CNI Sport News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ပါတေးနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှု ပြုလုပ်တာမှာ ရပ်တန့်သွား ခဲ့တာကြောင့် အလွတ်နဲ့ ဆုံးရှုံးရဖွယ် ရှိနေပါတယ်။ 

၂၀၂၀ ခုနှစ်က အသလက်တီကို အသင်းကနေ ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ပါတေးဟာ အာဆင်နယ် အသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာပါ။ 

ပါတေးဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေကြောင့် အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် ဒီရာသီမှာ ပုံစံကောင်းတွေနဲ့ ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပါတေးဟာ ကွင်းလယ်အပြင် ညာနောက်ခံလူအဖြစ် ကစားခဲ့ရတဲ့ ပွဲတွေမှာလည်း ခြေစွမ်းပြသနိုင်ခဲ့တာပါ။ 

အာဆင်နယ်အသင်း နည်းပြ အာတီတာက ကလပ်အသင်းဟာ ပါတေးနဲ့ စာချုပ်သစ်အတွက် မကြာခင်မှာ ဆွေးနွေးမှုပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့လက ပြောထားခဲ့ပါတယ်။ 

ဒေးလီးမေးလ်ကတော့ အပြောင်းအရွှေ့ ဈေးကွက် ပြန်ဖွင့်မယ့် ရက်အနည်းငယ်အထိ အာဆင်နယ်အသင်းနဲ့ ပါတေးတို့ဟာ စာချုပ်သစ်အတွက် တိုးတက်မှု မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ 

ပါတေးကိုတွေ့ရစဉ်

ဒီအခြေအနေကို မပြောင်းလဲနိုင်ရင် ပါတေးဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပြင်ပကလပ် အသင်းတွေနဲ့ အကြို စာချုပ်ချုပ်ဆိုလို့ရမှာ ဖြစ်ပါတယ်။ 

ဒီရာသီအကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ပါတေးကို ခေါ်ယူဖို့ စီးရီးအေ ကလပ်အသင်းတွေနဲ့ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားပြီး စောင့်ကြည့်နေကြတာပါ။ 

အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း အလန်စမစ်က ပါတေး ထွက်ခွာခဲ့ရင် အသင်းအနေနဲ့ အေစီမီလန် အသင်း ကွင်းလယ်လူ ရိုင်ဒါကို ခေါ်ယူဖို့ ပြောထားပါတယ်။

ရိုင်ဒါဟာ အေစီမီလန်အသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဥရောပထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် အဖြစ်ရှိနေတာပါ။

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဲဗာတန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro