
- By CNI News
- Category: အားကစား
- Hits: 1023
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇
အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဝိန်းရွန်နီက လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၂ ဦး ထဲက ၁ ဦး ကမ္ဘာ့ဖလားရတာကို မြင်ချင်တယ်လို့ The Times of India နဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီက "ကျနော်ကတော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၂ ဦးထဲက ၁ ဦး ကမ္ဘာ့ဖလား ရယူတာကို မြင်ချင်ပါတယ်။ ဒါဟာ သူတို့ရဲ့ မယုံနိုင်စရာကောင်းတဲ့ ကစားသမားဘဝအတွက် ကောင်းမွန်တဲ့ အဆုံးသတ် ဖြစ်လာမှာပါ"လို့ ပြောခဲ့တာပါ။
ဝိန်းရွန်နီဟာ မက်ဆီနဲ့ ပက်သက်ပြီး မေးမြန်းခံခဲ့ရပြီး သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်နိုင်ခြေက အာဂျင်တီးနား အသင်းခေါင်းဆောင်ကို ဖိအားဖြစ်စေမှာလားလို့ မေးမြန်းခံခဲ့ရပါတယ်။
ဝိန်းရွန်နီက "သူဟာ မျှော်လင့်ချက်တွေကို ကိုင်တွယ် ဖြေရှင်းဖူးတယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ သူ့ရဲ့ အမွေအနှစ်ကို ချန်ထားဖို့ ဆိုတာလည်း သူ့ရဲ့စိတ်ထဲမှာ သေချာပေါက် ရှိမှာပါ။ မက်ဆီအနေနဲ့ အာဂျင်တီးနား အနိုင်ရဖို့ သူအတက်နိုင်ဆုံး ကြိုးစားကူညီမယ်ဆိုတာ သေချာပါတယ်"လို့ ပြောခဲ့တာပါ။
ကာတာကမ္ဘာ့ဖလားဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၂ ဦးစလုံးအတွက် နောက်ဆုံး ကမ္ဘာ့ဖလားလည်း ဖြစ်လာဖို့ ရှိ နေတာပါ။ မက်ဆီကတော့ နောက်ဆုံး ကမ္ဘာ့ဖလားလို့ ဝန်ခံထားပြီး ရော်နယ်ဒိုကတော့ ဝန်ခံထားခြင်း မရှိသေး ပါဘူး။
ဘောလွန်းဒီအောဆု အပါအဝင် ဆုဖလား အများအပြားကို ရယူထားတဲ့ သူတို့ ၂ ဦး စလုံးအတွက်တော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရနိုင်မယ်ဆိုရင် ကစားသမားဘဝ ပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။
Source: Sportskeeda

- By CNI
- Category: အားကစား
- Hits: 798
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆
ဝိန်းရွန်နီဟာ အသင်းဖော် ရော်နယ်ဒိုရဲ့ မှတ်ချက်ပေးမှုကို စိတ်ပျက်နေပေမယ့် ဒါနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မပြောဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ဝိန်းရွန်နီ၊ နည်းပြ အဲရစ်တန်ဟတ်တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို အသင်းရဲ့ လက်ရှိ အခြေအနေကိုလည်း ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဝိန်းရွန်နီဟာ စပါးအသင်းနဲ့ ပွဲမှာ လူစားလဲဖို့ ငြင်းဆန်ပြီး ဥမင်ထဲကို ဝင်သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဒီရာသီ အပြုအမူ ကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဝေဖန်မှုနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုက “ သူဘာလို့ ဆိုးဆိုးရွားရွား ဝေဖန်နေလဲဆိုတာကို ကျနော် မသိပါဘူး။ သူရဲ့ ကစားသမားဘဝ အဆုံးသတ်သွားချိန်မှာ ကျနော်က အမြင့်ဆုံးအဆင့်မှာ ကစားနေဆဲ ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကျနော်က သူ့ထက်ပိုပြီး ကြည့်ကောင်းတယ်လို့တော့ မပြောပါဘူး။ ဒါပေမယ့် ဒါက အမှန်တွေပါ”လို့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ဝိန်းရွန်နီနဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ် (Football365)
ဒါ့အပြင် ဝိန်းရွန်နီနဲ့ ဂယ်ရီနဗီးလ်က သူ့ သူငယ်ချင်းတွေ မဟုတ်ဘူးလို့လည်း ရော်နယ်ဒိုက ပြောခဲ့တာ ဖြစ်ပါ တယ်။ ဝိန်းရွန်နီကတော့ အသင်းဖော်ဟောင်းရဲ့ ပြောဆိုမှုအပေါ် လူသိရှင်ကြား တုံ့ပြန်သွားမှာ မဟုတ်ပေမယ့် သူ့ကို စိတ်ပျက်စေခဲ့ပါတယ်။
Sky Sports News က “ ဝိန်းရွန်နီဟာ ရော်နယ်ဒိုရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး စိတ်ပျက်နေပေမယ့် လူသိရှင်ကြား မတုံ့ပြန်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဝိန်းရွန်နီဟာ ရော်နယ်ဒိုကို မက်ဆီနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမား တွေထဲက တစ်ဦးအဖြစ် အမြဲတမ်း ပြောနေတာကို နားလည်ရပါမယ်”လို့ ဖော်ပြထားတာပါ။
ဝိန်းရွန်နီဟာ ရော်နယ်ဒို အပေါ်မှာ ရန်စထားမှာ မဟုတ်ဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ရော်နယ်ဒိုနဲ့ ဝိန်းရွန်နီတို့ဟာ ယူနိုက်တက်အသင်းမှာ အတွဲဖက်ညီခဲ့ကြပြီး ၂၀၀၈ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ကြတာပါ။
လက်ရှိအချိန်မှာ ရော်နယ်ဒိုက ယူနိုက်တက်ကို ပြန်လာပြီး ကစားနေဆဲဖြစ်ပေမယ့် ဝိန်းရွန်နီကတော့ နည်းပြ အဖြစ် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 953
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေအနေနဲ့ ဂုဏ်ယူပြီး ပျော်ရွှင် စေရမယ်လို့ ပြိုင်ပွဲကျင်းပမယ့် ကာတာနိုင်ငံအရောက်မှာ ပြောလိုက်ပါတယ်။
ဟာရီကိန်းက “ကျနော်အလွန်စိတ်လှုပ်ရှားနေပါတယ်။ကမ္ဘာ့ဖလားဆိုတာ အထူးအခွင့်အရေးကြီးပါပဲ။ ကစားသမားတစ်ယောက်အနေနဲ့ ပါဝင်ကစားခွင့်ရတဲ့ အကြီးမားဆုံးပြိုင်ပွဲပါပဲ။ကျနော်တို့ဟာ အဝေးကြီးကို သိပ်ပြီးမတွေးဖို့ ကြိုးစားနေပါတယ်။ဒါပေမယ့် ဒါက ကျနော်တို့ရဲ့အိပ်မက်ဖြစ်ပြီး ကျနော်တို့ လုပ်ဆောင်နိုင်ဖို့ ရည်မှန်းထားပါတယ်။ပရိသတ်တွေကလည်း ကျနော်တို့ အောင်မြင်မှုရရှိအောင် လှုံဆော်မှုပေးနေပါတယ်။ ပရိသတ်တွေ ဂုဏ်ယူပြီး ပျော်ရွှင်အောင်ကျနော်တို့ လုပ်ဆောင်သွားမယ်” လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒုတိယအကြိမ်မြောက်ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ၂၀၁၈ က ပြိုင်ပွဲတုန်းက ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပါတယ်။အဲဒီပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ခရိုအေးရှားအသင်းကို အရေးနိမ့်ကာ တတိယလုပွဲအဖြစ် ဘယ်လ်ဂျီယံအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။တတိယလုပွဲမှာလည်း အရေးနိမ့်ခဲ့တာကြောင့် စတုတ္တနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က “ကစားသမားတိုင်းနဲ့ နည်းပြတိုင်းအတွက်တော့ ဒါဟာ ကမ္ဘာ့ဘောလုံးရဲ့ အထွတ်အထိပ်ပါပဲ။ဒါကြောင့်လည်း ဒီအဆင့်မှာ ကိုယ့်ကိုကိုယ်စမ်းသပ်နိုင်ဖို့ တကယ်ကို စောင့်မျှော်နေတာပါ”လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၆၆ က တစ်ကြိမ်တည်းသာ ရယူထားနိုင်တာကြောင့် ဒီပြိုင်ပွဲ မှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်၊ ဝေးလ်စ်၊ အီရန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှာ အီရန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Daily Mail

- By CNI
- Category: အားကစား
- Hits: 924
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆
အဂူရိုက အာဂျင်တီးနား ဂန္တဝင်ကစားသမား ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ မာရာဒိုနာကို နှိုင်းယှဉ်တာ ဘယ်တော့မှ မကြိုက်ဘူးလို့ ပြောလိုက်ပါတယ်။
အဂူရိုက “ ဒီလို နှိုင်းယှဉ်မှုတွေကို ကျနော်ဘယ်တုန်းကမှ ကြိုက်နှစ်သက်ခြင်း မရှိပါဘူး။ ပြီးတော့ ဘယ်သူက အမှတ် သင်္ကေတ ဖြစ်နေတယ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ တစ်ဦးချင်းစီဟာ အာဂျင်တီးနားတွေရဲ့ နှလုံးသား မှာ အရေးကြီးတဲ့ နေရာတစ်ခုကို သိမ်းပိုက်ထားပါတယ်။ ဒီယေဂိုနဲ့ မက်ဆီတို့ဟာ သူတို့အချိန်ရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်ပြီး သူတို့ကို ပိုင်ဆိုင်ရတဲ့ အာဂျင်တီးနား အနေနဲ့ ဘယ်လောက်ကံကောင်းလဲ ဆိုတာကို တွေးရတာ ကျနော်က ပိုကြိုက်ပါတယ်”လို့ Stake.com ကို ပြောခဲ့ပါတယ်။
မာရာဒိုနာနဲ့ မက်ဆီတို့ဟာ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်ကြပြီး လက်ရွေးစင်အသင်း အတွက်လည်း အောင်မြင်မှုတွေ ရယူပေးထားကြပါတယ်။
မာရာဒိုနာဟာ အာဂျင်တီးနားအသင်းအတွက် ၁၉၈၆ ကမ္ဘာ့ဖလား ရယူပေးထားကာ၊ မက်ဆီကတော့ ပြီးခဲ့တဲ့နှစ် က ကိုပါအမေရိကဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။
မာရာဒိုနာနဲ့ အဂူရိုကိုတွေ့ရစဉ် (Goal)
မက်ဆီဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို နိုင်ငံအသင်းအတွက် ရယူပေးနိုင်ဖို့ စိတ်ဆန္ဒပြင်းပြနေပါတယ်။
အဂူရိုကတော့ မက်ဆီနဲ့ အာဂျင်တီးနားအသင်းမှာ အတူတွဲဖက် ကစားခဲ့ကြတာဖြစ်ပြီး အလွန်ရင်းနှီးတဲ့ ဆက်ဆံ ရေးလည်း ရှိပါတယ်။
ဒါ့အပြင် အဂူရိုဟာ မာရာဒိုနာရဲ့ သမီးဖြစ်သူ ဂျီယန်နီနာနဲ့ လက်ထပ်ခဲ့ပြီး ၂၀၀၈ ကနေ ၂၀၁၂ အထိ ပေါင်းသင်းခဲ့ ကြတာ ဖြစ်ပါတယ်။ အဂူရိုဟာ ကျန်းမာရေး အခြေအနေကြောင့် မကြာသေးခင်ကမှ ကစားသမား ဘဝကနေ အနားယူခဲ့တာပါ။
အဲ့ဒါကြောင့် လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ပရိသတ်အနေနဲ့ အားပေးသွားမှာ ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အာဂျင်တီးနား အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၂ ရက်မှာ ဆော်ဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 1068
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆
မာနေးဟာ ခြေထောက်ဒဏ်ရာကြောင့် ဆီနီဂေါအသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ် ဘူးလို့ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဆီနီဂေါဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင်က “ ကျနော်တို့ဟာ ဆာဒီယို မပါဝင်ဘဲ ပထမဆုံးပွဲကို ကစားရမှာဖြစ်ပြီး ဆာဒီယို မပါဝင်ဘဲ အနိုင်ရအောင်ကစားရပါမယ်။ ကျနော်တို့မှာ ဆာဒီယိုကလွဲပြီး ကစားသမား ၂၅ ဦးရှိပါတယ်။ ဘယ်သူကမှ ဒီလိုမျိုးအရာကို လိုချင်မှာ မဟုတ်ပေမယ့် ဒါက ကျနော်တို့အတွက် ဖြစ်သွားတယ်”လို့ AP သတင်း ကို ပြောခဲ့တာပါ။
မာနေးဟာ ဘိုင်ယန်မြူးနစ်အတွက် ပါဝင်ကစားရင်းနဲ့ ဒဏ်ရာ ရရှိခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်း လူစာရင်းမှာ မာနေးကို ရွေးချယ်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းက မာနေးဟာ ညာဘက်ခြေထောက် ဒဏ်ရာရရှိနေတယ်လို့ ပြောခဲ့ပေမယ့် ဆီနီဂေါ အသင်းနည်းပြ ဆစ်ဆီက ခွဲစိတ်စရာ မလိုဘူးလို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းမှာ မာနေး ဒဏ်ရာရသွားစဉ် (TalkSport)
အဲ့ဒါကြောင့် နည်းပြက မာနေးကို အသင်းလူစာရင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဆီနီဂေါအသင်းဟာ နိုဝင်ဘာလ ၂၁ ရက်မှာ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်အဖြစ် နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မာနေးဟာ ဒဏ်ရာ အခြေအနေ မကောင်းသေးတာကြောင့် ဒီပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
မာနေး မပါဝင်နိုင်တာနဲ့ ပက်သက်ပြီး ဆီနီဂေါအသင်း အနေနဲ့ အရမ်းမညည်းညူသင့်ဘူးလို့ အဆိုပါ ဘုတ်အဖွဲ့ ဝင်က ပြောပါတယ်။
မာနေးဟာ ဆီနီဂေါအသင်း ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ မာနေးဟာ အီဂျစ်အသင်းနဲ့ အဆုံးအဖြတ်ပွဲစဉ်မှာ ဆီနီဂေါအသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရမယ့် အဆုံးအဖြတ် ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆီနီဂေါအသင်းက အီဂျစ်အသင်းကို အနိုင်ရပြီး ပထမဆုံးအကြိမ် အာဖရိကဖလား ရယူနိုင်ခဲ့တာမှာ လည်း မာနေးကပဲ ပင်နယ်တီ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
မာနေးဟာဆိုရင် ဆီနီဂေါအသင်းအတွက် ပွဲပေါင်း ၉၃ ပွဲ ကစားထားပြီး ၃၄ ဂိုးသွင်းယူကာ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ် ရရှိထားပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 941
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅
ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းရဲ့ ကစားသမား ၂၆ ဦး စာရင်းကနေ ချန်လှပ်ခံရ တာကြောင့် စိတ်ပျက်မိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။
ရာမို့စ်က “ ကမ္ဘာ့ဖလားဆိုတာ ကျနော် အကောင်အထည်ဖော်ချင်တဲ့ ကြီးမားတဲ့ အိမ်မက်တွေထဲက တစ်ခုပါ။ ဒါဟာ ကျနော့်ရဲ့ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားဖြစ်နိုင်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျနော် အိမ်ကနေပဲ ကြည့်ရပါ တော့မယ်။ ခက်ခဲတယ်ဆိုပေမယ့် မနက် လင်းပြီဆိုတာနဲ့ နေကထွက်နေတုန်းပါပဲ။ ကျနော် ကိုယ့်ကိုယ်ကို ဘာမှ မပြောင်းလဲပါဘူး”လို့ အင်စတာဂရမ်မှာ ရေးသားထားတာပါ။
ရာမို့စ်ဟာ ကြံ့ခိုင်မှု အပြည့်ပြန်ရပြီး ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းပြနေပေမယ့် နည်းပြ အင်းနရစ်က မရွေးချယ်ခဲ့ တာ ဖြစ်ပါတယ်။
ရာမို့စ် စပိန်အသင်းမှာ ကစားခွင့်ရခဲ့စဉ်(beIN SPORTS)
ရာမို့စ်အပြင် အတွေ့အကြုံရှိ ကစားသမားတွေဖြစ်တဲ့ ဂိုးသမား ဒီဂီယာ၊ ကွင်းလယ်လူ သီယာဂိုနဲ့ နောက်ခံလူ မားကို့စ်အလွန်ဆိုတို့လည်း စပိန်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။
ရာမို့စ်ဟာဆိုရင် ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကတည်းက စပိန်လူစာရင်းမှာ ပါဝင်ခွင့် မရတော့တာ ဖြစ်ပါတယ်။ ရီးရယ်လ်အသင်း နောက်ခံလူဟောင်း ရာမို့စ်ဟာ စပိန်အသင်းနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိထား တာပါ။
ရာမို့စ်ဟာ စပိန်အသင်းအတွက် ပွဲပေါင်း ၁၈၀ ပါဝင် ကစားထားပြီး ၂၃ ဂိုးသွင်းယူကာ လက်ရွေးစင် အသင်းရဲ့ ပွဲအများဆုံး ကစားသမားအဖြစ် မှတ်တမ်း ဝင်ထားပါတယ်။ ဒါ့အပြင် ရာမို့စ်ဟာ စပိန်အသင်းရဲ့ ဂိုးသွင်း အများဆုံး စာရင်းရဲ့ နံပတ် ၁၀ နေရာမှာ ရပ်တည်နေတာပါ။
စပိန်အသင်းဟာ နိုဝင်ဘာလ ၁၇ ရက်မှာ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲအဖြစ် ဂျော်ဒန်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ စပိန်အသင်းဟာဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ၊ ဂျပန်၊ ကော်စတာရီကာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ကော်စတာရီကာ အသင်းနဲ့ နိုဝင်ဘာလ ၂၃ ရက်မှာ ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 642
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅
အပျော်တမ်းကလပ်တစ်သင်းဖြစ်တဲ့ အက်ရှ်တန်ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာ ဟာလန်းကို ပွဲဆက်ကစားနိုင်အောင် ၂၈ ရက်ကြာအငှားချဖို့ မန်စီးတီးအသင်းထံ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ဘောလုံးလိဂ်သတ္တမတန်းမှာ ကစားနေတဲ့ အက်ရှ်တန်ယူနိုက်တက်အသင်းဟာ ဟာလန်းကို ၂၈ ရက်ကြာ အငှားချဖို့ မန်စီးတီးအသင်းထံ ကမ်းလှမ်းထားတယ်ဆိုတာကို နိုဝင်ဘာလ ၁၄ ရက်က ကြေညာချက် ထုတ်ပြန် ခဲ့တာပါ။ဟာလန်းရဲ့ နော်ဝေလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ မအောင်မြင်ထားတာကြောင့် ကစားသမားဟာ ပွဲမကစားရဘဲ အနားရနေတာဖြစ်ပါတယ်။
အက်ရှ်တန်အသင်းနည်းပြ မိုက်ကယ်ကလက်ဂျ်က “ဒါက အဓိပ္ပါယ်ရှိပါတယ်။မန်စီးတီးက ပွဲမကစားရတဲ့အတွက် ဟာလန်းကို ကြံခိုင်မှုရနေအောင် ကူညီပေးချင်ပါတယ်။၆ ပတ်ကြာ ဂေါဖ့်ကစားတာထက်စာရင် ပိုပြီးတော့ အဓိပ္ပါယ်ရှိပါတယ်။သူက ကျနော်တို့အတွက် အံဝင်ခွင်ကျဖြစ်မယ်လို့ ထင်ပါတယ်။သူဟာ အသင်းနဲ့လိုက်ဖက်မှု ရှိအောင်လည်း ကောင်းမွန်စွာကစားနိုင်မှာပါ” လို့ ပြောထားတာပါ။
မန်စီးတီးကတော့ ဒီအပေါ်မှာ တုံ့ပြန်မှုတစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးပါဘူး။ အက်ရှ်တန်ယူနိုက်တက် အသင်း ဟာ မန်ချက်စတာအခြေစိုက်ကလပ်အသင်းဖြစ်ပြီး လက်ရှိ မြောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ဟာလန်းဟာ အားလပ်ရက်ကို သူ့ရဲ့မွေးရပ်မြေမှာပဲ ကုန်ဆုံးဖို့ ရှိနေပြီးနောက်မှာတော့ မန်စီးတီးအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ရှိနေတာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပွဲပေါင်း ၁၈ ပွဲ ကစားအပြီးမှာ ၂၃ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။နော်ဝေတိုက်စစ်မှူးဟာ မကြာသေးခင်က ဒဏ်ရာ ရရှိခဲ့တာကြောင့် အနားယူခဲ့ရပြီး ဖူလ်ဟမ်အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှ အသင်းအတွက် ပြန်လည် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 757
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅
ရော်နယ်ဒိုက ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းပိုင်ရှင် ဂလေဇာမိသားစုက ယူနိုက်တက် အသင်းကို ဂရုမစိုက်ဘူးလို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုက ကလပ်ကို ဂရုမစိုက်ကြပါဘူး။သူတို့က ယူနိုက်တက် ကို ဈေးကွက်ရှာဖွေရေးအသင်းလို့ သိထားပြီး အဲဒီကနေ ပိုက်ဆံရမယ်ဆိုပြီးတော့ပေါ့။ ကျနော့်အမြင်မှာတော့ အားကစားနဲ့ပတ်သက်ပြီး သူတို့ ဂရုမစိုက်ကြပါဘူး” လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုနဲ့ ပီယာစ်မော်ဂန်တို့ မိနစ် ၉၀ ကြာပြုလုပ်ထားတဲ့ အင်တာဗျူးထဲက အပိုင်းအတိုတွေ ထွက်ပေါ် လာတာဖြစ်ပြီး ပေါ်တူဂီကစားသမားဟာ ဒီတစ်ကြိမ်မှာ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ဂလေဇာမိသားစုဟာ ယူနိုက်တက်ကို ၂၀၀၅ ကတည်းက လွှဲပြောင်းရယူထားတာဖြစ်ပြီး ရော်နယ်ဒို ကတော့ သူတို့နဲ့တွေ့ဆုံခဲ့ဖူးခြင်းမရှိဘူးလို့ ပြောခဲ့တာပါ။
ယူနိုက်တက်ပရိသတ်တွေဟာ အသင်းအပေါ် ဂလေဇာမိသားစုရဲ့ရင်းနှီးမြုပ်နှံမှုအား စိတ်ပျက်နေကြပြီး မကြာခဏဆိုသလို ပွဲတွေမှာ ဆန္ဒပြမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ၂၀၁၇ က ယူရိုပါလိဂ်ဆုဖလားရယူပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေတာပါ။
ရော်နယ်ဒိုက “ပရိသတ်တွေက အမြဲတမ်းမှန်ကန်ပါတယ်။ပရိသတ်တွေက အမှန်တရားကို သိသင့်တယ်လို့ ထင်ပါတယ်။ကစားသမားတွေက ကလပ်အတွက် အကောင်းဆုံးကိုလိုချင်ကြတယ်။ကျနော်ကလည်း ကလပ် အတွက် အကောင်းဆုံးဆိုတာမျိုးကိုလိုချင်တယ်။အဲဒါကြောင့်လည်း ဒီကို ကျနော်ပြန်လာခဲ့တာပါ။ ဒီကလပ်ကို ကျနော်ချစ်တယ်။ဒါပေမယ့် မန်စီးတီး၊လီဗာပူးလ်နဲ့ အာဆင်နယ်တို့လို ထိပ်တန်းအဆင့်ရောက်အောင် မကူညီ နိုင်တဲ့အရာတွေ ကလပ်ထဲမှာ တချို့ရှိပါတယ်။ဒါဟာ ရှုပ်ထွေးတယ်၊ခက်လည်းခက်ခဲပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုရဲ့ အင်တာဗျူးနဲ့ပတ်သက်ပြီး အပြည့်အစုံထွက်ပေါ်လာပြီးမှသာ တုံ့ပြန်မှု အပေါ် စဉ်းစားမယ်လို့ တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 835
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄
ဘရာဇီးလ်အသင်းကို ၂၀၀၂ ကမ္ဘာ့ဖလားရရှိအောင် ကိုင်တွယ်နိုင်ခဲ့တဲ့ စကိုလာရီဟာ နည်းပြလောကကနေ အနားယူပြီလို့ တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။
စကိုလာရီက “ကျနော် နည်းပြလောကကနေ အနားယူပါပြီ။ လက်ထောက်နည်းပြ ပေါ်လိုတူရာက ကျနော်တို့ရဲ့ နည်းပြ ဖြစ်လာမှာပါ။ ကျနော်ကတော့ နည်းစနစ် ဒါရိုက်တာအဖြစ် ဆောင်ရွက်မယ်”လို့ Furacao Live ကို ပြောခဲ့တာပါ။
စကိုလာရီဟာ ဘရာဇီးလ်ကလပ် အသလက်တီကို ပါရာနန့်စ် အသင်းကို အခုနှစ် မေလ အစောပိုင်းက ကိုင်တွယ် ခဲ့တာဖြစ်ပြီး ဘိုတာဖိုဂို အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၂ ရာသီ နောက်ဆုံးပွဲစဉ် အပြီးမှာ နည်းပြ လောကကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။
စကိုလာရီကို တွေ့ရစဉ် (The Straits Times)
အသလက်တီကို ပါရာနန့်စ် အသင်းဟာ ဘရာဇီးလ်စီးရီးအေ ပြိုင်ပွဲရဲ့ အဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာပါ။
စကိုလာရီဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းကို ၂ ကြိမ် ကိုင်တွယ်ခဲ့ပြီး ၂၀၀၁ ကနေ ၂၀၀၂ အထိ ကိုင်တွယ်ခဲ့ တုန်းက ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆု ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၂ ကနေ ၂၀၁၄ အထိ ကိုင်တွယ်တဲ့ အချိန်မှာတော့ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလား ရယူနိုင်အောင် ကိုင်တွယ် ပေးခဲ့တာပါ။ စကိုလာရီဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကို ၂၀၀၃ ကနေ ၂၀၀၈ အထိ ကိုင်တွယ်ခဲ့ပါသေးတယ်။
အသက် ၇၄ နှစ်အရွယ်ရှိ ဝါရင့်နည်းပြ စကိုလာရီဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကိုလည်း ကိုင် တွယ်ခဲ့ပြီး အောင်မြင်မှု ရယူပေးနိုင်ခဲ့ခြင်း မရှိပါဘူး။
စကိုလာရီဟာ ဘရာဇီးလ်ကလပ်၊ တရုတ်ကလပ်၊ ဂျပန်ကလပ်၊ ဆော်ဒီကလပ်တွေကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 814
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက အင်တာဗျူးတစ်ခု ပြုလုပ်ပြီး အမှန်တရားတွေကို ဖော် ထုတ် ပြမယ်လို့ ပြောခဲ့တာ ရှိပါတယ်။ အခု ပီယာစ်မော်ဂန်နဲ့ အင်တာဗျူး ပြုလုပ်သွားခဲ့ပါတယ်။
ဒီအင်တာဗျူးဟာ မိနစ် ၉၀ ကျော် ကြာမြင့်ခဲ့ပြီး မကြာခင်မှာ ထွက်ရှိတော့မှာပါ။ ဒီထဲက ရော်နယ်ဒိုနဲ့ ပီယာစ် မော်ဂန်တို့ ပြုလုပ်ထားတဲ့ အင်တာဗျူး တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပီယာစ်မော်ဂန် ။ ။ ကလပ်အသင်းက မင်းထွက်ခွာအောင် ကြိုးစားနေတယ်ဆိုတာ ယုံကြည်လား။
ရော်နယ်ဒို ။ ။ ဒါပေါ့။ နည်းပြတစ်ဦးတည်းတင် မဟုတ်ပါဘူး။ အသင်းမှာရှိတဲ့ ၂ ဦး၊ ၃ ဦးလောက် လည်း ပါဝင်ပါတယ်။
ဆာအဲလက်စ်နဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်(Goal)
ပီယာစ်မော်ဂန် ။ ။ သူတို့တွေက အကြီးတန်း အမှုဆောင်အဆင့်တွေကလား။
ရော်နယ်ဒို ။ ။ ဟုတ်တယ်၊ သစ္စာဖောက်တယ်လို့ ကျနော်ခံစားရပါတယ်။
ပီယာစ်မော်ဂန် ။ ။ ဒါဆို ယူနိုက်တက်က မင်းကို အသင်းကနေ ဖယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ထင်လား။
ရော်နယ်ဒို ။ ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျနော် မသိပါဘူး။ ကျနော် ဂရုလည်း မစိုက်ပါဘူး။ လူတွေက အမှန်တရားကို နားထောင်ရပါမယ်။ ဒီမှာရှိတဲ့ လူတချို့က ကျနော်ဒီမှာ ရှိနေတာကို မလိုလားကြပါဘူး။ ဒီနှစ်တင် မဟုတ်ဘူး။ မနှစ်ကလို ဒီလိုပါပဲ။
အဲရစ်တန်ဟတ်နဲ့ ရော်နယ်ဒိုကို တွေ့ရစဉ် (SI)
ပီယာစ်မော်ဂန် ။ ။ အဲရစ်တန်ဟတ်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုရှိလဲ။
ရော်နယ်ဒို ။ ။ ကျနော်သူ့ကို မလေးစားပါဘူး။ ဘာကြောင့်လဲဆိုရင် သူလည်း ကျနော့်ကို လေးစားမှု မရှိလို့ပါ။ ခင်ဗျားအနေနဲ့ ကျနော့်ကို မလေးစားဘူးဆိုရင် ကျနော်ကလည်း ခင်ဗျားကို လေးစားမှာ မဟုတ်ပါဘူး။
ပီယာစ်မော်ဂန် ။ ။ ယူနိုက်တက်ရဲ့ တိုးတက်မှုအခြေအနေက ဘယ်လိုရှိလဲ။
ရော်နယ်ဒို ။ ။ တိုးတက်မှုကတော့ ဇီးရိုးပါပဲ။ ဆာအဲလက်စ် ထွက်သွားပြီး ကတည်းက ယူနိုက်တက် ဟာ တိုးတက်ပြောင်းလဲမှု ဘာမှမရှိပါဘူး။ ဘာမှကို မပြောင်းလဲတာပါ။ ကျနော်ဟာ ကလပ်အတွက် အကောင်း ဆုံးတွေ လိုချင်လို့ ယူနိုင်တက်ကို ပြန်လာတာပါ။
ကျနော်ဒီကို ပြန်လာတော့ အရာရာ ပြောင်းလဲသွားမယ်လို့ ထင်ခဲ့တာပါ။ ကျနော် ၂၁၊ ၂၂ နဲ့ ၂၃ နှစ်တွေတုန်းက သုံးခဲ့ဖူးတဲ့ အရာတွေကို ပြန်တွေ့ရပါတယ်။ ဒါက ကျနော့်ကို အများကြီး အံ့အားသင့်စေပါတယ်။
ရက်ဂ်နစ်နဲ့ ရော်နယ်ဒိုကို တွေ့ရစဉ် (Forbes)
ပီယာစ်မော်ဂန် ။ ။ မန်စီးတီးကို ရောက်ဖို့ နီးစပ်ခဲ့ပြီးမှ ယူနိုက်တက်ကို ပြန်လာခဲ့တာကရော ဘာကြောင့် လဲ။
ရော်နယ်ဒို ။ ။ ကျနော် နှလုံးသား နောက်ကို လိုက်ခဲ့တာပါ။ ဖာဂူဆန်က မင်း မန်စီးတီးသွားဖို့ မဖြစ် နိုင်ဘူးဆိုပြီး ကျနော့်ကို ပြောခဲ့တယ်။ ကျနော်ကလည်း အိုကေ၊ ဘော့စ်လို့ ပြန်ပြောခဲ့ပါတယ်။
ပီယာစ်မော်ဂန် ။ ။ ရက်ဂ်နစ်ကို နည်းပြအဖြစ် ယူနိုက်တက်က ခန့်အပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။
ရော်နယ်ဒို ။ ။ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးချိန်မှာ ယူနိုက်တက်က အားကစားဒါရိုက်တာ ရက်ဂ်နစ်ကို ဘယ်သူမှ နားမလည်နိုင်တဲ့ အရာအဖြစ် ခေါ်ဆောင်ခဲ့ပါတယ်။ သူက နည်းပြ မဟုတ်ပါဘူး။ ယူနိုက်တက်လို အသင်းကြီးက အားကစားဒါရိုက်တာကို နည်းပြခန့်တာက ကျနော်တစ်ဦးတည်းတင် မဟုတ်ပါဘူး။
ဝိန်းရွန်နီနဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ် (Stretty News)
တစ်ကမ္ဘာလုံးကပါ အံ့အားသင့်ခဲ့တာပါ။ သူက နည်းပြမဟုတ်ပဲ ယူနိုက်တက်မှာ ဘာလို့နည်းပြ လာဖြစ်နေတာလဲ။ ကျနော်သူ့ကို မကြားတောင် မကြားဖူးပါဘူး။
ပီယာစ်မော်ဂန် ။ ။ မင်းအပေါ် ဝိန်းရွန်နီရဲ့ ဝေဖန်မှုတွေကိုရော ဘယ်လိုသဘောထားလဲ။
ရော်နယ်ဒို ။ ။ သူက ဘာကြောင့် ကျနော့်ကို ဆိုးဆိုးရွားရွား ဝေဖန်နေလဲဆိုတာ မသိပါဘူး။ သူ့ရဲ့ ကစားသမားဘဝ ပြီးဆုံးသွားချိန်မှာ ကျနော်က မြင့်မားတဲ့ အဆင့်မှာ ကစားနေတုန်းမို့လား။ ကျနော်က သူ့ထက် ပိုပြီး ကြည့်ကောင်းနေတယ်လို့ မပြောချင်ပါဘူး။
ဒါပေမယ့် ဒါက အမှန်ပါပဲ။ ကျနော် ယူနိုက်တက်ကိုလည်း ချစ်တယ်။ ပရိသတ်ကိုလည်း ချစ်တယ်။ သူတို့က ကျနော့်ဘက်မှာ အမြဲရှိပါတယ်။ ဒါပေမယ့် ခြားနားမှုတွေ လိုချင်ရင်တော့ အများကြီး ပြောင်းလဲမှရမယ်လို့ ပြောခဲ့ပါတယ်။
Source: Foxsports