CNI Sport News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃

အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းဟာ စပိန်နဲ့ ရီးရယ်လ်အသင်း ဂန္ထဝင် ရာမို့စ်ကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ 

ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ဆီဗီလာအသင်းနဲ့ စာချုပ် ကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီအကုန် ကတည်းက အသင်းလက်မဲ့အဖြစ် ရှိနေတာပါ။

ရာမို့စ်ဟာ နောက်ခံလူ မီလီတာအိုရဲ့ ကာလရှည်ကြာ အနားယူရမယ့် ဒဏ်ရာကြောင့် ရီးရယ်လ်အသင်းထံ ပြန်လာဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် စပိန်ကလပ်က ဒီသတင်းတွေကို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ 

TYC Sports က ဘိုကာဂျူနီယာအသင်းဟာ ရာမို့စ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ ကြီးကြီးမားမား ပြင်ဆင်နေတာကြောင့် ရာမို့စ်ဟာ ၂၀၂၅ ခုနှစ်ထဲမှာ ကစားသမားဘဝ ပြန်လည်စတင်နိုင်မယ်လို့ ဖော်ပြထား တာပါ။ 

ရာမို့စ်ကို တွေ့ရစဉ်

ဘိုကာဂျူနီယာအသင်းဟာ ရာမို့စ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု မရှိသေးပေမယ့် အသင်းဥက္ကဋ္ဌ ရီကွယ်လ်မီဟာ မကြာခင်မှာ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ပြီး ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ 

ရာမို့စ်အနေနဲ့ ဘိုကာဂျူနီယာအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရင် အာဂျင်တီးနား ကလပ်အသင်းနဲ့အတူ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ခွင့်ရရှိမှာပါ။

ဘိုကာဂျူနီယာအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု C မှာ ဘိုင်ယန်မြူးနစ်၊ အော့ကလန်စီးတီး၊ ဘင်ဖီကာ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ 

ဘိုကာဂျူနီယာအသင်းဟာ ဒီရာသီ အာဂျင်တီးနား လိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၆ နေရာ ရပ်တည် နေကာ ဒီတစ်ပတ်ပွဲစဉ်အဖြစ် အင်ဒီပန်ဒီယန်ဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal