
- By CNI
- Category: အားကစား
- Hits: 1105
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁
ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပီအက်စ်ဂျီကနေ သူထွက်ခွာခဲ့တဲ့ ၂၀၁၆ ကတည်းက လီဂူးဝမ်းဟာ ကျဆင်း သွားပြီလို့ ပြောလိုက်ပါတယ်။
အီဘရာဟီမိုဗစ်က “ ကျနော်ပြင်သစ်ကနေ ထွက်ခွာသွားပြီး ကတည်းက အရာအားလုံးဟာ ကျဆင်းသွားပါပြီ။ ပြင်သစ်နဲ့ ပတ်သက်ပြီး ပြောစရာ ဘာမှမရှိပါဘူး။ ပြင်သစ်က ကျနော့်ကို လိုအပ်ပေမယ့် ကျနော်ကတော့ ပြင်သစ်ကို မလိုအပ်ပါဘူး။ ခင်ဗျားတို့မှာ မက်ဆီ၊ နေမာနဲ့ ဘတ်ပီ ရှိရင်တောင် နတ်ဘုရားကြီး မရှိလို့ ဒါကို အကူအညီ ပေးနိုင်မှာ မဟုတ်ဘူး”လို့ Canal Plus ကို ပြောခဲ့တာပါ။
အီဘရာဟီမိုဗစ်ဟာ လက်ရှိ လီဂူးဝမ်းရဲ့ ပုံရိပ်ကို မြင့်မားအောင် ထိန်းထားဖို့အတွက် မက်ဆီ၊ နေမာ၊ ဘတ်ပီတို့နဲ့ မလုံလောက်ဘူးလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
ဆွီဒင်ကစားသမားဟာ ပီအက်စ်ဂျီ အသင်းမှာ ၂၀၁၂ ကနေ ၂၀၁၆ အထိ ၄ ရာသီကြာ ကစားခဲ့တာပါ။ သူဟာ ပြင်သစ် ကလပ်အတွက် ကစားပေးခဲ့တဲ့ ပွဲပေါင်း ၁၈၀ မှာ ၁၅၆ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဆုဖလားပေါင်း ၁၂ လုံးအထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီ၊ နေမာ၊ ဘတ်ပီတို့ကိုတွေ့ရစဉ်
အီဘရာဟီမိုဗစ်ဟာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီးနောက် ယူနိုက်တက်၊ အယ်လ်အေ ဂလက်ဇီနဲ့ အခု အေစီမီလန် အသင်းမှာ ဒုတိယအကြိမ် ကစားနေတာပါ။ အီဘရာဟီမိုဗစ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အနားယူ နေရ ပေမယ့် အေစီမီလန် အသင်းဟာ အခုနှစ် ရာသီအကုန်ထိ ၁ နှစ် သက်တမ်းတိုး ထားတာ ဖြစ်ပါတယ်။
အီဘရာဟီမိုဗစ်ဟာ အသက် ၄၁ နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့် အခုအချိန်ထိ အနားယူဖို့ အကြောင်းကို စဉ်းစားခြင်း မရှိသေးပါဘူး။
အီဘရာဟီမိုဗစ်က “ကျနော်အနားယူမှာ မဟုတ်ပါဘူး။ ကျနော် ပြန်လာမှာပါ။ အရှုံးပေးသွားမှာ မဟုတ်ဘူး”လို့ ဂါဇတ်တာဒယ်လိုစပေါ့နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အီဘရာဟီမိုဗစ်ရဲ့ အသင်းဟောင်း ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့ ၃ ဦးရဲ့ တိုက်စစ် စွမ်းဆောင်ရည်တွေကြောင့် ပြင်သစ်လီဂူးဝမ်း အမှတ်ပေးဇယားကို ဦးဆောင်နေသလို ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 876
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁
နော်တင်ဟမ်ဖောရက်စ် အသင်းကို ၅ ဂိုး- ဂိုး မရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိသွားတဲ့ ဆာကာအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ မလွဲချော်ဘဲ ပါဝင်နိုင်ဖို့ မျှော်လင့်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောလိုက်ပါတယ်။
အာတီတာက “ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သံသယမဖြစ်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ဆိုးရွားတဲ့ ကန်ချက်ကြောင့် သူဟာ ထော့နဲ့ ထော့နဲ့ ဖြစ်နေပေမယ့် အဲ့ဒီထက် ပိုပြီး ဖြစ်တယ်လို့ ကျနော်မမြင်မိပါဘူး။ သူဟာ ခြေကျင်းဝတ်နဲ့ ခြေထောက် ၂ ခုစလုံးကို အကြိမ်အနည်းငယ် ကန်ခံခဲ့ရပါတယ်”လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွား ပါတယ်။
ဆာကာဟာ ပွဲအစပိုင်းမှာ သွင်းယူခဲ့တဲ့ မာတင်နယ်လီရဲ့ သွင်းဂိုးကို ဖန်တီးနိုင်ခဲ့ပေမယ့် နော်တင်ဟမ် ဖောရက်စ် နောက်ခံလူ လိုဒီရဲ့ ဖျက်ထုတ်မှုကြောင့် ကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။
ဆာကာဟာ ကုသမှုခံယူပြီးနောက် အာဆင်နယ်အတွက် ပြန်ကစားခဲ့ပေမယ့် အဆင်မပြေတော့တာကြောင့် ၁၀ မိနစ်အကြာ ပွဲချိန် ၂၇ မိနစ်မှာ လူစားလဲခံရတာပါ။ အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ နယ်လ်ဆန်နဲ့ လူစား လဲပြီးနောက် ဥမင်ထဲကို တန်းပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာကိုတွေ့ရစဉ် (Reuters)
အာဆင်နယ် အကယ်ဒမီထွက် ဆာကာရဲ့ ဒဏ်ရာ အခြေအနေဟာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်အတွက် စိုးရိမ် စရာ ဖြစ်ခဲ့ရပါတယ်။
ဆောက်ဂိတ်နဲ့ အင်္ဂလန်အသင်းဟာ အာတီတာ ပြောတဲ့အတိုင်း ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်နေတာ ဖြစ်ပါ တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကျင်းပဖို့ ရက်အနည်းငယ်သာ ကျန်ရှိတော့တာဖြစ်ပြီး အင်္ဂလန်အသင်းဟာ နိုဝင်ဘာလ ၂၁ ရက်မှာ အီရန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အသက် ၂၁ နှစ်အရွယ်ရှိ ဆာကာဟာ အာဆင်နယ် အတွက်ရော အင်္ဂလန်အသင်းအတွက်ပါ အားထားရတဲ့ အဓိက ကစားသမား ၁ ဦးအဖြစ် ရှိနေတာ ဖြစ်ပါတယ်။
ဆာကာဟာ အင်္ဂလန်အတွက် ပွဲပေါင်း ၂၀ ကစားအပြီးမှာ ၄ ဂိုး သွင်းယူထားကာ အာဆင်နယ်အတွက် ၁၄၇ ပွဲ ကစားထားပြီး ၂၈ ဂိုး သွင်းယူထားတာပါ။
အာဆင်နယ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ပွဲစဉ် ၄ ပွဲ ကစားသွားဖို့ ရှိပြီး ကြားရက်မှာ ကစားမယ့် ဇူးရစ်နဲ့ ယူရိုပါလိဂ်ပွဲမှာတော့ ဆာကာ ပါဝင်နိုင်ဖို့ မရှိတော့ပါဘူး။
ဒီပွဲပြီးရင် အာဆင်နယ်အသင်းဟာ ချယ်လ်ဆီး၊ ဝုလ်ဗ်စ်တို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ ဘရိုက်တန်နဲ့ ကာရာဘောင်း ဖလား ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 1158
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁
ဝက်စ်ဟမ်းအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အတွက် လက်စွမ်းပြသခဲ့တဲ့ ဒီဂီယာက အနည်းငယ် ပင်ပန်းတယ်လို့ ခံစားရကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒီဂီယာက “ ကျနော် အနည်းငယ် ပင်ပန်းတယ်လို့ ခံစားနေရပါတယ်။ လူတွေကတော့ ဂိုးသမားတွေ မပင်ပန်းဘူး လို့ ထင်နေကြပေမယ့် အဆုံးသတ်မှာ ကျနော်တို့လည်း ပင်ပန်းမှုဒဏ်ကို ခံရတာပါပဲ။ ကျနော်တို့ ပွဲကို ကောင်းမွန် စွာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာ ခက်ခဲခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ နိုင်ပွဲပါ။ ထိပ်ဆုံးနေရာကို သွားချင် ရင်တော့ ဒီလိုပွဲမျိုးမှာ အနိုင်ရအောင် လုပ်ဆောင်ရမှာပါ။ ဂိုးမပေးရအောင် ကာကွယ်ပြီး အကူအညီတွေ ပေးချင် လို့ ဒီမှာ ရှိနေတာပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။
ဒီဂီယာဟာ ဒီပွဲမှာ ယူနိုက်တက်အသင်း ၃ မှတ် ရရှိအောင် ဟီးရိုးသဖွယ် ဂိုးကာကွယ်မှု အများအပြားကို ကာကွယ် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း နောက်ခံလူ ဇူးမားရဲ့ ခေါင်းတိုက်ချက်နဲ့ ပွဲမပြီးဆုံးခင် ဒီကလန်ရိုက်စ်ရဲ့ ကောင်းမွန်တဲ့ ကန်သွင်းချက်တွေကို ဒီဂီယာက လက်စွမ်းပြပြီး ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒေးဗစ်မိုယက်စ်က ဒီဂီယာကို အသိအမှတ်ပြု နှုတ်ဆက်နေစဉ် (United In Focus)
ပွဲသိမ်းခရာမှုတ် အပြီးမှာ ယူနိုက်တက် အသင်းဖော်တွေဟာ ဒီဂီယာကို ဝိုင်းဝန်း ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ် ကတောင် ပွဲအပြီးမှာ ဒီဂီယာကို ချီးကျူးသွားခဲ့တာပါ။
ဒေးဗစ်မိုယက်စ်က “ဒီဂီယာက အလွန်ကောင်းမွန်ပါတယ်။ သူဟာ ဘယ်လောက်တောင် ကောင်းတဲ့ ဂိုးသမားလဲ ဆိုတာ ကျနော်တို့ သိပါတယ်။ သူဟာ ဒီမှာ နှစ်အတော်ကြာအောင် ဂိုးသမားကောင်း တစ်ဦးအဖြစ် ရှိနေခဲ့တာပါ။ ဒီပွဲမှာ သူဟာ အပိုင်အခွင့်အရေး ၂ ကြိမ် ကာကွယ်နိုင်ခဲ့တာ အားလုံးလည်း သိကြပါတယ်။ သူဟာ အလွန်တော်တဲ့ သူဖြစ်လို့ ချီးကျူးချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒီဂီယာဟာ အခုနောက်ပိုင်း ပွဲတွေမှာ ယူနိုက်တက်အတွက် လက်စွမ်းပြ နေပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းရဲ့ ပဏာမကစားသမား ၅၅ ဦးထဲမှာ ချန်လှပ်ခံခဲ့ရတာပါ။
အဲ့ဒါကြောင့် ဒီဂီယာဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အကောင်းဆုံး လက်စွမ်းပြပြီး ပြီးပြည့်စုံတဲ့ တုံ့ပြန်မှု ပြုလုပ်နိုင်ခဲ့တယ် လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တာကြောင့် အဆင့် ၄ နေရာက နယူးကာဆယ်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ကြားရက်မှာ ယူရိုပါလိဂ်ပွဲအဖြစ် ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရ မှာ ဖြစ်ပါတယ်။
Source: Goal/Daily Mail

- By CNI
- Category: အားကစား
- Hits: 946
CNI International News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၉
တူနီးရှားအစိုးရအနေနဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေမှာ ဝင်ရောက် စွက်ဖက်နေမယ်ဆိုရင် ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တူနီးရှားအသင်းကို ထုတ်ပယ်နိုင်တယ်လို့ ဖီဖာက သတိပေးလိုက်ပါတယ်။
ဖီဖာရဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဥပဒေနဲ့ နိုင်ငံရေး ဝင်ရောက် စွက်ဖက်တာကနေ ကင်းဝေးရမယ်ဆိုတဲ့ အချက် ပါ ရှိတာပါ။ ဒါပေမယ့် တူနီးရှားလူငယ်နဲ့ အားကစားဝန်ကြီး ကာမယ်လ်က ဘောလုံးအဖွဲ့ချုပ်ကို ဖျက်သိမ်းနိုင်တယ် ဆိုပြီး ပြောခဲ့တဲ့ မှတ်ချက်ကြောင့် ဖီဖာက စိုးရိမ်မှုတွေရှိလာပြီး အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ သူတို့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွယ်တယ်ဆိုရင် လက်ရှိ အသင်းအဖွဲ့ တွေကို ဆိုင်းငံ့တာ အပါအဝင် ပြစ်ဒဏ်တွေလည်း ချမှတ်ခံရနိုင်တယ်လို့ ဖီဖာက ပြောထားတာပါ။
တူနီရှားအနေနဲ့ ဖီဖာရဲ့ သတိပေးမှုကို သောကြာနေ့ နောက်ဆုံးထားပြီး တုံ့ပြန်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင် ပွဲမှာ လက်ရှိ ချန်ပီယံ ပြင်သစ်၊ ဒိန်းမတ်၊ သြစတြေးလျတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ တူနီးရှားအသင်း ဟာ နိုဝင်ဘာလ ၂၂ ရက်မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
တူနီးရှားကစားသမား ပြိုင်ဘက်နဲ့ ဘောလုံး ယှဉ်လုနေစဉ် (Africa Top Sports)
ဖီဖာဟာ မကြာသေးခင်ကလည်း အစိုးရ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် ဇင်ဘာဘွေနဲ့ ကင်ညာတို့ကို ဆိုင်းငံ့တဲ့ ပြစ်ဒဏ်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။
တတိယအဖွဲ့အစည်း လွှမ်းမိုးမှု ကြီးထွားလာတာကြောင့် အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကိုလည်း သြဂုတ်လက ပိတ်ပင် ခဲ့ပြီး နောက်ပိုင်းမှာ ပိတ်ပင်မှုကို ပြန်လည် ရုပ်သိမ်းပေးခဲ့တာပါ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်မှာ အိမ်ရှင်ကာတာနဲ့ အီကွေဒေါတို့ ပွဲစဉ်နဲ့ စတင်မှာ ဖြစ်ပါတယ်။ တူနီးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ် ယှဉ်ပြိုင်ခဲ့ပေမယ့် ၁ ကြိမ်မှ အုပ်စုကနေ ကျော်လွန်ခြင်း မရှိခဲ့ တာပါ။
နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ကို အရေးနိမ့်ခဲ့ပြီး ပနားမား အသင်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
Source: The Sun

- By CNI
- Category: အားကစား
- Hits: 686
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၉
ရုရှားအသင်းဟာ နိုဝင်ဘာလမှာ ဥဇဘတ်ကစ္စတန်၊ တာဂျစ်ကစ္စတန်တို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြလာကြပါတယ်။
ရုရှားအသင်းဟာ အစောပိုင်းက အီရန်၊ ဘော့စနီးယားတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ်လို့ ပြောထားပေမယ့် ဒီအစဉ် ဟာ မသေချာ မရေမရာ ဖြစ်နေပါတယ်။
Match TV က ရုရှားအသင်းဟာ တာဂျစ်ကစ္စတန်ကို သွားရောက်ကာ နိုဝင်ဘာလ ၁၇ ရက်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင် မှာဖြစ်ပြီး နောက် ၃ ရက်အကြာမှာတော့ ဥဇဘတ်ကစ္စတန်အသင်းနဲ့ ကစားမယ်လို့ ဖော်ပြထားပါတယ်။
ဒီသတင်းကို ရုရှားဘောလုံးအဖွဲ့ချုပ်က အတည်မပြုထားပေမယ့် တာဂျစ်ကစ္စတန် အာဏာပိုင်တွေနဲ့ ပွဲစဉ် တစ်ပွဲ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ရုရှားအသင်းဟာ နိုဝင်ဘာလထဲမှာ အီရန်၊ ဘော့စနီးယားတို့နဲ့ ခြေစမ်းမယ်လို့ ပြီးခဲ့တဲ့လက ပြောထားပေမယ့် အီရန်နဲ့ ကစားမယ့်ပွဲအတွက် နေ့ရက်နဲ့ နေရာကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အီရန်အသင်းဟာ နိုဝင်ဘာလ ၁၀ ရက်မှာ နီကာရာဂွာအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာပါ။
ရုရှား အမျိုးသား ဘောလုံးအသင်းကိုတွေ့ရစဉ် (RT)
ဘော့စနီးယား ဘောလုံး တာဝန်ရှိသူတွေက ရုရှားအသင်းနဲ့ နိုဝင်ဘာလ ၁၉ ရက် စိန့်ပီတာစဘတ်ရှိ ဂတ်စပွန် အရီနာမှာ ခြေစမ်းပွဲကစားဖို့ မူအရ သဘောတူညီထားကြောင်း စက်တင်ဘာလက အတည်ပြုခဲ့ပါတယ်။
ဒါပေမယ့် ဘော့စနီးယား လက်ရွေးစင် အဓိက ကစားသမားတွေဖြစ်တဲ့ ဂျက်ကိုနဲ့ ယာနစ်အပြင် ဘော့စနီးယား ဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင်တွေကပါ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဘော့စနီးယား ဘောလုံးအဖွဲ့ချုပ်ဟာ ဒီပွဲမကစားဖို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ရဲ့ ဖိအားပေးခြင်းကိုလည်း ခံခဲ့ ရတာပါ။
ရုရှားလက်ရွေးစင်နဲ့ ကလပ် အသင်းတွေဟာ ယူကရိန်းပဋိပက္ခကြောင့် ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်း ခံထားရပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ရုရှားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသလို လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲပါ ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။
ရုရှားအသင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံးပွဲအဖြစ် ကာဂျစ္စတန်အသင်းနဲ့ ပြီးခဲ့တဲ့ လက ခြေစမ်းပွဲ ကစားခဲ့တာမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: အာတီရ်သတင်းဌာန

- By CNI
- Category: အားကစား
- Hits: 720
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၉
ဘရာဇီးလ်နဲ့ ပီအက်စ်ဂျီ ကစားသမား နေမာအပေါ် လိမ်လည်မှု၊ အကျင့်ပျက်ခြစားမှု စွဲချက် တင်ထားတာတွေကို စပိန်အစိုးရရှေ့နေတွေက ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ပါတယ်။
၂၀၁၃ က ဆန်းတို့စ်ကနေ ဘာစီလိုနာကို ပြောင်းခဲ့တဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး နေမာအပြင် အခြားသူတွေ ကိုလည်း စွဲချက်တင်ထားတာ ဖြစ်ပါတယ်။
အစိုးရရှေ့နေတွေဟာ ကနဦးက နေမာကို ထောင်ဒဏ် ၂ နှစ်နဲ့ ဒဏ်ကြေးငွေ ယူရို ၁၀ သန်းချမှတ်ခံရဖို့ လုပ် ဆောင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စွပ်စွဲသူတွေ အားလုံးအပေါ် သူတို့စွဲခဲ့တဲ့ စွဲချက်တွေကို ရုပ်သိမ်းတယ်လို့ ကြေညာခဲ့တာပါ။
တခြား တရားခံတွေကတော့ နေမာရဲ့ မိဘတွေ၊ ကလပ် ၂ သင်း ၊ ဘာစီလိုနာ ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ဘာတိုမြူ နဲ့ ရိုဆယ်လ်၊ ဆန်းတို့စ်ဥက္ကဋ္ဌဟောင်း အိုဒီလီယိုတို့ ဖြစ်ပါတယ်။
နေမာကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး ဒီအပြောင်းအရွှေ့အတွက် ဆွေးနွေးမှုမှာ သူမပါဝင်ခဲ့ဘူးလို့ ပြောထားပါတယ်။
နေမာ ဘာစီလိုနာမှာ ကစားခဲ့စဉ်
ဆန်းတို့စ်ကနေ ဘာစီလိုနာထံ ပြောင်းဖို့ ၂၀၁၁ မှာ သဘောတူညီမှု ရခဲ့တာဖြစ်ပြီး နောက် ၂ နှစ်အကြာမှာ ဒီ အပြောင်းအရွှေ့ကို အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အချိန်က နေမာရဲ့ အခွင့်အရေး ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီ DIS က ပြောင်းရွှေ့ကြေးဟာ မတန်တဆဖြစ်လို့ သူတို့ ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
ဘာစီလိုနာအသင်းဆီ နေမာ ပြောင်းရွှေ့ခဲ့ချိန်က ပြောင်းရွှေ့ကြေးဟာ ယူရို ၅၇.၁ သန်းဖြစ်ပြီး အဲ့ဒီထဲက ယူရို သန်း ၄၀ ကို ကစားသမားရဲ့ မိသားစုထံ ပေးခဲ့ရတယ်လို့ စပိန်ကလပ်က ပြောခဲ့ပါတယ်။
အဲ့ဒါကြောင့် DIS ဟာ ဘရာဇီးလ်ကလပ် ဆန်းတို့စ်ထံပေးချေတဲ့ ကျန်ပြောင်းရွှေ့ကြေး ယူရို ၁၇.၁ သန်းထဲက ရှယ်ယာ ၄၀ ရာခိုင်နှုန်းပဲ ရရှိခဲ့တာပါ။ နေမာဟာ ၂၀၁၇ က စပိန်တရားရုံးချုပ်မှာ အယူခံဝင်ခဲ့ပြီး အရေးနိမ့်ခဲ့တာ ကြောင့် အခုလို စပိန်အစိုးရရှေ့နေတွေရဲ့ ရုံးတင် စစ်ဆေးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
DIS က နေမာကို ထောင်ဒဏ် ၅ နှစ် ချမှတ်ဖို့ တောင်းဆိုထားပြီး ဘာတိုမြူ၊ ရိုဆယ်လ်တို့ကိုလည်း ထောင်ဒဏ်နဲ့ ဒဏ်ကြေးငွေ ယူရို ၁၄၉ သန်းပေးချေဖို့ အလိုရှိခဲ့တာပါ။
ဒါပေမယ့် နေမာရဲ့ မိသားစုကိုယ်စားပြု ရှေ့နေက စပိန်အပြင်ဘက်မှာ ဘရာဇီးလ်နိုင်ငံသားတွေ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် စပိန်တရားရုံးအနေနဲ့ နေမာရဲ့ မိသားစု၊ သူတို့ရဲ့ ကုမ္ပဏီကို တရားစွဲဆိုခွင့် မရှိဘူးလို့ ပြောခဲ့ တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1290
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၉
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ယူနိုက်တက်ပြန်လာပြီလို့ပြောပြီး မြို့ခံပြိုင်ဘက်ရဲ့ တိုးတက်မှုတွေကို မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။
ဂွာဒီယိုလာက “ယူနိုက်တက်ပြန်လာနေပြီလို့ ကျနော်ခံစားနေရပါတယ်။နောက်ဆုံးမှာ ယူနိုက်တက်ပြန်လာပါပြီ။ မနေ့က ကစားခဲ့တဲ့ ရှရစ်ဖ်နဲ့ ယူရိုပါလိဂ်၊ ချယ်လ်ဆီးအသင်းနဲ့ ပထမပိုင်းပွဲစဉ်တွေမှာ ဒါကို ကျနော်မြင်တွေ့ခဲ့ ရတာပါ။ယူနိုက်တက်ကို အခုလိုမြင်တွေ့ရတာက ကျနော်သဘောကျပါတယ်။ဒီလိုပဲ အသင်းတွေလည်း အများကြီးရှိတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီနည်းပြ အဲရစ်တန်ဟတ်လက်ထက်မှာ ရာသီအစ ပွဲစဉ် ၂ ပွဲအရေးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အကောင်းဆုံးပုံစံပြန်လည်ရရှိနေတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ မန်စီးတီး အသင်းကို ၆ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ပြီးကတည်းက နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၇ ပွဲစလုံး ရှုံးပွဲမရှိ အကောင်းဆုံးဖြတ်သန်းနေတာပါ။ဒီ ၇ ပွဲမှာ နိုင်ပွဲ ၅ ပွဲနဲ သရေပွဲ ၂ ပွဲရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန်နောက်ဆုံးရယူပေးခဲ့တဲ့ ၂၀၁၃ နောက်ပိုင်း ပရီးမီးယားလိဂ်ဖလား နဲ့ ဝေးကွာနေခဲ့သလို ဆုဖလားနောက်ဆုံးရယူခဲ့တာက မော်ရင်ဟိုကိုင်တွယ်ခဲ့တဲ့ ၂၀၁၇ က ဖြစ်တာပါ။ အဲဒီ နောက်ပိုင်း ယူနိုက်တက်အသင်းဟာ ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အဆင့် ၁ နေရာ က အာဆင်နယ်နဲ့ ၈ မှတ်ကွာဟနေတာပါ။
မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းပိုင်ရှင်ပြောင်းလဲပြီးနောက် ရလဒ်ပိုင်းတိုးတက်လာတဲ့ နယူးကာဆယ် အသင်းအကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ဂွာဒီယိုလာက “နယူးကာဆယ်က အခုဆုဖလား ယှဉ်ပြိုင်မယ့် နေရာကို ရောက်ရှိနေပါပြီ။စပါးနဲ့ပွဲမှာ သူတို့ကို ကြည့်လိုက်ရပါတယ်။သူတို့ရဲ့ ဗဟိုခံစစ်ကစားသမားတွေက ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ကို အကောင်းဆုံးလုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။သူတို့မှာ ကစားသမားသစ်တွေရှိပြီး ရဲရဲရင့်ရင့်နဲ့ ယှဉ်ပြိုင်နိုင်သလို ချန်ပီယံဆုအတွက်ရှိမယ့် ပြိုင်ဘက်တွေပါ” လို့ ပြောခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ပွဲမှာ အနိုင်ကစားထားပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာ အထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 971
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈
ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ မြင့်မားလာချိန်မှာ မင်းသားဝီလျံဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားပွဲတွေကြည့်ဖို့ အဆိုပါနိုင်ငံကို သွားရောက်မှာ မဟုတ်ဘူးလို့ မနေ့ညက သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အက်ဖ်အေဥက္ကဋ္ဌအဖြစ် မင်းသားဝီလျံဟာ နိုဝင်ဘာလ ၂၁ ရက် အီရန်နဲ့ ကစားမယ့် အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား ပွဲစဉ်ကို တက်ရောက်ကြည့်ရှုဖို့ မျှော်လင့်ထား ကြပါတယ်။
ဒါပေမယ့် အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့မယ်ဆိုရင်တောင် မင်းသား ဝီလျံက သွားရောက်ကြည့်ရှုဖို့ မဖြစ်နိုင်တော့ဘူးလို့ The Sun သတင်းမှာ ဖော်ပြခဲ့ပါတယ်။
မင်းသားဟာ အလုပ်များတဲ့ အခြေအနေကြောင့် ဒီပြိုင်ပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
ကာတာနိုင်ငံဟာ အားကစားကွင်းရှိ အလုပ်သမားတွေရဲ့ အခြေအနေတွေ၊ နိုင်ငံရဲ့ လိင်တူဆက်ဆံမှုတွေ အပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကို ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြင်ဆင်မှုကိုတွေ့ရစဉ် (The New York Times)
ကာတာနိုင်ငံမှာ လိင်တူဆက်ဆံမှုဟာ တရားမဝင်ဘူးလို့ သိရပါတယ်။ မင်းသားဝီလျံဟာ LGBTQ+ အခွင့်အရေးတွေအတွက် ခိုင်မာတဲ့ ထောက်ခံသူအဖြစ် ကာလကြာရှည် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မင်းသား ဝီလျံဟာ လိင်တူချစ်သူမဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ပထမဆုံးတော်ဝင် ဖြစ်လာခဲ့တာပါ။
ဟာရီကိန်း အပါအဝင် အသင်းခေါင်းဆောင် အများအပြားဟာ ပြိုင်ပွဲကာလအတွင်းမှာ LGBTQ+ အခွင့်အရေးတွေ ကို ပံ့ပိုးပေးမယ့် လက်ပတ်တွေကို ဝတ်ဆင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် သြစတြေးလျ ကစားသမားတွေဟာ ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေအပေါ် ဝေဖန်တဲ့ ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့တာပါ။ ဒီပြိုင်ပွဲအပေါ် သပိတ်မှောက်ဖို့ တောင်းဆို မှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။
မင်းသားဝီလျံဟာ ပြီးခဲ့တဲ့ နောက်ဆုံးကမ္ဘာ့ဖလား ၂ ကြိမ်ဖြစ်တဲ့ ဘရာဇီးလ်နဲ့ ရုရှားတို့ကိုလည်း သွားရောက်ခဲ့ခြင်း မရှိပါဘူး။ သူနောက်ဆုံး တက်ရောက်ကြည့်ရှုခဲ့တဲ့ ကမ္ဘာ့ဖလားကတော့ ၂၀၁၀ က တောင်အာဖရိကမှာ ကျင်းပခဲ့ တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲပဲ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်၊ အီရန်၊ ဝေးလ်စ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 624
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈
ဒါရင်းဘန့်က ယူနိုက်တက်အသင်း အနေနဲ့ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူသင့်ပြီး ဒါဟာ ကလပ်နဲ့ ကစားသမားအတွက် အဓိပ္ပါယ်ရှိတဲ့ အပြောင်းအရွှေ့လို့ ပြောလိုက်ပါတယ်။
ဒါရင်းဘန့်က “ဟာရီကိန်းက ဘယ်ကိုသွားမှာလဲ။ စီးတီးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေက ကုန်ဆုံးသွားပါပြီ။ ယူနိုက်တက်ဟာ သူ့အတွက် ပြီးပြည့်စုံ ပါလိမ့်မယ်။ သူတို့လည်း ဗဟိုတိုက်စစ်မှူး လိုအပ်နေပါတယ်။ အဲ့ဒါကြောင့် ဒီအပြောင်းအရွှေ့က အဓိပ္ပါယ်ရှိပါတယ်”လို့ talkSPORT ကို ပြောခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ စပါးအတွက် ၄၀၃ ပွဲ ပါဝင်ကစားထားပြီး ၂၅၉ ဂိုး သွင်းယူထားတာ ဖြစ်ပါ တယ်။ ဟာရီကိန်းဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် စပါးအသင်းက ပိတ်ပင်ခဲ့ တာကြောင့် မန်စီးတီးအသင်းက သူ့အစား ဟာလန်းကို ခေါ်ယူသွားခဲ့တာပါ။
ဟာရီကိန်းဟာ စပါးအသင်းမှာ ဆက်လက် ရှိနေပေမယ့် ဆုဖလားရယူချင်တဲ့ စိတ်ဆန္ဒကြောင့် ဆုဖလားရနိုင်မယ့် အသင်းကြီး တစ်သင်းဆီ ပြောင်းဖို့ စိတ်ကူးရှိနေပါတယ်။
ဟာရီကိန်း ဂိုးသွင်းရန် ကြိုးပမ်းနေစဉ် (Sport)
ယူနိုက်တက်အသင်းကလည်း တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်နယ်ဒိုရဲ့ အနာဂတ်ဟာ မသေချာသလို၊ မာရှယ်က ဒဏ်ရာကြောင့် အနားယူနေရပြီး ရက်ရှ်ဖို့ဒ်ကလည်း ပုံမှန်ဂိုးသွင်းခြေ မရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အဲ့ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ တိုက်စစ်မှူး ခေါ်ယူဖို့ စီစဉ်နေပြီး ဟာရီကိန်းနဲ့ စပါးအသင်းတို့ ချုပ်ဆို ထားတဲ့ စာချုပ်ဟာ ၂၀၂၄ ရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါရင်းဘန့် ကတော့ ယူနိုက်တက်အနေနဲ့ ဟာရီကိန်းကို ခေါ်ယူဖို့ဆို အနည်းဆုံး ပေါင်သန်း ၁၀၀ သုံးစွဲရမယ်လို့လည်း ပြောခဲ့တာပါ။
ဒါရင်းဘန့်က “ ပြီးခဲ့တဲ့ ရာသီက ဟာရီကိန်း ထွက်ခွာချင်ခဲ့တယ်ဆိုတာ တော်တော်လေး ရှင်းခဲ့ပါတယ်။ မန်စီးတီး အသင်းက ပေါင်သန်း ၁၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် မရခဲ့ပါဘူး။ သူတို့ကတော့ ဒီပြောင်းရွှေ့ကြေးကို ထိုက်တန် တယ်လို့ ယူဆခဲ့ပေမယ့် စပါးအသင်းက ဒီထက် ပိုရသင့်တယ်လို့ ထင်ခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ဟာရီကိန်း ကို ခေါ်ချင်တယ်ဆိုရင် ပေါင်သန်း ၁၀၀ လောက် ကုန်ကျပါလိမ့်မယ်။ လီဗိုင်းကတော့ ပေါင်သန်း ၆၀ လောက်နဲ့ ထွက်ခွာခွင့်ပေးမယ့် နည်းလမ်းမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းဟာ ဒီရာသီမှာလည်း စပါးအသင်းအတွက် ခြေစွမ်းပြသနေပြီး ၁၇ ပွဲ ကစားအပြီးမှာ ၁၁ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 730
မီလန်မြို့ရှိ စူပါမားကတ်မှာ အာဆင်နယ်နောက်ခံလူ ပါဘလိုမာရီ ဓါးနဲ့ အထိုးခံရ
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈
အာဆင်နယ်အသင်းနောက်ခံလူ ပါဘလိုမာရီဟာ အီတလီနိုင်ငံ မီလန်မြို့အနီးရှိ စူပါမားကတ်မှာ ဓါးနဲ့ အထိုးခံခဲ့ ရပြီး သူအပါအဝင် အနည်းဆုံး ၅ ဦးဒဏ်ရာရကာ ၁ ဦးသေဆုံးသွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါ တယ်။
လူတစ်ဦးက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါစူပါမားကတ်က အသက် ၃၀ အရွယ်ရှိ ငွေကိုင်တစ်ဦး သေဆုံး သွားခဲ့တာလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြထားတာပါ။ဒဏ်ရာရသူတွေထဲမှာ အာဆင်နယ်ကနေ မွန်ဇာမှာ အငှားသွားကစားနေတဲ့ ပါဘလိုမာရီလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။အသက် ၄၆ နှစ်အရွယ်ရှိ သံသယရှိသူကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။အဲဒီ တိုက်ခိုက်သူဟာ စိတ်ကျန်းမာရေး ပြဿနာရှိနေတာဖြစ်ပြီး စူပါမားကတ် မှာရှိတဲ့ ဓါးကို ယူခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်သူ အမျိုးသားဟာ ဈေးဝယ်စင်တာကို လာရောက်တဲ့လူတွေကို ဓါးနဲ့ ထိုးခဲ့တာကြောင့် စင်တာရှိ လူ တွေဟာ ကြောက်လန့်တကြားနဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီလို တိုက်ခိုက်သူကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး အခင်းဖြစ်ရာနေရာကို ရောက်ရှိလာတဲ့ ရဲတွေထံ လွှဲပြောင်းပေးခဲ့ တာဖြစ်ပါတယ်။အသက် ၂၉ နှစ်အရွယ်ရှိ ပါဘလိုမာရီဟာ နောက်ကျောမှာ ဓါးထိုးဒဏ်ရာရခဲ့ပေမယ့် အသက် အန္တရာယ်စိုးရိမ်ရမှုမရှိဘူးလို့ အေးဂျင့်ဖြစ်သူက ပြောခဲ့တာပါ။
မွန်ဇာအသင်း စီအီးအို ဂယ်လီယာနီက ပါဘလိုမာရီဟာ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ဇနီးသည်၊ သားဖြစ်သူတို့နဲ့ ဈေးဝယ်ထွက်ခဲ့တယ်လို့ Sky Italy ကို ပြောခဲ့ပါတယ်။
“ပါဘလိုက နောက်ကျောကို ဓါးနဲ့ထိုးခံခဲ့ရပေမယ့် ကံကောင်းတာက အဆုတ် ဒါမှမဟုတ် အခြားအရေးကြီးတဲ့ အင်္ဂါရပ်တွေဆီကို မရောက်ခဲ့တာပါ။ သူ့အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။သူမြန်မြန်ပြန်ကောင်းလာမှာပါ။သူ့မှာ ဒဏ်ရာတွေရှိပေမယ့် သိပ်ပြီး မပြင်းထန်ပါဘူး” လို့ ဂယ်လီယာနီက ပြောခဲ့တာပါ။
၂၀၂၀ ဇန်နဝါရီက ဖလာမင်ဂိုကနေ ရောက်ရှိလာခဲ့တဲ့ ပါဘလိုမာရီဟာ အာဆင်နယ်အတွက် ၁၉ ပွဲ ပါဝင် ကစား ထားပြီး မနှစ်ကရာသီက အူဒီးနီးစ်မှာ အငှားသွားကစားခဲ့ရသလို အခုနှစ်မှာလည်း မွန်ဇာအသင်းထံ အငှားချ ထားခံရတာဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက “အီဒူးက သူ့ရဲ့ ဆွေမျိုးမိသားစုတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ ကျနော် သိပါတယ်။ဆေးရုံတက်နေရပေမယ့် သူအဆင်ပြေမှာပါ” လို့ ပြောခဲ့ပါတယ်။
Source:BBC