CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၀

အီတလီအသင်းဟာ ထွက်ခွာသွားခဲ့တဲ့ နည်းပြဟောင်း မန်ချီနီရဲ့နေရာမှာ စပယ်လက်တီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။

အသက် ၆၄ နှစ်အရွယ်ရှိ စပယ်လက်တီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက နာပိုလီအသင်းကို နှစ်ပေါင်း ၃၃ နှစ်ကြာ ဝေးကွာခဲ့တဲ့ စီးရီးအေဖလားကို ရယူပေးနိုင်ခဲ့ပြီး ထိပ်တန်းကလပ်တွေဖြစ်တဲ့ အင်တာမီလန်၊ ရိုးမားနဲ့ ဇင်းနစ် အသင်းတွေကို ကိုင်တွယ်ခဲ့တာပါ။ 

စပယ်လက်တီဟာ ပြီးခဲ့တဲ့ရာသီအကုန်က နာပိုလီအသင်းကနေ ထွက်ခွာခဲ့ပေမယ့် ဘောလုံးလောကထဲကို အမြန်ဆုံး ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

စပယ်လက်တီဟာ စက်တင်ဘာ ၁ ရက်က စတင်ကာ လက်ရွေးစင်အသင်း နည်းပြအဖြစ် တာဝန်ယူမယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်က ပြောထားတာပါ။

 စပယ်လက်တီကို တွေ့ရစဉ်

အီတလီလူမျိုးနည်းပြဟာ လက်ရွေးစင်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက “နိုင်ငံအသင်းမှာ ကြီးကျယ်တဲ့ နည်းပြတစ်ဦး လိုအပ်နေပြီး သူ လက်ခံခဲ့တဲ့အတွက် ကျနော် အလွန်ဝမ်းသာပါတယ်။ သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ ကျွမ်းကျင်မှုတွေက လာမယ့် လတွေမှာ အီတလီကို စောင့်မျှော်နေတဲ့ စိန်ခေါ်မှုတွေအတွက် အခြေခံဖြစ်ပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

စပယ်လက်တီဟာ စက်တင်ဘာလထဲမှာ ယှဉ်ပြိုင်မယ့် မြောက်မက်ဆီဒိုးနီးယား၊ ယူကရိန်းတို့နဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာ အီတလီအသင်းကို ပွဲဦးထွက်အဖြစ် ကိုင်တွယ်ရမှာပါ။ 

အီတလီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စု C ရဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အင်္ဂလန်အသင်း ထက် တစ်ပွဲလျော့ ကစားထားကာ ရမှတ် ၉ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။

Source: CNA