
- By CNI
- Category: အားကစား
- Hits: 688
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ဗြိတိန်ဟဲဗီးဝိတ် လက်ဝှေ့သမား အန်သိုနီဂျိုရွှာဟာ ဧပြီလ ၁ ရက်မှာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်ပြီး ဖရန်ကလင်နဲ့ O2 Arena မှာ ထိုးသတ်သွားဖို့ ရှိနေပါတယ်။
အန်သိုနီဂျိုရွှာက “ကြိုးဝိုင်းထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ ကျနော် မျှော်လင့်ခဲ့တာပါ။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့် ဖြစ်နေတယ်လို့ ခံစားရပါတယ်။ ဖရန်ကလင်ဟာ ကောင်းမွန်တဲ့ပုံစံ ရှိနေပါတယ်။ စိတ်ထားလည်း အလွန်ကောင်းမွန်တဲ့သူဖြစ်ပြီး ဒါကို မကြာသေးခင်က ထိုးသတ်ခဲ့တဲ့ ပွဲတွေမှာ ပြသနိုင်ခဲ့ပါ တယ်”လို့ ပြောခဲ့တာပါ။
အန်သိုနီဂျိုရွှာဟာ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ၂ ပွဲမှာ ကမ္ဘာ့ချန်ပီယံ အူဆက်ခ်ကို အရေးနိမ့်ခဲ့ပြီး ချန်ပီယံဆုတွေကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ဗြိတိန်လက်ဝှေ့သမားဟာ ၂၀၂၀ က ကူဘရက်ပူလက်ဗ်ကို နောက်ဆုံး အနိုင်ရပြီးနောက် ပထမဆုံးနိုင်ပွဲကို ပြန်လည် ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
အန်သိုနီဂျိုရွှာ ပြိုင်ဘက်ရဲ့ အထိုးကို ခံလိုက်ရစဉ်
ဖရန်ကလင်ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဒီလီယန်ဝှိုက်နဲ့ နောက်ဆုံး ထိုးသတ်ခဲ့ပြီး အမှတ်နဲ့ အရေးနိမ့်ခဲ့ တာဖြစ်ပါတယ်။ အဲဒီ ရှုံးနိမ့်မှုက သူထိုးသတ်ခဲ့တဲ့ ၂၂ ပွဲမှာ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ချန်ပီယံဆုတွေကို ၂ ကြိမ် ရရှိထားတဲ့ အန်သိုနီဂျိုရွှာဟာ အူဆက်ခ်ကို အရေးနိမ့်ပြီး ကတည်းက အနားယူ နေခဲ့တာဖြစ်ပြီး တိုင်ဆန်ဗျူရီနဲ့ ထိုးသတ်ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် သဘောတူညီမှု မရခဲ့တာကြောင့် ပျက်ပြယ်ခဲ့တာပါ။
အခုအချိန်မှာတော့ အန်သိုနီဂျိုရွှာဟာ ဖရန်ကလင်နဲ့ ထိုးသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အန်သိုနီဂျိုရွှာဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း ၂၇ ပွဲ ထိုးသတ်ခဲ့တာမှာ ၂၄ ပွဲ အနိုင်ရခဲ့ပြီး ၃ ပွဲရှုံးနိမ့်ခဲ့တာပါ။
ဖရန်ကလင်က “ဟဲဗီးဝိတ်တန်းရဲ့ ထိပ်ဆုံးနေရာကို ရယူဖို့အတွက် ကျနော်ဘာကြောင့် ရောက်ရှိလာတယ် ဆိုတာကို ကမ္ဘာကြီးကိုပြသဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဂျိုရွှာမှာလည်း သူ့အချိန်တွေ ရှိပါတယ်။ ဒါဟာ ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် ကျနော့်ရဲ့ အချိန်ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 690
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ဟားဘတ်ဟိုင်နာက ပေါက်ကွဲစေတဲ့ အင်တာဗျူးတွေ ပြုလုပ်ခဲ့တဲ့ ဂိုးသမား နူအာနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုကို ယူနိုက်တက် လုပ်ဆောင်သလို စာချုပ်ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ဟားဘတ်ဟိုင်နာက “ယူနိုက်တက်က ရော်နယ်ဒိုကို လုပ်သလိုမျိုး ကျနော်တို့လုပ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ဟာ ဘိုင်ယန်မြူးနစ်အသင်းပါ။ ကျနော်တို့အသင်းဟာ ဒီလိုအရာတွေကို အတွင်းပိုင်းမှာပဲ ရှင်းသွားမှာပါ။ ဒီလို အရာတွေက ဘိုင်ယန်မြူးနစ်ကို ပိုပြီးအားကောင်းစေပြီး ထူးခြားစေပါတယ်”လို့ BR24 Sport ကို ပြောခဲ့တာပါ။
ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်အသင်း ဂိုးသမား နူအာဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂိုးနည်းပြကို ထုတ်ပယ်ခဲ့တဲ့ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီလို ပြောဆိုမှုအပေါ် ဘိုင်ယန်မြူးနစ်အသင်း ဂန္တဝင်တွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပြီး ကလပ်အသင်း ခေါင်းဆောင် အဖြစ် ဆောင်ရွက်နေတဲ့ နူအာရဲ့ အနာဂတ်ကို မေးခွန်းထုတ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း စီအီးအို အိုလီဗာခန်းကတော့ နူအာနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်မယ်လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ နူအာကိုတွေ့ရစဉ်
ကမ္ဘာ့ဖလား မတိုင်ခင်က ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အပြီး မှာ မန်ချက်စတာ ကလပ်ဟာ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာ ဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ် အသင်း ကလည်း ဒီလိုမျိုး လုပ်လာနိုင်တယ်လို့ ထင်ခဲ့တာပါ။
ဒါပေမယ့် ဟားဘတ်ဟိုင်နာက နူအာဟာ ရော်နယ်ဒိုလိုမျိုးဖြစ်မှာ မဟုတ်ဘူးလို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။
နူအာဟာ လက်ရှိအချိန်မှာ ခြေထောက် ကျိုးနေခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် အသင်းအတွက် ပါဝင် ကစား နိုင်ခြင်း မရှိသေးဘဲ ရာသီအကုန်ထိ အနားယူရဖွယ် ရှိနေတာပါ။
ဂျာမန်ကလပ်ဟာ နူအာ အနားယူရမှာဖြစ်လို့ ဂိုးသမား နေရာအတွက် ယန်ဆွန်မာကို အစားထိုး ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ နူအာဟာ ဘိုင်ယန်မြူးနစ် အသင်းကို ၂၀၁၁ က ရှော်လ်ကေးအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၄၈၉ ပွဲ ပါဝင်ကစားကာ ဆုဖလား အောင်မြင်မှု အများအပြား ရယူထားနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီရာသီ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေသလို ချန်ပီယံ လိဂ် ပြိုင်ပွဲမှာလည်း ၁၆ သင်းအဆင့်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 803
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇
အယ်လ်နာဆာအသင်း နောက်ခံလူ ဂူစတာဗိုက အသင်းဖော် ရော်နယ်ဒို ဆီကနေ နေ့စဉ်နေ့တိုင်း သင်ယူနေရလို့ အသင်းအတွက် အများကြီး အကျိုးရှိတယ်လို့ ပြောလိုက်ပါတယ်။
ဂူစတာဗိုက “အယ်လ်နာဆာမှာ ရော်နယ်ဒို ရှိနေတာက အသင်းအတွက် အများကြီး အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ သူ့ဆီကနေ နေ့တိုင်း သင်ယူနေရလို့ပါ။ သူဟာ နည်းပညာပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာအပြင် ကြီးမားတဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းပါတယ်။ ရော်နယ်ဒိုဟာ စိန်ခေါ်မှုတွေအတွက် ဖန်တီး ခဲ့တာဖြစ်ပြီး သူဟာ အမြဲတမ်း အောင်မြင်နေတဲ့သူပါ။ ဒီမှာရှိတဲ့ လူတိုင်းကလည်း သူဘာတွေ လုပ်နိုင်မလဲဆိုတာ ကို စောင့်နေကြပါတယ်။ သူဟာ ပထမဆုံး သွင်းဂိုးကို ရပြီးပါပြီ။ အဲ့ဒါကြောင့် ဖိအားတွေ အောက်ကနေ လွတ် မြောက်သွားပြီ”လို့ ပြောခဲ့တာပါ။
အသက် ၃၅ နှစ်အရွယ်ရှိ ဂူစတာဗိုဟာ ဘိုင်ယန်မြူးနစ်၊ မာဆေးလ်နဲ့ ဖီနာဘာချီ အသင်းတွေမှာ ကစားခဲ့ပြီး အခု အယ်လ်နာဆာအသင်းမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ပြီး ကစားနေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံ တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ နဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုပြီး ရောက်ရှိလာခဲ့တာပါ။
ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်ဒိုဟာ ပွဲဦးထွက် ၂ ပွဲမှာ ဂိုးမသွင်းနိုင်လို့ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။
ဒါပေမယ့် ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ အယ်လ်ဖာတက်ချ် အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ဆော်ဒီလိဂ်ပွဲမှာ အယ်လ်နာဆာ အသင်းအတွက် ချေပဂိုးသွင်းပြီး ဝေဖန်မှုတွေ အဆုံးသတ်နိုင်ခဲ့တာပါ။
ဂူစတာဗိုက ရော်နယ်ဒို ရောက်လာတာဟာ အသင်းအတွက် အများကြီး အကျိုးရှိပေမယ့် အသင်းတိုင်းရဲ့ ကြိုးစား လာမှုတွေကြောင့် သူတို့အတွက် ခက်ခဲမှုတွေ ဖြစ်စေတယ်လို့လည်း ပြောခဲ့ပါတယ်။
ဂူစတာဗိုက “သေချာတာကတော့ ရော်နယ်ဒို ရှိနေတာက ကျနော်တို့အတွက် ခက်ခဲမှုတွေ ဖြစ်စေပါတယ်။ အသင်းတိုင်းက သူ့နဲ့ အကောင်းဆုံး ကစားနိုင်ဖို့အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ်။ သူဟာ လူတိုင်းကို စိတ်ဓါတ်တက်ကြွအောင် လုပ်ဆောင်ပေးတယ်”လို့ ပြောခဲ့တာပါ။
ဆော်ဒီလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီ ၁၀ ရက် နေ့မှာ အယ်လ်ဝါဒါ အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 611
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ကြီးကျယ်ခမ်းနားတဲ့ နည်းပြတစ်ဦး မဖြစ်ခဲ့ဘူးလို့ အီတလီ လက်ရွေးစင် ကစားသမားဟောင်း ကာဆာနိုက ပြောလိုက်ပါတယ်။
ကာဆာနိုက “မော်ရင်ဟိုဟာ မီဒီယာတွေကို ဘယ်လို ကစားရမလဲဆိုတာသိပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါ တယ်။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ နည်းပြတစ်ဦး မဖြစ်ခဲ့ပါဘူး။ သူဟာ သန်မာတဲ့ ကစားသမားတွေနဲ့ ဆက်ဆံ ရတာကောင်းပြီး အဲ့ဒီထဲမှာ မကောင်းတဲ့သူတွေ မပါပါဘူး။ တကယ်ကောင်းမွန်တဲ့ ကစားသမားတွေနဲ့ ရင်းနှီးဖို့က လွယ်ကူလွန်းပါတယ်။ ရိုးမားအသင်းမှာဆိုရင် သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် အန်ချင်သလိုတောင် ဖြစ်ခဲ့ရတာပါ။ သူ့ရဲ့ ဒုတိယလူစာရင်းနဲ့ ဆိုရင်တောင် ဆရီမိုနန့်စ်ကို အနိုင်ယူဖို့လိုပါတယ်”လို့ ပြောခဲ့တာပါ။
ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ရက် ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အမ်ပိုလီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆရီမိုနန့်စ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
မော်ရင်ဟိုနဲ့ ရိုးမားကစားသမားကိုတွေ့ရစဉ်
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီကမှ ရိုးမားအသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ ယူရိုပါ ကွန်းဖရန့်စ်လိဂ် ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့တာပါ။
ကာဆာနိုကတော့ မော်ရင်ဟိုဟာ အသင်းကြီးတွေ အများအပြားမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် စံချိန်တင် ထား သလောက် မကောင်းဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကားစ်ဒရော့ပ်နဲ့ ဇာနီအိုလိုတို့အပေါ် ပြုမူခဲ့တဲ့ သူ့ရဲ့ ကိုင်တွယ်ပုံကို ကာဆာနိုက ဝေဖန်မှုတွေ ပြုလုပ်ခဲ့သေးတာပါ။
ကာဆာနိုက “ကားစ်ဒရော့ပ်ဆိုရင် လူတိုင်းရှေ့မှာ စော်ကား ခံလိုက်ရပါတယ်။ သူ ကားစ်ဒရော့ပ် ပြန်ရောက်လာ တာ ဘယ်သူသိလဲ။ ဒါက စိတ်ရှုပ်ဖို့ကောင်းတဲ့ အရာတွေထဲက တစ်ခုဖြစ်ပြီး အခုလည်း ဇာနီအိုလိုနဲ့ ပတ်သက်ပြီး ဖြစ်လာခဲ့ပြန်ပါပြီ။ သူဟာ ရိုးမားအသင်းမှာ ကောင်းမွန်စွာ မကစားရတာ ၁ နှစ်ခွဲရှိပါပြီ”လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။
မော်ရင်ဟိုဟာ ရာသီအစောပိုင်းမှာ ကားစ်ဒရော့ပ်ရဲ့ အနာဂတ်ဟာ ရိုးမားအသင်းမှာ မရှိတော့ဘူးလို့ အသိပေးခဲ့ သလို ဇာနီအိုလိုကလည်း အသင်းနဲ့ အဆက်အသွယ်ဖြတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 658
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ရော်နယ်ဒိုဟာ အသက် ၃၈ နှစ်ပြည့် မွေးနေ့ကို လက်တွဲဖော် ဂျော်ဂျီနာရိုဒရီဂွတ်ဇ် အပါအဝင် မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ကိတ် ၃ ခုနဲ့ ကျင်းပသွားခဲ့ပါတယ်။
ရော်နယ်ဒိုက “မွေးနေ့အတွက် မက်ဆေ့ချ် ပို့ပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ဒီလိုကုန်ဆုံးရတာ ကျေးဇူးတင်ပါတယ်”လို့ စုပေါင်းရိုက်ကူးထားတဲ့ ပုံနဲ့အတူ အင်စတာဂရမ်မှာ ရေးသား လွှင့်တင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် ကမ္ဘာ့ဖလားအပြီးမှာ ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ စာချူပ်ချုပ်ဆိုကာ ပြောင်းရွှေ့လာခဲ့တာပါ။
ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ အယ်လ်နာဆာအသင်းမှာ တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့လုပ်ခလစာ အများဆုံးရတဲ့ အားကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းမှာ ကစားနေတဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ အယ်လ်ဖာတက်ချ် အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အယ်လ်နာဆာ အသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူနိုင်ခဲ့ပြီး ဆော်ဒီလိဂ်မှာ ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ပွဲဦးထွက် ၂ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေ ခံနေရတာကို ဒီပွဲမှာ ဂိုးသွင်းပြီး အဆုံးသတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ဒီဂိုးသွင်းအပြီးမှာ “ဆော်ဒီလိဂ်မှာ ကျနော့်ရဲ့ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်ပါတယ်။ အလွန်ခက်ခဲတဲ့ပွဲမှာ အရေးပါတဲ့ သရေတစ်မှတ် ရဖို့အတွက် တစ်သင်းလုံး ကြိုးစားပြီး အားထုတ်ခဲ့ကြပါတယ်”လို့ ရေးသားခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ အယ်လ်ရှာဘတ်၊ အယ်လ်အီတီဟတ် အသင်းတွေနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဆော်ဒီပရိုလိဂ် အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ကြာသပတေးနေ့မှာ ဆော်ဒီလိဂ် ပွဲစဉ်အဖြစ် အယ်လ်ဝါဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 619
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ဘာစီလိုနာအသင်းနည်းပြ ဇာဗီက သူတို့ဟာ ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ ဆုဖလားတွေအားလုံးကို ရယူနိုင်တယ်လို့ ဆီဗီလာအသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောလိုက်ပါတယ်။
ဇာဗီက “ကျနော်တို့ဟာ ရှုံးပွဲမရှိအောင်ပွဲအများအပြားကို ကစားခဲ့ပြီး သက်သောင့်သက်သာနဲ့ အနိုင်ရဖို့က အလွန်အရေးကြီးပါတယ်။ပြီးခဲ့တဲ့ပွဲတွေမှာတော့ ကျနော်တို့အတွက် ခက်ခဲတဲ့အရာတွေရှိခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာတော့ ကျနော်တို့ဟာ အခွင့်အရေးတွေအများကြီးကို ဖန်တီးနိုင်ခဲ့ပြီး ကစားသမားတွေရဲ့ လုပ်ဆောင်နိုင်စွမ်း ကလည်း ထူးခြားပါတယ်။ကျနော်တို့ဟာ အခုအချိန်ထိ စူပါဖလားတစ်ခုတည်းသာ ရသေးတာပါ။ဒါကြောင့် ဆုဖလားတွေအတွက်ဆာလောင်နေပါတယ်။ ဆုဖလားတွေအားလုံးကို ရယူနိုင်တဲ့စွမ်းရည်ရှိပေမယ့် ကွင်းထဲမှာ သက်သေပြသရပါမယ်”လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ဒုတိယနေရာက ရီးရယ်လ်အသင်းကို ၈ မှတ်အသာနဲ့ လာလီဂါအမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ အသင်းဟာ ကိုပါဒယ်ရေးဖလားဆီမီးဖိုင်နယ်အဆင့်မှာ ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲ မှာလည်း ယူနိုက်တက်အသင်းနဲ့ ပလေးအောဖ့်ပွဲစဉ်ကစားဖို့ ရှိနေတာပါ။
ဇာဗီက “ကျနော်တို့ဟာ ကောင်းမွန်တဲ့အခိုက်အတန့်တွေမှာရှိပေမယ့် အပြောင်းအလဲတွေက ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ဟာ အနားယူနေလို့မရပါဘူး။ဒါက ရှည်လျားတဲ့ပြိုင်ပွဲဖြစ်တဲ့အတွက် ကျနော်တို့ဟာ နှိမ့်ချမှုနဲ့အတူ ဒါကို ဆက်ပြီးလုပ်ဆောင်သွားရမှာပါ။ ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့အရာကို တည်ဆောက် နေပေမယ့် ဘယ်လိုအောင်မြင်မှုကိုမှ မရသေးပါဘူး။ ရီးရယ်လ်ကလည်း ဘယ်အသင်းမဆို အနိုင်ယူပြီး နူးကမ့်ပ် လာကစားဖို့ ရှိပါသေးတယ်။အဲဒါကြောင့် ပွဲတိုင်းကို တိုက်ပွဲဝင်ရမှာဖြစ်ပြီး ရီးရယ်လ်က ရေပန်းအစားဆုံးအဖြစ် ရှိနေပါသေးတယ်” လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ မာယော့ကာအသင်းကို အရေးနိမ့်ပြီး ဘာစီလိုနာအသင်းက ဆီဗီလာအသင်းကို အနိုင်ရခဲ့လို့ ၂၀၁၉ နောက်ပိုင်း ပထမဆုံးအကြိမ်လာလီဂါချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ ဘာစီလိုနာအသင်း အခြေအနေ ကောင်းတွေ ပိုင်ဆိုင်လာခဲ့တာပါ။ဘာစီလိုနာအသင်းဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် ဗီလာ ရီးရယ်လ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Forbes

- By CNI
- Category: အားကစား
- Hits: 546
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ဟာရီကိန်းက ဂျင်မီဂရေ့ဗ်ရဲ့ စံချိန်ကို ချိုးဖျက်ပြီး စပါးအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်တာက မှော်ဆန်တဲ့ ခံစားမှု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဟာရီကိန်းက “အိမ်ကွင်းပရိသတ်တွေရှေ့မှာ နိုင်ပွဲနဲ့အတူ ဒီလိုမျိုး လုပ်ရတာက မှော်ဆန်တဲ့ ခံစားချက် တစ်ခုပါ ပဲ။ ဒီလို နေရာနဲ့ အံ့သြစရာကောင်းတဲ့ ပရိသတ်တွေ ရှေ့မှောက်မှာ ကျနော်လုပ်ချင်ခဲ့တာပါ။ အသက် ၁၁ နှစ် ကတည်းက ဒီကို ရောက်ခဲ့ပြီး အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့သလို အနစ်နာခံတာတွေလည်း ရှိခဲ့ပါတယ်။ ကျနော့်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲကို အမှတ်ရနေပြီး အခု ပရီးမီးယားလိဂ် သွင်းဂိုး ၂၀၀ ပြည့်ဖို့ဆိုတာ ခက်ခဲ ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အချိန် ဒါကိုပြန်ကြည့်ရရင်တော့ အလွန်ဂုဏ်ယူရမယ့် အရာပါ။ ပြီးတော့ ဂျင်မီရဲ့ အထက်ကို တက်လှမ်းနိုင်ခဲ့တာက အိပ်မက်တစ်ခု အမှန်တကယ် ဖြစ်ခဲ့တာပါ”လို့ ပြောခဲ့တာပါ။
ဟာရီကိန်းဟာ စပါးအသင်းက မန်စီးတီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်း အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဂိုးကြောင့် စပါးအသင်းအတွက် သွင်းဂိုး ၂၆၇ ဂိုး ရှိသွားခဲ့ပြီး ကလပ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဂျင်မီဂရေ့ဗ်ရဲ့ ၅၃ နှစ်ကြာ စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာပါ။
ဟာရီကိန်းနဲ့ ဟာလန်းကိုတွေ့ရစဉ်
ဟာရီကိန်းကတော့ ဒီလိုပွဲကြီးပွဲကောင်းမှာ အသင်း ဂန္တဝင်ကစားသမားရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့လို့ အလွန် ဝမ်းသာနေတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၀ ပြည့်မြောက်ခဲ့ပြီး သူ့ရဲ့ အထက်မှာ ဝိန်းရွန်နီ ၂၀၈ ဂိုးနဲ့ အလန်ရှီးယား ၂၆၀ ဂိုးတို့က ရပ်တည်နေတာပါ။
ဒါပေမယ့် ဟာရီကိန်းဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀၀ ပြည့်ဖို့ ပွဲ ၃၀၄ ပွဲသာ ကစားခဲ့ရပြီး ဝိန်းရွန်နီက ၄၆၂ ပွဲနဲ့ အလန်ရှီးယားက ၃၀၆ ပွဲ ကစားခဲ့ရတာ ဖြစ်ပါတယ်။
ဟာရီကိန်းက “ကျနော့်ရဲ့ ခံစားချက် ကောင်းနေပါတယ်။ အလန်ရှီးယားကို အခုတစ်ပတ် အစောပိုင်းမှာ မြင်တွေ့ ခဲ့ရပါတယ်။ သူ စောင့်ကြည့်နေမယ်ဆိုတာ သေချာပေမယ့် သူပျော်ရွှင်မလား၊ မပျော်ရွှင်ဘူးလားဆိုတာ မသေချာ ပါဘူး။ ကျနော့်ရဲ့ သွင်းဂိုးတွေလာဖို့ အများကြီး ရှိပါသေးတယ်။ သူ့ရဲ့စံချိန်ကို အနိုင်ယူနိုင်မလားဆိုတာ စောင့် ကြည့်ရမယ်”လို့ ပြောခဲ့ပါတယ်။
အသက် ၂၉ နှစ် အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၇ ဂိုး ရှိလာခဲ့ပြီး သူ့ရဲ့အထက်မှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ၂၅ ဂိုးနဲ့ ရှိနေတာ ဖြစ်ပါတယ်။
Source: CNA/Goal

- By CNI
- Category: အားကစား
- Hits: 1089
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ဘရာဇီးလ်ကြယ်ပွင့် ဗီနီစီးယက်စ် အပါအဝင် ကစားသမားတွေကို ပစ်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်ပြီးနောက် အားကစားပြိုင်ပွဲတွေမှာ လူမျိုးရေးခွဲခြားမှုကို နှိပ်နှင်းဖို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ဖီဖာထံ စာပေးပို့ တောင်းဆိုခဲ့ပါတယ်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်ဒ်နယ်လ်ဒိုက “လူမျိုးရေးခွဲခြားမှုကို ပြင်းပြင်းထန်ထန် တိုက်ဖျက်ဖို့ အရေးကြီးပါတယ်။ ဗီနီစီးယက်စ်နဲ့ ပတ်သက်ပြီး မကြာသေးခင်က ဖြစ်ခဲ့တဲ့ အရာတွေလို တခြား အားကစား သမားများစွာ ဖြစ်လာမှာကို လက်မခံနိုင်ပါဘူး။ ဒါဟာ သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး သူတို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အနေအထားကို ရောက်နေပါပြီ”လို့ ရီယိုဒီဂျနေးရိုးမှာ ပြုလုပ်တဲ့ ဖီဖာရဲ့ဆွေးနွေးပွဲ အဖွင့်ပွဲမှာ ပြောခဲ့တာပါ။
ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်တွေထံ ပေးပို့ခဲ့ တဲ့စာမှာ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့အတွက် ပိုမိုပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ တိုက်တွန်း ခဲ့သလို အားကစားကို ကာလကြာရှည် မဆုတ်မနစ် ဖြစ်စေတဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်ပြီး အသိပညာပေးဖို့ ပြောခဲ့ကြောင်း AFP သတင်းဌာနကို ပြန်လည် ပြောပြခဲ့ပါတယ်။
ဗီနီစီးယက်စ်ကို အသလက်တီကို ပရိသတ်တွေက အော်ဟစ်ဆဲဆိုနေကြစဉ်
ရီးရယ်လ်နဲ့ အသလက်တီကို အသင်းတို့ ကစားတဲ့ မက်ဒရစ်ဒါဘီပွဲစဉ် မတိုင်ခင်မှာ စပိန်ကလပ်ရဲ့ လေ့ကျင့်ရေး စင်တာအနီးရှိ တံတားတစ်ခုမှာ ဗီနီစီးယက်စ်ရဲ့ ရုပ်ပုံကို တန်းလန်း ချိတ်ဆွဲထားတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ ပြီးနောက် ဒီလိုမျိုး တောင်းဆိုမှုတွေ ဖြစ်လာခဲ့တာပါ။
ဗီနီစီးယက်စ်ဟာ အသလက်တီကို အသင်းနဲ့ စက်တင်ဘာလအတွင်းက ကစားခဲ့တဲ့ ပွဲမှာလည်း လူမျိုးရေး ခွဲခြားမှု ခံခဲ့ရပါသေးတယ်။
ဒ့ါအပြင် ဒီဇင်ဘာလအတွင်းက ကစားခဲ့တဲ့ ပွဲမှာလည်း ဗီနီစီးယက်စ်ကို လူမျိုးရေးခွဲခြားခဲ့တဲ့ ဗယ်လာဒိုးလစ် ပရိသတ်တွေကို အမုန်းစကားပြောဆိုမှုနဲ့ တရားစွဲမယ်လို့ စပိန်အားကစားဆိုင်ရာ အမြင့်ဆုံး ကောင်စီက တနင်္လာ နေ့က ပြောခဲ့ပါတယ်။
ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်ဒ်နယ်လ်ဒိုဟာ ဒီရာထူးကို စတင်တာဝန်ယူခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ကတည်းက လူမျိုးရေးခွဲခြားမှု တိုက်ဖျက်တာကို ဦးစားပေး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 656
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ယူနိုက်တက်ကြယ်ပွင့် ဂရင်းဝုဒ်ဟာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနဲ့ အသင်းက သူ့ကို ထုတ်ပယ်ခဲ့မယ်ဆိုရင် တရုတ်မှာ ကစားသမားဘဝကို ပြန်လည်စတင်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဂရင်းဝုဒ်ရဲ့အမှုမှာ သက်သေ ၁၂ ဦးက ထွက်ဆိုဖို့ ငြင်းဆန်ခဲ့တာကြောင့် ကစားသမားဟာ စွဲချက်တွေ အားလုံး ကနေ လွတ်မြောက်ခဲ့ပေမယ့် ကလပ် အအသင်းဘက်က စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပါတယ်။
ယူနိုက်တက် အသင်းကတော့ ဂရင်းဝုဒ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ မပြီးဆုံးခင် အချိန်ထိ မှတ်ချက် တစ်စုံတစ်ရာပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ် ဖမ်းဆီးခံခဲ့ရတဲ့ ပြီးခဲ့တဲ့ နှစ်ကတည်းက အသင်းကနေ ဆိုင်းငံ့ထားတာဖြစ်ပြီး အကယ်ဒမီထွက် ကစားသမားဟာ ယူနိုက်တက်အသင်းမှာ ထပ်ပြီး ကစားလိုခြင်း မရှိတော့ဘူးလို့ သူငယ်ချင်း တွေကို ပြောထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
ဂရင်းဝုဒ်ကိုတွေ့ရစဉ်
ဂရင်းဝုဒ်က ယူနိုက်တက် အသင်းဟာ သူ့ဘက်ကနေ ရပ်တည်မှု မရှိဘူးလို့ ခံစားနေရကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောထားခဲ့ပါတယ်။
သတင်းရင်းမြစ်တစ်ခုက “သူဟာ အဲ့ဒီအချိန်တုန်းက ယူနိုက်တက်ဂျာစီကို ထပ်ပြီး မဝတ်ချင်တော့ပါဘူး။ ကလပ် က သူ့ဘက်ကနေ မရပ်တည်ဘူးလို့ ခံစားနေရတာပါ။ တရုတ်မှာ သွားကစားရရင် သူပျော်မယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီမှာဆိုရင် လုပ်ခလစာ အများကြီး ရမှာဖြစ်သလို ပွဲလည်း ကစားရမှာပါ။ ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းမှာ တော့ သူ့ရဲ့အမြင်ဟာ အနည်းငယ် ပျော့ပျောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လုံးဝမပျော်ရွှင်ပါဘူး”လို့ ပြောခဲ့တာပါ။
ဂရင်းဝုဒ်ဟာ အင်္ဂလန်မှာ ထပ်ပြီး ကစားမယ်ဆိုရင် တိုက်ခိုက်မှုတွေ ခံရလာမှာကို စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါ တယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက ဂရင်းဝုဒ်ဟာ ချစ်သူမိန်းကလေးကို နှိပ်စက်ခဲ့တဲ့ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ ဆိုရှယ်မီဒီယာ ပေါ်မှာ ရောက်ရှိခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ ထိန်းချုပ်မှု စတာတွေနဲ့ စွဲချက်တင် ခံခဲ့ရတာပါ။
ယူနိုက်တက် အသင်းကြီးအတွက် ၂၀၁၈ မှာ စတင်ပွဲထွက်ခွင့် ရခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပွဲပေါင်း ၁၂၉ ပွဲ ပါဝင်ကစားခဲ့ ပြီး ၃၅ ဂိုး သွင်းယူနိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အတွက် ၁ ပွဲ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 749
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက ဖူလ်ဟမ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အပြီးမှာ အသင်းရဲ့တိုက်စစ်ကစားပုံက မလုံလောက်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။
ဂရေဟမ်ပေါ်တာက “ကျနော်တို့ရဲ့ တိုက်စစ်ကစားပုံက ဖန်တီးမှုတွေကို ပိုပြီးပြုလုပ်နိုင်ဖို့အတွက် လုံလောက်အောင် ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒါက ကျနော်တို့လုပ်ရမယ့်အရာပါပဲ။ကျနော်တို့ဟာ ချိတ်ဆက်မှုတွေ၊ လိုအပ် နေတဲ့ နားလည်မှုတွေမှာ အနည်းငယ်လွဲနေပါတယ်” လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ပေါင်သန်း ၃၀၀ သုံးစွဲပြီး ကစားသမားသစ်တွေ ဖြည့်တင်းခဲ့ပေမယ့် အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေကလို တိုက်စစ်ပိုင်းက ဂိုးရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်၊ ရှက်တာ ဒိုးနက်ကနေ ခေါ်ယူခဲ့တဲ့ မူဒရစ်တို့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့သလို ကစားသမားသစ်တွေဖြစ်တဲ့ မာဒူခီနဲ့ ဖိုဖာနာတို့ကိုလည်း လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၁ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၂၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့လို့ တိုက်စစ်ပိုင်းက လိုအပ်ချက်တွေရှိနေတာဖြစ်ပါတယ်။ဂရေဟမ်ပေါ်တာက အသင်းရဲ့တောင့်တင်းတဲ့ ကစားသမား အစုအဖွဲ့ကို သေသေချာချာပြင်ဆင်နိုင်မယ်ဆိုရင် အလွန်ကောင်းမွန်တဲ့အသင်း ဖြစ်လာမယ်လို့ ပြောခဲ့တာပါ။
ဂရေဟမ်ပေါ်တာက “ကျနော်တို့ဟာ လူငယ်တွေနဲ့ အတွေ့အကြုံရှိကစားသမားတွေကို ပေါင်းစပ်ထားတာပါ။ တစ်နေ့ထက်တစ်နေ့ တိုးတက်အောင်ကြိုးစားရမှာဖြစ်ပြီး ကစားသမားသစ်တွေအနေနဲ့လည်း ပြိုင်ပွဲအသစ်မှာ အခြေကျအောင် ပြင်ဆင်ရဦးမှာပါ။အတူတူကြိုးစားသွားရမှာဖြစ်ပြီး အသင်းလိုက်စုစည်းမှု ပိုကောင်းလာအောင် ပြုလုပ်ရဦးမှာဖြစ်ပါတယ်။ကျနော်တို့ဟာ တောင့်တင်းတဲ့အစုအဖွဲ့ရှိပြီး ဒါကိုပြင်ဆင်ပေးနိုင်ရင် အလွန် ကောင်းမွန်တဲ့အသင်း ဖြစ်လာမှာပါ။ဒီလိုဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားရမယ်”လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေပြီး လာမယ့်အပတ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ChannelNewsAsia