CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈

ဂျာမနီ လက်ရွေးစင်အသင်း တိုက်စစ်မှူး ကိုင်ဟာဗတ်ဇ်ဟာ အသင်းသစ် အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၂၉ ဂျာစီ ဝတ်ဆင်ဖို့ ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။

ဟာဗတ်ဇ်က “ဒီနံပါတ်ကို ကျနော်ဝတ်ဆင်တာ နှစ်တွေ အများကြီးရှိပါပြီ။ ကျနော် ဂျာမနီမှာ ပရော်ဖက်ရှင်နယ် တစ်ဦး ဖြစ်လာချိန်တုန်းကလည်း အဲဒီနံပါတ်ကိုပဲ ရွေးချယ်ခဲ့ပြီး ဒါဟာ ကျနော့်ကို အမြဲတမ်း ကံကောင်းစေခဲ့ပါ တယ်။ ကျနော်ဟာ ပရော်ဖက်ရှင်နယ် တစ်ဦးဖြစ်လာတဲ့ အချိန်မှာလည်း ဒီနံပတ်ကိုပဲ ယူခဲ့ပြီး ဘာဖြစ်လို့လဲဆိုရင် ကျနော့်အစ်ကိုနဲ့ သမိုင်းကြောင်းတွေရှိလို့ပါ။ ကျနော်တို့အတူတူ ဗွီဒီယိုဂိမ်းတွေ ကစားတဲ့ အချိန်မှာလည်း ဒီနံပါတ်ကို ယူခဲ့ပါတယ်။ ဒါဟာ ကျနော့်အတွက်တော့ ပြီးပြည့်စုံတဲ့ နံပတ်ပါပဲ”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၂၄ နှစ်အရွယ်ရှိ ကိုင်ဟာဗတ်ဇ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ ကြေး ပေါင် ၆၅ သန်းနဲ့ သဘောတူညီမှု ရရှိထားတာဖြစ်ပြီး ကစားသမားကလည်း ပြီးခဲ့တဲ့အပတ်က စပိန်မှာ ဆေးစစ်မှု ပြီးမြောက်ခဲ့ပါတယ်။

ဟာဗတ်ဇ်ကိုတွေ့ရစဉ်

ဒီအပြောင်းအရွှေ့ကို တရားဝင် မကြေညာခင်ကတည်းက ဟာဗတ်ဇ်နဲ့ အာဆင်နယ်အသင်းတို့ အင်တာဗျူး ထားတဲ့ ဗွီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ ပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင် ကစားသမားဟာ လေဗာကူဆင်အသင်းမှာ ကစားချိန်ကတည်းက ကျောနံပါတ် ၂၉ ကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး အသင်းဟောင်း ချယ်လ်ဆီးနဲ့ အသင်းသစ် အာဆင်နယ်အသင်းတို့မှာလည်း ဒီနံပါတ်ကိုပဲ ဆက်ပြီး ဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ဟာဗတ်ဇ်ကို ခေါ်ယူနိုင်ပြီးနောက် ဒီကလန်ရိုက်စ်နဲ့ တင်ဘာစ်တို့ကို ခေါ်ယူနိုင်ဖို့လည်း ဆက်ပြီး ကြိုးစားနေပါတယ်။

အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ပေါင် ၁၀၅ သန်းနဲ့ တတိယအကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။ 

လန်ဒန်ကလပ်ဟာ အေဂျတ်ဇ်နောက်ခံလူ တင်ဘာစ်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူပြီးနောက် ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

Source: Metro