာ လေဗာကူဆင်အသင်းမှာ ကစားချိန်ကတည်းက ကျောနံပါတ် ၂၉ ကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး အသင်းဟောင်း ချယ်လ်ဆီးနဲ့ အသင်းသစ် အာဆင်နယ်အသင်းတို့မှာလည်း ဒီနံပါတ်ကိုပဲ ဆက်ပြီး ဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဟာဗတ်ဇ်ကို ခေါ်ယူနိုင်ပြီးနောက် ဒီကလန်ရိုက်စ်နဲ့ တင်ဘာစ်တို့ကို ခေါ်ယူနိုင်ဖို့လည်း ဆက်ပြီး ကြိုးစားနေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ပေါင် ၁၀၅ သန်းနဲ့ တတိယအကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။
လန်ဒန်ကလပ်ဟာ အေဂျတ်ဇ်နောက်ခံလူ တင်ဘာစ်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူပြီးနောက် ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1238
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈
ဇူလိုင်လထဲ ကျင်းပမယ့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဘရာဇီးလ်အသင်းဟာ ဒီပြိုင်ပွဲ အတွက် လူစာရင်း ထုတ်ပြန်ခဲ့တာမှာ တိုက်စစ်မှူး မာတာဟာ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားဖို့ ပါဝင် လာခဲ့ပါတယ်။
ဖီဖာတစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ ကြိမ် ရရှိထားတဲ့ မာတာဟာ အခြားဝါရင့်ကစား သမားတွေဖြစ်တဲ့ ဒီဘင်ဟာ၊ တာမီရတ်စ်၊ အန်ဒရီဆာအဲလ်ဗတ်စ်တို့နဲ့အတူ ဘရာဇီးလ်လူစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပြီး အသင်းကို ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိနိုင်အောင် ဦးဆောင်ရမှာပါ။
ဒါပေမယ့် ဘရာဇီးလ်အသင်း နည်းပြက မာတာကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမလားဆိုတာတော့ အာမခံချက် မပေးထားပါဘူး။

ဘရာဇီးလ်အမျိုးသမီး တိုက်စစ်မှူး မာတာကိုတွေ့ရစဉ်
ဘရာဇီးလ်နည်းပြ ဆန်ဟာဂီက “မာတာဟာ ဘုရင်မဖြစ်ပြီး သူမဟာ အိုင်ကွန်ပါ။ သူမအနားမှာ ရှိနေတာနဲ့ အောင်မြင်မှုတွေ ရယူနိုင်ပါတယ်။ သူမကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမလားဆိုတာတော့ မသိသေးပါဘူး။ သူမဟာ ကျမကစားခိုင်းမယ့် နေရာမှာ ကစားရမှာဖြစ်ပြီး သူမကောင်းမွန်စွာ လုပ်နိုင်မယ်ဆိုတာ ကျမယုံကြည် ပါတယ်”လို့ ပြောခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ မာတာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ၁၇ ဂိုး သွင်းယူထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စံချိန်တင် ဂိုးသွင်းတဲ့သူအဖြစ် ရပ်တည်နေတာပါ။
အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြင့်ဆုံး ဒုတိယသာ ရရှိထားတဲ့ ဘရာဇီးလ်အသင်းဟာ ၂၀၂၃ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြင်သစ်၊ ဂျမေကာ၊ ပနားမားတို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေပါတယ်။ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲ မသွားရောက်ခင် ဇူလိုင်လ ၂ ရက်မှာ ချီလီအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာပါ။
သြစတြေးလျနဲ့ နယူးဇီလန်အသင်းတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်ကနေ သြဂုတ် ၂၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 862
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈
ချယ်လ်ဆီးအသင်းကနေ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ခရိုအေးရှားကွင်းလယ်လူ ကိုဗာဆစ်က အသင်းကို ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နေနိုင်အောင် ကူညီပေးချင်သလို ဆုဖလားတွေလည်း ပိုပြီးရယူချင်တယ်လို့ ပြောခဲ့ပါတယ်။
ကိုဗာဆစ်က “ဒါက ကျနော့်အတွက် အလွန်ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဖြစ်ပြီး မန်စီးတီးအသင်းနဲ့ ပွဲစတင်နိုင် ဖို့ကို မစောင့်ဆိုင်းနိုင်တော့ပါဘူး။ မန်စီးတီးအသင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းဖြစ်တယ်ဆိုတာ သူတို့ ရခဲ့တဲ့ ဆုဖလားတွေကို မြင်ရင်သိနိုင်ပါတယ်။ မန်စီးတီးအသင်းမှာ ပါဝင်ခွင့်ရဖို့က ဘောလုံးသမားတိုင်းအတွက် အိပ်မက်ဖြစ်ပြီး ကျနော့်မှာ သင်ယူစရာတွေ အများကြီး ရှိနေတုန်းပါပဲ။ ဂွာဒီယိုလာရဲ့ စီမံခန့်ခွဲမှုအောက်မှာ ကျနော်က ပိုကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်တယ်ဆိုတာကို သိပြီး ဒါက ကျနော့်အတွက် တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ”လို့ ပြောပါတယ်။
မန်စီးတီးအသင်းဟာ ကိုဗာဆစ်အတွက် ချယ်လ်ဆီးအသင်းကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ပေးချေခဲ့ တာဖြစ်ပြီး နောက်ထပ် အပိုဆုကြေး ပေါင် ၅ သန်းနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ကိုဗာဆစ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီးအသင်းထံ ပထမဆုံး ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား ဖြစ်ပြီး မန်ချက်စတာကလပ်ဟာ အသင်းခေါင်းဆောင် ဂန်ဒိုဂန်နေရာမှာ အစားထိုး ခေါ်ယူမှုလည်း ဖြစ်တာပါ။

ချယ်လ်ဆီးမှာ ကိုဗာဆစ် ကစားစဉ်
ပြီးခဲ့တဲ့ရာသီက အသင်းကို ဆုဖလား ၃ လုံးရယူနိုင်အောင် ဦးဆောင်နိုင်ခဲ့တဲ့ ဂန်ဒိုဂန်ဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ဘာစီလိုနာအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဂန်ဒိုဂန်နေရာမှာ အစားထိုးခေါ်ယူခဲ့တဲ့ ကိုဗာဆစ်ကို ဂျာမနီကစားသမားရဲ့ ကျောနံပါတ် ၈ ဂျာစီကိုပါ ပေးခဲ့ပါတယ်။ ကိုဗာဆစ်ဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လက ရီးရယ်လ်အသင်းကနေ အငှားနဲ့ ရောက်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ အပြီးသတ် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ခရိုအေးရှားကွင်းလယ်လူ ကိုဗာဆစ်ဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၂၂၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုး သွင်းယူနိုင်ခဲ့ကာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့တာပါ။
ကိုဗာဆစ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ကန်တီ၊ ဇီယက်ချ်၊ ဟာဗတ်ဇ်၊ ကူလီဘာလီ၊ မန်ဒီတို့ပြီးနောက် ချယ်လ်ဆီးအသင်းကနေ ထွက်ခွာခဲ့တဲ့ နောက်ထပ် ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ကိုဗာဆစ်ဟာ ခရိုအေးရှား လက်ရွေးစင်အတွက် ၉၅ ပွဲ ပါဝင်ကစားပြီး တတိယရခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲတိုင်း ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1046
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈
စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းဖို့ မူအရ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဇွန်လ ၂၇ ရက်နေ့က အင်္ဂလန် အသင်းခေါင်းဆောင်ကို ပေါင်သန်း ၆၀ နဲ့ စပါးအသင်း ထံ စတင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် လန်ဒန်ကလပ်ကတော့ ဒီပမာဏက နည်းပါးတယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။
စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ဟာရီကိန်းကို အသင်းမှာ ဆက်ပြီး ထိန်းသိမ်းချင်နေပေမယ့် ကစားသမားက ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါ တယ်။
ဂျာမန်သတင်းစာ Bild က ဟာရီကိန်းရဲ့ ဖခင်နဲ့ အစ်ကိုတို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် အခု အချိန်မှာ ကစားသမားနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ မူအရ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် အပြောင်းအရွှေ့ သဘောတူညီမှု ရယူနိုင်ဖို့အတွက်ဆိုရင် ဂျာမန်ကလပ်အနေနဲ့ ဟာရီကိန်းအတွက် စပါးအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေးချေဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
စပါးအသင်းဘက်ကတော့ ဟာရီကိန်းကို မရောင်းချချင်တာကြောင့် ဘယ်လိုကမ်းလှမ်းမှု မျိုးကိုမဆို ငြင်းပယ် သွားဖို့ ရှိနေပေမယ့် ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်မယ်ဆိုရင်တော့ အပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ဖွယ် ရှိတယ်ဆိုပြီး သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဟာရီကိန်းကိုတွေ့ရစဉ်
စပါးအသင်းဟာ အင်္ဂလန် အသင်းခေါင်းဆောင်ကို လက်မလွှတ်ချင်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းက ပြောင်းရွှေ့ ကြေး ထပ်တိုးပြီး ကမ်းလှမ်းမယ်ဆိုရင် နှစ်သင်းကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။
ဟာရီကိန်းကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေပေမယ့် စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေထံ တိုက်ရိုက် မရောင်းချချင်သလို မန်ချက်စတာကလပ်ကလည်း ပြောင်းရွှေ့ကြေး များပြားတယ်ဆိုပြီး သူတို့ရဲ့ စိတ်ဝင်စားမှုတွေကို အဆုံးသတ်ခဲ့တာပါ။
ဟာရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ကစားသမား ဘဝမှာ ဆုဖလား မရဖူးသေးတာကြောင့် အသင်းပြောင်းဖို့အတွက် တိုက်တွန်းမှုတွေ ခံနေရာတာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၄၃၅ ပွဲ ပါဝင်ကစားထားပြီး ၂၈၀ ဂိုးသွင်းယူကာ လန်ဒန်ကလပ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 817
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇
ပိုလန်ဂိုးသမား ဆက်ဇနီဟာ ဂျူဗင်တပ်စ်အသင်းအတွက် ကစားနေချိန် နှလုံးရောဂါ ခံစားခဲ့ရတာကြောင့် သေဆုံးတော့မယ်လို့ ထင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။
ဆက်ဇနီက “ကြောက်ဖို့ကောင်းခဲ့ပြီး ကျနော်တကယ် သေဆုံးတော့မယ်လို့ ထင်ခဲ့တာပါ။ နောက်ခံလူဆီ ဘောလုံးပေးပို့ပြီးနောက် ကျနော့်နှလုံးက ပေါက်ကွဲတော့မလိုကို ခံစားခဲ့ရပါတယ်။ ထောင့်ကန်ဘော ကန်တဲ့ အချိန်အတွင်း ကျနော် နာကျင်နေတဲ့ အကြောင်းကို မီလစ်ခ်ကို ပြောခဲ့ပေမယ့် စပို့တင်း ကစားသမားတွေက ထောင့်ကန်ဘောကန်ပြီးသား ဖြစ်သွားပါပြီ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ကစားခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဆက်ဇနီဟာ သူ့ရဲ့ ရင်ဘတ်အောင့် တာကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ် ဂိုးသမားဟောင်းဟာ ရင်ဘတ်အောင့်တာကို ခံစားခဲ့ရပြီးနောက် လူစားလဲဖို့ ချက်ချင်း တောင်းဆို ခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းဖော် လိုကာတယ်လီဟာ ဒီအဖြစ်အပျက်ကို သိရှိပြီးနောက် ဆက်ဇနီ ကုသမှုခံယူနိုင်အောင် ဆေးအဖွဲ့တွေကို ချက်ချင်း သတိပေးခဲ့ပါတယ်။
ဆက်ဇနီဟာ ကွင်းထဲကနေ ထွက်ခွာလာချိန်မှာ နှလုံးခုန်နှုန်းတွေ မြှင့်တက်လာခဲ့ပြီး အသက်ရှူကျပ်တာပါ ခံစားခဲ့ရတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဆက်ဇနီရဲ့ အခြေအနေတွေကို အသင်းဘက်က စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ဂိုးသမားရဲ့ အခြေအနေဟာ ကောင်းမွန်တဲ့အတွက် စပို့တင်းလစ္စဘွန်းနဲ့ ကစားတဲ့ နောက်ထပ်ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်လည် ပါဝင်ခဲ့ပါတယ်။

ဆက်ဇနီကို အသင်းဖော်တွေနဲ့အတူတွေ့ရစဉ်
ဆက်ဇနီက “ရင်ဘတ်အောင့်တာက တကယ်ကို ကြောက်စရာကောင်းပါတယ်။ ဒီနေ့အထိ အကြောင်းရင်းကို ကျနော်တို့ မသိပါဘူး။ နောက်ကျော ဒါမှမဟုတ် ကျောရိုးမှာ ပြဿနာတွေဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။
ဆက်ဇနီဟာ ၂၀၁၇ မှာ ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၂၁၇ ပွဲ ပါဝင် ကစားထားကာ ဆုဖလားအောင်မြင်မှုတွေ အများအပြား ရရှိထားတာပါ။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘောလုံးလောကမှာ နှလုံးရောဂါ ခံစားခဲ့ရတဲ့သူတွေ ရှိခဲ့တာဖြစ်ပြီး ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်ဆိုရင် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းအတွင်း ရုတ်တရက် လဲကျခဲ့တာ ဖြစ်ပါတယ်။ အဲရစ်ဆန်ဟာ နှလုံးထဲ မှာ စက်တပ်ဆင်ခဲ့ရပြီး ဘောလုံးပြန်ကစားနိုင်ဖို့ အချိန်ယူခဲ့ရတာပါ။
အဲရစ်ဆန်ဟာ ဘရန်ဖို့ဒ်အသင်းမှာ ၆ လကြာ ကစားပြီးနောက် လက်ရှိ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြ ကစားနေတာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကစားသမားဟောင်း အဂွေရိုကလည်း ပွဲကစားချိန်အတွင်း အသက်ရှူကျပ်ပြီး နှလုံးခုန် မမှန်ဖြစ်ခဲ့လို့ အသက် ၃၃ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 967
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇
ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံနဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ်ချုပ် ဆိုဖို့ ရှိနေတယ်လို့ ဂိုးလ်ကွန်းက ဖော်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဗီနီစီးယက်စ်နဲ့ ရီးရယ်လ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးတော့မှာပါ။
ဗီနီစီးယက်စ်ဟာ စာချုပ်သစ်အတွက် ဇန်နဝါရီလ ကတည်းက ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပေမယ့် အခု ရက်သတ္တပတ် ဒါမှမဟုတ် လာမယ့် ရက်သတ္တပတ် အစပိုင်းမှာ လက်မှတ် ရေးထိုးသွားမယ်လို့ Cadena SER က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
စာချုပ်သစ်ထဲမှာ ဗီနီစီးယက်စ်ကို ခေါ်ယူမယ့် အသင်းတွေဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံ ပေးချေရ မယ့် စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေသလို ဘရာဇီးလ် ကစားသမားအနေနဲ့ ရီးရယ်လ်အသင်းမှာ ကစားချိန် ဘောလွန်းဒီအောဆု ရယူနိုင်ခဲ့မယ်ဆိုရင် အပိုဆုကြေး အများအပြား ရယူနိုင်မယ့် အချက်လည်း ပါဝင်နေတာပါ။

ဗီနီစီးယက်စ်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့ ၂၀၂၂ ဘောလွန်းဒီအော စာရင်းရဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်း မှာ လုပ်ခလစာ အများအပြား ရတဲ့သူလည်း ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူဖို့ ချိတ်ဆက်နေပေမယ့် ဗီနီစီးယက်စ်ကိုလည်း ဂရုစိုက်မှုတွေ ပြုလုပ်နေပါတယ်။
ဗီနီစီးယက်စ်ဟာ စပိန်ကလပ်မှာ တောင်ပံကစားသမားအဖြစ် ကစားနေပေမယ့် အခုလာမယ့် ရာသီသစ်မှာတော့ ရိုဒရီဂိုနဲ့အတူ တိုက်စစ်မှာ ကစားရဖွယ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ အဓိကတိုက်စစ်မှူး ဘန်ဇီမာ အသင်း ကနေ ထွက်ခွာခဲ့ပြီးနောက် အစားထိုးမှုအဖြစ် ကစားသမားဟောင်း ဟိုဆေးလူကို ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။
မကြာသေးခင် ရက်ပိုင်းအတွင်းမှာ မိုဒရစ်၊ တိုနီကရူးစ်နဲ့ ဆီဘယ်လော့စ်တို့ကို စာချုပ်သစ်တွေ ချုပ်ဆိုခဲ့တဲ့ ရီးရယ်လ်အသင်းဟာ ဇူလိုင်လမှာ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေကို ပြန်လည်စတင်မှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 901
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇
မန်စီးတီးအသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်းထံ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ ထပ်တိုးပေးချေမှု ပေါင် ၁၀ သန်း အပါအဝင် ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ဒီကလန်ရိုက်စ်အတွက် ဝက်စ်ဟမ်းအသင်းကို ပထမဆုံး ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ ဒီကလန်ရိုက်စ်အတွက် အနိမ့်ဆုံး ပေါင်သန်း ၁၀၀ လိုချင်နေတာဖြစ်ပြီး အာဆင်နယ် အသင်းရဲ့ ပေါင်သန်း ၉၀ နဲ့ နောက်ဆုံး ကမ်းလှမ်းမှုကိုတောင် ပယ်ချထားတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ကစားသမား ကိုယ်တိုင်ကလည်း လန်ဒန်ကလပ်ကိုပဲ ပြောင်းရွှေ့ချင်နေတာပါ။
ဒါပေမယ့် မန်စီးတီးအသင်းရဲ့ ကြိုးစားလာမှုတွေကြောင့် အာဆင်နယ်အသင်းအတွက် စိုးရိမ်စရာတွေ ဖြစ်လာ ခဲ့တာ ဖြစ်ပါတယ်။

ဒီကလန်ရိုက်စ်ကို တွေ့ရစဉ်
အဲဒါကြောင့်လည်း အာဆင်နယ်အသင်းဟာ မန်စီးတီး ကမ်းလှမ်းမှုထက် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှု ထပ်ပြု လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းမှာ အလွန် အရေးပါတဲ့သူဖြစ်သလို အင်္ဂလန် လက်ရွေးစင် အသင်းမှာလည်း အဓိက ကစားသမားအဖြစ် ရှိနေတာ ဖြစ်ပါတယ်။
ဒီကလန်ရိုက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းကို ယူရိုပါကွန်းဖရန့်စ်လိဂ် ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ ပြီးနောက် အသင်းက ထွက်ခွာဖို့အတွက် အချိန်တန်ပြီလို့ ခံစားနေတာပါ။
ဝက်စ်ဟမ်းအသင်းပိုင်ရှင် ဒေးဗစ်ဆူလေဗန်ကလည်း ဒီကလန်ရိုက်စ်ကို အခုနွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာ ခွင့်ပေးမယ်လို့ အတည်ပြုထားပါတယ်။
လက်ရှိအချိန်မှာ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ အပြိုင်ဖြစ်နေသလို ချယ်လ်ဆီး၊ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကလည်း အင်္ဂလန်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
ဒါပေမယ့် မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ကသာ ဝက်စ်ဟမ်းကွင်းလယ်လူကို ခေါ်ယူဖို့ အဓိကလုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။
ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်း အသင်းကြီးအတွက် ၂၀၁၇ မှာ စတင်ပွဲထွက်ခွင့် ရခဲ့တာဖြစ်ပြီး ပွဲပေါင်း ၂၄၅ ပွဲ ပါဝင်ကစားကာ ၁၅ ဂိုးသွင်းယူပြီး ယူရိုပါကွန်းဖရန့်စ်လိဂ် ချန်ပီယံဆု ရယူထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 911
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ စတင်ဖို့ အလွန်စိတ်လှုပ်ရှားနေပြီး အသင်းသစ်နဲ့ မပူးပေါင်းခင်မှာ ရက်အနည်းငယ်ကြာအနားယူမယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီက “အခုဆိုရင် အားလပ်ရက် ရက်အနည်းငယ်ရှိမှာဖြစ်ပြီး အဲဒီနောက် ကျနော့်ရဲ့ မြို့အသစ်၊ ကျနော့်ရဲ့ ကလပ်အသစ် အင်တာမိုင်ယာမီဆီ သွားရတော့မှာပါ။ ဒီအတွက် ကျနော်အလွန်စိတ်လှုပ်ရှားနေပါတယ်” လို့ အာဂျင်တီးနားရုပ်မြင်သံကြားကို ပြောခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားစူပါစတားဟာ အသက် ၃၆ နှစ်ပြည့်မွေးနေ့မှာ ငယ်ဘဝကလပ် နယူးဝဲလ်အိုးဘွိုင်းစ်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး လက်ရွေးစင်အသင်းဖော်ဟောင်း မက်ဆီရိုဒရီဂွတ်ဇ်ရဲ့ ဂုဏ်ပြုနှုတ်ဆက်ပွဲမှာ ပါဝင်ကစားသွားခဲ့တာပါ။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ဒီပွဲမှာ ပြစ်ဒဏ်ဘောကန်သွင်းချက်နဲ့ ဂိုးသွင်းတာအပါအဝင် ဟတ်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီဟာ အာဂျင်တီးနားကစားသမားဟောင်း ရီကွယ်လ်မီးရဲ့ နှုတ်ဆက်ပွဲမှာလည်း ပါဝင်ကစား ခဲ့ပြီးနောက် အသင်းသစ်ထံ မသွားရောက်ခင် ရက်အနည်းငယ်ကြာ အနားယူဖို့ စီစဉ်ထားတာပါ။ မက်ဆီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုလအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အာဂျင်တီးနားကစားသမားဟာ အင်တာမိုင်ယာမီအသင်း ကစားသမားသစ်အဖြစ် မကြာခင်မှာ မိတ်ဆက်မှုပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး လုပ်ခလစာ၊ အပို ဆုကြေးတွေအပါအဝင် တစ်နှစ်ကို ဒေါ်လာသန်း ၆၀ နီးပါးရရှိမယ်လို့ မေဂျာလိဂ်ကလပ်ရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဂျော့ချ်မတ်စ်က ပြောခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ်ရှိ ကစားသမားဟာ ဇူလိုင်လ ၂၁ ရက်မှာ မက္ကဆီကိုကလပ် ခရုဇ်အဇူလ်အသင်းနဲ့ ကစားမယ့် လိဂ်ဖလားပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းကတော့ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေပြီး အရှေ့ပိုင်းဇုန်မှာ ပွဲစဉ် ၁၈ ပွဲ ကစားအပြီး ရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယားနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
Source:Goal.com
- By CNI
- Category: အားကစား
- Hits: 869
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆
အာဆင်နယ်နည်းပြ အာတီတာက လာမယ့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ဆိုရင် အသင်းအနေနဲ့ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမားသစ်တွေ ဖြည့်တင်းပြီး အားကောင်းအောင် လုပ်ရမယ်လို့ ပြောခဲ့ပါ တယ်။
အာတီတာက “လာမယ့်ရာသီက ပရီးမီးယားလိဂ် သမိုင်းမှာ အခက်အခဲဆုံး လိဂ်ပြိုင်ပွဲဖြစ်လာမှာပါ။ ကျနော် အင်္ဂလန်မှာရှိတာ ၂၂ နှစ်ကြာရှိပြီ ဖြစ်ပေမယ့် ဒီလိုမျိုး ပြင်းထန်တဲ့ ပြိုင်ပွဲ အဆင့်အတန်းမျိုးကို ဘယ်တုန်းကမှ မမြင်တွေ့ဖူးပါဘူး။ အရည်အသွေးတွေ အများကြီး၊ အဖွဲ့အစည်းတွေ အများကြီးနဲ့ နည်းပြ ကောင်းတွေလည်း အများကြီးရှိပါတယ်။ အဲဒါကြောင့် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ဆိုရင် ခင်ဗျားအနေနဲ့ အကောင်းဆုံး ဖြစ်နေ ရပါမယ်။ အဲဒါကြောင့် အသင်းကို အားကောင်းအောင် ပြုလုပ်ရပါမယ်”လို့ ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်ဆိုးတွေကြောင့် မန်စီးတီးအသင်းထံ အမှတ်ပေး ချန်ပီယံဆုကို လွှဲပြောင်းပေးခဲ့ရပါတယ်။
အဲဒါကြောင့် အခုနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ အားဖြည့်ဖို့ လုပ်ဆောင်နေပြီး ချယ်လ်ဆီး အသင်းက ဟာဗတ်ဇ်၊ ဝက်စ်ဟမ်းအသင်းက ဒီကလန်ရိုက်စ်နဲ့ အေဂျတ်ဇ်အသင်းက တင်ဘာစ်တို့ကို ခေါ်ယူဖို့ ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ အခုနှစ်ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ပြန်လည် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပေမယ့် ပရီးမီးယား လိဂ်ဖလား မရခဲ့တာကြောင့် နာကျင်နေရတုန်းပဲလို့ အာတီတာက ထပ်ပြီး ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်း နည်းပြ အာတီတာကို တွေ့ရစဉ်
အာတီတာက “အခုအချိန်ထိ မန်စီးတီးအသင်းနဲ့ ၁၀ လကျော်ကြာ တိုက်ပွဲဝင်ပြီးနောက် ပရီးမီးယားလိဂ်ဖလား မရယူနိုင်ခဲ့တာကို ရင်ထဲမှာ နာကျင်နေတုန်းပါပဲ။ အရေးကြီးတဲ့ ကစားသမား ၃ ဦး၊ ၄ ဦးလောက် ဒဏ်ရာရသွား တာက အရာအားလုံးကို ရှုပ်ထွေးသွားစေခဲ့ပါတယ်။ ကျနော်တို့ဟာ အသင်းအပြည့် ရှိနေမယ်ဆိုရင် တသမတ် တည်း ရှိနေမှာပါ။ ဒါပေမယ့် ကျနော်တို့ဟာ ပြဿနာတွေ ပေါ်လာပြီး အသင်းဟာ မလုံလောက်တော့ပါဘူး။ ကျနော်တို့ရဲ့ ပြိုင်ဘက်အသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်း၊ ကမ္ဘာ့အကောင်းဆုံး လူစာရင်း၊ ကမ္ဘာ့အကောင်း ဆုံး နည်းပြရှိနေတာပါ။ ကျနော်တို့မှာ ရွေးချယ်စရာ မရှိပေမယ့် ဒါကို လက်ခံရမှာပါ”လို့ ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ဇူလိုင်လ အစောပိုင်းမှာ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေကို ပြန်လည် စတင်မှာဖြစ် ပြီး နုရင်ဘတ်၊ မေဂျာလိဂ် အောလ်စတား၊ ယူနိုက်တက်၊ ဘာစီလိုနာ၊ မိုနာကိုတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါ တယ်။
ဒီပွဲပြီးရင်တော့ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
