CNI Sport News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄

အဲဗာတန်အသင်း ကွင်းလယ်ကစားသမားဟောင်း လီတိုင်ဟာ အကျင့်ပျက် ခြစားမှုစွဲချက်နဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရတယ်လို့ တရုတ်အစိုးရမီဒီယာက ဖော်ပြထားပါတယ်။

၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တရုတ်လက်ရွေးစင် အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ လီတိုင်ဟာ လာဘ်ပေး လာဘ်ယူမှု ၂ မျိုးစလုံး ပြုလုပ်ခဲ့ပြီး ၂၀၁၅ ကနေ ၂၀၂၁ ခုနှစ်အတွင်း ပွဲတွေမှာ လုပ်ပွဲပြုလုပ်ခဲ့ကြောင်းကို ဝန်ခံခဲ့တာပါ။ 

တရုတ်နိုင်ငံမှာ အားကစားဆိုင်ရာ အကျင့်ပျက်ခြစားမှု နှိပ်နှင်းမှုအတွင်း နည်းပြနဲ့ ကစားသမား တစ်ဒါဇင်ကျော် ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်  ဒီစီရင်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ လီတိုင်ဟာ နည်းပြလောကထဲကို ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဟာဘေးချိုင်းနားအသင်းကို သူ့ရဲ့နည်းပြဘဝ ပထမဆုံးကလပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။

လီတိုင်ကို တွေ့ရစဉ်

နောက်ပိုင်းမှာ လီတိုင်ဟာ တရုတ်လက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာပါ။ 

တရားရုံးက လီတိုင်ဟာ ၂၀၁၅ ကနေ တရုတ်အသင်း နည်းပြရာထူးကို အဆုံးသတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း လာဘ်ငွေ ဒေါ်လာ ၁၆ သန်းကျော်ကို လက်ခံခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

လီတိုင်ဟာ ကစားသမားအချို့ကို မျက်နှာသာပေးပြီး ရွေးချယ်တာနဲ့ ပွဲတွေကို လုပ်ပွဲပြုလုပ်ခဲ့တာမှာ လာဘ်ပေး လာဘ်ယူ ပြုလုပ်ခဲ့တာပါ။ 

အခုနှစ် အစောပိုင်းက နိုင်ငံပိုင်မီဒီယာ CCTV က ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်မှာ လီတိုင်ဟာ အရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့အတွက် တောင်းပန်ခဲ့ပါတယ်။

လီတိုင် မတိုင်ခင်က တရုတ်ဘောလုံးအကြီးအကဲ Chen Xuyuan ကို လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တာပါ။ 

လီတိုင်ဟာ ပရီးမီးယားလိဂ် အဲဗာတန်အသင်းမှာ ပွဲပေါင်း ၄၀ ပါဝင်ကစားခဲ့ပြီး ရှက်ဖီးယူနိုက်တက်အသင်းမှာ ၁ ပွဲသာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

Source: Dailymail