CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၁၂

ဒီဘရိုင်းဟာ ဝုလ်ဗ်စ်အသင်းကို အနိုင်ရတဲ့ပွဲမှာ မန်စီးတီးအသင်းအတွက် ဂိုးသွင်းပြီး ဟာလန်းရဲ့ အောင်ပွဲခံတဲ့ ပုံစံအတိုင်း ပြုလုပ်သွားခဲ့ပါတယ်။

မန်စီးတီးအသင်းက ၅ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ဒီဘရိုင်းက ၄ ဂိုးသွင်းယူခဲ့ပြီး စတာလင်က ၁ ဂိုးသွင်းယူ ခဲ့တာပါ။ဒေါ့မွန် အသင်းတိုက်စစ်မှူး ဟာလန်းဟာ အခုလာမယ့် နွေရာသီမှာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ လာတော့မယ့်အကြောင်း ပရီးမီးယားလိဂ် လက်ရှိချန်ပီယံက အင်္ဂါနေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် တတိယဂိုးသွင်းယူအပြီးမှာ ဟာလန်းရဲ့ နာမည်ကျော် အောင်ပွဲခံတဲ့ ပုံစံဖြစ်တဲ့ တရားထိုင်တဲ့ပုံစံ ပြုလုပ်သွားခဲ့တာပါ။

ဒီဘရိုင်းဟာ ဂိုးသွင်းအပြီးမှာ လက်ညှိုးနဲ့ လက်မကိုထိပြီး လက်ကားကာ တရားထိုင်တဲ့ပုံစံ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ဘယ်လ်ဂျီယံ ကွင်းလယ်ဖန်တီးရှင်ဟာ ဟာလန်းလို ကွင်းထဲမှာ ထိုင်ခြင်း မရှိခဲ့ပေမယ့် နော်ဝေ တိုက်စစ်မှူးကို ရည်ညွှန်းတဲ့ပုံစံမျိုး ပြုလုပ်သွားခဲ့တာပါ။ဟာလန်း က ဒီလို အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး “ကျနော် တရားထိုင်ရတာ အလွန်ပျော်မွေ့ပါတယ်။ဒါက စိတ်ကို အေးချမ်းစေပြီး ငြိမ်သက်မှုတွေကို ပေးပါတယ်။ဒါကြောင့် တစ်ခါတလေ ဂိုးသွင်းပြီးတဲ့အချိန်မှာ ဒီလို အောင်ပွဲခံတယ်” လို့ အင်တာဗျူးတစ်ခုမှာ ပြောထားခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ဂိုးသွင်းတဲ့အချိန်တိုင်း ဒီလို အောင်ပွဲခံခြင်းမရှိပေမယ့် ဆဲလ်ဘတ်၊ ဒေါ့မွန်အသင်းတွေမှာ ရံဖန်ရံခါ တော့ ပြုလုပ်လေ့ရှိတာပါ။ဟာလန်းအနေနဲ့ ပရီးမီးယားလိဂ်ကို ရောက်ရှိလာတဲ့အချိန်မှာ အသင်းဖော်တွေရဲ့ ပံ့ပိုးပေးမှုတွေနဲ့ ဂိုးသွင်းပြီး ဒီလို အောင်ပွဲခံတဲ့ပုံစံကို မြင်တွေ့ရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဝုလ်ဗ်စ်အသင်းကို အနိုင်ရခဲ့တဲ့အတွက် ဒုတိယနေရာက လီဗာပူးလ်အသင်းကို ၃ မှတ်အသာ၊ ဂိုးကွာခြားချက် ၇ ဂိုးအသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဦးဆောင်ထားတာပါ။ပရီးမီးယား လိဂ် ပြိုင်ပွဲ ပြီး ဆုံးဖို့ ၂ ပွဲသာ ကျန်ရှိတော့တာကြောင့် မန်စီးတီး အသင်းဟာ ချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။မန်ချက်စတာကလပ်ဟာ ဒီပွဲအပါအဝင် ပရီးမီးယားလိဂ် ၅ ပွဲဆက်တိုက် ၃ ဂိုးနဲ့အထက် သွင်းယူ နိုင်ခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကလပ်အဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Source:Metro