CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆

တိုက်စစ်မှူး ဟာလန်းဟာ စပါးအသင်းနဲ့ ကစားမယ့် FA ဖလား စတုတ္တအဆင့်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ နည်းပြ ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။

ဂွာဒီယိုလာက “ဟာလန်းပြန်ပါဝင်နိုင်ဖို့နီးစပ်နေပါပြီ။ စပါးနဲ့ပွဲမှာတော့ သူပါဝင်နိုင်ဖို့အဆင်သင့်မဖြစ်သေး ပေမယ့် နီးစပ်နေပြီလို့ပြောရမှာပါ။ စခန်းသွင်းလေ့ကျင့်တာကောင်းမွန်ခဲ့သလို ပြီးခဲ့တဲ့ ၂ ရက်ကလည်း သူဟာ လေ့ကျင့်ခန်း အစီအစဉ်အချို့ကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ပြီးပြည့်စုံခြင်းမရှိသေးတဲ့အတွက် ကျနော်တို့ အနည်းငယ် စောင့်ဆိုင်းရဦးမှာပါ”လို့ ပြောခဲ့တာပါ။

ဟာလန်းဟာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေထောက်ဒဏ်ရာရရှိပြီး ကတည်းက မန်စီးတီးအသင်းနောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ ပွဲစလုံးမှာ မပါဝင်နိုင်ခဲ့ပါဘူး။ 

ဒါပေမယ့် ဟာလန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မန်စီးတီးအသင်းဖော်တွေနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့ ပေမယ့် စပါးအသင်းနဲ့ပွဲမှာ ပါဝင်ဖို့အတွက် အဆင်သင့်မဖြစ်သေးတာပါ။ 

တိုက်စစ်မှူး ဟာလန်း

မန်စီးတီးအသင်းကတော့ ဇန်နဝါရီ ၃၁ ရက်မှာ ကစားမယ့် ဘန်လေအသင်းနဲ့ ပွဲမှာ ဟာလန်း ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ စပါးအသင်းအိမ်ကွင်းမှာကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲစလုံးဂိုးမသွင်းနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့တာ ကြောင့် ဒီမှတ်တမ်းဆိုးကြီးကို ချိုးဖျက်သွားမယ်လို့ ဂွာဒီယိုလာက ထပ်ပြီးပြောခဲ့တာပါ။

ဂွာဒီယိုလာက “စပါးအသင်းရဲ့ အိမ်ကွင်းဟာ ကျနော်တို့အတွက် ဘယ်လောက်ခက်ခဲနေလဲဆိုတာကို ပြသနေပါတယ်။ ဒီပွဲက ရှုံးထွက်ဖြစ်တဲ့အတွက် နောက်တစ်ဆင့်တက်ချင်ရင် ဂိုးတွေသွင်းယူရပါမယ်။ ကျနော်တို့အတွက်တော့ ဒါကိုချိုးဖျက်နိုင်ဖို့ အခွင့်အရေးသစ်တစ်ခုပါပဲ”လို့ ပြောခဲ့ပါတယ်။

စပါးအသင်းနဲ့ပွဲမှာ နောက်ခံလူ ဂျွန်စတုန်းစ်နဲ့ ဂိုးသမား အီဒါဆန်တို့ ပါဝင်နိုင်မှာဖြစ်ပေမယ့် နောက်ခံလူ အကန်ဂျီက ဒဏ်ရာကြောင့်လွဲချော်မယ်လို့ ဂွာဒီယိုလာက ပြောထားတာဖြစ်ပါတယ်။

Source:Besoccer