CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁

PSG အသင်းဟာ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် ခြေပြတ် အနိုင်ရပြီး အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။

ဒီပွဲမှာ PSG အသင်းဟာ အင်တာမီလန်အသင်းကို တစ်ပွဲလုံး စိတ်ကြိုက်အသာစီး ကစားနိုင်ခဲ့ပြီး PSG အသင်း အတွက် သွင်းဂိုးတွေကို ဒူယီက ၂ ဂိုး၊ ဟာကီမီ၊ ကဗရာရှက်ခလီယာနဲ့ မာယူလူတို့က ၁ ဂိုးစီ သွင်းယူနိုင်ခဲ့တာပါ။ 

အဲဒါကြောင့် PSG အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ပြီး မာဆေးလ်အသင်းပြီးရင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ ဒုတိယမြောက် ပြင်သစ်အသင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

PSG အသင်းဟာ ဒီရာသီမှာ ပြင်သစ်လီဂူး-၁ နဲ့ ပြင်သစ်ဖလားတို့ကို ရရှိထားတာကြောင့် တစ်ရာသီအတွင်း ဆုဖလား ၃ လုံးနဲ့ အောင်ပွဲခံနိုင်တဲ့ ပထမဆုံး ပြင်သစ်ကလပ်လည်း ဖြစ်ခဲ့တာပါ။

အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နောက်ဆုံး ၃ နှစ်အတွင်း ၂ ကြိမ် တက်နိုင်ခဲ့ပေမယ့် ၂ ကြိမ် စလုံး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

PSG အသင်းအတွက် ဒီပွဲမှာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တဲ့ နောက်ခံလူ ဟာကီမီက နည်းပြအင်းနရစ်ဟာ အသင်းကို အရာအားလုံး ပြောင်းလဲပေးခဲ့ပြီး ကလပ်ရဲ့သမိုင်းမှာ သူတို့ရဲ့နာမည်တွေ ရေးထိုးနိုင်ခဲ့ပြီလို့ ပွဲအပြီးမှာ ပြောခဲ့ ပါတယ်။ 

source: espn