CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅

အပျော်တမ်းကလပ်တစ်သင်းဖြစ်တဲ့ အက်ရှ်တန်ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာ ဟာလန်းကို ပွဲဆက်ကစားနိုင်အောင် ၂၈ ရက်ကြာအငှားချဖို့ မန်စီးတီးအသင်းထံ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဘောလုံးလိဂ်သတ္တမတန်းမှာ ကစားနေတဲ့ အက်ရှ်တန်ယူနိုက်တက်အသင်းဟာ ဟာလန်းကို ၂၈ ရက်ကြာ အငှားချဖို့ မန်စီးတီးအသင်းထံ ကမ်းလှမ်းထားတယ်ဆိုတာကို နိုဝင်ဘာလ ၁၄ ရက်က ကြေညာချက် ထုတ်ပြန် ခဲ့တာပါ။ဟာလန်းရဲ့ နော်ဝေလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ မအောင်မြင်ထားတာကြောင့် ကစားသမားဟာ ပွဲမကစားရဘဲ အနားရနေတာဖြစ်ပါတယ်။

အက်ရှ်တန်အသင်းနည်းပြ မိုက်ကယ်ကလက်ဂျ်က “ဒါက အဓိပ္ပါယ်ရှိပါတယ်။မန်စီးတီးက ပွဲမကစားရတဲ့အတွက် ဟာလန်းကို ကြံခိုင်မှုရနေအောင် ကူညီပေးချင်ပါတယ်။၆ ပတ်ကြာ ဂေါဖ့်ကစားတာထက်စာရင် ပိုပြီးတော့ အဓိပ္ပါယ်ရှိပါတယ်။သူက ကျနော်တို့အတွက် အံဝင်ခွင်ကျဖြစ်မယ်လို့ ထင်ပါတယ်။သူဟာ အသင်းနဲ့လိုက်ဖက်မှု ရှိအောင်လည်း ကောင်းမွန်စွာကစားနိုင်မှာပါ” လို့ ပြောထားတာပါ။

မန်စီးတီးကတော့ ဒီအပေါ်မှာ တုံ့ပြန်မှုတစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးပါဘူး။ အက်ရှ်တန်ယူနိုက်တက် အသင်း ဟာ မန်ချက်စတာအခြေစိုက်ကလပ်အသင်းဖြစ်ပြီး လက်ရှိ မြောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ဟာလန်းဟာ အားလပ်ရက်ကို သူ့ရဲ့မွေးရပ်မြေမှာပဲ ကုန်ဆုံးဖို့ ရှိနေပြီးနောက်မှာတော့ မန်စီးတီးအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ရှိနေတာပါ။

အသက် ၂၂ နှစ်အရွယ်ရှိ ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပွဲပေါင်း ၁၈ ပွဲ ကစားအပြီးမှာ ၂၃ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။နော်ဝေတိုက်စစ်မှူးဟာ မကြာသေးခင်က ဒဏ်ရာ ရရှိခဲ့တာကြောင့် အနားယူခဲ့ရပြီး ဖူလ်ဟမ်အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှ အသင်းအတွက် ပြန်လည် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Goal