CNI Sport News

၂၀၂၃ ခုနှစ်၊  သြဂုတ် ၇

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အီတီဟတ် အသင်းဟာ ဆာလတ်ကို ခေါ်ယူဖို့ ပေါင်သန်း ၆၀ နဲ့ လီဗာပူးလ်အသင်း ထံ ကမ်းလှမ်းမယ်လို့ ဆော်ဒီသတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အယ်လ်အီတီဟတ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ကန်တီ၊ ဘန်ဇီမာနဲ့ ဖာဘင်ဟိုတို့ကို ခေါ်ယူထားပြီး အသင်းလူစာရင်းကို အင်အားတောင့်တင်းအောင် ဖြည့်တင်း ထားတာပါ။ 

ဆော်ဒီရုပ်မြင်သံကြားတစ်ခုက အယ်လ်အီတီဟတ်အသင်းဟာ ဆာလတ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆော်ဒီကလပ်ဟာ အီဂျစ်လက်ရွေးစင် တိုက်စစ်မှူးကို ၂ နှစ်စာချုပ် ပေါင် ၁၅၅ သန်းနဲ့ ကမ်းလှမ်းဖို့ ရှိနေပြီး လီဗာပူးလ် အသင်းကိုလည်း ဆာလတ်ရဲ့ အပြောင်းအရွှေ့အတွက် ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေ တယ်လို့ သိရပါတယ်။ 

ကစားသမားနဲ့ နီးစပ်သူတစ်ဦးက ဒါဟာ အမှန်ဖြစ်ပြီး ဆာလတ်နဲ့ အယ်လ်အီတီဟတ်တို့ဟာ ဆွေးနွေးညှိနှိုင်းမှု တွေ ပြုလုပ်နေတယ်လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလတ်ကိုတွေ့ရစဉ်

အသက် ၃၁ နှစ်အရွယ်ရှိ ဆာလတ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကမှ လီဗာပူးလ်အသင်းနဲ့ ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃၅၀,၀၀၀ ဝန်းကျင် ရရှိနေတာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့အပြင် အဓိက ကစားသမား အများ အပြားကို ဆုံးရှုံးထားလို့ ဆာလတ်ကို ထပ်ပြီး အဆုံးရှုံးခံနိုင်ဖွယ် မရှိဘူးလို့ သတင်းမှာ ဖော်ပြထားတာပါ။

၂၀၁၇ ခုနှစ်က ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာလတ်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၃၀၅ ပွဲ ပါဝင် ကစားထားပြီး ၁၈၆ ဂိုးသွင်းယူကာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အပါအဝင် ဆုဖလား အောင်မြင်မှု အများ အပြား ရယူထားနိုင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ဆုဖလားလက်မဲ့ ဖြစ်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ရာသီ သစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro