CNI International News

၂၀၂၂ ခုနှစ်၊ မေလ ၁၂

ပါရီဆစ် ရဲ့ အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ အင်တာမီလန် အသင်းဟာ ဂျူဗင်တပ်စ် အသင်းကို အနိုင်ရပြီး အခုနှစ်ရာသီ ကိုပါအီတာလီယာဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ပွဲချိန်အတွင်း ၂ ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရ တာပါ။ ပွဲချိန်အတွင်းမှာ အင်တာမီလန် အသင်းအတွက် ဂိုးတွေကို ဘာရယ်လာ နဲ့ ကယ်လ်ဟန်နိုဂလူး က သွင်းယူခဲ့ပြီး ဂျူဗင်တပ်စ် အသင်းအတွက်တော့ ဆန်ဒရိုနဲ့ ဗလာဟိုဗစ် တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်အတွင်း အရှုံးအနိုင် မပေါ်တဲ့အတွက် အချိန်ပို ဆက်ကစားခဲ့ရပြီး ပါရီဆစ် က အင်တာမီလန် အတွက် ၂ ဂိုး သွင်းယူ ခဲ့ တာပါ။

အဲ့ဒါကြောင့် အင်တာမီလန် အသင်းက ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန် အသင်းဟာ ကိုပါအီတာလီယာဖလား ချန်ပီယံဆုကို ၂၀၁၀-၁၁ ရာသီက နောက်ဆုံး ရယူနိုင်ခဲ့တာပါ။ စီးရီးအေ လက်ရှိ ချန်ပီယံဟာ ဒီဆုဖလားကို အခု တစ်ကြိမ် အပါအဝင် ၈ ကြိမ်မြောက် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အသင်း ကတော့ ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်း ရတော့မှာပါ။

အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် (SI)

အင်တာမီလန် အသင်းနည်းပြ အင်ဇာဂီ က “ အလွန်တောင့်တင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင် ရည်ကို ပြသနိုင်ခဲ့ပါတယ်။ ပထမ နာရီဝက်မှာ ကျနော်တို့ ကောင်းမွန်စွာ လုပ်ပြနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ အလွန်ဆိုးရွားတဲ့ ချဉ်းကပ်မှုတွေနဲ့ ရှောင်လွှဲလို့ မရတဲ့ ဂိုး ၂ ဂိုးကို ပေးခဲ့ရပါတယ်။ ကျနော်တို့ ပိုပြီး သတိထား သင့်ပါတယ်။ ဒါပေမယ့် ဒီအသင်း က ဘယ်တော့မှ အရှုံးမပေးပါဘူး။ အခု ကျနော်တို့မှာ နောက်ထပ် စီးရီးအေပွဲ ၂ ပွဲသာ ကျန်ရှိတော့ပြီး ရာသီကို ကောင်းမွန်စွာ အဆုံးသတ်ချင်ပါတယ်။ ၁၀ စုနှစ် တစ်ခုကြာ ဝေးကွာနေတဲ့ ဒီဆုဖလား ပြန်ယူပေးနိုင်ခဲ့လို့ ပျော်ရွှင်ကြောင်း ”ပြောခဲ့တာပါ။

အင်တာမီလန် အသင်းဟာ စီးရီးအေ ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်ချက် ရှိနေတာ ဖြစ်ပါတယ်။ ထိပ်ဆုံး က ဦးဆောင်နေတဲ့ မြို့ခံပြိုင်ဘက် အေစီမီလန် အသင်းနဲ့ ၂ မှတ်သာ ဟွာဟနေတာကြောင့် အင်တာမီလန် အသင်းအတွက် အခွင့်အရေး ရှိနေတာပါ။

အင်တာမီလန် အသင်းအနေနဲ့ စီးရီးအေဖလားကို ရယူနိုင်မယ်ဆိုရင် တစ်ရာသီအတွင်း ပြည်တွင်းဖလား ၂ ခုလုံးကို ရယူ နိုင်မှာ ဖြစ်ပါတယ်။

Source: Daily Mail