CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၄

စပိန်လူမျိုးနည်းပြ လူးဝစ်အင်းနရစ်က ပီအက်စ်ဂျီကနေ ထွက်ခွာဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် အင်စတာဂရမ်မှာ ပို့စ်တင်ကာ ငြင်းဆန်သွားခဲ့ပါတယ်။

လူးဝစ်အင်းနရစ်ဟာ ဘတ်ပီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စိတ်ပျက်နေတာကြောင့် အသင်းကို တာဝန်ယူ အပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ နည်းပြရာထူးကို ပြန်လည်စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့တာပါ။ 

ဒါ့အပြင် ပီအက်စ်ဂျီအသင်းရဲ့ ဘောလုံးအကြံပေး လူးဝစ်ကမ်ပို့စ်ဟာ သြဂုတ်လအကုန်မှာ အသင်းက ထွက်ခွာဖို့ အတွက် တွန်းအားပေး ခံရနိုင်တာကြောင့် လူးဝစ်အင်းနရစ်ရဲ့ အနာဂတ် ထင်ကြေးတွေဟာ ပိုပြီးထွက်ပေါ်လာခဲ့ တာ ဖြစ်ပါတယ်။

လူးဝစ်အင်းနရစ်နဲ့ ဘတ်ပီကို တွေ့ရစဉ်

ဒါပေမယ့် လူးဝစ်အင်းနရစ်ဟာ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ အပြင်းအထန် ဆွေးနွေးနေတဲ့ပုံကို အင်စတာဂရမ်မှာ တင်ကာ ထင်ကြေးတွေကို ငြင်းဆန်သွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ပီအက်စ်ဂျီအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက လူးဝစ်အင်းနရစ်ရဲ့ သတင်းတွေက လုံးဝအဓိပ္ပါယ် မရှိဘူးလို့ ပြောခဲ့ ကြောင်း ဖာဘရီဇီယိုရိုမန်နိုက ပြောခဲ့ပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ လက်ရှိအချိန်မှာ ဘတ်ပီရဲ့ အနာဂတ်ကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေပြီး အသင်း ရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ကလပ်ဟာ ဘာစီလိုနာအသင်း တောင်ပံကစားသမား ဒမ်ဘီလီ၊ ဘင်ဖီကာအသင်း တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာပါ။

ပီအက်စ်ဂျီအသင်းဟာ အခုအပြောင်းအရွှေ့မှာ အဆန်စီယို၊ လီကန်အင်စတဲ့ တိုက်စစ် ကစားသမားတွေကိုလည်း ခေါ်ယူအားဖြည့်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရာသီကြိုခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်အဖြစ် တောင်ကိုရီးယားကလပ် ဂျောင်ဘွတ်အသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ ပြင်သစ်ကလပ်ဟာ သြဂုတ် ၁၃ ရက်မှာ ပြင်သစ်လီဂူးဝမ်း အဖွင့် ပွဲစဉ်အဖြစ်  လောရီးယန့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal